အခန်း ၁၈

အခန်း ၁၈

သူဌေး

“ကြည့်လိုက်ဦး ဒါက အခန်းနှစ်က ဖုန်းယွီပဲ။ သူ မနက်ပိုင်းအချိန်တုန်းက သူပဲ အကုန်လုံး သိသလို တက်သလိုနဲ့ ဒါပေမဲ့ နေ့လည်ကျတော့ သူ့အရည်အချင်းက ဗူးပေါ်သလို ပေါ်လာတော့တာပဲ။ ငါထင်တာတော့ သူ အထက်တန်းကျောင်း တက်နိုင်ဖို့တောင် သူ့အတွက် ခက်မဲ့ပုံပဲ။ သူက သက်မွေးပညာကျောင်းပဲ တက်ရဖို့ များတယ်။”

ကျောင်းသား တစ်ယောက်က ပြောလိုက်၏။

“တကယ်ကြီးလား။ ဒီနေ့ နေ့လည်ခင်းတုန်းက ငါတို့ အတန်းက ဆရာက ငါတို့ကို ဖုန်းယွီဆီကနေ သင်ယူလို့တောင် ပြောနေတာ။ ဒါဆို ဖုန်းယွီက ဘာသာရပ်တွေကို ရွေးပြီး လုပ်နေတာပဲ။ သူ သင်္ချာနဲ့ ရူပဗေဒမှာ စာမေးပွဲကျရင် ဘယ် အထက်တန်းကျောင်းက သူ့ကို လက်ခံမှာလဲ။”

တစ်ယောက်ယောက်က ပြန်ပြောလိုက်သည်။

အတန်းဆင်းပြီးနောက် ဖုန်းယွီသည် သူ၏ စာသင်ခန်းမှ ကျောင်းကန်တန်းကို ဖြည်းဖြည်းချင်း လျှောက်လာလေသည်။ ထို့နောက် ကျောင်းအိပ်ဆောင်ကို ပြန်သွားတော့၏။ လမ်းတစ်လျှောက်တွင် ကျောင်းသားများက သူ့ကို လက်ညှိုးထိုးသည့် ကျောင်းသား အများအပြား ရှိသည်။

ဖုန်းယွီသည် သူတို့ကို မနှောက်ယှက်နိုင်ပေ။ သူသည် လွယ်အိတ်လေး တစ်လုံးကို သယ်ပြီး ကျောင်းအိပ်ဆောင် အဆောင်မှုးဆီ အခန်းထဲ ဖြည်းဖြည်းချင်း လျှောက်သွားလေ၏။

“ဒေါက်ဒေါက်ဒေါက်”

“မစ္စတာ ရှောင်း၊ ကျွန်တော် ဖုန်းခေါ်လို့ ရမလား”
“ဖုန်းပြောမလို့လား။ အရေးကြီး ကိစ္စရှိလို့လား။ နှစ်ခါ အသံမြည်ပြီးရင် ဖုန်းချလိုက် ပြီးတော့ တစ်ဖက်က ပြန်ခေါ်လာတာကို စောင့်လိုက် မမေ့နဲ့နော်။ အဲ့ဒီနည်းက ဈေးချိုတယ်”

ဖုန်းယွီသည် ပြုံးလိုက်ပြီး ဘာမှ မပြောပေ။ သူသည် ဆရာရှောင်း ဖုန်းသေတ္တာလေးကို ဖွင့်နေတာကို ကြည့်နေသည်။ ထိုထဲတွင် ဖုန်းထည့်ထားသည်ပြီး နံပါတ်ခွက် ပါ၏။

“ဟဲလို စာတိုက်ရုံးကပါ။ ဘယ်သူနဲ့ ပြောချင်လို့ပါလဲ။”

တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ကျွန်တော် လီရှစ်ချင်နဲ့ ပြောချင်ပါတယ်။ ကျွန်တော်နာမည်က ဖုန်းယွီပါ”
ဖုန်းယွီက ပြန်ဖြေလေသည်။

ဖုန်းယွီ ဖုန်းပြောနေသည်ကို ဆရာရှောင်းက အသေအချာ စိုက်ကြည့်နေ၏။ တစ်မိနစ်လျှင် ဖုန်းလက်ခံသူ၏ ပြောဆိုခမှာ ၂ကျောက် ဖြစ်ပြီး ဖုန်းခေါ်ဆိုသူ၏ ဖုန်းပြောခက တစ်မိနစ်ကို ၅ကျောက် ဖြစ်သည်။ ဒီကလေးရဲ့ မိသားစုက ချမ်းသာပြီး သူ့ရဲ့ သားကို ဒီလို ပိုက်ဆံ ဖြုန်းဖို့ ပေးထားတာပဲ။

“ဟဲလို၊ ရှောင်ယွီလား။ ငွေတိုက်စာချုပ်အကြောင်း ပြောမလို့လား။ အစ်ကိုပြောမယ်။ ဒီတစ်ပတ်ထဲမှာတင် အစ်ကိုတို့ ထောင်ပေါင်းများစွာ မြတ်ထားတယ်။”

လီရှစ်ချင်က စိတ်လှုပ်ရှားလျက် သူ့အသံကို နှိမ့်ချထားရင် ပြောလိုက်သည်။

“စိတ်လျော့ အစ်ကိုလီ။ ဒီဟာက ထောင်ပေါင်း အနည်းငယ်ပဲ ရှိသေးတာ။ နောက်ထပ် နှစ်လလောက် ထပ်စောင့် အဲ့ဒီအခါကျ အစ်ကို ၁၀၀,၀၀၀ကျော်အထိ မြတ်မှာ။ အဲ့ဒီအချိန်ရောက်လာခဲ့ရင် အစ်ကို ပြုံးတာ ရပ်တော့မှာကို မဟုတ်ဘူး။”

ဖုန်းယွီက ထိုအကြောင်းအရာများကို ပုံမှန်သာ ပြောလိုက်သည်။ သို့သော် ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဆရာရှောင်းက နားစွင့်လိုက်တော့၏။

‘ဘာလဲဟ။ တစ်လအတွင်းမှာ ၁၀,၀၀၀ယွမ် ရတာလား။ ဒီလောက် အများကြီးရအောင် သူတို့က ဘာတွေ လုပ်နေတာလဲ။ တစ်လတာ ရတဲ့ငွေက ငါ့ရဲ့ ၁၀နှစ်စာ လစာထက်တောင် ပိုများနေသေးတယ်’

တကယ်ပဲ ဒီကလေးရဲ့ မိဘတွေက ဘာတွေလဲ။

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“ကောင်းတာပေါ့။ အစ်ကို ယုံကြည်စိတ်ချရတဲသူတွေကို အလုပ်ခန့်ပြိးပြီလား။ သူတို့တွေကို တစ်နေ့ ဘယ်လောက် စုရမလဲဆိုတာ သတ်မှတ်ပေးထားလိုက်။ တကယ်လို့ သူတို့ ဒီထက် ဈေးနှုန်းကို လျော့ချပြီး တိုးလုပ်နိုင်ရင်လည်း ဂရုမစိုက်နဲ့။ ကွာခြားချက် နည်းနည်းတော့ ထားထားလိုက်။ မကြာခင် မတ်လ ရောက်တော့မှာ။ သူတို့ရဲ့ လစာကို တွက်ထားပြီးတော့ သူတို့ကို လမကုန်ခင် ပေးလိုက်”
“သူတို့တွေ ဖေဖော်ဝါရီ လမှာ အလုပ်လုပ်တာ ရက်နည်းနည်းပဲ ရှိသေးတယ်။ ငါတို့ သူတို့ကို အခု ပေးဖို့ လိုလို့လား။ ငါတို့တွေ သူတို့တွေရဲ့ လခအကုန်ကို မတ်လကုန်မှာ ပေးလို့ရတယ်”

လီရှစ်ချင်က မလိုအပ်သလို ခံစားလိုက်ရသည်။ သူတို့ တစ်လတောင် အလုပ် မလုပ်ရသေးပဲ လစာ ဘယ်လိုပေးမလဲ။ လီရှစ်ချင်က ပြောလိုက်သည်။

ဖုန်းယွီက ခေါင်းခါလိုက်သည်။ လီရှင်ချင်က ရှေးရိုး အစဉ်အလာတွေထဲကနေ မထွက်နိုင်ဘူး ရှေးစွဲတယ်။ ဒီနည်းလမ်းက အလုပ်သမားတွေကို တက်ကြွအောင် လုပ်ဖို့ နည်းလမ်း တစ်မျိုးပဲ။ လီရှစ်ချင် အနာဂတ်ကျ ခေါင်းဆောင် ဘယ်လို ဖြစ်နိုင်မည်နည်း။

“အစ်ကိုလီ။ အစ်ကို သူတို့ကို လကုန်မှာ လစာပေးထားမယ်လို့ ကတိမပေးခဲ့ဘူးလား။ သူတို့ထဲက စာချုပ်များများ စုဆောင်းနိုင်ခဲ့ရင် သူတို့ကို အပိုအဖြစ် ၅ယွမ် ၁၀ယွမ် ထပ်ပေးလိုက်။ သူတို့တွေ အလုပ်ကို တစ်လ မလုပ်ရသေးပေမဲ့ လကုန်ကတော့ ရှိနေတာပဲ။ ကျွန်တော်တို့တွေ သူတို့ကို ဒီလ လစာပေးရမယ်။ အဲ့မှ သူတို့နောက်လကျ အလုပ်ပိုကြိုးစားကြမှာ။ ကျွန်တော်တို့အတွက် မတ်လက အရေးကြီးဆုံးလပဲ။ ကျွန်တော်တို့ ပိုက်ဆံတွေ အကုန်လုံး ငွေတိုက်စာချုပ် ပြောင်းကို ပြောင်းထားရမှာ”
ဖုန်းယွီက ပြောလိုက်သည်။

“ဟုတ်ပြီ အဲ့တာဆို အစ်ကို သူတို့ရဲ့ လစာကို အလုပ်လုပ်တဲ့ ရက်အပေါ် တွက်ချက်ပြီး လကုန်မှာ သူတို့ကို လစာပေးလိုက်မယ်။

လီရှစ်ချင်က ပြန်ဖြေလိုက်သည်။

“အစ်ကို ရုံးပိတ်ရက်တွေကို ထည့်တွက်ဖို့ မမေ့နဲ့နော်။ သူတို့တွေက ရုံးပိတ်ရက်တွေမှာလည်း အလုပ် လုပ်ရတယ်။ ပြီးတော့ သူတို့အားလုံးကို မက်လုံးအဖြစ် နဲ့ ၅ယွမ်ပေးလိုက်ဦး။”

ဖုန်းယွီက လီရှစ်ချင်ကို အသိပေးလိုက်သည်။

“ရုံးပိတ်ရက်တွေကို ထည့်တွက်တာက ဟုတ်ပါပြီ။ ဘာလို့ ငါတို့တွေ သူတို့တွေကို မက်လုံအဖြစ် အပို ထပ်ပေးရမှာလဲ။”

လီရှစ်ချင်က မေးလိုက်သည်။

“အစ်ကိုလီ သူတို့ကို စိတ်တက်ကြွစေရုံပါ။ ဒီလိုနဲ့ သူတို့တွေက နောက်ပိုင်းကျ အလုပ်ကို ပိုကြိုးစားလာမယ်။ သူတို့ရဲ့ အလုပ်က ပင်ပန်းတယ်။”

ဖုန်းယွီက ဖြေလိုက်သည်။

“အလုပ် ပင်ပန်းတာကတော့ အမှန်ပဲ။ ဒီလို အေးတဲ့ ရာသီမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်ရတာကို တကယ်ကို ခက်ခဲတဲ့ အလုပ်ပဲ။ ကောင်းပြီ အစ်ကို မင်းပြောတာတွေကို လုပ်လိုက်မယ်။ အို ဟုတ်သားပဲ။ အစ်ကို မင်းအတွက် ကုတ်အင်္ကျီ တစ်ထည်ဝယ်ထားတယ်။ မင်းရဲ့ ကျောင်းကိုလည်း ပို့ထားတယ်။ နောက်ထပ် နှစ်ရက်နေရင် ရောက်မယ်”

လီရှစ်ချင်က ပြောလိုက်သည်။

“ကျေးဇူးပါ အစ်ကိုလီ။ ကျွန်တော် အစ်မကို ဂရုစိုက်ဦး သူ့ကို အလုပ်များများ မလုပ်ခိုင်းနဲ့။ ကောင်းမွန်တဲ့ ရက်တွေက မကြာခင် ရောက်လာတော့မယ် ဆိုတာကို သူ့ကို အသိပေးလိုက်ဦး။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

သူတို့ နှစ်ယောက်က အချိန်တော်တော်ကြ ပြောလိုက်ခြင်း ဖြစ်သည်။ အဓိကအားဖြင့် ဖုန်းယွွီက အသေးအဖွဲ ကိစ္စများ နှင့် စပ်လျဉ်း၍ လုပ်ရမည့် လုပ်ငန်းစဉ်များကို လီရှစ်ချင်အား ပေးလိုက်ခြင်း ဖြစ်သည်။ ဖုန်းချပြီနောက် ဖုန်းယွီ ပြောလိုက်သည်။ သူ၏ ယောက်ဖက အရာအားလုံးကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်သည်။ သူ့ကို ကောင်းမွန်တဲ့ မိသားစု ဘဝတစ်ခုကို အသေအချာ ပေးရပေမည်။

“ဆရာရှောင်း ဘယ်လောက်ကျလဲ။”

ဆရာရှောင်းက နံရံရှိ နာရီကိုကြည့်လိုက်သည်။ အိုဘုရားရေ။ ဒီဖုန်းခေါ်တာက ၁၆မိနစ်တောင် ရှိတာပဲ။

တစ်မိနစ် ၅ကျောက် ဖြစ်သည့်အတွက် ကုန်ကျငွေက ၈ယွမ် ဖြစ်ပေသည်။ ဒီကလေး ၈ယွမ် ရှိပါ့မလား။

သို့သော် ဆရာရှောင်းက ဖုန်းယွီဆီမှ မယူခဲ့ပါက သူသည် လကုန်တွင် ဖုန်းယွီအတွက်ပါ ပေးရပေမည်။ သူ၏ ချို့တဲ့သည့် လစာက ဖုန်းယွီအတွက် မတက်နိုင်ပေ။ သို့သော် အရာအားလုံးက သူ၏ အမှား ဖြစ်သည်။ သူသာ ဖုန်းယွီ ပြောဆိုနေသည့် အကြောင်းအရာကို စိတ်ဝင်မစားခဲ့ပါက သူသည် ဖုန်းယွီကို အသိပေးခဲ့မှာ ဖြစ်သည်။

“ကလေးလေး။ မင်းကို ဖုန်းမြည်လာရင် ချဖို့ ပြီးတော့ တိုတိုပြောဖို့ ပြောခဲ့တယ်မလား။ ဘာကြောင့် ဖုန်းကို ဒီလောက်အကြာကြီး ပြောရတာလဲ။ စုစုပေါင်း ၈ယွမ်ကျတယ်။ ပြန်ပြီးတော့ မင်းရဲ့ မိဘတွေကို ဒီအကြောင်းကို ပြောဦးမလား။”

ဆရာရှောင်းက သုန်မှုန်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

၈ယွွမ်သည် နည်းပါးသည့် ငွေပမာဏ မဟုတ်ပေ။ ကလေး၏ မိသားစုသာ သူသည် ဖုန်းခေါ်ပြီး ငွေ ဖြန်းသည်ကို သိလျှင် သူတို့ သူ့ကို ပိုက်ဆံ ပေးလိမ့်မည်လော။

ဆရာရှောင်းသည် ဖုန်းယွီဆီမှ ကောင်းပြီဆိုသည် စကားကို လုံးဝ မမျှော်လင့်ခဲ့ပေ။ ပြီးနောက် ဖုန်းယွီက သူ့ဆီ ၁၀ယွမ်ပေးလိုက်သည်။

“ဆရာရှောင်း။ ဆရာရှောင်း။ ကျွန်တော်ရဲ့ ပြန်အမ်းငွေကော”
ဖုန်းယွီက မေးလိုက်သည်။

“ဒီပိုက်ဆံတွေက ထမင်းစားလက်မှတ် ဝယ်ဖို့အတွက် မဟုတ်လား။ မင်း တကယ်လို ဒီပိုက်ဆံတွေကို မင်းငါ့ကို ပေးရင် မင်းဘာနဲ့ ထမင်းသွားစားမှာလဲ။”

ဆရာရှောင်းက ဖုန်းယွီကီု မေးလိုက်သည်။

ဖုန်းယွီသည် သူ့အိပ်ကပ်ထဲမှ ထမင်းစား လက်မှတ် အထုပ်လိုက်ကို ထုတ်လိုက်ပြီး ဆရာရှောင်းကို ပြကာ ပြောလိုက်သည်။

“ကျွန်တော်ရဲ့ ထမင်းစားလက်မှတ်တွေ အကုန်လုံးက ဒီမှာ။ ကျွန်တော် တစ်လစာအတွက်ကောင်းကောင်း လောက်တယ်။”

ဆရာရှောင်းသည် အလွန်အံ့ဩသွားသည့် အတွက် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့သည်။ ကလေးရဲ့ မိသားစုက ဘယ်လောက်တောင် ချမ်းသာလို့ သူ့ကို ဒီလောက်အထိ ဖြုန်းခိုင်းရတာလဲ။ ဒီကလေး ဝတ်ထားတာတော့ သာမန် အဝတ်အစားတွေပါပဲ။ ပြီးတော့ ဘာမှ ထူးခြားနေတာ မရှိဘူး။ ဘာကြောင့် သူ ဒီလို နည်းလမ်းနဲ့ ပိုက်ဆံ ဖြုန်းနေရတာလဲ။

ဆရာရှောင်း၏ အလွန်သိချင်စိတ် ပြင်းထန်နေသည့် မျက်နှာဖြစ်သွားကာ

“မင်း ဒီပိုက်ဆံတွေကို အိမ်က ခိုးလာတာလား။”

ဖုန်းယွီက အဆင်မပြေ ဖြစ်သွားခဲသည်။ ဆရာက သူ့အပေါ် အရမ်းတာဝန် ရှိနေခြင်းက ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ပေ။ အရာရာတိုင်းတွက် သူ့ကို သံသယ ရှိနေသည်။

“ဆရာ ကျွန်တော် မိဘတွေက ဒီပိုက်ဆံတွေိကို သုံးဖို့အတွက် ပေးထားတာ။ ကျွန်တော်တို့မှာ မြင်းကောင်ရေ ၅၅အားရှိတဲ့ ထွန်စက်နဲ့ ၅၁၂သီးနှံ ချွေစက်ရှိတယ်။ အဲ့တာတွေကနေ ကျွန်တော်တို့ ပိုက်ဆံ အနည်းငယ်ရတယ်။”

ဖုန်းယွီက သူ၏ မိသားစုသည် အလွန်အမင်း ချမ်းသာသည့် အမူအရာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

ဆရာရှောင်းက သက်ပြင်းချသွားသည်။ ထို့ကြောင့် ဒီပိုက်ဆံများက သူ့ကို အိမ်မှ ပေးလိုက်ခြင်း ဖြစ်သည်။ ထိုခေတ်က မြင်းကောင်ရေ ၅၅အားရှိ ထွန်စက်နပိုက်ဆိုင်ခြင်းသည် ပိုက်ဆံ အမြောက်အမြား ရနိုင်တာ ဖြစ်သည်။ ပြီးလျှင် ၅၁၂သီးနှံချွေစက်က ယွမ် သောင်းပေါင်းများစွာ ရစေသည်။

“ဟုတ်ပြီ။ ဒါပေမဲ့ မင်းရဲ ပိုက်ဆံတွေကို ဒီလို နည်းနဲ့ မဖြန်းနဲ့နော်။ ဒီလိုမျိုး ဖုန်းအကြာကြီး မပြောနဲ့တော့။ ဒီမယ် မင်းရဲ့ ပြန်အမ်းငွေ ၂ယွမ်ပြီးတော့ မင်းရဲ့ အိပ်ဆောင်ကို မြန်မြန်ပြန်တော့။”

ဆရာရှောင်းက ပြောလိုက်သည်။ ဒီပိုက်ဆံ ဘယ်ကနေ ရသနည်း။ သေချာသည်က ယခုပိုက်ဆံတွေက သက်မွေးပညာကျောင်းသား သုံးယောက်ဆီကနေ ရတဲ့ ပိုက်ဆံတွေ။ ဖုန်းယွီသည် အိမ်က ပေးသည့် ပိုက်ဆံများကို ထမင်းစား လက်မှတ်ဝယ်ဖို့အတွက် သုံးခဲ့ပြီး ဖြစ်သည်။

ဖုန်းယွီသည် ဟောသွန်းသီးယိုအနည်းငယ်(ယိုဖောက်ထားသည့် သီးနှံတစ်မျိုး)နှင့် ယုန်ဖြူကြီး တံဆိပ် ချိုချဉ်ကို သူအိပ်ကပ်ထဲမှ ထုတ်လိုက်ပြီး ဆရာရှောင်းကို သူ့အတွက် စိုးရိမ်ပူပန်ပေးသည့် အတွက် ကျေးဇူးတင်သည့် အနေဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။

ဆရာရှောင်းက ထိုသရေစာများနှင့် ချိုချဉ်များကို သိမ်းလိုက်သည်။ သူသည် အိမ်ကို ပြန်သည့်အခါ ကလေးများအတွက် ယူသွားရန် ဖြစ်သည်။

ဖုန်းယွီသည် အိပ်ဆောင်ကို ပြန်မသွားပဲ။ စာသင်ခန်းကို ကိုယ်တိုင် စာလေ့လာရန်အတွက် သွားလိုက်သည်။ ထိုခေတ်တွင် ညနေခင်းတွင် ကိုယ်တိုင် စာလေ့လာခြင်းက ကိုယ့် သဘောဆန္ဒ အတိုင်း ဖြစ်သည်။ အထက်တန်းကျောင်းကို တက်ချင်သည့် ကျောင်းသား အများစုကသာ ကြိုးစားပြီး ကိုယ်ပိုင်စာလေ့လာကြတာ ဖြစ်သည်။ သက်မွေးပညာကျောင်းကို သွားချင်သည့် ကျောင်းသားများကတော့ အိပ်ဆောင်တွင် ပေါ်ကာရိုက် ဒါမှမဟုတ် အပြင်ကို သွားကြသည်။

“လီန ဒီမေးခွန်းတွေကို ဘယ်လို တွက်လိုက်တာလဲ။ မင်းငါ့ကို သင်ပြပေးနိုင်မလား။”

ဖုန်းယွီက မေးလိုက်သည်။

လီနက ဖုန်းယွီကို ကြည့်လိုက်ပြီးနောက်

“နင် မနက်တုန်းက ပါရမီရှစ်တစ်ယောက်လို အကုန်လုံး သိနေပြီး နေ့လည်ကတော့ ဘာကြောင့် မသိတာလဲ။ ဘာကြောင့် ငါ့ဆီ စာလာမေးနေရတာလဲ။”

မိန်းမလေး၏ မနက်ကတည်းက မကျေမချမ်းမှုက သူ့ထံတွင် ရှိနေဆဲ ဖြစ်သည်။ သို့သော် ဖုန်းယွီတွင် သတ်ကွက်က ရှိနေသည်။ သူသည် သူ၏ သရေစာများကို စားပွဲပေါ်တွင် တင်လိုက်သည်။

“ငါက ရုရှားဘာသာ မှာတော်ပေမဲ့ တခြား ဘာသာတွေမှာတော့ မတော်ဘူး။ ငါမင်းကို ဒီ ယုန်ဖြူကြီး ချိုချဉ် ဒါမှမဟုတ် ဟောသွန်းသီးယိုထုတ်တစ်ထုတ်ကို မေးခွန်းတစ်ခုအတွက် ပေးမယ်လေ။”

သူသည် “one piece of clothing for one stack of cash! I have nothing else expect for money”ဇာတ်ကားမှ အဏာရှင်များကဲသို့ ပြုမူ ပြောဆိုလိုက်သည်။

လီနသည် ယုန်ဖြူကြီးချိုချဉ်ကို ကြည့်ပြီး အလျော့မပေးသည့် လေသံဖြင့်

“ငါကို ဒါတွေနဲ့ လာဘ်ထိုးဖို့ မကြိုးစားနဲ့”

ဖုန်းယွီက ရယ်မောပြီး ကိုယ့်ကိုယ်ကို ရယ်မောကာ

“မင်း သားရည်ကျနေတာကို ငါအသေအချာ မြင်နေရတယ်။”

“ဘာကြောင့် ဒါက လာဘ်ထိုးတာ ဖြစ်နိုင်ရမှာလဲ။ ဒါက အတန်းဖော်နှစ်ယောက်ကြား ခင်မင်မှုပဲ။ မင်းက ငါ့မသိတဲ့ မေးခွန်းတွေ ဖြေဖို့ ကူညီပေးလေ။ ငါက ငါ့ရဲ့ မုန့်တွေကို မင်းနဲ့ အတူ မျှဝေစားမယ်။ ဒါက ခင်မင်မှုပဲ”

ဖုန်းယွီက ငြင်းခုန်လိုက်သည်။

“ကောင်းပြီ။ အဲ့တာက အဲ့အတွက်ဆိုရင်တော့ နင်ဘယ်မေးခွန်းကို နားမလည်တာလဲ။ ဒီကို ပြခဲ့ ငါတစ်ချက် လောက်ကြည့်ပေးမယ်။”
မေးခွန်းကို မကြည့်ခင် လီနက ယုန်ဖြူကြီး ချိုချဉ်ကို ဖြေကာ ပါးစပ်ထဲ ထည့်လိုက်ပြီး ပျော်ရွှင်သွားတော့၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset