FY အခန်း ၄၁

အခန်း ၄၁

စည်းမျဉ်းများ သတ်မှတ်ခြင်း

ဖုန်းယွီက ဖောင် အထပ်လိုက် ကိုင်ထားသည့် ဝူကျီကန်းကို ကြည့်လိုက်သည်။ ဝူကျီကန်းသည် လူတိုင်းကို ဖောင်ဝေပေးလိုက်ကာ သူတို့ကို ဖော်ဖြည့်ခိုင်းလိုက်၏။

သူတို့က ဖောင်ကို ကြည့်လိုက်သည့် အခါ ကုမ္ပဏီ၏ နာမည်၊ စီပွားရေးအမျိုးအစား၊ ဆက်သွယ်ရန် ပုဂ္ဂိုလ်၊ ဆက်သွယ်ရမည့် လိပ်စာ အစရှိသဖြင့်။ သူတို့ အားလုံးက ထိုအချက်အလက်များကို မေးမြန်းသည့် အကြောင်းအရင်းကို သိကြသည်။ သို့သော် နောက်ဆုံးတွင် “လျှပ်စစ် ပန်ကာများအတွက် လက်ခံနိုင်သည့် လက်ကားဈေးနှုန်း”

ဒါက ဘာအချက်ကြီးလဲ။

သူတို့က ဘာရေးရမှန်း မသိသည့်အတွက် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သာ အမြင့်ဆုံး ဈေးကို ရေးလိုက်ပါက ဒီ ရူးကြောင်ကြောင် သူဌေးက အမြင့်ဆုံးဈေးကို လက်ကားဈေးနှုန်းအဖြစ် အတည်ယူလိုက်မှာ ဖြစ်သည်။ ဈေးအများဆုံးကို ဖြည့်လိုက်သူက လူတိုင်း၏ ရန်သူ ဖြစ်လာမည်ပင်။

အကယ်၍ သူတို့သာ ဈေးအနည်းငယ်သာ ဖြည့်ပါက သူတို့သည် မန်နေဂျာဖုန်းပြောမည့် စကားကို မြင်နိုင်ကြ၏။

“မင်းက ဈေးအနည်းဆုံးကို ဖြည့်တယ်။ ရိုးသားမှု လုံးဝ မရှိဘူး။ ထွက်သွားလိုက်”

စီးပွားရေးသမားတစ်ယောက်က မန်နေဂျာဖုန်းကက သူတို့ကို အာရုံမစိုက်သည်ကို သိရှိသွား၏။ သူတို့က အချင်းချင်း တီးတိုးပြောကြကာ သူတို့က လက်ကားဈေးကို ဆုံးဖြတ်လိုက်၏။ ထိုနည်းလမ်းဖြင့် သူတို့အားလုံးက ဈေးအတူတူ ဖြည့်လိုက်ကြမည် ဖြစ်၏။

လူတိုင်းက တီးတိုး တီးတိုးဖြင့် အချိန်အတော်ကြာ ဆွေးနွေးနေကြကာ နောက်ဆုံးတွင်။ သူတို့က ပန်ကာမော်ဒယ် နှစ်ခုအတွက် လက်ကားဈေးကို ဆုံးဖြတ်လိုက်ကြတော့သည်။ ယွမ် ၄၀နှင့် ၄၈ယွမ် အသီးသီး ဖြစ်၏။ သူတို့ အချင်းချင်း ကြီးကြပ်နေကြပြီး တစ်ယောက်ကိုမှာ ဖောင်အရင် ဖြည့်ခွင့်မပေးပေ။ သူတို့ အးလုံးကို ဖောင်ကို တစ်ချိန်တည်း ဖြည့်လိုက်ကြ၏။

ဖုန်းယွီက ဖောင်တစ်ခုကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ. မင်းတို့ အားလုံးက ဒီစီးပွားရေးကို စိတ်ဝင်စားကြတာပဲ။ ပန်ကာ တစ်ခုတိုင်းကို ၄၀ယွမ်နဲ့ ၄၈ ယွမ်။ ငါတို့တွေကို ဒီဈေးနဲ့ အမြတ်တောင် မရှိသလောက် ဖြစ်ပေမဲ့ ငါတို့က လက်ခံပါတယ်။ ငါတို့တွေ ဒီဈေးကို ပရိုမိုးရှင်း ဈေးအဖြစ်သတ်မှတ်မယ်။ လက်ကားဈေးလည်း ဒီအတိုင်းပဲ။ သဘောမတူတဲ့သူ ရှိလား”

လူတိုင်းက ငြိမ်ငြိမ်သာ နေကြပြီး ဖုန်းယွီက ကျေနပ်နေ၏။ တစ်ယောက်ယောက်ကို မောင်းထုတ်လိုက်ခြင်းက အခြားသူများကို သတိပေးသည့် အတိုင်းပင် ဖြစ်၏။

“မင်းတို့တွေ အခုရေ ဘယ်နခုလောက် လိုချင်လဲ”

ဖုန်းယွီက မေးလိုက်၏။

“၁၀၀၀”

သူတို့ထဲမှ တစ်ယောက်က ခပ်ကျယ်ကျယ်အော်လိုက်၏။

အခြားသူများက ဖုန်းယွီ ထိုအော်သည့်သူကို မောင်းမထုတ်သည်ကို မြင်ပြီးနောက် သူတို့ အားလုံးက အော်လိုက်တော့၏။ အချို့က ၈၀၀၊ အချို့က ၁၅၀၀၊နှင့် အခုရေ ၅၀၀၀အထိ ဖြစ်၏။

ပန်ကာ အခုရေ ၅၀၀၀အော်လိုက်သည့် တစ်ယောက်က လူဝဝကြီး တစ်ယောက် ဖြစ်ကာ မသမာသည့် စီးပွားရေး တစ်ယောက်ပုံပေါ်နေ၏။ သူက လက်မောင်းပိုက်ထားပြီး သူ့ခေါင်းကိုလည်း မော့ထားကာ အခြားသူများအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်နေ၏။ သူသည် တောင်ပိုင်း ပြည်နယ်မှ ဖြစ်သည်။ တောင်ပိုင်း ပြည်နယ်များက ရာသီဉတု ပိုပူသည့်အတွက် သေချာသည်မှာ မြောက်ပိုင်းနှင့် ယှဉ်ပါက ဈေးကွက်ကြီးကြီး ရှိမည်ကား အသေအချာပင်။

ဝူကျီကန်းက ဖောင်များကို စုပြီးနောက် အကျဉ်းချုပ် အချက်ကို ဖုန်းယွီအား ပေးလိုက်သည်။

ပြည်နယ်လေးခုက ထပ်နေပြီး ပြည်နယ် ၁၀ခုကျော်က အလွတ်ဖြစ်နေ၏။

“ကောင်းပြီ။ အခုငါက ငါတို့ ကုမ္ပဏီရဲ့ စည်းမျဉ်းကိုပြောပြတော့မယ်”

ဖုန်းယွီက ပြောလိုက်၏။

ဖုန်းယွီပြောသည်ကို ကြားပြီးနောက် ထို စီးပွားရေးသမားက သူ့နှလုံးသားထဲတွင် တွေးမိသည်ကား

“မင်းမှာ ထပ်ပြီး စည်းမျည်းစည်းကမ်းတွေ ရှိဦးမယ်ဆိုတာ ငါသိပါတယ်”

“တရုတ်ပြည်ရဲ့ မြောက်ပိုင်းအကျဆုံး ပြည်နယ်ရဲ့ ဘင်းမြို့တော်မှာတောင် ငါတို့ လေနှင့်မိုး ပန်ကာက ဈေးကွက်မှာ ဘယ်လောက် အောင်မြင်လဲ တွေ့နိုင်တယ်။ မင်းတို့ ဒီကို အားလုံးရောက်နေတာက ဒီပန်ကာတွေက ရောင်းနိုင်ပြီး ကောင်းကောင်း ရောင်းနိုင်မယ်ဆိုတာ သိလို့ပဲ။ နွေရာသီမှာ တခြား ပြည်နယ်တွေက လုံကျန်းပြည်နယ်တွေထက် ပိုပူတယ်။ အဲ့တာကြောင့် ငါတို့ ပန်ကာရောင်းအားကို ဘယ်လောက်ထိ မျှော်မှန်းထားသလဲဆိုတာ မင်းတို့ သိနိုင်ပါတယ်။ ဒါကြောင့် မလိုပဲ ငါတို့တွေက ငါတို့ လမ်းကြောင်းနဲ ငါတို့ တခြား ပြည်နယ်တွေမှာ ရောင်းဖို့ လမ်းကြောင်း တည်ဆောက်ချင်နေတာ။ ဒီနေ့ မင်းတို့တွေ ဒီကို လိုက်ကတည်းက ငါက မင်းတို့ အားလုံးကို အခွင့်အရေး တစ်ခု ပေးပြီးသား။ ငါတို့ ကုမ္ပဏီရဲ့ အစီအစဉ်အရ ပြည်နယ်တိုင်းမှာ ဒိုင်တစ်ယောက်ပဲ ထားမယ်။ အခု ငါနာမည် ဖတ်မဲ့သူတွေက အခန်းရဲ့ ဘယ်ဖက်ကိုသွား ငါ နာမည် မခေါ်တဲ့သူတွေက အခန်းရဲ့ ညာဖက်ကိုသွားရမယ်”

ဖုန်းယွီက ပြောလိုက်သည်။

ဝူကျီကန်းက ထပ်နေသည့် ပြည်နယ်များမှ စီးပွားရေးသမားများ၏ နာမည်ကို ခေါ်လိုက်သည်။ သူတို့တွေက အချင်းချင်း ကြည့်ကာ အခန်း၏ ဘယ်ဖက်ကို မသွားချင်သည့် အမူအရာဖြင့် လျှောက်သွာတော့သည်။ ကျန်သည့်သူများက သက်ပြင်းတစ်ချက် ချနိုင်တော့သည်. သူတို့ပြည်နယ်များတွင် ယှဉ်ပြိုင်ရမည်သူ မရှိဟု ထင်ရ၏။

“ဒါက ပထမ စည်းမျည်းစည်းကမ်းပဲ ရှိသေးတယ်။ အခု ဒုတိယ စည်းမျည်းလာပြီ။ ပြည်နယ်တိုင်းက ဖြန့်ချိသူ တစ်ယောက်ပဲ ရှိရမယ်။ ပြီးတော့ ပန်ကာ အော်ဒါကလည်း အခုရေ ၅၀၀၀အောက် မနည်းရဘူး။ ဒီစံနှုန်းကို သတ်မှတ်လိုက်တဲ့ သူက ဟိုမှာ ရပ်နေတဲ့ ခပ်ဝဝနဲ့ တစ်ယောက်ပဲ။ တစ်ယောက်ယောက် ဒီလောက်များတဲ့ အော်ဒါကို မတင်နိုင်ရင် မင်းအခု ထွက်သွားလို့ရပြီ”

ဖုန်းယွီက ပြောလိုက်၏။

ယခုတစ်ကြိမ်တွင် ထိုလူဝဝက မိမိဘာသာ အားရကျေနပ်နေသည် မဟုတ်ပေ။ လူတိုင်းက သူ့ကို စိုက်ကြည့်နေ၏။ ထိုလူဝဝက သူ့နှလုံးသားထဲတွင် ဖုန်းယွီကို စွပ်စွဲနေ၏။

“မင်းဘာသာမင်း ဒီကလူတွေကို အော်ဒါများများ တင်စေချင်တာလေ။ ဘာကြောင့် ငါ့ကို လာပြီး လွဲချတာလဲ။”

မည်သူက ထွက်မည်နည်း။ လေနှင့် မိုးပန်ကာသည် ဈေးမကြီးသည့်အပြင့် အရည်အသွေးကောင်းသည့် ပစ္စည်းလည်းဖြစ်၏။ ထပ်ပြောရလျှင် ယခုအချိန်က နွေရာသီ ဖြစ်ပြီး လျှပ်စစ်ပန်ကာများ ရောင်းအား အကောင်းဆုံး အချိန်လည်း ဖြစ်၏။ ပြည်နယ်တစ်ခုတွင် အခုရေ ၅၀၀၀ရောင်းချရမည်ကား ပြဿနာ တစ်ခု မဟုတ်ပေ။

အကယ်၍ သူတို့တွင်တောင် ငွေ အလုံအလောက် မပါပါက သူတို့ ချေးငှားနိုင်၏။ သူတို့ မချေးနိုင်လျှင်တောင် သူတို့နှင့် ပူးပေါင်းမည့် သူများကို ရှာနိုင်ပေ၏။ အချုပ်အားဖြင့် သူတို့အနေဖြင့် ယခုလို ရှားပါးလွန်းသည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူတို့သာ ယခုအချိန်တွင် ထွက်သွားပါက ဖုန်းယွီ၏ ဒေါသကို သိပြီးသာ ဖြစ်သည်။ သူတို့က အမည်ပျက် စာရင်း အသွင်းခံရမှာ ဖြစ်၏။

“မင်တို့ အားလုံးက သဘောတူတာလား။ အရမ်းကောင်းတယ်။ အဲ့တာဆို ငါ တတိယ စည်းမျည်းကို ပြောပြမယ်။ အရင်ဆုံးပေး ပစ္စည်းနောက်မှယူ”

ဖုန်းယွီက ပြောလိုက်သည်။

ယခု စည်းကမ်းက အလွန် လက်မခံနိုင်စရာ ဖြစ်သည်။ များစွာသော စီးပွားရေး သဘောတူညီချက်များက ကနဦးပေးချေစနစ် သို့မဟုတ် စရန်ငွေ အရင်ပေးရသည် ဖြစ်ကာ ကျန်ငွေများကို ကုန်ပစ္စည်းရောင်းချပြီးမှ ပေးရသည် ဖြစ်၏။ သို့သော် ထိုစီးပွားရေး သမားများက သူတို့ သဘောမတူပါက သူတို့ အခန်းထဲမှ ဆွဲထုတ်ခံရမည့် အကြောင်း သိ၏။

“စတုတ္ထစည်းမျဉ်းက မင်းတို့ ပြည်နယ်မှာ ရောင်းမဲ့ လက်လီရောင်းဈေးက ဘင်းမြို့တော်မှာရောင်းတဲ့ လက်လီဈေးနက် ၁၅ရာခိုင်နှုန်းထက် မများရဘူး။ ပြီးတော့ မင်းတို့တွေက ပစ္စည်းတွေကို တခြား ပြည်နယ်တွေမှာ သွားရောင်းလို့ မရဘူး။ တကယ်လို့ ငါတွေ့ခဲ့ရင် အဲ့တာကို စာချုပ် ချိုးဖောက်မှု လို့မှတ်ယူပြီးတော့ လျှော်ကြေးငွေ ၅၀၀,၀၀၀ယွမ်ပေးလျော်ရမယ်”

ဖုန်းယွီက ပြောလိုက်၏။

အခြားသူများ၏ ဈေးကွက်ကို ဝင်ရောက်ခွင့် မရခြင်းက အချို့သော သူများအဖို့ အဆင်မပြေ ဖြစ်စေသည်။ သူတို့ အတွေးတွင်

“မေ့လိုက်တော့ ငါတို့တွေ ငါတို့ ပြည်နယ်မှာပဲ ရောင်းမယ် တကယ်လို့ ငါ အခြား ပြည်နယ်တွေမှာ ရောင်းရင်တောင် ထိုက်ဟွ ကုမ္ပဏီက ငါတို့ကို ဖမ်းမိမှာမှ မဟုတ်တာ။”

“ပဉ္စမစည်းမျည်း လေနှင့် မိုးပန်ကာရဲ့ ပုံရိပ်နဲ့ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီရဲ့ ပုံရိပ်ကို မထိခိုက်စေရဘူး။ တကယ်လို့ တုပတာနဲ့ ပစ္စည်းအတု မင်းတို့ရဲ့ ဈေးကွက်မှာ ရောင်းချတာ တွေ့ရင် သူတို့ကိုတား မဟုတ်ရင် ငါတို့ ကုမ္ပဏီကို ပြန်အကြောင်းကြားရမယ်”

ဖုန်းယွီက ပြောလိုက်သည်.

လေနှင့်မိုးပန်ကာကို မြောက်ပိုင်း ဈေးကွက်တွင် စတင် မိတ်ဆက်ကတည်းက တောင်ပိုင်းမှ ရိုးဖြောင့်မှု မရှိသည့် စီးပွားရေး သမားများက တုပထားမှုများကို မကြာခင် မိတ်ဆက်တော့မည် ဖြစ်၏။ ရှင်းပြရဘပါက လျှပ်စစ်ပန်ကာများအတွက် နည်းပညာပိုင်းဆိုရင် ပါရှိသည့် အရာများ မရှိပေ။ တရုတ်ပြည်၏ လျှပ်စစ်ပန်ကာများ ထုတ်လုပ်သည့် အရေအတွက်များအရ မည်သည့် စက်ရုံမဆို အချိန်မရွေး တုပထားသည့် ပစ္စည်းကို ထုတ်နိုင်ပေ၏။

သို့သော် အတုအပများ ပေါ်လာလျှင်တောင် လေနှင့် မိုး လျှပ်စစ်ပန်ကာက ဖုန်းယွီ၏ အမြတ်များကို အာမခံနိုင်မည် မဟုတ်ပေ။ ဖုန်းယွီသည် ပန်ကာ တစ်ခုလျှင် ပျှမ်းမျှ ၁၉ယွမ် ရှာနိုင်လေ၏။ အခုရေ ၁၀၀၀,၀၀၀အတွက် ၁.၉သန်းယွမ် ဖြစ်သည်။ ဖုန်းယွီ၏ စစချင်းမတည်ငွေသည် ယွမ် ၃၀၀,၀၀၀ထက် အနည်းငယ် ပိုပေလိမ့်မည်။

ကံဆိုးချင်တော့ ဖုန်းယွီ၏ ပြင်ဆင်မှုက အလွန်နောက်ကျလွန်းသည်။ သူအနေဖြင့် လွန်ခဲ့သည့် နှစ်လကတည်းက ပြင်ဆင်နိုင်ခဲ့ပါက အခုအချိန်ဆို သူအနေဖြင့် ၅၀၀,၀၀၀အထိ ထုတ်ဖို့ ညွှန်ကြားနိုင်မှာ ဖြစ်သည့် အပြင် ကိုယ်ပိုင် အရောင်းလမ်းကြောင်းများကိုလည်း ဖောက်နိုင်မှာဖြစ်သည်။ ထိုနည်းက ဈေးကွက်အတွင်း အတုအပများဝင်ရောက်ခြင်းကို ဟန့်တားနိုင်ပါလိမ့်မည်။ အခြားတစ်ခုမှာ ဖုန်းယွီသည် သူ့ပန်ကာများအတွက် မူပိုင်ခွင့်ကို မလျှောက်လိုက်ရခြင်းဖြစ်သည်။ သူသည် ပစ္စည်းမူပိုင်ခွင့်ကို တောင်းဆိုပါက အနည်းဆုံး ခြောက်လ ကြာပေလိမ့်မည်။ ခြောက်လကြာပြီးနောက် ဆောင်းရာသီ ရောက်လာမည် ဖြစ်၏။ ဘယ်သူက သူ့ပန်ကာကို ဝယ်ဦးမည်နည်း။

ထိုလျှပ်စစ်ပန်ကာများကို တစ်ကြိမ် စီးပွားရေးဟု စဉ်းစား၍ ရနိုင်ပေသည်။ ဖုန်းယွီသည် ယခုနှစ်တွင် ထိုစီးပွားရေးကို လုပ်နိုင်သော်လည်း နောက်နှစ်တွင် စီးပွားဖြစ်မည် မဖြစ်မည် ဆိုတာ မသိပေ။ နောက်တစ်နှစ်တွင် ထိုစီးပွားရေးသမားများက သူတို့ ကုန်ပစ္စည်းများကို အခြားနေရမှာ ရယူတာ သို့မဟုတ် သူတို့ကိုယ်တိုင် ထုတ်လုပ်မည် ဖြစ်ကြောင်း ဖုန်းယွီသိ၏။ သို့သော် ယခုနှစ်နွေရာသီသည် ဖုန်းယွီကို မီလျံနာ တစ်ယောက်ဖြစ်ဖို့ အခြေအနေကောင်းတစ်ခုကို ရနိုင်ပေ၏။

တကယ်တမ်းပြောရပါက ဖုန်းယွီသည် စည်းမျဉ်းပေါင်း ၁၀၈ခုကို ချရန် ရည်ရွယ်ထားသည်။ သို့သော် ထိုစီးပွားရေးသမားများ အဝေးကို ပြေးထွက်သွားမည်ကိုလည်း ကြောက်သေး၏။

မည်သိုပင် ဖြစ်စေ စည်းကမ်းချက် ငါးချက်က လုံလောက်ပြီ ဖြစ်၏။ အကယ်၍ ထိုစီးပွားရေး သမားများက သူ၏ စည်းမျည်းများကိုလိုက်နာပါက သူသည်လည်း နောက်နှစ်တွင် ပန်ကာများကို ရောင်းနိုင်မည် ဖြစ်၏။

ထပ်နေသည့် ပြည်နယ်များမှ စီးပွားရေး သမားများက သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။ သူတို့ အကုန်လုံးက ထွက်မသွားချင်ပေ။ ထို့ကြောင့် သူတို့က ဈေးကွက်ကို မျှယူရန် ဆုံးဖြတ်လိုက်ကြသည်။

သေချာသည်မှာ ဖုန်းယွီက သူတို့ကို မငြင်းပေ။ ထိုစီးပွားရေးသမားများ အများစုက ပန်ကာ အခု ၅၀၀၀မှာဖို့အတွက် ပိုက်ဆံ အလုံအလောက်မရှိပေ။ ထို့ကြောင့် သူတို့အနေဖြင့် ပိုက်ဆံ ချေးရန်ချေး မဟုတ်ပါက အခြားသူများနှင့် ပူးပေါင်းလုပ်ရန် ဖြစ်သည်။

သို့သော် လက်ရှိတွင် ဖုန်းယွီက အလွန်အံ့ဩသွား၏။ အချို့သော ပြည်နယ်များက အခုရေ ၅၀၀၀ထက် ပိုမှာသည့် အတွက် ဖြစ်သည်။ သူတို့က ပြည်နယ်ဈေးကွက်ကို သူတို့ဘာသာ ခွဲလိုက်ပြီး သူတို့ နေရာတွင် ဘယ်လောက် အများဆုံး ရောင်းနိုင်မလဲဆိုတာ တွက်ချက်ကြ၏။

လူဝဝသည် အခြာသူများ အဖွဲ့က အခုရေ ၅၀၀၀ထက် ပိုမှာသည်ကို ကြားပြီးနောက် သူတွေးလိုက်၏။

“ငါတို့တွေက အခုရေ များများမှာနိုင်တယ်ဆိုရင် ငါတို့တွေ ပြည်နယ် နှစ်ခု ဒါမှမဟုတ် အများကြီးအတွက် ဖြန့်ချိသူတွေ ဖြစ်နိုင်တာပဲမလား။”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset