FY အခန်း ၂၉

အခန်း ၂၉

စီးပွားရေး စေ့စပ် ဆွေးနွေးခြင်း (ဈေးနှိမ်ခြင်း)

ဝမ်တုန့်ကျွမ်းသည် ယာတောသို့ ပြန်သွားသည်။ သို့သော် ဖုန်းယွီသည် ဘင်းမြို့တော်တွင် နေခဲ့သည်။ ကုမ္ပဏီသည် စတင် လည်ပတ်နေပြီး ဖုန်းယွီအတွက် လုပ်စရာများလည်း ရှိနေပြီ ဖြစ်သည်။ သူသည် ကုမ္ပဏီ၏ စည်းမျဉ်း စည်းကမ်းများကဲ့သို့ ကိစ္စတိုင်းအတွက် အပြီးသတ် ဆုံးဖြတ်ချက်များကို ချမှတ်ရပေမည်။

ဖုန်းယွီသည် စည်းမျဉ်းများကို အပြီးမသတ်ရသေးခင် လီရှင်ချင်သည် ကြေးနန်းစာရပြီး သူ့ဆီ ပြေးလာ၏။ ကြေးနန်းစာသည် ရှရှားမှ ဖြစ်သည့်အတွက် ထိုကြေးနန်းသည် ကီရီလန်ကို ထံမှ ဖြစ်ရပေမည်။

ဖုန်းယွီသည် ကုမ္ပဏီ စထောင်ပြီးကတည်းက သူတို့ကုမ္ပဏီ၏ ပထမဆုံး သဘောတူညီချက် မည်သည့်အချိန်တွင် ရမည်ကို တွေးတောနေစဉ် ကီရီလန်ကိုထံမှ ကြေးနန်းရောက်လာခဲ့သည်။

ထိုခေတ်အခါက နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရန် နေရာ အများအပြား မရှိပေ။ ဖုန်းယွီသည် စာတိုက်ရုံးကိုသာ သွားပြီး ကီရီလန်ကိုထံ ဖုန်းခေါ်ရသည်။ စာတိုက်ရုံး၏ ဝန်ထမ်းက ဖုန်းယွီ နိုင်ငံခြားကို ဖုန်းဆက်မည်ဟု ပြောသည့်အခါ ဖုန်းယွီ စနောက်နေခဲ့သည်ဟု တွေးခဲ့သည်။ ဖုန်းယွီသည် ဆယ်ကျော်သက် တစ်ယောက်သာ ဖြစ်သေးသည့်အပြင် သူ ဘယ်လို နိုင်ငံခြားကို ဖုန်းခေါ်ဆိုမည်နည်း။ ဝန်ထမ်းက ဖုန်းယွီကို မောင်းထုတ်ရန် ကြိိုးပမ်းလိုက်သည့် အခိုက် ဖုန်းယွီသည် ၁၀ယွမ်တန် ငွေစက္ကူ နှစ်ရွက်ကို ကောင်တာကို ပစ်တင်လိုက်ကာ ဖုန်းကို ကောက်ကိုင်ပြီး ကီရီလန်ကိုထံ ဖုန်းခေါ်တော့သည်။

ဝန်ထမ်းက ငွေစက္ကူများကို စစ်ကြည့်လိုက်ရာ အမှန် ဖြစ်နေသည်။ ထိုငွေစက္ကူများက ပိုက်ဆံ အစစ်များ ဖြစ်ပေသည်။ ဝန်ထမ်းက ဖုန်းယွီကို နှုန်းအကြောင်း မပြောခင် ဖုန်းယွီသည် ရုရှားဘာသာ စကားဖြင့် စတင် ပြောဆိုနေပြီ ဖြစ်သည်။

ဝန်ထမ်းက ထိတ်လန့်သွားသည်။ ထိုကလေးက ရုရှားနိုင်ငံသားကို ဖုန်းခေါ်ဆိုခြင်း ဖြစ်ပြီး ရုရှားဘာသာစကားကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည် ဖြစ်သည့်အတွက် ဖြစ်သည်။

ဖုန်းပြောနေစဉ် ဖုန်းယွီသည် ပစ္စည်းအမျိုးအစားများကို စာရွက်တစ်ရွက်ထဲတွင် ချရေးထားသည်။ ဖုန်းသည် ငါးမိနစ်ကြာသွားသည်။ သူသည် စာတိုက်ရုံးမှ ပြန်ထွက်လာပြီး ဝန်ထမ်းအတွက် ပြန်အမ်းငွေကို ထားခဲ့သည်။ သို့သော် ဝန်ထမ်းက သူ့ကို တားလိုက်သည်။

“၁မိနစ်ကို ၅ယွမ်။ မင်းက ငါးမိနစ်နဲ့ စက္ကန့်သုံးဆယ်ကြာ ဆက်ခဲ့တော့ စုစုပေါင်းက ၃၀ယွမ်”

စာတိုက်ရုံးဝန်ထမ်းက ပြောလိုက်သည်။

ဖုန်းယွီသည် နိုင်ငံခြား ဖုန်းခေါ်ဆိုခကြောင့် ဖိမ့်ဖိမ့်တုန့်သွားခဲ့သည်။ အရမ်း ဈေးကြီးလွန်းသည်။ ထို့နောက် သူသည် နောက်ထပ် ယွမ် ၂၀ကို ထုတ်ပေးလိုက်သည်။ သူသည် နောက်ထပ် ဖုန်းအနည်းငယ် ခေါ်လိုက်သေး၏။

သူ့ဖုန်းခေါ်ပြီးသည့်နောက် သူသည် ကုမ္ပဏီကို စက်ဘီးဖြင့် ပြန်သွားတော့သည်။ ကုမ္ပဏီတွင် ဖုန်းယွီသည် အသစ် ပြုပြင်ထားသည့် ရုံးတွင် ထိုင်နေပြီး အခြား သူများက ကုမ္ပဏီ အပြင်ဘက်တွင် ရပ်နေခိုင်သည်။ ကုမ္ပဏီသည် အရမ်း အလုပ်များနေသည်ဟု ဟန်ဆောင်ရန်အတွက် ဖြစ်၏။

၁၀မိနစ် မကြာသေးခင် အပြင်ဘက်မှ တစ်ယောက်ယောက်က ဝင်ပေါက်တွင် အော်လိုက်၏။

“ဒါက ထိုက်ဟွကုန်သွယ်ရေး ကုမ္ပဏီလား”

“ဟုတ်တယ်။ မင်းဘယ်သူ့ကို တွေ့ချင်တာလဲ”
ဖုန်းယွီ၏ ဝန်ထမ်းတစ်ယောက်က မေးလိုက်သည်။

“မင်းတို့ရဲ့ မန်နေဂျာဖုန်းကို ရှာနေတာ။ ငါက ဝမ်ဟွပါ ညီနောင်သုံးဖော် စည်သွွပ်ဘူး ကုမ္ပဏီက အရောင်းကိုယ်စားလှယ်။”

“အို စည်သွပ်ဘူး ကုမ္ပဏီက ထပ်ပြီးလာပြီ။ ဒီနေ့ ခင်ဗျားက စည်သွပ်ဘူး ကုမ္ပဏီရဲ့ တတိယမြောက် အရောင်းကိုယ်စားလှယ်ပဲ။ ကောင်းပြီ။ လှေကားပေါ်တက်ပြီးရင် ဘယ်ဘက်ကို ကွေ့လိုက်။ အဲ့အခါကျ မန်နေဂျာ အခန်းလို့ ရေးထားတာ မြင်ရလိမ့်မယ်။”

ဖုန်းယွီရဲ့ ဝန်ထမ်းက ပြောလိုက်သည်။

ဝမ်ဟွက ကိုယ့်ကိုယ်ကို ပြန်တွေးလိုက်သည်။

“စည်သွပ်ဘူး ကုမ္ပဏီက အရောင်းကိုယ်စားလှယ်နှစ်ယောက် လာသွားတာလား။ အဲ့အဓိပ္ပာယ်က သူတို့တွေက စည်သွပ်ဘူးတွေကို မလိုတော့တာလား။ ဒါမှ မဟုတ် သူတို့တွေက စည်သွပ်ဘူးတွေ ဝယ်ပြီးပြီလား။ ငါ သဘောတူညီချက်ကို ဘယ်လို ဆွေးနွေးရမလဲ”

ဝမ်ဟွသည် လှေကားပေါ် တက်သွားပြီး တံခါးခေါက်လိုက်သည်။ သူသည် တစ်စုံတစ်ယောက်က တွေ့ရန် မေးသည်ကို ကြားပြီး သူသည် တံခါး ဖွင့်လိုက်သည်။

စားပွဲနောက်က လူကို ကြည့်ပြီး သူဘာကြောင့် ဒီအသံကို ရင်းနှီးနေသလဲ ဆိုသည်ကို နားလည်သွားသည်။ ထိုကလေးသည် ရှရုား အမျိုးသား သမဝါယမတွင် ပစ္စည်းများ ဝယ်စဉ်က ကူညီခဲ့သည့် ကလေး ဖြစ်သည်။

‘ဒီကလေးက မန်နေဂျာလား။ မန်နေဂျာ ဖြစ်ဖို့ အရမ်းကို မငယ်သေးလွန်းဘူးလား။”

သို့သော် ဝမ်ဟွသည် နှစ်ပေါင်းများစွာ ကြအောင် အရောင်းကိုယ်စားလှယ် လုပ်ခဲ့ကာ နေရာများစွာကို သွားလာခဲ့သည်။ တချို့သော နေရာများတွင် ဖုန်းယွီထက် ငယ်သည့် ကလေးများကို တွေ့ဖူးသည်။ ထိုသူဌေးလေးများ ချမ်းသာသော ဒုတိယ မျိုးဆက်များ ဖြစ်ပြီး နောက်ခံကောင်းကောင်းမှ မိသားစုများမှ အများစု ဖြစ်ပုံရသည်။ သူသည် ဖုန်းယွီ၏ အဖေ ဘယ်သူလည်း ဆိုတာ သိချင်မိသည်။ ဒီကလေးက အစိုးရ အရာရှိရဲ့ သားများလား။

“ဟယ်လို မန်နေဂျာဖုန်း။ ကျွန်တော်က ဝမ်ဟွ ကုမ္ပဏီမှ ညီနောင် သုံးဖော် စည်သွပ်ဘူး ကုမ္ပဏီကပါ။ ကျွန်တော်တို့တွေ က နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး စည်သွပ်ဘူးတွေ ထုတ်လုပ်နေပါတယ်။ ကျွန်တော်တို့တွေက မနှစ်က အိတ်အိတ် ပြည်နယ်ရဲ့ ရွေတံဆိပ်ဆုကို ရထားပါတယ်။”

ဝမ်ဟွက ပြောလိုက်သည်။

ဖုန်းယွီက လှောင်ပြုံးပြုံးလိုက်သည်။ ပြည်နယ်ဆုသည် ပြည်တွင်းလုပ်ငန်းများကို ပြည်ပ ယှဉ်ပြိုင်မှုမှ ကာကွယ်ပေးထားရုံသာ ဖြစ်သည်။ ထိုဆုက တန်ဖိုး တစ်စက်မှ မရှိပေ။ ပြောစာ မလိုပဲ ဝမ်ဟွပြောသည့် ဆုသည် စီးပွားရေး လုပ်ငန်းရှင် အချို့က ကိုယ်တိုင် စီစဉ်ပြီး သူတို့ကို သူတို့ ဆုပြန်ပေးသည့် တမင်လုပ်သည့် ဆုမျိုး ဖြစ်သည်။

ဖုန်းယွီ၏အရင်ဘဝက ထိုနည်းလမ်းကို အကြိမ်ပေါင်းများစွာ သုံးခဲ့ဖူးသည်။ သို့သော် ယခုခေတ်အခါအတွက် ထိုဆုတံဆိပ်က ဂုဏ်သတင်းကြီးများသည့် ဆုမျိုး ဖြစ်ပုံရနေ၏။

“အို ညီနောင်သုံးဖော် စည်သွပ်ဘူး ကုမ္ပဏီကလား။ ကျွန်တော်တို့က စည်သွပ်ဘူး အစုလိုက် လိုချင်နေတာကို ဘယ်လို သိတာလဲ”

ဖုန်းယွီက မေးလိုက်သည်။

ဝမ်ဟွက ခဏကြာ ရပ်တန့်သွားကာ အတွေးတွင်

‘ တစ်စုံ တစ်ယောက်ကို မင်းခေါ်ခိုင်းခဲ့တာ မလား။ မင်းမခေါ်ရင် ဘယ်ကကောင်က ငါ့ဆီ ခေါ်မှာလဲ။”

လွန်ခဲ့သည့် နာရီဝက်က ဝမ်ဟွသည် ဟိုတယ်တွင် ရှိနေပြီး ဟိုတယ် သူဌေးထံမှ စာတို တစ်စောင်ကို ရခဲ့သည်။ စာထဲတွင် ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီသည် စည်သွပ်ဘူးများ ဝယ်နေသည်ဟု ရေးထားသည်။ တစ်ယောက်ယောက်က ကုမ္ပဏီ လိပ်စာဖြင့် စာချန်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ဟွအတွက်မူ ဘယ်သူက ချန်ခဲ့ ချန်ခဲ့ ကိစ္စမရှိပေ။ သူသည် သူ၏ စည်သွပ်ဘူးများကို ရောင်းရဦးမည် ဖြစ်သည်။

“သူငယ်ချင်း တစ်ယောက် ပြောခဲ့တာ။”
“တကယ်လား။ မင်းမှာလည်း သူငယ်ချင်းတွေ အများကြီး ရှိမှာပေါ့။ ဒါပေမဲ့ ငါတို့တွေက တခြား စည်သွပ်ဘူး ကုမ္ပဏီ နှစ်ခုကိုနဲ့ စကားပြောထားတယ်။ သူတို့ ပေးတဲ့ ဈေးက တော်တော် ဆွဲဆောင်မှု ရှိတယ်။ ငါတို့တွေ စာချုပ်အတွက်တောင် ပြင်ဆင်ပြီးပြီး။ မင်း နောက်ကျသွားပြီ။ နောက်ကျ ငါတို့ အတူတူ လုပ်ဖို့ မျှော်လင့်ပါတယ်။”

ဖုန်းယွီသည် ဘာမှ မရှိတော့သည့် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း သူသည် ဝမ်ဟွကို သူနှင့် မည်သည့် စီးပွားရေး ကိစ္စများ မညှိနှိုင်းလိုချင်သည့် ပုံစံဖြင့် ပြောလိုက်သည်။

ဝမ်ဟွသည် စိုးရိမ်သည့်အတွက် ပြောလိုက်သည်။

“မစ္စတာ ဖုန်း။ ကျွန်တော်တို့ရဲ့ စည်သွပ်ဘူးတွေက အရသာ အထူးကောင်းမွန်ပြီး ဘင်မြို့တော်မှာလည်း လက်ကျန် ပစ္စည်းတွေ ရှိပြီးသားပါ။ ကျွန်တော်တို့ရဲ့ ဂိုထောင်က မစ္စတာ ဖုန်းတို့နဲ့ သိပ်မဝေးဘူး။ မစ္စတာဖုန်း ကိုယ်တိုင် သွားကြည့်လို့ ရပါတယ်။ ထပ်ပြောရရင် ကျွန်တော်တို့ရဲ့ ဈေးနှုန်းတွေကလည်း ချိုသာပြီး ဈေးကွက်မှာလည်း ရောင်းအား ကောင်းပါတယ်။”

ဝမ်ဟွက စိတ်ပူပန်နေသည်။ သူသည် ဖုန်းယွီကိုတောင် မြှောက်ပင့် ပြောနေရသည်။

“အဲ့တာလား။ တခြား စက်ရုံ နှစ်ရုံကလည်း လက်ကျန် ပစ္စည်းတွေ ရှိထားတယ်။ ဒါ့အပြင် သူတို့တွေက ဈေးချိုချိုနဲ့ပေးမယ်လို့ ကတိပေးထားတယ်။”

ဖုန်းယွီက “ဈေးချိုချို”ဟူသည့် စကားလုံးကို ခဏဏ ပြောကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့ စည်သွပ်ဘူးလည်း ဈေးချိုပါတယ်။ တစ်ဘူးမှ ၃ယွမ်ပဲ”

ဝမ်ဟွက ပြန်ပြောလိုက်သည်။

“၃ယွမ်လား။ ဈေးအရမ်းများတယ်။ တခြား စက်ရုံ နှစ်ရုံက ၂ယွမ်လောက်နဲ့ပဲ ကမ်းလှမ်းထားတယ်။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။ သူသည် စည်သွပ်ဘူးများ၏ ဈေးနှုန်း အတိအကျကို မသိသော်လည်း သူသည် စည်သွပ်ဘူးများသည် ၂ယွမ်ထက် မကျော်မှန်း သိသည်။ မဟုတ်ပါက စည်သွပ်ဘူးများကို စတိုးဆိုင်များတွင် ၄ယွမ်၊၅ယွမ်နှင့် ရောင်းနိုင်မည်နည်း။

“ငါတို့ရဲ့ စည်သွပ်ဘူးတွေက အလေးချိန် ပုံများတယ်။ ငါတို့ရဲ့ စည်သွပ်ဘူး တစ်ဘူးကို ၁ကီလို ပါတဲ့အချိန် တခြားက ၆၀၀ဂရမ်လောက်ပဲ ပါတယ်။”

ဝမ်ဟွက ပြောလိုက်သည်။

“ဟုတ်တာပေါ့။ အဲ့တာတွေက သကြားရည်နဲ့ ရေတွေပဲလေ။ သစ်သီးတွေကတော့ အတူတူပဲ။ ကောင်းပြီ။ ငါတို့တွေ နောက်တစ်ခေါက်ကျ မင်းကို ဆက်သွယ်လိုက်မယ်။”

ဖုန်းယွီသည် ဝမ်ဟွကို ဖြတ်ပြောလိုက်သည်။

“မစ္စတာဖုန်း ကျွန်တော်တို့က ဈေးနည်းနည်းပဲ ထပ်လျော့နိုင်တော့တယ်။ တစ်ဘူးကို ၂.၆ယွမ်။ ဒီဈေးက ကျွန်တော်တို့ အလျော့နိုင်ဆုံးဈေးပဲ။ ဒီထက် လျော့ရင်တော့ ကုန်ကျစရိတ်နဲ့ အတူတူ ဖြစ်တော့မှာ။”

ဝမ်ဟွသည် ကီရီလန်ကိုကို ပစ္စည်းများ ကူဝယ်စဉ်တုန်းက ဖုန်းယွီမှာယူသည့် ပမာဏကို မြင်ဖူးသည်။ သူသည် ယခု သဘောတူညီမှု အောင်မြင်ပါက သူသည် ဒီလေးလပတ် ဈေးကွက်ကို ကျော်လွန်မည် ဖြစ်သည်။

“ငါ စည်သွပ်ဘူးတွေကို ၂.၂ယွမ်နဲ့ ဝယ်မယ်”

ဖုန်းယွီက ပြောလိုက်သည်။

“၂.၂ယွမ် မဖြစ်နိုင်တဲ့ ဈေးနှုန်းတွေ။ ငါတို့ အလွန်ဆုံး လျော့မှ ၂.၄ယွမ်ပဲ။ သမဝါယမ ဆိုင်ကိုတောင် ငါတို့တွေ ဒီဈေးနဲ့ မသွင်းဘူး။ ဒီကုန်ပစ္စည်းတွေက လတ်ဆတ်တယ်။ တစ်လပဲ စည်သွပ်ရသေးတယ် ဆိုတာကို ငါအာမခံတယ်။”

ဝမ်ဟွက ပြောလိုက်သည်။

ထိုခေတ်က အဖြည့်ပစ္စည်းများနှင့် တာရှည်ခံ ပစ္စည်းများကို စည်သွပ်ဘူးများတွင် ထည့်တာ သိပ်မများပေ။ ထို့ကြောင့် စည်သွပ်ဘူးများသည် ခဏတာတာ သိမ်းနိုင်သည်။ မရိုးသားသည့် များစွာသော စီးပွား‌ရေး သမားများသည် ကုန်ထုပ်ပိုးမှုရှိ သက်တမ်းကုန်ရက်များကို ပြောင်းလဲပြီး နိုင်ငံခြားကို တင်ပို့ကြသည်။ သူတို့အတွက် ထိုအရာ တစ်ကြိမ်စီးပွားရေးတာ ဖြစ်သည့်အတွက် ဂရုစိုက်စရာ မလိုပေ။

ဖုန်းယွီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“၂.၄ယွမ်။ မင်းတို့ရဲ့ သိုလှောင်ရုံမှာ ကုန်ပစ္စည်း ဘယ်လောက် ကျန်သေးလဲ”
“၅၀၀!”

ဝမ်ဟွက ခပ်မြန်မြန် ကျယ်ကျယ် ပြောလိုက်သည်။

ဖုန်းယွီက ခေါင်းခါလိုက်ကာ

“မလောက်ဘူး”

ဝမ်ဟွက ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလေ၏။

“ငါ စက်ရုံကနေ ထပ်ပြီး ပို့ပေးလို့ရတယ်။ ရောက်ဖို့ ၃ရက်ပဲ ကြမယ်။ မင်း ဘယ်လောက် လိုချင်တာလဲ။ ဘူး ၁,၀၀၀ဆိုရင်ကော ပြဿနာ မရှိဘူးမလား။”

“အဲ့တာဆို နောက်ထပ် ဘူး ၅၀၀မှာ မက်မွန်သီး၊ ဟောသွန်းဘယ်ရီသီးနဲ့ သီးနှံမျိုးစုံ လိုချင်တယ်။ ငါ ကုန်ပစ္စည်းတွေကို တင်ပြီး နှစ်ရက်ကြာမှ ငွေချေမယ်။ ပြဿနာ ရှိလား”
ဖုန်းယွီက မေးလိုက်သည်။

“ကိစ္စမရှိဘူး။ သေချာပေါက် ကိစ္စမရှိဘူး။ ငါ ငါတို့ရဲ့ ဒါရိုက်တာကို ဆက်သွယ်လိုက်မယ်။ မစ္စတာဖုန်း ကျွန်တော်တို့တွေ စာချုပ် အရင် ချုပ်ကြမလား။”

ဝမ်ဟွက မေးလိုက်သည်။

ဝမ်ဟွာသည် ကုမ္ပဏီ တံဆိပ်ခေါင်းပါသည့် စာချုပ်တစ်ဆောင်ကို သူ့အိတ်ထဲမှ ထုတ်လိုက်သည်။ အရေအတွက်၊ တစ်ခုအတွက် ဈေးနှုန်း၊ အမျိုးအစားနဲ့ ငွေပမာဏတို့ကို အလွတ်ထားထားပြီး ဝမ်ဟွသည် ဖုန်းယွီ၏ ရှေ့တွင် အချက်အလက်များကို ဖြည့်သည်။

ဖုန်းယွီသည် စာချုပ်ကို ဂရုတစိုက် ဖတ်လိုက်သည်။ စာချုပ်ထဲတွင် စည်းမျဉ်းစည်းကမ်း အများအပြား ပါဝင်သည် သို့သော် ထိုအရာများကို ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျ ရေးထားသည်။ စာချုပ် ဖော်ပြသည်ကား နှစ်ဦး နှစ်ဖက်လုံးသည် စာချုပ်ကို ဖောက်ဖျက်ပါက ပြစ်ဒဏ်ခံရမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က စာချုပ်ကို ဖောက်ဖျက်ပါက တခြား တစ်ယောက်ကို လျှော်ကြေးငွေ နှစ်ဆပေးရမည်ဟု ဖော်ပြထားသည်။ ဖုန်းယွီသည် ပြုံးပြီးနောက် အံ့ဆွဲထဲမှ ကုမ္ပဏီ၏ တံဆိပ်တုံးကို ယူလိုက်သည်။ တံဆိပ်တုံး နှိပ်ချပြီးနောက် “ဖုန်းရှင်းထိုက်”ဟု လက်မှတ်ထိုးလိုက်သည်။ တခြားတစ်ယောက်က ပြက်ရယ်ပြုပါက ဖုန်းယွီသည် စာချုပ်ကို သဘောတူမည် မဟုတ်ပေ။

“ကောင်းပြီ။ သွားပြီး ပြင်ဆင်လိုက်တော့။ အကြာဆုံးမှ ငါးရက်နော် ကျုပ်လည်း ပစ္စည်းတွေကို ပို့စရာ ရှိသေးတယ်။ ပစ္စည်းတွေက ကောင်းတယ်ဆိုရင် နောက်လကျလည်း ဆက်သွယ်လိုက်မယ်။”

ဖုန်းယွီက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မန်နေဂျာဖုန်း။ ကျွန်တော် ကျားရှင်း ဟိုတယ် အခန်း နံပါတ် ၂၀၁မှာ နေနေပါတယ်။ ဒါက ဟိုတယ်ရဲ့ ဖုန်းနံပါတ်ပါ။ ခင်ဗျား အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်”

ဝမ်ဟွက ပြောလိုက်သည်။

ဝမ်ဟွ ထွက်သွားပြီးနောက် ဖုန်းယွီက ပြုံးလိုက်သည်။ သမဝါယမဆိုင်တွင် စည်သွပ်ဘူးများ ၂.၉ယွမ် ပေးခဲ့ရမှန်း မှတ်မိသည်။ ယခုအချိန်တွင် စည်သွပ်ဘူးက ၂.၄ယွမ် ဖြစ်သွားသည်။ မန်နေဂျာစုသည် ပြီးခဲ့သည့် အခေါက်က အများအပြား ရခဲ့ပေမည်။ သို့သော် ယခုအခေါက်တွင် မန်နေဂျာစုသည် သူ့ဆီမှာ ငွေများ ထပ်ရှာနိုင်တော့မည် မဟုတ်တော့ပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset