အခန်း ၃၅
ငါတို့ရဲ့ အမှတ်တံဆိပ်ကို ဘယ်သူကိုမှ သုံးခွင့် မပေးဘူး
“လူကြီးလီ ညစာလာစားလေ”
ဒါရိုက်တာလီ၏ ဇနီးက မေးလိုက်သည်။
“မင်းအရင် စားနှင့် ငါမစားချင်သေးဘူး”
စက်ရုံ ဒါရိုက်တာ လီက ပြန်ပြောလိုက်၏။
“ဒါပေမဲ့ ရှင် စားရဦးမယ်လေ။ စက်ရုံက ကောင်းကောင်း မလည်ပတ်နိုင်ဘူး ဆိုပေမဲ့ ရှင့်ရဲ့ ကျန်းမာရေးကလည်း အရေးကြီးသေးတယ်လေ။”
ဒါရိုက်တာလီ၏ ဇနီးက ပြောလိုက်သည်။
“ကောင်းကောင်း မလည်ပတ်နိုင်တာလား။ ဒါပေမဲ့ အရမ်း အဆိုးကြီးတော့ မဟုတ်ပါဘူး။ ငါက ထုတ်လုပ်ရေးနဲ့ ရောင်းချရေးက တာဝန်ခံ လက်ထောက် စက်ရုံ ဒါရိုက်တာပဲ။ လက်ရှိမှာ စက်ရုံက အလုပ်ရုံ အများစုက တစ်ရက် နှစ်ရက်ပဲ ဖွင့်ကြတယ်။ အလုပ်သမားတွေက လွန်ခဲ့တဲ့ လတွေ ကတည်းက လစာ တစ်ဝက်ပဲ ရတာ။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် မိသားစု အများကြီး ဒုက္ခရောက်ကုန်တော့မှာပဲ”
ဒါရိုက်တာ လီုက ပြောလိုက်သည်။
“ဒေါက်ဒေါက်ဒေါက်”
“အို ဒါက လူကြီးကျောက်မလား။ စားပြီးပြီလား။ လာပြီး လူကြီးလီနဲ့ တစ်ခွက်လောက် လာသောက်လိုက်ပါဦး။ အခုတလော သူကောင်းကောင်း မအိပ်နိုင်ဘူး”
ဒါရိုက်တာလီ၏ ဇနီးက တံခါးကို ဖွင့်ရင်းပြောလိုက်၏။
“ယောင်းမ သောက်တာကို ခဏထားဦး။ ဒါရိုက်တာလီနဲ့ အရေးကြီးကိစ္စ ပြောစရာ ရှိတယ်။”
ဒါရိုက်တာ ကျောက်က ပြောလိုက်၏။
“လူကြီးကျောက် ဘာတွေ အရေးကြီးနေတာလဲ။ စက်ရုံနဲ့ ပတ်သတ်နေလို့လား။”
ဒါရိုက်တာလီက ဆိုဖာပေါ်မှ ထလိုက်သည်။ ညတွင် စက်ရုံ ပိတ်ထားပြီ ဖြစ်၏။ တစ်ယောက်ယောက်ကများ စက်ရုံထဲ ဝင်ပြီး ခိုးနေတာလား။ စက်ရုံတွင် စစ်ဖက်ဆိုင်ရာ ပစ္စည်းများ ရှိနေဆဲ ဖြစ်သည်။
“သတင်းကောင်း။ ဒါရိုက်တာလီ။ ဒီနေ့ ကျွန်တော် တူလေးက သူဌေးကြီး တစ်ယောက်ကို ခေါ်လာတယ်….”
ဒါရိုက်တာ ကျောက်က ပြောလိုက်သည်။
ဒါရိုက်တာကျောက် ပြောတာ နားထောင်ပြီးနောက် ဒါရိုက်တာလီသည် အတွေးထဲ နစ်ဝင်သွားတော့သည်။ အော်ဒါပမာဏ များများရခြင်းသည် ကောင်းမွန်သည့် အရာ ဖြစ်ကာ လိုအပ်ချက်သည်လည်း များပြားလွန်း၏။ သူတို့၏ စက်ရုံအနေဖြင့် လိုအပ်ချက်များကို အခြေခံပြီး ထိုပန်ကာမျိုးကို ထုတ်လုပ်နိုင်စွမ်း ရှိ၏။
သို့သော် ဒါရိုက်တာကျောက်၏ သောကများသည် အကျိုးအကြောင်း မသင့်ပေ။ ‘ပလက်စတစ်တွေကို သုံးပြီး လုပ်မှာလား။ အဲ့တာတွေက ညံ့တဲ့ ထုတ်ကုန်တွေ မဟုတ်ဘူးလာ။ တစ်ခါ ကျတာနဲ့ ပန်ကာက ပျက်ဆီးသွားနိင်တယ်။ အဲ့ပစ္စည်းက အကြမ်းခံမှာ မဟုတ်ဘူး။ အဲ့တာက စက်ရုံ၏ နာမည်ကို ထိခိုက်စေနိုင်တယ်။’
သို့သော် လက်ရှိ အခြေအနေတွင် စက်ရုံသည် များစွာတော့ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ အလုပ်သမားများအတွက် အလုပ် မရှိပါက စက်ရုံသည် ပိုက်ဆံ ဆက်ရှာနိုင်မည် မဟုတ်တော့ပေ။ စက်ရုံက အလုပ်သများ၏ လုပ်ခကို မပေးနိုင်သည့်အပြင် ဆေးစရိတ်ကိုလည်း မထုတ်ပေးနိုင်ပေ။
နေ့တိုင်း အလုပ်သမားများက သူတို့လစာကို မေးကြသည်။ ယခုတစ်ပတ်တွင် အလုပ်သမားများ သူတို့အိမ်ကို လစာအတွက် လာမေးသည်မှာ သုံးကြိမ်ရှိပြီ ဖြစ်သည်။ ဒီရိုက်တာလီတောင် သူ၏ ပိုင်ဆိုင်သမျှ အရာများနှင့် ချေးငှားကာ သူ့ အလုပ်သမားများကို လစဉ် ပေးနေရသည်။
ယခုအချိန် အော်ဒါတစ်ခု ရောက်လာသည်။ သို့သော် သူသည် လက်ခံရမလားဆိုတာ မသေချာသေးပေ။
“ဒါရိုက်တာလီ ကျွန်တော်အထင် ဒီအလုပ်ကို လုပ်နိုင်လောက်တယ် ပြီးတော့ ဒီအလုပ်ကို လုပ်မှ ရမယ်။ ဒီလမှာ အော်ဒါ တစ်ခုမှ မရရင် ကျွန်တော်တို့တွေ အလုပ်သမားတွေကို လစာ တစ်ဝက်တောင် ပေးနိုင်မှာ မဟုတ်ဘူး။”
ဒါရိုက်တာ ကျောက်က ပြော၏။
“ငါတို့ ကုမ္ပဏီရဲ့ နာမည်ကရော။ ငါတို့ စက်ရုံက နာမည်ကောင်း ရှိပြီး အတိတ်က များစွာတဲ့ ဂုဏ်ပြုမှုတွေ ရခဲ့တဲ့ စက်ရုံပဲ။ ငါတို့တွေက ပစ္စည်းပျက်တွေကို ထုတ်တဲ့ စက်ရုံလို့ အပြောမခံနိုင်ဘူး။”
ဒါရိုက်တာလီက ပြောလိုက်သည်။
“ငါတို့တွေ သူတို့ရဲ့ သူဌေးကို သူတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို သုံးဖို့ ပြောမယ်။ ပြီးတော့ ကျွန်တော်တို့တွေ ပန်ကာပဲ ထုတ်ပေးမယ်။ တောင်ပိုင်းမှာ ရှိတဲ့ စက်ရုံတွေက ဒီလိုတွေ လုပ်နေကြတာ။ ကျွန်တော်တို့က ဘာကြောင့် ဒီလို မလုပ်နိုင်ရမှာလဲ။”
ဒါရိုက်တာ ကျောက်က ပြောလိုက်သည်။
“မင်းပြောချင်တဲ့ အဓိပ္ပာယ်က တဆင့် ပစ္စည်းထုတ်လုပ်တဲ့သူလား”
ဒါရိုက်တာ လီက သက်ပြင်းချလိုက်သည်။ သူတို့သည် နိုင်ငံပိုင် စက်ရုံ ဖြစ်သည်။ ယခုတွင် သူတို့သည် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအတွက် ပစ္စည်းတဆင့် ထုတ်လုပ်ပေးရတော့မည် သူအဖြစ် နှိမ့်ချရတော့မည် ဖြစ်၏။
“ဒါရိုက်တာလီ။ တခြား ရွေးချယ်စရာ မရှိဘူး။ ကျွန်တော်တို့တွေ အမြဲတမ်း အစိုးရဆီကနေ အော်ဒါတွေကို အားကိုးနေလို့ မရဘူး။ မနှစ်က ကျွန်တော်တို့တွေ ပန်ကာတွေ ထုတ်လုပ်ဖို့ အမှာစာ တစ်ခု ရခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး ဘာဖြစ်သွားလဲ။ ကျွန်တော်တို့တွေ ပန်ကာတွေကို အရှုံးနဲ့ပဲ အကုန် ရောင်းထွက်သွားခဲ့တယ်။ ဒီသူဌေးက ကျွန်တော် ပြောတဲ့ အချက်တွေမျာများ လက်ခံ ပေးမဲ့ပုံပဲ။ သူက ဈေးအတွက် မမေးရသေးဘူး ပြီးတော့ သူသည် ၁၀,၀၀၀ယူနစ် ယူမယ်လို့ ပြောခဲ့တာ။ တစ်ခုကို ငါးယွမ်ဆိုရင်တောင် အဲ့တာက ယွမ် ၅၀,၀၀၀ လေ။”
ဒါရိုက်တာ ကျောက်က ပြောလိုက်သည်။
“ကောင်းပြီ။ အဲ့သူဌေး မင်းတို့ အိမ်မှာ ရှိသေးလား။ ငါသူနဲ့ တွေ့ဖို့ မင်းနဲ့ လိုက်ခဲ့မယ်။ ပြီးတော့ အော်ဒါအကြောင်း ဆွေးနွေးကြတာပေါ့။ စက်တွေက အသုံးမပြုပေမဲ့ စက်ပြင်ဆင် စရိတ်ကလည်း ရှိသေးတယ်။ ဒီအကြာင်းနဲ့ ပတ်သတ်ပြီးလဲ ပြောရဦးမယ်။”
ဒါရိုက်တာ လီက ပြောလိုက်သည်။
“လူကြီးလီ ရှင်ဘယ်ကို သွားမလို့လဲ။ ရှင် ရှင့်ရဲ့ ညစာတောင် မစားရသေးဘူး။”
ဒါရိုက်တာလီ၏ ဇနီးက အော်ပြောလိုက်၏။
—————
ဖုန်းယွီသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်နေ၏။ အလုပ်ရုံ ဒါရိုက်တာ၏ အိမ်ဟု သူလုံးဝ မယုံပေ။ စားပွဲပေါ်တွင် ဟင်းပွဲ သုံးပွဲသာ ရှိ၏။ ဟင်းသီးဟင်းရွက် နှစ်ပွဲနဲ့ ကြက်ဉမွှေကြော် တစ်ပန်းကန် ဖြစ်သည်။
စက်ရုံ ခေါင်းဆောင်ရဲ့ အိမ်က ဒီလိုဆိုရင်တောင် သာမန် အလုပ်သမားတွေကကော။
“ဒေါ်လေး ဒေါ်လေးနဲ့ ဦးလေးက ဒီလို နေနေရတာလား။ အသားဟင်း တစ်ခွက်တောင် မပါဘူး”
ဝူကျီကန်းက မေးလိုက်သည်။ သူသည် ထိုဟင်းပွဲများကို ကြည့်ကာ ထမင်းစားချင်စိတ်တောင် မရှိတော့ပေ။ ထိုက်ဟွ ကုမ္ပဏီတွင် ထမင်းအနပ်တိုင်း အသားဟင်းပါပြီး သူသည် ကုမ္ပဏီထမင်းကို အသားကျနေပြီ ဖြစ်၏။
“စားနိုင်တာတောင် တော်တော် အဆင်ပြေနေတာ။ မင်းရဲ့ ဦးလေးက စက်ရုံရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လို့ပေါ့ သူ့ရဲ့ ငွေတွေအကုန် အလုပ်သမားတွေကို ချေးပြီးသွားပြီ။ အသားမပြောနဲ့ ငါတို့တွေ တစ်လကို ကြက်ဉ တစ်ခါ နှစ်ခါ စားနိုင်ရင်တောင် ကံကောင်းပြီ။”
ဝူကျီကန်း၏ ဒေါ်လေးက ပြောလိုက်သည်။
ဝူကျီကန်းသည် လက်ရှိတွင် စက်ရုံ ဒီလောက်ထိ အခြေအနေ ဆိုးရွားနေမှန်း သူမသိပေ။ မည်သို့ပင် ဖြစ်စေ သူ့အနေဖြင့် အိမ်ကို တစ်လလျှင် ယွမ် ၆၀မှ ယွမ်၇၀ထိ လတိုင်းပို့သည်။ သူ၏ မိသားစုသည် ယခုလို ဆင်းရဲ ဒုက္ခများကို ခံစားနိုင်မည် မဟုတ်။
ဖုန်းယွီနှင့် ဝူကျီကန်း နှစ်ယောက်လုံးသည် ထမင်း တစ်ပန်းကန်ကိုသာ စားလိုက်ပြီးနောက် သူတို့၏ တူကို ချထားလိုက်တော့သည်။ သူတို့သည် ကြက်ဥကို ထိတောင် မထိပေ။ ထို့အပြင် သူတို့ အပြန်လမ်းတွင် နောက်မှ စားစရာ တစ်ခုခု အမြဲတမ်း ရနိုင်ပေသည်။
တံခါးဖွင့်သံ ကြားလိုက်ရပြီးနောက် ဒါရိုက်တာကျောက်သည် သူစိမ်းတစ်ယောက်နှင့် အတူ ဝင်လာတော့၏။
“ဒါရိုက်တာလီ ရောက်လာပြီပဲ။ ညစာစားပြီးပြီလား”
ဒါရိုက်တာကျောက်၏ ဇနီးက ခပ်မြန်မြန် ထလိုက်ကာ ဒါရိုက်တာ လီကို နှုတ်ဆက်လိုက်၏။
“ဖုန်း။ ဒါက ငါတို့ စက်ရုံရဲ့ ဒါရိုက်တာ လီ။ သူက စက်ရုံနဲ့ ပတ်သတ်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ အကုန် သူပဲ ချတာ။ သူ ဒီကို ရောက်လာတာက မင်းနဲ့ ဆွေးနွေးချင်လို့ပဲ။ တစ်ယူနစ်ကို မင်းဘယ်လောက် ပေးမလဲ။”
ဒါရိုက်တာ ကျောက်က ပြောလိုက်၏။
စက်ရုံဒါရိုက်တာသည် မကြာခင်တွင် ပင်စင် ယူတော့မည် ဖြစ်သည့်အတွက် စက်ရုံကို ဂရုမစိုက်ပေ။ နေ့တိုင်း သူသည် နာမကျန်းချင်ယောင်ဆောင်ကာ ဆေးရုံတွင်သာ နေနေ၏။ ဒါရိုက်တာလီသည် လက်ထောက်တာဝန်ခံ(ပထမ)ဖြစ်ပြီး စက်ရုံ တစ်ရုံလုံး၏ လုပ်ပိုင်ခွင့် အပြည်ရှိသူလည်းဖြစ်သည်။
ဖုန်းယွီသည် ဒါရိုက်တာလီကို လက်ဆွဲ နှုတ်ဆက်ကာ ပြောလိုက်သည်။
“မင်္ဂလာပါ ဒါရိုက်တာလီ ကျွန်တော်တို့ ထိုင်ပြီး ဆွေးနွေးရအောင်”
ဒါရိုက်တာကျောက်၏ ဇနီးသည် ရေနွေးကြမ်း လုပ်နေကာ ဝူကျီကွမ်းက ဖုန်းယွီနောက်တွင် သက်တောင်စောင့် တစ်ယောက်ပမာ ရပ်နေ၏။
ဒါရိုက်တာလီက ဖုန်းယွီကို တွေ့သည့်အခါ အလွန်အံ့ဩသွား၏။ ဒါရိုက်တာကျောက်က ဖုန်းယွီသည် ငယ်ရွယ်သည့်သူ တစ်ယောက် ဖြစ်သည်ဟု သူ့ကို ပြောသော်လည်း ဖုန်းယွီ အရမ်းငယ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ဒါရိုက်တာလီ၏ မှန်းချက်အရ ဖုန်းယွီသည် ၁၆နှစ်ပြည့် မွေးနေ့တောင် လုပ်ရဦးမည် မဟုတ်ပေ။ သူသည် မူးမေ့မလို ဖြစ်သွားတော့၏။
ပန်ကာ အကာမပါဘူး ညှပ်ကို အခြေတည်ထားမယ်
“ဒါရိုက်တာလီ။ ဒါရိုက်တာကျောက်က ကျွန်တော် လိုချင်တဲ့ပုံစံကို ပြောပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်။ မော်တာက လွဲပြီးတော့ တခြားအစိတ်အပိုင်းတွေကို တက်နိုင်သမျှ ပလက်စတစ် သုံးချင်တယ်။ မော်တာကလည်း အရမ်းကြီးစရာ မလိုဘူး။ ပန်ကာရွက်တွေကလည်း ပလက်စတစ်တွေ ဆိုတော့ မော်တာကို သေးဖို့အတွက် အဆင်ပြေတယ်။ ပြီတော့ အဲ့ပန်ကာမှာ ပန်ကာလက်တွေကို ကာပေးဖို့အတွက် ပန်ကာ အကာလည်း မလိုဘူး”
ဖုန်းယွီကပြောလိုက်သည်။
“ဘာ… မင်းက ပန်ကာ အကာကိုတောင် ဖြတ်ချချင်နေတာလား။ ပန်ကာလက်တံတွေ ပြုတ်ထွက်ရင် လူတွေ ဒဏ်ရာ ရကုန်လိမ့်မယ်။”
ဒါရိုက်တာလီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ဒီလူငယ်က တကယ်ကို မသမာတဲ့ ကုန်သည် တစ်ယောက်ပဲ ဖြစ်မယ်။
“ဘယ်လိုလုပ် လူတွေကို ဒဏ်ရာ ရစေမှာလဲ။ ဒါရိုက်တာလီ မျက်နှာကြတ်ကပ် ပန်ကာတွေကို မြင်ဖူလား။ ဘာကြောင့် မျက်နှာကြတ်ပန်ကာတွေမှာ ပန်ကာလတ်တွေကို ကာကွယ်ဖို့ ဘာကြောင့် အကာမပါတာလဲ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ပလက်စတစ်ပန်ကာက ပလက်စတစ် အလက်တွေ ပြီးတော့ အရှိန်ကလည်း နည်းတယ်။ ပန်ကာ ဖွင့်ထားပြီး လက်ကို ထည့်လိုက်ရင်တောင် တုန်ခါမှု အနည်းငယ်ကိုပဲ ခံစားရမှာ။ ဒါက ကျွန်တော်ရဲ့ လိုအပ်ချက်ပဲ။”
ဖုန်းယွီက ပြောလိုက်၏။
“ပန်ကာထဲ လက်ထည့်လို့ရတယ်လား။ အဲ့တာဆို အရှိန်က အရမ်းနည်းမှာပေါ့။ လေဘယ်လို ရမှာလဲ။”
ဒါရိုက်တာလီက မေးလိုက်၏။
“အဲ့ပန်ကာတွေက ဒီလိုမျိုး ယပ်တောင်တွေထက်တော လေက ပိုရတယ်။ မော်တာအားကလည်း နည်းတော့ လျှပ်စစ်ကိုလည်း ချွေတာသားပြီးရတာပေါ့။ မကောင်းဘူးလား။ ဒီပန်ကာက အရှိတ် တစ်ခုထဲပဲ သတ်မှတ်ထားမယ်။ ပြီးတော့ လည်မှာ မဟုတ်ဘူး”
ဖုန်းယွီက ပြောလိုက်သည်။
“ဒါ့အပြင် အထိုင်က သေးပေမဲ့ ညှပ်ကလစ်ကတော့ ကြီးမယ်။ ဒီပန်ကာက ကြမ်းပြင်ပေါ်မှာလည်း ထောင်ထားလို့ ရမယ် ဒါမှမဟုတ် စားပွဲပေါ်မှာ ညှပ်ထားလို့ရမယ် ဒါမှမဟုတ် ဗီရီုရဲ့ အထက်မှာ ထားပြီးတော့ မျက်နှာကြတ် ပန်ကာလိုမျိုးလည်း သုံးလို့ရတယ်။”
ဖုန်းယွီက ဆက်ပြေးလိုက်သည်။ ထိုပန်ကာ အသေးအမျိုးအစားများက ဖုန်းယွီ၏ အရင်ဘဝက အလွန် နာမည်ကြီး၏။
ဒါရိုက်တာလီနှင့် ဒါရိုက်တာကျောက်က ဖုန်းယွီ၏ ဒီဇိုင်းအသစ်ကြောင့် ကြက်သေသေတော့၏။ ယခုလို ဒီဇိုင်းနည်းလမ်းမျိုးနှင့် လျှပ်စစ်ပန်ကာလို့ ခေါ်ဆိုနိုင်မည်လားကို သူမသိပေ။ သို့သော် ကြည့်ရသည့် ပုံအရတော့ ထိုပန်ကာက ကြေညာအားကောင်းမှ ရပေမည်။
“တကယ်လို့ ငါတို့က မင်းလိုချင်တဲ့ ပန်ကာအမျိုးအစားကို ထုတ်ပေးနိုင်ရင် ပန်ကာ တစ်ခုအတွက် မင်းက ငါတို့ကို ဘယ်လောက်ပေးမလဲ။”
ဒါရိုက်တာလီက မေးလိုက်သည်။
“ကာဗာနဲ့ ညှပ်အထိုင် လျှပ်စစ်ပန်ကာ”
ကျွန်တော် တွက်ကြည့်ပြီးပြီ။ ကုန်ကျစရိတ်က ပန်ကာ တစ်လုံးကို ၁၀ယွမ်။ ကျွန်တောင် ဦးလေးတို့ကို ၂၀ယွမ်ပေးမယ်။ အဲ့အမျိုးအစားကိုပဲ လှည့်လို့ရပြီး အကာနဲ့ အမျိုးအစားကို ဈေးအနည်းငယ် ပိုပေးမယ်။ ဒီလို အမျိုးအစားအတွက် ကျွန်တော် ၃၀ယွမ်ပေးမယ်။ တကယ်လို့ ဦးလေးတို့ စက်ရုံက ထုတ်လုပ်နိုင်ရင် အမျိုးအစား တစ်ခုဆီအတွက် ယူနစ် ၁၀,၀၀၀ကျွန်တော် မှာမယ်။”
ဖုန်းယွီက ပြောလိုက်၏။
ဒါရိုက်တာလီနှင့် ဒါရိုက်တာကျောက်က အချင်းချင်း ကြည့်ကာ ဆွေးနွေးနေကြသည်။ ထိုပန်ကာများကို ထုတ်နိုင်၏။ ပန်ကာ အမျိုးအစားနှစ်ခုလုံးက ပလက်စတစ်ဖြင့် လုပ်တာ ဖြစ်သည်။ အမြတ်က တစ်ခုအတွက် ၈ယွမ် ဖြစ်၏။ ၂၀,၀၀၀ယူနစ်အတွက် အမြတ်သည် ယွမ် ၁၆၀,၀၀၀ ဖြစ်ပေမည်။
“ကောင်းပြီ။ ဒါပေမဲ့ ငါတို့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ဒီပန်ကာတွေကို ငါတို့ စက်ရုံရဲ့ အမှတ်တံဆိပ် အနေနဲ့ မထုတ်နိုင်ဘူး။ မင်း မင်းရဲ့ အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီး ထုတ်ရမယ်။”
ဒါရိုက်တာ လီက ပြောလိုက်သည်။
ဖုန်းယွီက ထိတ်လန့်သွား၏။ သူသည် သူတို့ဆီမှာ ဒီဇိုင်းခ တစ်ပြားမှတောင် မတောင်းခဲ့ပေ။ သူသည် နိုင်ငံပိုင် စက်ရုံကို ကူညီပေးချင်ရုံသာ ရှိသည်။
‘ဒါပေမဲ့ အခုက သူတို့က သူတို့ရဲ့ အမှတ်တံဆိပ်ကို မသုံးချင်တာလား။ သူတို့တွေက ဒီပန်ကာတွေကို သံသယ ဖြစ်နေတာလား။’
ဖုန်းယွီသည် သူ့အမှတ်တံဆိပ်ကို သုံးရမည့်အတွက် သိပ်မပျော်ရွှင်ပေ။
“ကောင်းပြီ။ အဲ့တာဆို ငါ အမှတ်တစ်ဆိပ်ကို မှတ်ပုံတင်လိုက်မယ်. အဲ့ဒါကို လေနှင့်မိုး ပန်ကာလို့ အမည်ပေးမယ်။”
မှတ်ချက် ဖုန်းယွီ၏ အမှတ်တံဆိပ်ဖြစ်သည့် “လေနှင့်မိုး” 风雨(Fēngyǔ ) တရုတ်လို့ အဓိပ္ပာယ်ရသည်။ သူ့နာမည် ဖုန်းယွီနှင့်လည်း အသံတူတူပင် ဖြစ်၏။
ဒီညတစ်ပိုင်း ထပ်လာပါမယ်။
https://www.facebook.com/107432221758879/posts/122009000301201/