FY အခန်း ၂၅

အခန်း ၂၅

ချစ်စရာကောင်းတဲ့ ကီရီလန်ကို

ကီရီလန်ကိုသည် စာချုပ် ချုပ်ဆိုရန် တောင်းဆိုလိုက်ပြီး ဖုန်းယွီကို အခကြေးငွေ ပေးလိုက်တော့သည်။ ဖုန်းယွီသည် အင်တင်တင်ဖြင့် လက်ခံလိုက်ပြီး စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။ သို့သော် သူ့ရင်ထဲတွင်တော့ ပျော်ရွှင်မှုကြောင့် ထခုန်တော့မည်ပင်။ သို့သော်လည်း ဖုန်းယွီက ထပ်ပြောလေ ဖုန်းယွီက သံသယ ပိုဖြစ်လေ ဖြစ်နေသည်။ သူတို့ တွေ့သည်မှာ အချိန်အနည်းငယ်လေးသာ ရှိသေးပြီး တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း မသိကြသေးပေ။ ဘာကြောင့် ဖုန်းယွီသည် သူ့ကို အလကား ကူညီပေးမည်နည်း။

ဒီနည်းလမ်းဖြင့် ကီရီလန်ကိုက ငါးစာကျွေးလိုက်ပြီး ဖုန်းယွီကို သူ၏ ဝန်ဆောင်မှုအတွက် အခကြေးငွေ ပေးလိုက်တော့သည်။ ဒီတစ်ခေါက် တွင် နှစ်ရက်သုံးရက်သာ ကြာလိုက်သော်လည်း ဖုန်းယွီတို့ ယွမ် ၆၀,၀၀၀ရခဲ့သည်။ ပိုအရေးကြီးသည်ကား ကီရီလန်ကိုသည် ထိုစီးပွားရေးကို ရေရှည်လုပ်မည့် ရည်ရွယ်ချက်ချက်သည်။ ဖုန်းယွီတွင် နောက်ထပ် အကြံဉာဏ်များ ဘာရှိဦးမည်နည်း။

အနာဂတ်တွင် စပ်ကြားဝန်ဆောင်မှုသည် အလွန်နာမည်ကြီသည့် စီးပွားရေး လုပ်ငန်း ဖြစ်သည်။

ပွဲစားသည် စီးပွားရေး ကိစ္စများကို နှစ်ဦးနှစ်ဖတ် မိတ်ဆက်ပေးပြီး ကော်မရှင်ခရသည်။ ထို့ကြောင့် ဒီလုပ်ငန်းတွင် ကုန်ပစ္စည်းလည်း မရှိ ကုန်ကျငွေလည်း မရှိပေ။ ထိုလုပ်ငန်းသည် အရင်းငွေရှိပြီး အဆက်အသွယ်များစွာ မရှိသည့် လူများအတွက် သင့်တော်သည့် လုပ်ငန်း ဖြစ်သည်။ ပထမဆုံး ထိုလုပ်ငန်းကို အဆက်အသွယ်များစွာ ရှိသည့် ချမ်းသာသည့် ဒုတိယ မျိုးဆက်များက စတင်ခဲ့တာ ဖြစ်သည်။ သို့သော် မကြာမီတွင် ယှဉ်ပြိုင်မှုများသည့် စီးပွားရေး လုပ်ငန်းအဖြစ် ဖွဲ့ဖြိုးလာတော့သည်။

ပွဲစားကောင်း တစ်ယောက် ဖြစ်ရန်အတွက် တစ်ယောက်က များပြားသည့် ဝယ်ယူသူများ ရှိရမည် ဖြစ်ကာ ပစ္စည်းမျိုးစုံလည်း ရှိရပေမည်။ ပိုအရေးကြီးသည့် အချက်ကား သူသည် လူအများစုကို သိထားရန် လိုသည်။

ဖုန်းယွီ ယခုစီးပွားရေးတွင် တစ်ယောက်ယောက် လုပ်နေသည်ကို သိလား။ မသိဘူး။ သို့သော် ယနေ့မှ စကာ သူသည် များစွာသော ကုန်ပစ္စည်းရင်းမြစ်များနှင့် ထိုကုန်ပစ္စည်းများက ဆိုဗီယက် ပြည်ထောင်စုတွင် ဝယ်လိုအား များသည့် ပစ္စည်းများ ဖြစ်ရပေမည်။

ထိုခေတ်အခါက ဈေးကစားခြင်းကို ရာဇဝတ်မှုအဖြစ်စဉ်းစားပြီး ထိုအချက်ကို မဖျက်သိမ်းရသေးပေ။ စီစဉ်ထားသည့် စီးပွားရေးစနစ်မှာ ဈေးကွက် စီးပွားရေး စနစ်ကို ပြောင်းလဲရန် ဖြစ်သည်။ ထူချွန်သည့်သူ အများပြား ရှိသော်လည်း ထိုသူများက ကမ်းရိုးတန်း ဒေသများမှ ဖြစ်သည်။ ဥပမာ အနေဖြင့် နိုင်ငံ၏ နံပါတ်တစ် ရွာဖြစ်သည့် ဟွာရှီရွာမှ ရွာအတွင်းရေးမှုးဖြစ်သူသည် စက်ရုံများ တည်ထောင်ပြီး အစိုးရ၏ ခွင့်ပြုချက် မရခင် ဟာဒ်ဝဲ အသေးစားများကို တပ်ဆင်သည့် စက်ရုံ လည့်ပတ်နေသည်။

နောက်ပိုင်းတွင် ပေါ်လစီ ပြောင်းသွားပြီးနောက် ထိုစက်ရုံသည် အခြားသူများ လုပ်ကိုင်ရန်အတွက် စံပြ ဖြစ်သွားတော့သည်။

နယ်စပ်ရှိ လုံကျန်းတွင် ထိုလုပ်ငန်းကို လုပ်ကိုင်ရဲသည့်သူ အနည်းငယ် ရှိသည်။ ဖုန်းယွီသည် ထိုသို့သော စီးပွားရေးမျိုးကို လုပ်ချင်စိတ် မရှိပေ။ သူလိုချင်သည့် အရာက ကုန်ချင်းဖလှယ်သည့် စီးပွားရေး လုပ်ငန်းဖြစ်သည်။ သူသည် ကီရီလန်ကိုထံ ပစ္စည်းများ ပို့မည် ဖြစ်ပြီး ကီရီလန်ကိုသည် ဖုန်းယွီဆီသို့ ပစ္စည်းမျိုး ပြန်ပို့သည့် စီးပွားရေး ဖြစ်သည်။ ကုန်ပစ္စည်းများသာ လက်ထဲတွင် ရှိနေပါက ထိုအရာကို ဈေးကစားခြင်းလို့ မဆိုနိုင်တော့ပေ။

ဈေးကစားခြင်း အစစ်အမှန်သည် အခွင့်အရေးများ အသုံးချင်ခြင်း၊ ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ အတုအပ ပစ္စည်းများ ပြုလုပ်ခြင်း၊ ဈေးများကို ခြယ်လှယ်ပြီး ဈေးကွက်ပျက်အောင်လုပ်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားခြင်းတို့ ဖြစ်သည်။ ဖုန်းယွီသည် ထိုအရာများကို တစ်ခုမျှ မလုပ်ချင်ပေ။

“ဒီဟာ၊ အဲ့တာကို ငါထပ်လိုချင်တယ်”

ကီရီလန်ကိုက ပြောလိုက်သည်။

ဖုန်းယွီသည် ကီရီလန်ကို ညွှတ်ပြတာကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် ထိတ်လန့်သွားသည်။ “ယုန်ဖြူကြီး”ချိုချဉ်များ ဖြစ်၏။ ကီရီလန်ကိုသည် အရွယ်ယောက်ပြီး ဖြစ်ပြီး သူသည် ချိုချဉ်တစ်လုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုချိုချဉ်က ကလေးတွေ စားသည့် အရာတွေမလား။

“ဒီ တဘက် ပြီးတော့ ဒီ လည်စည်း. များများထည့်နော်…”
“ငါဒီ ဆံထိုးလေးတွေကော လိုချင်တယ်”

“ဒီခြွေစွပ်တွေ အနီရောင် များများ ထည့်နော်”

ဖုန်းယွီသည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ဘာကြောင့် ကီရီလန်ကိုက မိန်းကလေးတွေ သုံးတဲ့ ပစ္စည်းတွေ လိုချင်နေတာလဲ”

“အစ်ကို။ အစ်ကို မိန်းကလေးတွေအတွက်ကော ဆိုင်ဖွင့်မလို့လား။”

ဖုန်းယွီက မေးလိုက်သည်။

“မဟုတ် မဟုတ်ဘူး။ အစ်ကိုက ဆပ်ကပ် အဖွဲကို ရောင်းမလို့။ ဆပ်ကပ်အဖွဲ့က လူတစ်ယောက်က သူတို့အတွက် ဒီလိုမျိုး အရာလေးတွေကို တွေ့ရင် ဝယ်ခဲ့ဖို့ ပြောလို့”

ကီရီလန်ကိုက ပြန်ဖြေလိုက်သည်။

ကီရီလန်ကိုသည် တကယ်ကို စွမ်းဆောင်ရည်ကောင်းသည့် သူ ဖြစ်သည်။ သူသည် ဆပ်ကပ်အဖွဲ့ အတွက်တောင် ပစ္စည်းများ ဝယ်ယူနိုင်ပေသည်။ ဖုန်းယွီသည် ယခုကုန်သွယ်မှုက ရေရှည်အတွက် ဖြစ်ပြီး ထုမှ အမြတ်များစွာ ရရှိနိုင်ကြောင်း ယုံကြည်ထားသည်။

မိန်းကလေးတွေက ဒီလို အရာတွေိကို ကြိုက်တာလား။ ဖုန်းယွီသည်လည်း လီနအတွက် အနီရောင် ဆံထိုးကို ဝယ်ခဲ့သည်။ လီနသည် အနီရောင်နှင့် လိုက်သည်ဟု ထင်သည့်အတွက် ဖြစ်သည်။

နာရီဝက်မပြည့်မှီ မန်နေဂျာစုသည် သူ၏ ရောင်းသူများနှင့် ဆက်သွယ်ခဲ့ပြီး သူတို့၏ ကိုယ်စားလှယ်များသည်လည်း သမဝါယမရုံးသို့ ရောက်နေကြပြီ ဖြစ်သည်။ လူတိုင်းက သူတို့၏ ပစ္စည်းများကို တစ်ချိန်တည်းတွင် ရောင်းရန် ကြိုးစားနေကြသည်။ ဖုန်းယွီ ခေါင်းကိုက်သွားတော့၏။

“တော်ကြတော့။ ငါက မစ္စတာ ကီရီလန်ကိုရဲ့ ကိုယ်စားလှယ်ပဲ မင်းတို့တွေ ဒီက ဖောင်ကို အရင်ဖြည့်။”

ဖုန်းယွီက အော်လိုက်သည်။

စောစောပိုင်းက သူတို့သည် စာချုပ်ကို မိတ္တူကူးနေကြသောအခါ ဖုန်းယွီသည် စာရွက်ဖြူပေါ်တွင် ဖောင်ကို ဆွဲလိုက်ကာ ၁၀စုံထက် မနည်း မိတ္တူကူးလိုက်တော့သည်။ ယခုအချိန်တွင် ဖုန်းယွီသည် သူတို့ကို မိတ္တူတစ်စုံစီ ပေးလိုက်တော့သည်။

ဖော်တွင် ထုတ်လုပ်သူ၏ အမည်၊ ထုတ်လုပ်သည့် အခြေအနေ၊ ပစ္စည်းအမျိုးအစား၊ ဈေးနှုန်း၊ အရေအတွက်၊ ဆက်သွယ်ရန် ဖုန်းနံပါတ် အစရှိသည်တို့ကို ရှင်းရှင်းလင်းလင်း ရေးထားသည်။ ထိုအရာက ဖုန်းယွီ၏ အနာဂတ်အတွက် အရေးကြီးဆုံး ဖြစ်ကာ နောက်ပိုင်းတွင် မန်နေဂျာစုနှင့် လမ်းခွဲရန် ဖြစ်သည်။

“ကောင်းပြီ။ အခု ကျွန်တော် အားလုံးကို အမျိုးအမည်တွေ အကုန်လုံးနဲ့ ပစ္စည်းအရေအတွက်တွက် ပြောမယ်။ ဈေးကတော့ မန်နေဂျာစုနဲ့ ပြောထားတဲ့ ဈေးအတိုင်းပဲ။

ဖုန်းယွီက ပြောလိုက်သည်။

ဖုန်းယွီသည် သူတို့ကို အမျိုးအမည်အကုန်လုံးနှင့် ပစ္စည်းအရေအတွက်ကို ပြောသည့်အခါ သူသည် လိုက်ချရေးလိုက်သည်။ ထိုပစ္စည်းများရောင်းချမှုသည် သူ၏ လေးလပတ် ဈေးကွက်သတ်မှတ်ချက်မှီအောင် ရောင်းချနိုင်မည် ဖြစ်သည်။

ကံဆိုးချင်တော့ ဖုန်းယွီသည် ထိုဖောင်များ အားလုံး သိမ်းလိုက်သည်ကို မမြင်လိုက်ပေ။ ယခုတစ်ကြိမ်က မန်နေဂျာစုသည် ဖုန်းယွီထံမှ နောက်ဆုံး ရသည့် အရာ ဖြစ်သည်။

မန်နေဂျာစုသည် ရောင်းချသူများ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် သူသည် ထိုင်ပြီး ဖုန်းယွီနှင့် လျော့ဈေးရာခိုင်နှုန်းအကြောင်း ပြောကြသည်။

သူတို့နောက်ဆုံး ၇ရာခိုင်နှုန်း လျှော့ဈေးဖြင့် သဘောတူလိုက်ကြသည်။ ထိုအရာတွင် ပစ္စည်းများ ဘူတာရုံသို့ ပို့သည့် ကုန်ကျစရိတ် အပါအဝင် ဖြစ်သည်။ လွှဲပြောင်းငွေ စုစုပေါင်း ပမာဏသည် ၁.၀၂သန်းယွမ် ဖြစ်သည်။

ဖုန်းယွီသည် ကီရီလန်ကိုကို အရေအတွက်ကို ဆုံးဖြတ်ခိုင်းလိုက်သည်။ သိုသော် လျော့ဈေး ရာခိုင်နှုန်း ပေးပြီးနောက် သူမျှော်လင့်ထားသည့် ဈေးထက် နည်းနေကာ သူ့တွင် ငွေများ ကျန်နေသေး၏။

ကီရီလန်ကို ထပ်လိုချင်သေးတာ ရှိသေးလား၏ ဖုန်းယွီက ဆွေးနွေးလိုက်သည်။ ကီရီလန်ကိုသည် ဆိုင်တစ်ပတ် ပတ်ကြည့်ပြီးနောက် ကောင်တာထက်တွင် ရှိသည့် လက်အိတ်များကို ကြည့်နေတော့သည်။

ဖုန်းယွီသည် ချက်ချင်းပင် သတိပြုမပြီး မန်နေဂျာစုနှင့် ဆွေးနွေးလိုက်ကာ ယွမ် ၁၀၀,၀၀၀ပြည့်အောင် ထိုလက်အိတ်များကို အကုန်ထည့်ပေးရန် ပြောလိုက်သည်။ ကီရီလန်ကိုသည် သူ၏ ကျန်သည့် ငွေများနှင့် ဝက်အူချောင်းများကို ဝယ်လိုက်တော့သည်။

သူတိုသည် မန်နေဂျာစုနှင့် စာချုပ် ချုပ်လိုက်ကြကာ ပြေစာမှာ အရင်တစ်ခေါက်ကအတိုင်း ဖြစ်သည်။ ပစ္စည်းအမျိုးအစားနှင့် ပစ္စည်းအရေအတွက်သာ ရေးထားသည်။ ဈေးနှုန်းတွင်တော့ ကွက်လပ် ဖြစ်နေသည်။

လီရှစ်ချင်သည် ကီရီလန်ကိုကို သူ၏ ခရီးဆောင် လက်ဆွဲ သေတ္တာကျန်ခဲ့သည့်အတွက် ပြန်ပို့ပေးလိုက်သည်။

သမဝါယမသို့ ပြန်ရောက်ပြီးနောက် ကီရီလန်ကိုသည် သူ၏ ခရီးဆောင်လက်ဆွဲ သေတ္တာထဲမှ ရူဘယ်လ်ငွေ အထပ်လိုက်ကို ထုတ်လိုက်သည်။ ရူဘယ်လ်ငွေ ၃၀၀,၀၀၀ကို စားပွဲပေါ်တွင် တင်လိုက်သည်။ မန်နေဂျာစုက ရူဘယ်လ်များကို ယူတော့မည့် အချိန်တွင် သူက ဖုန်းယွီတားတာကို ခံလိုက်ရသည်။

“မန်နေဂျာစု ဒီနေ့ရဲ့ ငွေလဲနှုန်းအရဆို ကျွန်တော်တို့ကို ယွမ် ၃၀,၀၀၀ပြန်အမ်းရဦးမှာ။ ဒီပိုက်ဆံတွေနဲ့ လဲဖို့အတွက် ဘာပစ္စည်းတွေ ကျန်သေးလဲ။”

ဖုန်းယွီက မေးလိုက်သည်။

မန်နေဂျာစုက ပြုံးကာ

“သူတောင် ဂရုမစိုက်ဘူး။ ဘာကြောင့် မင်းက ဒီလောက်အထိ ဂရုစိုက်နေရတာလဲ။”

“ဘာကြောင့်လဲဆိုတာ့ ကျွန်တော်လည်း စာချုပ် ချုပ်ထားလို့လေ။ ကျွန်တော်လည်း ဥပဒေတွေကို လိုက်နာရဦးမယ်။ ကျွန်တော်တို့တွေ ဒီယွမ် ၃၀,၀၀၀အတွက် အသင့်စား ခေါက်ဆွဲတွေ ယူမယ်။ မင်း များများပေးရင်တော့ မင်းဆီ ငါတို့ ပစ္စည်းများများ ထပ်လာဝယ်မယ်”

ဖုန်းယွီက ပြောလိုက်သည်။

အသင့်စား ခေါက်ဆွဲများက ရောင်းအားကောင်းသည့် ကုန်ပစ္စည်းများ ဖြစ်သည်။ ဖုန်းယွီသည် ထိုခေါက်ဆွဲများကို ဂိုထောင်ထဲတွင် မြင်ခဲ့သည်။ သို့သော် မန်နေဂျာစုက ကီရီလန်ကိုကို အကြံမပေးခဲ့ပေ။ သို့သော် အသင့်စားခေါက်ဆွဲ အမျိုးအစားတစ်ခုသာ ရှိပြီး နာမည်ကား “ဟွဖုန်း”ပင်လယ်စာ ခေါက်ဆွဲများ ဖြစ်သည်။ ထိုတံဆိပ်သည် အတော်ကြာပြီ ဖြစ်သည်။ ထိုကုမ္ပဏီသည် ဖုန်းယွီ၏ အရင်ဘဝတွင် ဆက်လက် ထုတ်လုပ်နေဆဲ ဖြစ်သည်။
“ငွေဈေးလဲလှယ်မှုကွာဟချက်ကြောင့် ကျွန်တော် သူတို့ကို အသင့်စား ခေါက်ဆွဲအချို့ကို ပေးဖို့ ပြောလိုက်တယ်။ အစ်ကိုအနေနဲ့ ဒီခေါက်ဆွဲတွေကို ရေနွေးပူပူနဲ့ ငါးမိနစ် ပြုတ်ထည့်ပြီး စားလို့ရပြီ။ အဲ့ခေါက်ဆွဲထဲ ဝက်အူချောင်း ထပ်ထည့်ရင် အရသာပိုကောင်းတယ်”

ဖုန်းယွီက ကီရီလန်ကိုကို ပြောလိုက်သည်။

ကီရီလန်ကိုသည် အသင့်စားခေါက်ဆွဲသည် ဘာမှန်း မသိပေ။ သို့သော် သူသည် ကုန်ပစ္စည်းများ များများရသည့်အတွက် ပျော်ရွှင်နေ၏။ သူသည် ရူဘယ် ၃၀၀,၀၀၀သည် ထိုပစ္စည်းများ အကုန်အတွက်ဟုသာ သူတွေးခဲ့ပြီး သူပစ္စည်းများ ထပ်ရမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

ဖုန်းယွီနှင့် စာချုပ် ချုပ်ခြင်းသည် ကောင်းမွန်သည့် အရာ ဖြစ်မှန်း သိသာပေသည်။ ထိုနည်းဖြင့် ဖုန်းယွီသည် ပိုပြီး တာဝန်ယူမျု ရှိလာသည်။ အနာဂတ် သူ၏ စီးပွားရေး လုပ်ငန်းများတွင် ကီရီလန်ကိုသည် ဖုန်းယွီကို အမြတ်များစွာ ပေးရန် စိတ်ကူးထားပြီးဖြစ်သည်။
“ဒါက မင်းအတွက်”

ကီရီလန်ကိုက ပြောလိုက်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ များလွန်းတယ်။”

ဖုန်းယွီသည် သူ့ရှေ့ရှိ ၂၀,၀၀၀ရူဘယ်လ်ကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းဒီငွေတွေအတွက် ထိုက်တန်ပါတယ်။ ငါတို့တွေက သူငယ်ချင်းတွေလေ။ ဘာကြောင့် ငြင်းရတာလဲ။ နောင်ကျ ငါ ဘင်းမြို့တော်ကို လာမှာ။ အဲ့ဒီအခါကျလည်း ငါ့ကို ကူပေးဦးနော်”

ကီရီလန်ကိုက ပြောလိုက်သည်။

ဖုန်းယွီသည် ၂၀,၀၀၀ရူဘယ်ကို လက်မခံချင်ပဲ နှင့် လက်ခံလိုက်သည်။ ဒီကီရီလန်ကိုက ချစ်ဖို့ အရမ်းကောင်းတာပဲ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset