FY အခန်း ၄၀

အခန်း ၄၀

အထက်စီးဆန်တဲ့ သူဌေး

“မန်နေဂျာဖုန်း အခု လူတိုင်းက လေနှင့်မိုး ပန်ကာနဲ့ စက်ပစ္စည်းစက်ရုံနဲ့ ဆက်စပ်နေတယ်လို့ ပြောနေကြပြီ။ မင်း သေချာပေါက် ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်။”

ဒါရိုက်တာ လီက ပြောလိုက်၏။ ထို ပလက်စတစ် ပန်ကာ အမျိုးအစားကို အရည်အသွေးနိမ့်သည့် ပစ္စည်းဟု သတ်မှတ်ပါက စက်ရုံ၏ နာမည်ကို ထိခိုက်စေနိုင်၏။

“တောင်းပန်ပါတယ်။ ကြော်ငြာနဲ့ ပတ်သတ်ပြီး သတင်းစားထဲမှာ နားလည်မှု အချို့ လွဲသွားသလိုပဲ။ သူတို့တွေက ကျွန်တော်တို့ အသုံးပြုခွင့် မပေးဘဲ ဓာတ်ပုံကို ထည့်လိုက်တာ။ ကျွန်တော် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်လိုက်ပါမယ်”

ဖုန်းယွီက စိတ်ထဲတွင် ရယ်နေသော်ငြား အပြင်တွင် ဒါရိုက်တာလီကို တောင်းပန်နေဆဲ ဖြစ်သည်။ လုပ်ခ လစာက လူအများအတွက် အများကြီး မဟုတ်ပေ။ သို့သော် သူ့၏ လျှပ်စစ်ပန်ကာများက အခြားတံဆိပ် ပန်ကာများနှင့် ယှဉ်ပါက ၂၀မှ ၃၀ရာခိုင်နှုန်းအထိ ဈေးချိုနေ၏။ ထိုအချက်ကိုလည်း မက်လုံးတစ်ခု အဖြစ် စဉ်းစားနိုင်ပေ၏။

စတီးများဖြင့် ပြုလုပ်သည့် လျှပ်စစ်ပန်ကာ များတောင် တစ်ယောက်ယောက်က ထိုသို့ တန်ဖိုးကြီးသည့် ပစ္စည်းကို တန်ဖိုးအဖြစ် လျော့ချကာ ကြမ်းခင်းဈေးဖြင့်ရောင်းနိုင်မည်လား။ ထိုအရာက အနာဂတ်တွင် apple ထုတ်ကုန်များ မိတ်ဆက်သည့် ပုံဖြစ်၏။ Nokia (နိုကီရာ) က apple ကို ခနဲ့၏။

“Apple က ဖုန်းတစ်လုံးကို အကြမ်းခံမှုကို မစစ်ဆေးပဲ ဖုန်းတစ်လုံးကို ရောင်းတာလား။ ဘယ်သူက ဝယ်မှာလဲ”
သို့သော် နောက်ဆုံးတွင် ဘာဖြစ်ခဲ့သလဲ။ ယွမ် ၅၀၀၀-၆၀၀၀တန်ဖုန်းကို ဘယ်သူက ပစ်မည်နည်း။ ထို့ပြင် မိုဘိုင်းဖုန်း မဟုတ်ဘူးလား။ apple၏ ရောင်းအားက ကြီးထွားလာခဲ့ပြီး ဈေးကွက်ဦးဆောင်ခဲ့သည့် နိုကီရာက ကျရှုံးသည့် ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့ရသည်။ တကယ်တမ်း ပြောရလျှင် နိုကီရာ၏ ဖုန်းများကို မိခင်ကုမ္ပဏီကသာ ခွဲကာ ရောင်းချခြင်း ဖြစ်သည်။

အကြောင်းပြချက်က အတူတူပင် ဖြစ်သည်။ ဒါရိုက်တာလီက လက်ရှိတွင် နိုဂီရာကဲ့သို့ စီမံခန့်ခွဲမှုများ အတွင်းစိတ်ထဲ ရှိနေ၏။ အရာဝတ္ထု ပစ္စည်းများ အားလုံးက ကြံခိုင်ပြီး အကြမ်းခံမည် မဟုတ်ပေ။

ဖုန်းယွီအတွက် ပလက်စတစ် ပန်ကာများ ထုတ်လုပ်သည့်အတွက် အခြား အကျိုးအမြတ်လည်း ရသေး၏။ ပလက်စတစ် ပန်ကာများက ပိုပြီး အကြမ်းမခံပြီး အလွယ်တကူ ကြိုးပဲ့နိုင်၏။ ထိုအချက်က မကောင်းဘူးလား။ အကယ်၍ ပန်ကာများသာ ကောင်းသေးပါက ဘယ်သူက ပန်ကာများကို ပိုလိုချင်လာမည်နည်း။ နှစ်နှစ်အတွင်း တရုတ်ပြည်၏ စီးပွားရေးက ပိုပြီး ကောင်းမွန်လာပြီး လူများကလည်း ပိုပြီး ချမ်းသာလာကြမည် ဖြစ်သည်။ လူများစွာက လျှပ်စစ်ပန်ကာများအတွက် အသုံးပြုချင်လာကြမည် ဖြစ်၏။

“ဒါရိုက်တာလီ ကျွန်တော် ဒီနေ့ လာခဲ့တာ အချက်နှစ်ချက် ရှိတယ်။ ပထမ တစ်ချက်က ကျွန်တော် ကျန်ထားတဲ့ လျှပ်စစ်ပန်ကာတွေကို နောက်နှစ်ရက်အတွင်း ကျွန်တော် ပြန်ကောက်မယ် ဆိုတာရယ်။ ဒုတိယက ကျွန်တော် ပန်ကာနောက်တစ်သုတ် ထပ်လိုချင်သေးတယ်။ ဒါရိုက်တာက နောက်ထပ် ပန်ကာတွေ ထပ်ထုတ်ဖို့ စိတ်ဝင်စားသေးလား”

ဖုန်းယွီက ပြောလိုက်၏။

ဒါရိုက်တာလီ၏ မျက်လုံများက တောက်ပသွားသည်။ နောက်ထပ် တစ်သုတ် လိုချင်သေးတာလား။။ ဖုန်းယွီ နောက်ထပ် အခု ၂၀,၀၀၀ယူပါက စက်ရုံက နောက်ထပ် ငွေရမည် ဖြစ်သည်။ ထိုနည်းဖြင့် ဖုန်းယွီသည် အလုပ်သများကို လစာ ပြန်ပေးနိုင်မည် ဖြစ်၏။

“သေချာတာပေါ့။ အရင်တုန်းက ပုံစံ အတိုင်းပဲ။ ငါတို့တွေက ဒီပန်ကာတွေမှာ ကုမ္ပဏီရဲ့ တံဆိပ်ကို မသုံးဘူးနော်။ ငါတို့တွေ အခု ၂၀,၀၀၀ကို ငါးရက်အတွင်း မဟုတ်ဘူး…. သုံးရက်အတွင်း ရမယ်လို့ အာမခံတယ်”

အလုပ်ရုံ အကုန်လုံးက ထိုလျှပ်စစ် ပန်ကာ ထုတ်လုပ်ခြင်းတွင်သာ အာရုံစိုက်ရမည် ဖြစ်သည်။ စစ်တပ်ထုတ်ကုန်တွေကို ထုတ်နေသည့် အလုပ်ရုံများလည်း အပါအဝင် ဖြစ်၏။ ထို့အပြင် စစ်တပ် ထုတ်ကုန် အမှာစားများက ဒီရုက်ပိုင်းအတွင်း ပြီးရင် အပြီးသတ်ရမည် ဖြစ်သည့်အတွက် အလုပ်ရုံများက အချိန်ပို ဆင်းနေရ၏။

“သုံးရက်မှာ အခု ၂၀,၀၀၀ပဲလား။ ငါက အခုရေ ၁၀၀,၀၀၀လိုချင်တာ။ ဒါရိုက်တာက ဒါကို လဝက်ကြာမှ အပြီးသတ်နိုင်မှာလား။”

ဖုန်းယွီက မေးလိုက်၏။

“သေချာတာ…. မင်းဘာပြေလာလိုက်တာ။ မင်း အခုရေ ဘယ်လောက်လိုချင်တာ။”

ဒါရိုက်တာလီက “သေချာတာပေါ့”ဟု ပြောချင်ခဲ့သည်။ သို့သော် သူကြားသည့် အရေအတွက်က တစ်ခုခု မှားနေသလို ထင်သွားသည်။

“အခု ၁၀၀,၀၀၀ အရင်က အတိုင်းပဲ။ စက်ရုံရဲ့ ဘဏ်အကောင့်ကို စရန်ငွေ ၁၀ရာခိုင်နှုန်း လွဲလိုက်မယ်နော်”

ဖုန်းယွီက ပြောလိုက်သည်။

ဖုန်းယွီက အခုရေ ၁၀၀,၀၀၀ကို ပုံမှန်သာ ပြောလိုက်ကာ ထိုအရာက အခုရေ ၁၀၀၊ ၁၀၀၀နှင့် ဆင်တူနေ၏။”

“၁၅ရက်လား မဟုတ်ဘူး အကုန်လုံး ၁၄ရက်အတွွင်း ပြီးနိုင်တယ်။ အရည်အသွေးနဲ့ အရေအတွက် ဘာမှ ပြဿနာ မရှိစေရဘူး။”

ဒါရိုက်တာလီက စိတ်လှုပ်ရှားကာ ပြောလိုက်၏။ ဒါရိုက်တာလီက ဖုန်းယွီကို တကယ်ကို မေးချင်ခဲ့၏။

“မင်း ဒီလို အရည်အသွေးနိမ့် လျှပ်စစ်ပန်ကာတွေ ရောင်းတာလား။ လူတွေ မင်းဆီ ရောက်လာမှာ မကြောက်ဘူးလား။”

သို့သော် စက်ရုံအတွက် သူက ငြိမ်ငြိမ်နေရမှာ ဖြစ်၏။ သူတို့ များများ ထုတ်နိုင်ပါက သူတို့၏ ကုန်ကျစရိတ်သည်လည်း နည်းမှာ ဖြစ်၏။ ပန်ကာ အခုရေ ၁၀၀,၀၀၀အတွက် အမြတ်က ယွမ် ၈၅၀,၀၀၀ခန့် ရှိသည်။ ထိုပမာဏ အလုပ်သမားများ၏ ကြွေးကျန်များနှင့် ဆေးရုံ ရင်းစာရငွေကို ပြန်ပေးနိုင်မှာ ဖြစ်၏။

ဖုန်းယွီသည် ပြင်ဆင်ပြီးသား စာချုပ်တစ်ခုကို ပြင်ဆင်လိုက်သည်။ ဒါရိုက်တာလီ စာချုပ်ကို သေချာဖတ်လိုက်ကာ လက်မှတ်ထိုးလိုက်၏။ စာချုပ်တွင် လက်မှတ် ထိုးပြီးနောက် သူက ချက်ချင်းပင် အလုပ်ရုံများ၏ ဒါရိုက်တာများကို အစည်းအဝေး ချက်ချင်း ဖုန်းဆက်ခေါ်လိုက်၏။ ဒီပန်ကာ တစ်သုတ်က နှစ်ပတ် အတွင်း အချိန်မှီ ပေးရမည် ဖြစ်၏။

အလုပ်ရုံ ဒါရိုက်တာများက လျှပ်စစ်ပန်ကာ ပိုင်ရှင် နောက်ထပ် တစ်သုတ် မှာယူလိုက်သည့် အခါ ပျော်ရွင်မှုကြောင့် ထခုန်မိတော့ သယောင်ပင်။ ဒီတစ်ခေါက် အော်ဒါက အခု ၁၀၀,၀၀၀ ဖြစ်၏။

အရင်တစ်ခေါက် လျှပ်စစ်ပန်ကာ ထုတ်လုပ်သည့်အခါ မပါဝင်ခဲ့သည့် အလုပ်ရုံ ဒါရိုက်တာများက ထိုအလုပ်အတွက် အလုအယက် ကြိုးပမ်းရန်အတွက် ပြင်လိုက်တော့၏။ စစ်တပ် ထုပ်ကုန်များကို မစောင့်နိုင်ပေ။ သူတို့သည် ပိုင်မှုန့်အစိတ်ကို အရင်ရချင်၏။ သူတို့ အလုပ်ရုံက ပန်ကာများ များများ ထုတ်ရလေ သူတို့ အလုပ်ရုံ ပိုက်ဆံ ပိုရလေ ဖြစ်၏။

သေချာသည်မှာ ဒါရိုက်တာကျောက်၏ ဒုတိယ အလုပ်ရုံများက အလုပ်ရုံများကို အများဆုံး ထုတ်လုပ်နိုင်သည့် ပန်ကာ အရေအတွက်ကို သတ်မှတ် ချထားပြီး ဖြစ်၏။ အခြားအလုပ်ရုံးများက ဒါရိုက်တာကျောက်၏ ကြီးမားသည့် ဖောက်သည်ကို စက်ရုံနှင့် မိတ်ဆက်ရန်အတွက် ဆုံးဖြတ်ချက်အပေါ် ငြင်းဆန်ခြင်း မပြုကြပေ။ သို့သော် ထိုပန်ကာများ တစ်ခုခု များယွင်းသွားပါက သူတို့သည် ဒါရိုက်တာ ကျောက်၏ မျက်နှာကို အိုးမဲ သုတ်သကဲ့သို့ ဖြစ်သွားမည် ဖြစ်ကာ ဒါရိုက်တာကျောက်သည်လည်း တာဝန်ယူမှု ကြီးကြီးမားမား ယူရမှာ ဖြစ်သည်။

ဖုန်းယွီသည် မနက် ၈နာရီတွင် တံခါးခေါက်သံကြောင့် နိုးလာတော့၏။ ထိုအချက်က သိုလှောင်ရုံတွင် နေရခြင်း၏ မကောင်းသည့် အရာ ဖြစ်သည်။ သံတံခါး ခေါက်သံက သိုလှောင်ရုံ တစ်ခုလုံးကို ဆူညံသွားစေသည်.

“မန်နေဂျာဖုန်း အပြင်မှာ ရပ်နေတဲ့သူက ၁၀ယောက်လောက် ရှိနေပြီ။ သူတို့ ကြည့်ရတာ မနေ့က လာတဲ့ ဝယ်သူတွေ ထင်တယ်”

ဝူကျီကန်းက ဖုန်းယွီ မနက်စာ စားနေသည့် အချိန်တွင် အကြောင်းကြားလိုက်၏။

“ဘယ်သူက တံခါးကို ခေါက်နေတာလဲ။”

ဖုန်းယွီက မျက်မှောင် ကြုံ့လိုက်သည်။ တံခါးကို ခေါက်လိုက်သည့် သူ၏ အိပ်စက်ခြင်းကို လုံးဝ နှောက်ယှက်သည့်သူဖြစ်၏။

“ဘယ်သူမှ တံခါးကို မနောက်ပါဘူး။ အဲ့ဒီလူတွေက သတင်းကြာပြီး ရောက်လာတဲ့သူတွေ ရောက်လာတဲ့ သူတွေ ဖြစ်တယ်။ လာတဲ့ သူတွေက မကျေမနပ် ဖြစ်ကြပြီး နှစ်ဦးနှစ်ဖက် ပြဿနာဖြစ်တော့ ငြင်းကျ ခုန်ကျရင်း အချင်းချင်း တွန်းမိကြတာ။ တွန်းမိရင်း တစ်ယောက် မတော်တဆ တံခါးကို တိုက်မိသွားတာ”

ဝူကျီကန်းက ရှင်းပြလိုက်၏။

ဝူကျီကန်းက ပြောစရာ စကားမဲ့သွား၏။ မနက်စောစောတွင် သူတို့၏ တံခါးရှေ့တွင် ရန်ဖြစ်နေကြ၏။ သို့သော် သူသည် ဒေါသမထွက်ရဲပေ။ အကြောင်းမှာ ထိုသူများက သူတို့၏ ပန်ကာများကို ဝယ်မည့်သူများ ဖြစ်သောကြောင့် ဖြစ်၏။

“တံခါးကိုသွား ပြီးတော့ သူတို့တွေ ငြိမ်ငြိမ်လေး စောင့်မလား ဆိုတာ မေးခဲ့။ တကယ်လို့ သူတို့တွေ မစောင့်နိုင်ဘူး ဆုံးရင် အခွင့်အရေး ဆုံးရှုံးမယ်။ မနေ့ညက ပြောသလိုပဲ ဒီနေ့ လူအများကြီး လာမယ် ပြီးတော့ မင်းအကုန်လုံး သတိရနေရမယ်။ ဒီနေ့မနက် ရန်ဖြစ်တဲ့ သူတွေကို ပြန်လွှတ်လိုက်တော့”

ဖုန်းယွီက ပြောလိုက်သည်။

ဝူကျီကန်းက အောက်ထပ်သို့ ဆင်းကာ တံခါးရှေ့တွင် ရပ်လိုက်ပြီး သူက တံခါးကို ဖွင့်လိုက်ကာ တစ်ယောက်ယောက်က ပြေးဝင်လာ၏။ ဝူကျီကန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက သူကို ချုပ်ထားလိုက်၏။

“ငါမင်းကို မှတ်မိတယ်။ မင်းက ရှင်းရှန်း ကုမ္ပဏီက ဟုတ်တယ်မလား။ ဘယ်သူက မင်းကို ဝင်ခွင့်ပေးလိုက်လို့လဲ။ ငါတို့ ကုမ္ပဏီက မင်းနဲ့ အလုပ် တွဲမလုပ်တော့ဘူး။ သွားလိုက်တော့”

ဝူကျီကန်းက အောလိုက်၏။

“ဘာအဓိပ်ပာယျလဲ”

ရှင်းရှန်း ကုမ္ပဏီမှ ကိုယ်စားလှယ်က မေးလိုက်၏။

“ဒါက ငါတို့ သူဌေးရဲ့ စည်းမျည်းပဲ။ ငါတို့ရဲ့ သူဌေးက သူပြောတဲ့ စည်းကမ်းတွေ အတိုင်း မလုပ်တဲ့သူတွေနဲ့ အလုပ်တွဲလုပ်မှာ မဟုတ်ဘူး။ အခု မင်းက ငါ့တို့ ကုမ္ပဏီရဲ့ အမည်ပျက်စရင်း အသွင်းခံလိုက်ရပြီ။ အမည်ပျက်စာရင်း မင်းနားလည်လား။ အခုထွက်သွားလိုက်တော့။ ဒီမှာ နေစရာ မလိုတော့ဘူး”

ဝူကျီကန်းက မေးလိုက်၏။

ရှင်းရှင်း ကုမ္ပဏီမှ ကိုယ်စားလှယ် ထွက်သွားပြီးနောက် ဝူကျီကန်းက ကျန်သည့် သူများကို အော်ပြောလိုက်၏။

“မင်းတို့ အကုန်လုံး ကောင်းကောင်း နားထောင်မယ်လို့ ထင်တယ်။ ငါတို့ ပြောထားတဲ့ အချိန်အတိုင်း ၁၀နာရီမှလို့ ပြောထားတဲ့ သူတွေကို ငါတို့ အရင်ခေါ်မယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတဲ့သူတွေကတော့ ၁၀နာရီခွဲ နောက်ပိုင်းမှပဲ။ မင်းတို့ထဲက တစ်ယောက် စောစောဝင်ဖို့ ကြိုးစားရင်၊ စကားကျယ်ကျယ်ပြောရင် ဒါမှမဟုတ် ငါတို့ရဲ့ စီစဉ်မှုကို မကျေနပ်ရင် အခုထွက်သွားလို့ရတယ်။”

ရှင်းရှန်းကုမ္ပဏီ၏ ကိုယ်စားလှယ်က ဉပမာ ဖြစ်သည့်အတွက် လူတိုင်းက စည်းကမ်းကို လိုက်နာကျ၏။ သို့သော် ထိုအရာက စိတ်တိုစရာ အကောင်းဆုံးအရာ မဟုတ်ပေ။ သိုလှောင်ရုံ တံခါးကို ဖွင့်လိုက်ချိန် ထိုလူများက ဝူကျီကန်းကို ကြည့်လိုက်ကြပြီး အတွင်းတွင် ရှိသည့် သူများက ပေါ်ကာ ကစားနေကြခြင်း ဖြစ်သည်။

အပူချိန် မြင့်လာသည်နှင့် အမျှ ထိုလူများက နေထဲတွင်သာ သည်းခံပြီး စောင့်နေရုံသာ ရှိသည်။ သူတို့ အရိပ်ခိုရန်အတွက်လည်း မသွားရဲပေ။ ကုမ္ပဏီ၏ သူဌေးက သူတို့ကို ဘယ်အချိန်မှ ဝင်ခွင့်ပေးမည်ဆိုတာကို တစ်ယောက်မှ မသိပေ။

၁၀နာရီထိုးတွင် ပထမ အုပ်စု အထဲ ဝင်ကြရ၏။ ဝူကျီကန်းနှင့် ကျန်သည့်သူများက မနေက လာသည့် သူများ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးနေ၏။ သိုလှောင်ရုံထဲတွင် ပထမအုပ်စု သိုလှောင်ရုံထဲကို ဝင်သွားသည့် အချိန်တွင် သူတို့သည် သူဌေးကို မမြင်ရပေ။ သူတို့က ဆယ်ကျော်သက်တစ်ယောက် ထိုင်နေတာကိုသာ တွေ့လိုက်ရ၏။

“ဟေးကောင်လေး မင်းရဲ့ သူဌေးကော”

တစ်ယောက်ယောက်က မေးလိုက်၏။

ဖုန်းယွီက စိတ်တိုသွားသည်။ ဒီကုမ္ပဏီက မည်သည့် ကုမ္ပဏီနည်း။ ကျန်တဲ့သူတွေ မက်တပ်ရပ်နေပြီး ငါတစ်ယောက်ထဲ ထိုင်နေတာ မမြင်ဘူးလား။”

“မင်း ထွက်သွားတော့ ငါတို့ ကုမ္ပဏီက မင်းနဲ့ အလုပ် အတူတူ မလုပ်တော့ဘူး။”

ဖုန်းယွီက ဒေါသတကြီးဖြင့် ပြောလိုက်၏။

ဖုန်းယွီပြောပြီးနောက် ဝူကျီကန်းက ကျန်သည့် သူများကို မိတ်ဆက်လိုက်၏။

“ဒါက ကျွန်တော်တို့ရဲ့ မန်နေဂျာဖုန်းပါ။ သူက ခင်ဗျားတို့ ရှာနေတဲ့သူပါ။”

ထိုလူက အံ့အားသင့်သွားကာ ဒီကလေးက သူဌေးလား။ သူက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး။သူက ဘာမှ မပြောနိုင်သေးခင် ဝူကျီကန်းနှင့် အခြားသူများက သူ့ကို ဆွဲထုတ်သွားတော့၏။

ကျန်သည့် သူများက လန့်ဖျပ်သွားသည်။ သူတို့ သိသည်ကား ကုမ္ပဏီ၏ ဝန်ထမ်းများက အလွန် အထက်စီးဆန်သည်ဟု သိသည်။ သို့သော် ယခု ဘာကြောင့် ဝန်ထမ်းများက ဒီလိုမျိုး ဆက်ဆံသည်ဆိုတာကို နားလည်သွားသည်။ ဝန်ထမ်းများက သူတို့ သူဌေးဆီမှာ သင်ယူခဲ့တာ ဖြစ်ပြီး။ သူဌေးက ပိုတောင်မှ အထက်စီးဆန်သေး၏။

တစ်ယောက်က သူဌေးကို ပြန်ခံပြောသည့်အတွက် ထုပ်ပယ်ခြင်း ခုံလိုက်ရ၏။ သို့သော် ငွေရှာရန်အတွက် သူတို့က သည်းခံရမည် ဖြစ်သည်။

စာရေးသူ မှတ်စု။ ထိုခေတ်အခါက ပိုအထက်စီးဆန်သူများက ပိုပြီး လုပ်နိုင်ကြသည့် သူများ၏ အများက မြင်နိုင်ကြသည်။

အင်္ဂလိပ် ဘာသာပြန်သူ မှတ်စု။ ထိုခေတ်အခါက တရုတ်ပြည်တွင် ဆန်းကျယ်သည့် ယဉ်ကျေးမှုရှိ၏။ အထက်စီးဆန်သည့် သူများ ယနေ့ခေတ်တွင် အလုပ် မဖြစ်တော့ပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset