FY အခန်း ၂၄

အခန်း ၂၄
မငြင်းနိုင်ခဲ့ဘူး

ကီရီလန်ကိုသည် အာ့ကောထို တစ်ပုလင်းကုန်သွားသည်ကို မသိလိုက်ပေ။ သူ၏ မျက်တောင်ကို ပင့်ကာ မေးလိုက်သည်။

“ဘာလဲ”
“အကိုလီ ကျွန်တော် အစ်ကိုလီကို လိမ်လည်ခဲ့တဲ့အတွက် အပြစ်ရှိပါတယ်။”

ဖုန်းယွီက ပြောလိုက်သည်။

“မင်းငါ့ကို လိမ်ခဲ့တာလား။ ဘာကို ဆိုလိုချင်တာလဲ”

ကီရီလန်ကိုက ပဟေဠိ ဖြစ်သလို ခံစားလိုက်ရကာ ခေါင်းခါလိုက်တော့သည်။
“အစ်ကို အရင်တစ်ခေါက်တုန်းက ပစ္စည်းတွေဝယ်သွားခဲ့တာ မှတ်မိသေးလား။ တကယ်တော့ အဲ့ဒီ ပစ္စည်းတွေရဲ့ တန်ဖိုးက ၇၀,၀၀၀ယွမ်ထက် နည်းတယ်။ ဒါပေမဲ့ ကျွန်တော်က အစ်ကိုကို ၈၀,၀၀၀ယွမ်လို့ ပြောခဲ့တယ်။ ကျွန်တော်က အစ်ကို ပြန်မလာတော့ဘူးလို့ တွေးခဲ့တာ။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ များများရဖို့ ကြိုးပမ်းခဲ့တယ်။ အခုတော့ ကျွန်တော် အပြစ်ရှိသလို ခံစားနေရတယ်။ ကျွန်တော် မနက်ဖြန်ကျ အကိုဆီက လိမ်ပြီး ယူခဲ့တဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်။ ပြီးတော့ ဒီတစ်ခေါက်တော့ ကျွန်တော် အစ်ကိုရဲ့ ဝယ်ယူတဲ့ ပစ္စည်းတွေကနေ ထပ်ဖြတ်မခုတ်တော့ဘူး”

ဖုန်းယွီက ပြောလိုက်သည်။

လီရှစ်ချင်သည် အေးအေးဆေးဆေးဖြင့် မြေပဲစားနေဆဲ နေသည့် အခိုက် သူသည် ရုတ်တရက်ကြီး အေးစက်သွားသလို ခံစားလိုက်ရသည်။ ဂျွန်လတွင် ရှိသေးသော်လည်း ဘာကြောင့် သူအအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသနည်း။

သူ ကြည့်လိုက်သည့်အခါ စကားဝိုင်းက မူမမှန်တော့သည်ကို နားလည်သွားသည်။ ဆိုဗီယက် ပြည်ထောင်စု ဝက်ဝံကြီးက ဒေါသထွက်နေပြီး သူသည် ဖုန်းယွီကို ကြည့်နေတော့သည်။

“ငါက မင်းကို ယုံကြည်ခဲ့တောင်မှ မင်းက ငါ့ကို လိမ်ခဲ့တာလား။ ငါတို့ နှစ်ယောက်ရဲ့ ခင်မင်မှုက ငါတို့ နိုင်ငံတွေလို မချောမွေ့ မလှပနိုင်ဘူးလား။”

ကီရီလန်ကိုက စိတ်တိုတို ဖြင့်မေးလိုက်သည်။

“ကျွန်တော်တို့ အရင်တုန်းက သူငယ်ချင်းမှ မဟုတ်တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က သူငယ်ချင်း ဖြစ်နေပြီလေ။ ဒါကြောင့် ကျွန်တော် အ၎င်းှန်တရားကို ပြောပြတာပေါ့။ တကယ်လို့ အစ်ကိုက ကျွန်တော်နဲ့ သူငယ်ချင်း ဆက်မဖြစ်ချင်ရင်လည်း ရပါတယ်”

ဖုန်းယွီသည် ဝမ်းနည်းသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

ကီရီလန်ကိုသည် အရင်တစ်ခေါက်က ခရီးစဉ်အကြောင်း ပြန်စဉ်းစားလိုက်သည်။ ပြီးခဲ့သည့် တစ်ခေါက်က သူသယ်ဆောင်သွားသည့် ကုန်ပစ္စည်းများသည် ပြေစာပေါ်တွင် ကုန်ပစ္စည်းအရေအတွက်သာ ရေးထားပြီး ဈေးနှုန်းကိုတော့ မရေးထားခဲ့ပေ။ ဒါ့အပြင် ဖုန်းယွီသည် သူ့ကို ထိုပစ္စည်းများ ဝယ်ရန်အတွက် ရူဘယ်လ် ၈၀,၀၀၀ကို တောင်းဆိုခဲ့သည်။ ယွမ်များမဟုတ်ပေ။

ဖုန်းယွီသည် လက်ဆောင် ပစ္စည်းအများအပြားကို ပေးခဲ့သော်လည်း သူသည် ထိုပစ္စည်းများကို ရောင်းချခြင်းဖြင့် ပိုက်ဆံများ ပြန်ရခဲ့သည်။ ယခုအချိန်တွင် အခြားသူများ ထိုပစ္စည်းများ၏ မူရင်းရောင်းဈေးကို မသိရန်အတွက် တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။ သူသည် ကုန်ပစ္စည်းရောင်းချခြင်းမှ ပိုက်ဆံ မျာများရှာချင်သည်။ ထိုမှ သူသည် ဗော်ကာ လှည်း တစ်လှည်းကို ဝယ်နိုင်မှာ ဖြစ်ကာ နေ့တိုင်း သောက်နိုင်မှာ ဖြစ်သည်။

ဤမြို့တွင် ဖုန်းယွီ မကူညီပါက တရုတ်မှ သူဝယ်မည့် ပစ္စည်းများ အနေဖြင့် ဈေးချိုမည် မဟုတ်ပေ။ ပြီးနောက် သူပြန်သည့်အခါတွင်လည်း အမြတ်များများ ရနိုင်မည် မဟုတ်ပေ။ သူသည် ကုန်ရောင်းကုန်ဝယ်ကို ကာလရှည်ကြာ စီးပွားရေးတစ်ခု အဖြစ် လုပ်ချင်သည်။ သူသည် ရထားတွဲတောင်မှ ထိုစီးပွားရေးအတွက် စီစဉ်ထားသည်။

ဖုန်းယွီသည် ထိုစီးပွားရေးအတွက် ပါဝင်ရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုအရာက ၁၀,၀၀၀ယွမ်သာ ဖြစ်သည်။ သူရခဲ့သည့် ငွေပမာဏနှင့် ယှဉ်လျှင် ၁၀ရာခိုင်နှုန်းတောင် မပြည့်ပေ။ ထိုငွေကို ဖုန်းယွီ၏ အလုပ်ကြိုးစားမှုအတွက် ဘောက်ဆူးအဖြစ်သာ သတ်မှတ်လိုက် တော့သည်။ သို့သော် နောက်တစ်ကြိမ်တွင် သူသည် ဖုန်းယွီနှင့် အလုပ်လုပ်ရန်အတွက် ပြန်စဉ်းစားရပေမည်။

ကီရီလန်ကိုသည် ရုတ်တရက် ပြုံးလိုက်ကာ ဆိုးဝါးလွန်းသည့် အပြုံးက ပေါ်လာတော့၏။

“မင်းဘာအကြောင်း ပြောနေတာလဲ။ ဟုတ်တာပေါ့ ငါမင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားတုန်းပဲ။ မင်း အဲ့ငွေ ၁၀,၀၀၀ယွမ်က မင်းနဲ့ ထိုက်တန်လို့ပါ။ ငါတို့တွေက သူငယ်ချင်းတွေ အဲ့ဒီအကြောင်းတွေ မပြောနဲ့တော့။ ဒီတစ်ခေါက် ငါလိုချင်တဲ့ ပစ္စည်းတွေ အကြောင်းပဲ ပြောရအောင်။”

ဖုန်းယွီလည်း ပြုံးလိုက်သည်။

“ကောင်းပြီ။ အကိုက ကျွန်တော်ကို သူငယ်ချင်းအဖြစ် ဆက်ဆံပြီဆိုမှတော့ ကျွန်တော်လည်း ဒီတစ်ကြိမ်မှာ ဘာပဲ ဖြစ်ဖြစ် အကိုလိုချင်သလောက် ဝယ်ပေးရမှာပေါ့။ ကျွန်တော် အကိုကို ဈေးအချိုဆုံး ပစ္စည်းရအောင် ရှာပေးမယ်။ အကိုရဲ့ ဒီခရီးစဉ် တစ်လျှောက်လုံးမှာ ကျွန်တော်တို့နဲအတူ စကားပြန် ထပ်ငှားချင် ငှားလို့ရတယ်။”

ကီရီလန်ကိုက လက်ယမ်းပြကာ

“မလိုဘူး အစ်ကို မင်းကို ယုံတယ်။”

ညစာစားပြီးနောက် ကီရီလန်ကိုက ဖုန်းယွီကို အင်တာနေရှယ်နယ် ဟိုတယ်တွင် နေရန်အတွက် ဖိတ်ခေါ်လိုက်သည်။ အကြောင်းမှာ ကီရီလန်ကိုက ညပိုင်းတွင် ဖုန်းယွီနှင့် ဆွေးနွေးချင်သေးသည့် အတွက် ဖြစ်သည်။ ဖုန်းယွီသည် လီရှစ်ချင်ကို နောက်တစ်နေ့ မနက် ရှစ်နာရီတွင် လာကြိုရန် ပြောလိုက်ပြီး သမဝါရမ အရောင်းဆိုင်တွင် ရှိသည့် သူ၏ သူငယ်ချင်းဆီ ရောင်းမကုန်သေးသည့် ပစ္စည်းများကို စစ်ဆေးကြည့်ရန် ပြောလိုက်သည်။

“ညီလေးဖုန်းရေ ဆေးပြင်းလိပ်ကို မြည်းကြည့်ဦးမလား”
ဖုန်းယွီသည် ပြုံးကာ လက်ယမ်းပြီး ပြောလိုက်သည်။

“ကျွန်တော် မသောက်ဘူး အစ်ကို”
“မင်းမှာ တက်ကြွမှုတွေ ရှိတာပဲ။ ငါမင်းကို သဘောကျတယ်။ ငါဒီတစ်ခေါက် ၃၀၀,၀၀၀ရူဘယ်လ် ယူလာခဲ့တယ်။ ပြီးတော့ အဲ့တာတွေ အကုန်လုံးကို သုံးမှာ။ ဝက်ပေါင်ခြောက်၊ စည်သွပ်ဗူး၊ ချိုချဉ် အစရှိတာတွေ အဲ့တာတွေက အရမ်းကောင်းတယ်။ ပန်းပွင့်တွေနဲ့ လက်ကိုင်ပဝါတွေကလည်း အရမ်း နာမည်ကြီးတယ်။”

ကီရီလန်ကိုက ပြောလိုက်သည်။

‘ပန်းပွင့်တွေနဲ့ လက်ကိုင်ပဝါလား။ အဲ့တာတွေက ခေါင်းအုံးဖုံးတွေလေ။ မေ့လိုက်တော့ မင်းတို့တွေက အဲ့တာကို လက်ကိုင်ပဝါလို့ တွေးတော့လဲ လက်ကိုင်ပဝါပေါ့။ ဘာပဲ ဖြစ်ဖြစ် မင်းပဲ ပေးပြီး မင်းပဲ ရောင်းမှာပဲ’

“ကိစ္စမရှိပါဘူး။ မနက်ဖြန်ကျ အစ်ကို ကျွန်တော်နဲ့ လိုက်ခဲ့ပြီးတော့ အစ်ကိုလိုချင်တာ သွားကြည့်မယ်။ ကျွန်တော် လျော့ဈေးရဖို့အတွက် ကူပေးမယ်။ ပြီးတော့ ဈေးနှုန်းတွေကိုလည်း အစ်ကိုနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ကုန်ပစ္စည်းတွေ ဒီလောက် အများကြီးဝယ်မှာ အစ်ကိုက ကုန်ပစ္စည်းတွေကို ဘယ်လို ပြန်သယ်မလဲ”

ဖုန်းယွီက မေးလိုက်သည်။

ဖုန်းယွီက စူးစမ်းလိုစိတ် ရှိနေသည်။ လေယဉ်နှင့် သယ်ယူခြင်းက စရိတ်စကကြီးသည်။

“ရထားနဲ့ အစ်ကို သူငယ်ချင်း တစ်ယောက် ကူညီကို အစ်ကို ရထားတစ်တွဲ ရထားတယ်။ အဲ့တာကြောင့် ပို့ဆောင်ရေးအတွက် ဘာပြဿနာမှ မရှိဘူး။ ဒီတစ်ခေါက်မှာ အစ်ကိုကလည်း ရထားနဲ့ပဲ ပြန်မယ်”

ကီရီလန်ကိုက ပြန်ဖြေလေသည်။

ဖုန်းယွီသည် မကူညီနိုင်သော်လည်း အားကျနေသည်။ အဆက်အသွယ်များ ရှိခြင်းက အလုပ်များ လုပ်ရန် နည်းလမ်းများစွာ ရှိသည်။ ကီရီလန်ကိုအတွက် ရထား တစ်တွဲ ရရှိခြင်း ဈေးထဲမှ ဂေါ်ဖီထုပ် ရသလို လွယ်ကူလွန်းသည်။

သူတို့ နှစ်ယောက် အတန်ကြာအောင် စကားပြောပြီးသည့်နောက် ကီရီလန်ကို၏ ဟောက်သံက ထွက်လာတော့သည်။ ဖုန်းယွီသည် အင်တာနေရှင်နယ် ဟိုတယ်တွင် နေဖို့ သဘောတူခဲ့သည်ကို နောင်တရနေသည်။ အနည်းဆုံးတော့ သူသည် ကီရီလန်ကိုနှင့် တစ်ခန်းထဲနေရန် သဘောမတူခဲ့သင့်ပေ။ ထိုဟောက်သံက လျှပ်စစ်လွှစက်သံနှင့်တောင် တူနေပေသည်။

နောက်တစ်နေ့ မနက်တွင် လီရှစ်ချင်က သူတို့နှစ်ယောက်ကို လာခေါ်ပြီး သမဝါယမ အရောင်းဆိုင်ကို ခေါ်သွားတော့သည်။ မန်နေဂျာစုက သတင်းရထားသည့်အတွက် သူတို့ကို တံခါးဝတွင် စောင့်နေတော့သည်။

“မန်နေဂျာစု ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ။ ဒီတစ်ခေါက်ရော ဘာတွေ အကြံပေးချင်သေးလဲ။”

ဖုန်းယွီက မေးလိုက်သည်။

“ဟုတ်တာပေါ့။ ပျားရည်၊ စည်သွပ်ဗူး၊ ဘီစကစ်၊ နို့မှုန့်။ မင်းတို့တွေ အဲ့တာကို ပမာဏ များများ ဝယ်ချင်ရင် မင်းကို ဈေးကောင်းကောင်းနဲ့ ပေးနိုင်တယ်။”

မန်နေဂျာစုက ချက်ချင်းပင် လူသိပ်မဝယ်သည့် ကုန်ပစ္စည်းများကို ရေရွတ်လိုက်သည်။

မှန်ပေသည်။ ထိုအရာများက လီရှစ်ချင် သူတို့ကို ပြန်စေခိုင်းခဲ့သည့် အရာ ဖြစ်သည်။ ထို့အပြင် ဖုန်ယွီသည် ကီရီလန်ကိုနှင့်လည်း ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်လိုသည်။ ထို့အတွက် ဖုန်းယွီသည် အမှန်ကို အမှန်အတိုင်း ကီရီလန်ကိုကို ပြန်ပြောလိုက်သည်။

ကီရီလန်ကိုသည် ဖုန်းယွီကို အထိတ်တလန့်ဖြင့် ကြည့်နေသည်။ ကီရီလန်ကိုက သူ့ဘာသာ တွေးလိုက်သည်။
‘ဖုန်းယွီငါ့ကို ပြောနေတာက ဒီကုန်ပစ္စည်းတွေက ကောင်းကောင်း မရောင်းရတဲ့ဟာတွေ ပြီးတော့ ဈေးချိုတဲ့ ပစ္စည်းတွေ။ သူက ပိုက်ဆံ ထပ်မရှာချင်တော့တာလား။ သူငယ်ချင်းလား။ ဒီလိုလူမျိုးကမှ တကယ့် သူငယ်ချင်းပဲ’

“ကောင်းပြီ။ ငါဒါတွေ အကုန်လုံး လိုချင်တယ်။ ဒါ… ဒါ.. ဒါကောပဲ။ ပြီးတော့ ငါအရင်တစ်ခေါက်က ဝယ်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ဝယ်ချင်တယ်။ မင်း ငါ့ရဲ့ သုံးငွေကို ချိန်ပြီး အရေအတွက်ကို သတ်မှတ်လို့ရတယ်”

ကီရီလန်ကိုက ပြောလိုက်သည်။

“မန်နေဂျာစု ကျွန်တော့်ကို ခင်ဗျားမှာ ရှိတဲ့ ဘီစကစ်တွေ၊ နွားနို့တွေ၊ အဲ့တာတွေ အကုန်လိုချင်တယ်။ ဒီတစ်ခေါက်ရော ကျွန်တော်တို့ကို အခမဲ့ လက်ဆောင်တွေ ဘယ်လောက်များများ ပေးမလဲ”

ဖုန်းယွီက မေးလိုက်သည်။

“မင်းက ဘယ်လောက်လိုချင်လို့လဲ။”

မန်နေဂျာက အနည်းငယ် စိတ်ရှုပ်သွားသည်။ ဒီကလေးက နှစ်ဦးနှစ်ဖက် ညှိတဲ့နေရာမှာ သိပ်တော်တာပဲ။

ဖုန်းယွီသည် ပစ္စည်းအကုန်လုံး၏ ဈေးနှုန်းကို ကြည့်ကာ

“ဒီဈေးတွေကို ရှစ်ဆယ်ရာခိုင်နှုန်းပဲ ထားပေးတော့”

“မဖြစ်နိုင်တာ။ ငါတို့တွေ ဈေးနှုန်းကို ပြောင်းလို့မရဘူး။”

မန်နေဂျာစုက ပြောလိုက်သည်။

“မန်နေဂျာစု ဒီလောက်ကြီးလဲ ဈေးနှုန်းက ပြောင်းလဲတာ မဟုတ်ပါဘူး။ အခု မန်နေဂျာစုက ကိုယ်တိုင် အလုပ်ခန့်ထားတာလို့ စဉ်းစားကြည့်လေ။ မန်နေဂျာက ကျွန်တော်တို့တွေ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းမသိဘူးလို့ သိမယ်လို့ ထင်နေလား။ ဒါ့အပြင် ကျွန်တော်တို့တွေက ဒီတစ်ခေါက်မှာ ပမာဏ များများဝယ်မှာ”

ဖုန်းယွီက ပြောလိုက်သည်။

“မင်းဘာပစ္စည်းပဲ ဝယ်ဝယ်။ ငါက အဲ့ဈေးနှုန်းကိုတော့ သဘောမတူဘူး။ ငါ အများဆုံး ပေးနိုင်တာက ရောင်းဈေးအားလုံးရဲ့ သုံးရာခိုင်နှုန်းပဲ”
မန်နေဂျာစုက ပြန်ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့က ပစ္စည်းတွေကို ယွမ်တစ်သန်းဖိုး ဝယ်မယ်ဆိုရင်ကော”
ဖုန်းယွီသည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ခြေကို ချိတ်လိုက်သည်။

“ဘယ်လောက်။ တစ်သန်းလား”

မန်နေဂျာစုက မေးလိုက်သည်။

“အမှန်ပဲ။ ကျွန်တော်နောက်မှာ ရှိနေတဲ့ သူက ဆိုဗီယက် ပြည်ထောင်စုက သူဌေးကြီးပဲ။ ဒီတစ်ခေါက် သူပြန်တဲ့အခါ ရထားတစ်တွဲ ပြည့်အောင် ပစ္စည်းတွေကို ဝယ်သွားမှာ။ သူက အနည်းဆုံးတော့ ယွမ် တစ်သန်းဖိုးလောက် သုံးလိမ့်မယ်။ တကယ်လို့ မန်နေဂျာတို့က ကျွန်တော်တို့ကို ယွမ် ၁သန်းဖိုးရှိတဲ့ ပစ္စည်းတွေ မရောင်းနိုင်ရင်လည်း ကိစ္စမရှိဘူးနော်။ တကယ်လို့ ကုန်ပစ္စည်းတွေ ဒီမှာ ပစ္စည်းတော်တော်များများ မရရင်တောင် ကျွန်တော်တို့ တခြားနေရာကို သွားလို့ရတယ်။ ဒါမှ ကျွန်တော်တို့တွေလည်း ဒီနည်းလမ်းနဲ့ပဲ ပိုက်ဆံ ချွေတာလို့ ရမှာလေ။”

ဖုန်းယွီက ပြောလိုက်သည်။

“မဟုတ်ဘူး။ တခြားကို မသွားပါနဲ့။ တခြားနေရာတွေက ငါတို့ ဆိုင်လောက် ပစ္စည်းမစုံဘူး။ ညီလေး ခဏလောက်ပဲ စောင့်ပေး။ ငါ ဖုန်းဆက်ပေးမယ်။ ငါမင်းကို ယွမ် ၁သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရနိုင်အောင် လုပ်ပေးမယ်”

မန်နေဂျာစုက ပြောလိုက်သည်။

“မန်နေဂျာစု၊ ဒီရောင်းဝယ်မှုကနေ မန်နေဂျာ ဘယ်လောက်ရလဲဆိုတာ ကျွန်တော် မမေးရသေးဘူးနော်။ ဒါပေမဲ့ မန်နေဂျာဘာကြောင့် ကျွန်တော်တို့ကို ဈေးထပ်မလျော့ပေးရတာလဲ။”

ဖုန်းယွီကမေးလိုက်သည်။

“ကိစ္စမရှိဘူး။ ငါ ငါ့ရဲ့ ရောင်းချတဲ့သူတွေနဲ့ ပြောပြီးပြီ။ ငါမင်ကို အသက်သာဆုံး ဈေးနှုန်းနဲ့ ရစေရမယ်လို့ ကတိပေးတယ်။ ငါတို့တွေ ဆိုဗီယက် ပြည်ထောင်စုက ငါ့တို့ရဲ့ ညီအစ်ကိုတွေကို ဘယ်တော့မှ မလိမ်ပါဘူး”
ဖုန်းယွီက ပြန်ပြောလိုက်သည်။

ဖုန်းယွီသည် ကီရီလန်ကိုဘက် လှည့်ပြီး မန်နေဂျာစုသည် သူ၏ ကုန်သွင်းသူတွေနဲ့ စကားပြောနေပါသည။ သူတို့ကို အသက်သာဆုံး ဈေးနှင့် ရောင်းချမည့် အကြောင်းကို ပြောလိုက်သည်။ ဖုန်ယွီသည် ဒီတစ်ကြိမ် ရောင်းဝယ်မှုတွင် သူသည် ကီရီလန်ကိုကို အလေးထားသည့်အတွက် တစ်ပြားတစ်ချက်မှ မယူပေ။
“မဟုတ်တာ မဟုတ်တာ ညီလေးဖုန်းကလည်း။ အစ်ကို မင်းကို ပေးမှာပေါ့။ ၅ရာခိုင်နှုန်းဆိုရင်ကော ဘယ်လိုလဲ။ ညီလေးက အစ်ကိုဝယ်မဲ့ ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်း ဈေးနည်းနည်းနဲ့ များများ ရအောင် လုပ်ပေးခဲ့တာပဲ”

ကီရီလန်ကိုက ပြောလိုက်သည်။

ကီရီလန်ကိုသည် ချက်ချင်းပင် ဖုန်းယွီကို သတိဖြင့် ကြည့်တော့သည်။ သူဘာကြောင့် ပိုက်ဆံ မလိုချင်တာလဲ။ ဖုန်းယွီ သူ့ကို လိမ်ပြန်တာလား။ မဟုတ်ဘူး။ သူ့ကို ပိုက်ဆံ ပေးမှရမယ်။ ပြီးတော့ သူနဲ့ စာချုပ်မှာ လက်မှတ်ထိုးရမယ်။ တကယ်လို့ ဖုန်းယွီက သူ့ကို လိမ်ပါက ရဲစခန်းသို သွားရမှာ ဖြစ်သည်။

အခန်း ၂၄ကို ဒီနေ့ည ၁၀နာရီမှာ တင်ပေးပါမယ်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset