FY အခန်း ၃၀

အခန်း ၃၀

ကားဝယ်ယူခြင်း

စက်ရုံ အသီးသီးမှ အရောင်းကိုယ်စားလှယ် အများစုသည် ဖုန်းယွီဆီ လာတွေ့ကြသည်။ သူသည် ဖုန်းယွီနှင့် အပေးအယူ ညှိနှိုင်းရန် ရောက်လာကြခြင်း ဖြစ်သည်။ အချို့သော သူများကို ဖုန်းယွီက ဆက်သွယ်ခဲ့တာ ဖြစ်ပြီး အချို့ သူများကို လီရှစ်ချင်က သူ၏ သမဝါယမမှ သူငယ်ချင်းများထံမှ ဆက်သွယ်ခဲ့တာ ဖြစ်သည်။

ထိုလူများသည် သူတို့၏ ကုန်ပစ္စည်းများ လက်ကားဝယ်ယူသည့် ကုမ္ပဏီ တစ်ခု ရှိကြောင်း သတင်းကို ကြားသည်နှင့်သူတို့သည် ယင်ကောင်များကဲ့သို့ တဟုန်ထိုး လာခဲ့ကြတော့သည်။

ဖုန်းယွီသည် လှည်ဖျားမှု အနည်းငယ်နှင့် လူတွေကို ဆွဲဆောင်နိုင်ခဲ့သည်။ သူသည် ထိုရူးနှံနေသည့် အရောင်းသမားများကို စီမံ နိုင်ခဲ့သည်။ သူသည် ပစ္စည်းများကို အလွန်ဈေးချိုချိုဖြင့် ရခဲ့ပြီး သူတို့သည် ဖုန်းယွီသည် ပစ္စည်းများ ပို့ပြီး နှစ်ရက်အကြာတွင် ပစ္စည်းတန်ဖိုး ငွေများ ပေးချေရန် သဘောတူခဲ့သည်။

စက်ရုံ သုံးရုံသာလျှင် ကနဦးငွေ ပေးချေရန် လိုအပ်သည်။ ထိုစက်ရုံ သုံးရုံက အစိုးရပိုင် စက်ရုံများ ဖြစ်ကြပြီ သူတို့သည် ကနဦးငွေချေမှု ငွေများ ကောက်ရမှာ ဖြစ်သည်။

ကနဦး ငွေချေမှုလား။ ဖုန်းယွီက အထင်သေးသည့် အကြည့်ဖြစ် ကြည့်လိုက်သည်။ သူသည် ကနဦးငွေချေရမည့် နေရာတွင် စရန်ငွေအဖြစ် ပြောင်းလိုက်သည်။

စရန်ငွေနှင့် ကနေဦး ငွေချေစနစ်သည် တရုတ်ပြည်တွင် လုံးဝ ကွဲပြားသည်။ စရန်ငွေ အဓိပ္ပာယ်ကား ကုန်ပစ္စည်းများ လက်ဝယ် ထားရှိခြင်း ဖြစ်သည်။ စာချုပ်အရာ တစ်စုံ တစ်ဦးသည် တစ်ခြားတစ်ယောက်ကို စရန်ငွေ နှစ်ဆ ပေးရမှာ ဖြစ်သည်။ ကနဦး ငွေချေစနစ်တွင် သဘောတူညီမှု အပြီးသတ်ချုပ်ဆိုခြင်း ဖြစ်သည်။ တစ်ယောက်က စာချုပ်ကို ချိုးဖျက်ပါက သူအနေဖြင့် နစ်နာသူကို ငွေအပြည့်၏ နှစ်ဆ ပေးရမည် ဖြစ်သည်။ ဖုန်းယွီသည် အရူးလုပ်ရန် လွွယ်သည်သူ မဟုတ်ပေ။

ဖုန်းယွီသည် ကီရီလန်ကို မည့်သည့် ကုန်ပစ္စည်းများ လိုချင်းလည်း ဆိုတာ ကောင်းကောင်းသိသည်။ သို့သော်လည်း အရေအတွက်ကို မသတ်မှတ်ရသေးပေ။ အရေအတွက် အနည်းငယ် ရှိနိုင်သည်။ ထိုစက်ရုံများအနေဖြင့် သူ့ကို ဝယ်ယူသူ အကြီးစားဟု သတ်မှတ်ထားသည့် အတွက် စာချုပ်ကို ဖျက်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။ ပြီနောက် နောင်တွင် သူ့ထံမှ အမှာစာ အမြောက်အမြား ရရှိမည် ဖြစ်သည်။ လျော်ကြေးငွေ ကိစ္စများ ရှိလာလျှင်လည်း ဖုန်းယွီက ပေးလျော်နိုင်သည်။

ကနဦး ပေးငွေ ဖြစ်ပါက ဖုန်းယွီသည် ကီရီလန်ကို မလိုချင်သည့် ပစ္စည်းများအတွက် ပစ္စည်းပမာဏအတိုင်း ပေးရမှာ ဖြစ်သည်။

ထိုအရောင်းသမားများသည် ဖုန်းယွီ၏ ထိုစကားများကို ပြောင်းလိုက်သည်ကို ကြည့်ရင်း အလွန် အံ့အား သင့်သွားသည်။ သူတို့ အနေဖြင့် ထိုမျှ ငယ်ရွယ်သူ တစ်ဦးအနေဖြင့် သတိ အရမ်း ရှိမည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ဖုန်းယွီကို လွယ်လွယ်နှင့် အရူး လုပ်၍ မရပေ။ သို့သော် သူတို့သည် စာချုပ်ကို ပြန်ဖတ်ပြီး စာချုပ် ချုပ်ဆိုရန် လိုသေးသည်။ စာချုပ်အသစ်၏ စည်းမျဉ်း စည်းကမ်းများသည် ရှင်းလင်းပြီး နှစ်ဦး နှစ်ဖက်လုံးအတွက် လုပ်ဆောင်ရမည့် အရာများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ငွေပေးချေရမည့် နေစွဲကိုလည်း အတိအကျ ရေးမှတ်ထားသည်။

အစိုးရပိုင် စက်ရုံများမှာ အရောင်းသမားများကို အလွန်ရိုးသားသည်ဟု တွေးနိုင်သလား။ သူတို့သည်လည်း လျော်ကြေးငွေများ ရရန်ကြိုးပမ်းပြီး ပြည်သူများထံမှာ ရမည့် ငွေများကို ပိတ်ဆို့လိုက်ကြသည်။ သေချာသည်မှာ ထိုခေတ်အခါက လျော်ကြေးငွေအတွက် တရားရုံး သွားသည်မှာ ဖြစ်တောင့် ဖြစ်ခဲ့သည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်လုံးက လုံဝ ဂရုစိုက်ရပြီး သူတို့ ငွေပေးချေမှု မရပါက ကုန်ပစ္စည်းလည်း မတင်ပေးကြပေ။

ကုန်ပစ္စည်းတင်ပြီးနောက်မှ ငွေပေးချေရန် ဖုန်းယွီ၏ တောင်းဆိုမှုသည် ယုံကြည်ရသော အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်သည်။ သဘောတူညီမှု အချို့ ပြီးသည့်နောက် သူသည် ထိုစက်ရုံများထံမှ ကာလကြာရှည်စွာ ဆိုင်းငံ့ခွင့်ကို ရနိုင်မည် ဖြစ်သည်။

ထိုသို့ ဖြစ်လာသည့် အခါ ကီရီလန်ကိုသည် တရုတ်ပြည်ကို ကိုယ်တိုင် ကိုယ်ကျ လာရန် မလိုအပ်တော့ပေ။ ဖုန်းတစ်ချက် ခေါ်ရုံဖြင့် ကီရီလန်ကိုသည် ကုန်ပစ္စည်းအမျိုးအစားများနှင့် အရေအတွက်ကို မှာယူပြီး ဖုန်းယွီသည် ပို့ပေးလိုက်မှာ ဖြစ်သည်။ ကီရီလန်ကိုသည် ကုန်ပစ္စည်းများ လက်ခံပြီးနောက် ငွေပေးချေမည် ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယွီ၏ နိုင်ငံတကာ ကုန်သွယ်ရေးသည် တရားဝင် စတင်ပြီဟု မှတ်ယူ နိုင်ပေသည်။ သူသည် ပိုက်ဆံ ပမာဏ နည်းနည်းသာ အသုံးပြုပြီး ကုန်ပစ္စည်း အရေအတွက် ပမာဏ များများကို ကုန်သွယ်နိုင်သည်။

တတိယမြောက်နေ့တွင် ထိုကုန်ပစ္စည်းများက ဘင်းမြို့တော်ကို ရောက်လာသည်။ အချို့သော စက်ရုံများမှ ဂိုထောင်များသည် ကုန်ပစ္စည်းများ ထားရန် မလုံလောက်သည့်အတွက် သူတို့သည့် ထိုက်ဟွကုမ္ပဏီ၏ သိုလှောင်ရုံကို တိုက်ရိုက် ပို့လိုက်သည်။ ဖုန်းယွီ၏ သိုလှောင်ရုံသည် အလျင်အမြန်ပြည့်သွားတော့သည်။ ကုန်ပစ္စည်းများကို အထပ်လိုက်စီထားကာ ပြည့်လျှံနေတော့သည်။

ထိုအချိန်တွင် လီရှစ်ချင်သည် ငွေတိုက်စာချုပ်များကို အရောင်းအဝယ် ပြုလုပ်နေဆဲ ဖြစ်သည်။ ဘင်းမြို့တော်၏ ငွေတိုက် စာချုပ် ဈေးနှုန်းများ မြင့်လာသော်လည်း ရှန်းမြို့တော်၏ ဈေးနှုန်းများက မြင့်နေဆဲ ဖြစ်သည်။ လီရှစ်ချင်သည် ဈေးကွာချက်ကြောင့် အမြတ်အနည်းငယ် ရနိုင်သေးသည်။

ဖုန်းယွီသည် လီရှစ်ချင်ကို ထိုအလုပ် ဆက်လုပ်ရန် ခွင့်ပြုသည်။ အခြားသော မြို့တော်များ ငွေတိုက်စာချုပ် ရောင်းဝယ်ကုန်သွယ်ရေးကို ယခုနှစ် နှောင်းပိုင်းတွင် စတင်တော့မည်ကိုသိပြီး ကုန်သွယ်မှုသည်လည်း ထိပ်ဆုံးကို ရောက်တော့မည် ဖြစ်သည်။

သို့သော် မြို့နှစ်မြို့ကို နေ့စဉ် သွားလာရခြင်းသည် အလွန်ပင်ပန်းသည်။ ဖုန်းယွီသည် ငွေတိုက်စာချုပ် အလုပ်ကို မလုပ်ခဲ့တာ အတော်ကြာပြီ ဖြစ်သည်။ နောက်ဆုံး ခရီးသွားခဲ့စဉ်က သူ့ကို သေလုနီးပါး ပင်ပန်းစေခဲ့ပြီး ရထားပေါ်ရှိ အနံက မခံမရပ်နိုင်လောက်အောင် ဆိုးဝါးလွန်းသည်။

ဖုန်းတန့်ယင်းသည် လီရှစ်ချင်နှင့် အကြိမ်များစွာ ပြဿနာ တက်သည်။ အကြောင်းမှာ သူခရီးထွက်ရသည့် အတွက် သူတို့သည် အချိန် အနည်းငယ်သာ တွေ့ရသည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော် လီရှစ်ချင် ပြုံးရုံသာ ပြုံးသည်။ ဖုန်းယွီသည် သူ့ကို ဒီငွေတိုက် စာချုပ် ရောင်းဝယ်မှုသည် နောက်နှစ် ဇွန်လပိုင်းအထိသာ လုပ်လို့ ရနိုင်မည် ဖြစ်ကြောင်း ပြောထားသည်။ မြို့တော်များစွာက ငွေတိုက်စာချုပ် ရောင်းဝယ်ခြင်းကို ဖွင့်ပေးလိုက်သည့် အခါ ဈေးနှုန်းက တည်ငြိမ်သွားမည် ဖြစ်သည်။

ယခုအချိန် မြို့နှစ်မြို့ကြား ဈေးကွာချက် ရှိတုန်း သူတို့အနေဖြင့် ပိုက်ဆံရှာနိုင်မည့် အခွင့််အရေးကို အမိအရ ဆုပ်ကိုင်ရမှာ ဖြစ်သည်။ နောက်တစ်နှစ်တွင် သူတို့အနေဖြင့် ငွေတိုက်စာချုပ်မှ ပိုက်ဆံ ရှာနိုင်တော့မည် မဟုတ်တော့ပေ။

လီရှစ်ချင်သည် ဖုန်းယွီအတွက် သတင်းကောင်းများလည်း ရှိသေးသည်။ သူ၏ ရဲဘက်ဟောင်း ပြောသည်ကား အစိုးရအနေဖြင့် ယဉ်အိုများကို လဲတော့မည့် အကြောင်း ဖြစ်သည်။ အစိုးရသည် ကားအသစ်များကို ဝယ်ထားပြီ ဖြစ်သည်။ သို့သော် ယခု အခေါက် ရှင်းထုတ်ပစ်မည့် ကားများကို ဝယ်ယူလိုပါက အနည်းဆုံး သုံးစီး ဝယ်ယူရမှာ ဖြစ်ပြီး တစ်ဦးချင်းဆီကို မရောင်းပေ။

ဖုန်းယွီသည် မေးမော့ကာ ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ကျွန်တော်တို့ သုံးစီး ယူကြမလား။ ကျွန်တော်တို့ ကားသုံးစီးပဲ ဝယ်ရုံပဲလေ။ ဂျစ်ကား တစ်စီးနဲ့ Ladaနှစ်စီး။ ကျွန်တော်တို့တွေ Ladaတစ်စီးကို ရောင်းလို့ ရနိုင်တယ်။ ဒီလောက်ကောင်းတဲ့ ကားတွေ ဝယ်ယူမဲ့သူ မရှိနိုင်ဘူးဆိုတာ ကျွန်တော်လုံးဝ မယုံဘူး”
အစိုးရ ရှင်းထုတ်မည့် ကားများ၏ အခြေအနေနှင့် ပတ်သတ်၍ ပြဿနာများ မရှိပေ။ ထိုကားများကို ကောင်းစွာ ထိန်းသိမ်းထားပြီး ပြဿနာ လုံးဝ မရှိ သန့်ရှင်းလွန်းလှပေသည်။ သူတို့ ကားရပြီးနောက် ကားပြင်းဆင်မွမ်းမံမှု လုပ်ပြီး သူတို့သည် အသစ်အတိုင်း ဖြစ်သွားမည်ပင်။ ထိုကားကို ရောင်းရန်အတွက်လည်း လုံးဝ ပြသနာ မရှိပေ။

“ရှောင်ယွီ သုံးစီးဆို အရမ်းဈေးကြီးတယ်။ ဂျစ်ကားက တော်သေးတယ်။ ၁၀,၀၀၀ယွမ် ဝန်းကျင်လောက်ပဲ။ Lada က အနည်းဆုံး ၄၀,၀၀၀ယွမ်ကနေ ၅၀,၀၀၀ယွမ်အထိ ပေးရတယ်။ ငါတို့ ကုမ္ပဏီမှာ လုံလောက်တဲ့ ငွေတွေ ရှိလို့လား”

လီရှစ်ချင်က ပြောလိုက်သည်။

ဖုန်းယွီသ်ည ထိုခေတ်က လူသုံးကုန်များသည် ဈေးချိုကတည်းက အရာအားလုံး ဈေးချိုမည်ဟု တွေးခဲ့သည်။ ကားဈေးများသည် အရင်ဘဝက ဈေးနှုန်းများနှင့် ယှဉ်လျှင် အလွန် ဈေးကြီးသည်ကို ဖုန်းယွီ မေ့သွားခဲ့သည်။ အထူးသဖြင့် ပြည်ပမှ တင်သွင်းသည့် ကားများ အတွက် ဖြစ်သည်။ ဈေးနှုန်းက မတန်မဆ ကြီးမားလွန်းသည်။

ကုမ္ပဏီ၏ ရန်ပုံငွေသည် လုံလောက်သည်။ သူတို့၏ သဘောတူညီမှုများက သန်းပေါင်းများစွာ တန်သည်။ သို့သော် ဖုန်းယွီသည် စရန်ငွေ ၆၀,၀၀၀ယွမ်သာ အသုံးပြုထားသည်။ သူသည် ကုန်ပစ္စည်းများ တင်ပြီးနောက် ပိုက်ဆံ အကုန် ပေးချေမည် ဖြစ်သည်။ ကုမ္ပဏီ၏ ဘဏ်အကောင့်တွင် တစ်သိန်းခန့် ရှိသေးသည်။

“ဒါကြောင့် ဈေးကြီးတယ်ဆိုတာ ဘာလဲ။ ကျွန်တော်တို့တွေက ကာလတိုပဲ ပိုက်ဆံ ရမှာ မဟုတ်ဘူး။ နောက်ကျ ဂျစ်ကားကို နွေရသီမှာ မောင်းပြီး Ladaကားကို မောင်းကြမယ်။ ဒါက ကုမ္ပဏီ ထိပ်ပိုင်းအတွက် ကုမ္ပဏီရဲ့ အကျိုးအမြတ်ပဲ။ အစ်ကိုလီ ကျွန်တော်ကို လိုင်စင် ရအောင် ကူပေး”
ဖုန်းယွီက ပြောလိုက်သည်။

“မင်း မောင်းနိုင်လို့လား”

လီရှစ်ချင်က ဖုန်းယွီကို အလွန့် အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဖစ်….ကားမောင်းတာပဲလေ။ ကျွန်တော်တို ယာတောမှာ ထွန်စက်ပိုင်တဲ့ မိသားစုက ကားဘယ်လို မောင်းရမလဲဆိုတာကို သိတယ်။ စိတ်မပူနဲ့။ နောက်ပိုင်းကျ လူရှင်းတဲ့ နေရာကို ရှာပြီး ကျွန်တော်ရဲ့ ကားမောင်းစွမ်းရည်တွေကို ပြဦးမယ်”

ဖုန်းယွီက ပြောလိုက်သည်။

“ငါတို့ ကားနှစ်ကား ဝယ်ရန် ဦးလေးဖုန်းက စိတ်ဆိုးမလား”

လီရှစ်ချင်က တွန့်ဆုတ်သွားသည်။

“တကယ်လို့ အစ်ကိုလည်း မပြောဘူး။ ကျွန်တော်လည်း မပြောရင် သူ ဘယ်လို သိမှာလဲ။ ပိုက်ဆံဆိုတာ သုံးဖို့အတွက်ပဲလေ။ အစ်ကို Ladaကား မမောင်းချင်ဘူးလား။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

ဖုန်းယွီသည် ဘဝကို ကောင်းကောင်း ဖြတ်သန်းချင်သည့် လူတစ်ယောက်ဖြစ်သည်။ သူသည် ကားအကောင်းစားကို မောင်းချင်ပါက သေချာသည်မှာ သူက ရအောင် မောင်းမည် ဖြစ်သည်။ သူသည် အခုလောလောဆယ် ပိုက်ဆံ လောက်ပါက သူသည် ပြည်ပမှ တင်သွင်းသည့် BMWနှင့် မာစီးတီးကားများကို ဝယ်မည် ဖြစ်သည်။

“ကောင်းပြီ။ အစ်ကို အစ်ကိုရဲ့ ရဲဘော်ရဲဘက်နဲ့ သွားတွေ့လိုက်မယ် ပြီးတော့ ကားသုံးစီးအတွက် ဘယ်လောက်ကျမလဲဆိုတာ ကြည့်ခဲ့မယ်။ သူက အဲ့မှာ အလုပ်လုပ်နေတာ ငါသူ့ကို မေးပြီး အကောင်းဆုံး ကားသုံးစီးကို ရွေးခဲ့မယ်”

လီရှစ်ချင်က ပြောလိုက်သည်။

“အစ်ကိုလီ သူ့ကို ညစာကျွေးလိုက်ဦး ပြီးတော့ သူ့ကို ဟုန်ပေါင်းပေးလိုက်ဦး မနှမြောနဲ့ သူကို ယွမ် ၁၀၀ပေးလိုက်”

ဖုန်းယွီက ပြောလိုက်သည်။

‘ယွမ် ၁၀၀လား ဒါက တစ်လ လစာထက်တောင် များသေးတယ်။’

သို့သော် လီရှစ်ချင်က ခေါင်းညိတ်လိုက်သည်။ သူသည် ထိုငွေများကို ပေးရမည်မှန်း သိသည်။

လီရှစ်ချင်သည် မြန်မြန်ဆန်ဆန်နှင့် လုပ်ဆောင်သည်။ ထိုက်ဟွ ကုမ္ပဏီသည် ပထမဆုံး ကားဝယ်သည့် ကုမ္ပဏီ ဖြစ်သည့်အတွက် မြို့တော်အစိုးရက သူတို့ကို ဈေးသင့်သင့်ပေးပြီး လီရှစ်ချင်ကို ကိုယ်တိုင်တောင် ရွေးခိုင်းလိုက်သေးသည်။

ကားအများစုသည် အများကြီး အသုံးမပြုရသေးပေ။ မြို့တော်တွင် ထိုကားများကို အသုံးမပြုသလို ရွာများတွင်လည်း ချထားပေးခြင်း မရှိသည့်အတွက် အမှိုက်သာ ဖြစ်နေသည်။ မြို့တော်က ကားအသစ်များ ဝယ်ယူသည့်အချိန်တွင် မြို့ငယ်လေးများနှင့် ရွာများတွင် ကားများ ရှားပါးနေချိန်တွင်တောင် မြို့တော်က ကားရောင်းရန် စီစဉ်နေခြင်း ဖြစ်သည်။

လီရှစ်ချင်၏ ရဲဘော်ရဲဘက် သူကို ကားအကြောင်း ပြောထားသည်။ Landaနှစ်ဆီးက ခုနှစ်ဆယ် ရာခိုင်နှုန်း အသစ် ဖြစ်ပြီး ဂျစ်ကားက ရှစ်ဆယ် ရာခိုင်နှုန်း အသစ် ဖြစ်သည်။ သို့သော် ထိုကားများက အလွန် ညစ်ပတ်နေပြီး လူများက သူတို့ကို စလွန်းကားအဖြစ် အသုံးပြုကြသည်။

လီရှစ်ချင်သည် ကားတံခါးကို ဖွင့်ပြီး ကားများကို စစ်ဆေးသလို ဟန်ဆောင်လိုက်သည်။ ဒါပေမဲ့ သူသည် သူ့ရဲဘော် ရဲဘက်က သူ့အတွက် မှတ်ထားပေးသည့် အမှတ်အသားများကို ရှာနေတာ ဖြစ်သည်။

“ငါဒီကားလိုချင်တယ်။ ပြီးတော့ ဒီဟာ။ ဘယ်မှာ ငွေပေးချေရမလဲ”

လီရှစ်ချင်က မေးလိုက်သည်။

ဖုန်းယွီသည် တရေး အိပ်နေပြီး ကားဟွန်းသံကြားမှ နိုးလာတော့သည်။ သူသည် အောက်ထပ်ကို ဆင်းလာသည့်အခါ ကားသုံးစီးကို မြင်လိုက်ရသည်။

နောက်ဆုံးတွော သူသည် စလွန်းကားပေါ် ထိုက်လိုက်သည်။ သူအတွက် ကျိုးနေသည့် ဂျစ်ကားတစ်စီး ရှိတာ လုံလောက်ပြီပင်။

ထိုခေတ်က Lada ကား မောင်းရခြင်းက သူ၏ အရင်ဘဝက ပြည်ပမှ တင်သွင်းသည့် ပြိုင်ကား မောင်းသည့် ခံစားချက်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset