အခန်း၂၉ လက်တွဲဆောင်ရွက်ခြင်း
အတန်းထဲသို့ ရောက်သည့်အချိန်တွင် ကျွန်တော် အနည်းငယ် မသက်မသာခံစားနေရသည်။ လူသတ်ဂိမ်းက အဆုံးမသတ်သေးဘဲ ဘယ်သူက နောက်ထပ်သားကောင်ဖြစ်မှန်းမသိရသေးပေ။ ကျွန်တော်တို့မှ လွဲပြီး ကျန်သည့်ငါးယောက်က လူသတ်သမားဖြစ်နိုင်သည်။
ဒီတော့ အကုန်လုံးက စိတ်ရှည်နေကြပြီး အတန်းထဲရှိသူများကလည်း ကျွန်တော်တို့အား ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြသည်။
မော့ကျင်းယွီက ကျွန်တော့်ရင်ခွင်ထဲသို့ ကြောက်လန့်တကြားဖြင့် ဝင်နေနေသည်။
သူမ အလွန်ကြောက်ရွံ့နေသည်ကို မြင်နိုင်ပေသည်။ ခုနက ကျွန်တော် သူမကို မကယ်လျှင် သူမကို ယင်းရန်က သတ်ပြီးနေလောက်ပြီဖြစ်သည်။ အခုအချိန်အထိ ယင်းရန်က သူမကို ခက်ထန်သည့်အကြည့်များဖြင့် ကြည့်နေသေးဆဲဖြစ်သည်။
“မကြောက်နဲ့။ သူ နင့်ကို အတန်းထဲမှာ ဘာမှမလုပ်ရဲဘူး။”
ကျွန်တော် မော့ကျင်းယွီအား ကြည့်လိုက်ကာ ပြောလိုက်သည်။
“အင်းပါ။”
မော့ကျင်းယွီက ထိုသို့ပြောသော်ငြား သူမက ကျွန်တော့် လက်မောင်းကို ဖက်ထားဆဲဖြစ်သည်။ သူမကို နှစ်သိမ့်ပေးရင်း ကျွန်တော် ယင်းရန်ကိုလည်း စောင့်ကြည့်နေသည်။
ယင်းရန်က အမှန်တကယ်ပင် အန္တရာယ်များသည့်သူပင်ဖြစ်ပြီး သူမ အန္တရာယ် ပေးနိုင်ခြေက အလွန်မြင့်မားသည်။ ကျွန်တော် သူမကို ဂရုစိုက်ရမည်ဖြစ်သည်။ မဟုတ်လျှင် မော့ကျင်းယွီက သူမလက်ထဲတွင် သေသွားနိုင်ခြေများသည်။
ကျောင်းဆင်းသည်အထိ မော့ကျင်းယွီက ကျွန်တော့်လက်ကို ဖက်ထားကာ ကျွန်တော် အခြေအနေကို သေချာစောင့်ကြည့်နေရသည်။
သူမကိုကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် စိတ်မကောင်းဖြစ်မိသော်ငြား သူမ ကျွန်တော့်ကို ဖက်ထားတာက ကျွန်တော့်အတွက်မူ ကောင်းသည့်အရာဖြစ်သည်။ ကျောင်းဆင်းသည့်အချိန်တွင် မော့ကျင်းယွီက ပစ္စည်းများသိမ်းကာ ကျွန်တော်တို့ ကျောင်းဂိတ်ဝဆီသို့ အတူ သွားခဲ့ကြသည်။
လမ်းတစ်လျှောက် ကျွန်တော် ပတ်ဝန်းကျင်ကို သေချာ အကဲခတ်နေရပြီး မည်သူ့ကိုမှ အနားသို့ အကပ်မခံပေ။ ဒီအချိန်မျိုးက တစ်ခုခုဖြစ်နိုင်ချေများသည်။
ကျွန်တော် လမ်းတစ်လျှောက် တွေးနေစဉ် ရုတ်တရက် ကောင်လေးတစ်ယောက်က အနားသို့ ဖြေးဖြေးချင်းကပ်လာသည်။ သူက ချောင်ရွှေ့ဖြစ်သည်။ သူက ချောင်ဟူ၏ဝမ်းကွဲဖြစ်ပြီး အတန်းထဲသို့ အကျင့်ကောင်းသည့်သူတစ်ဦးမဟုတ်ပေ။
သူ လျှောက်လာတာကို မြင်သည်နှင့် ကျွန်တော် သူ့အား အာရုံစိုက်ကြည့်နေလိုက်သည်။ မော့ကျင်းယွီ၏လက်ကို ဆုပ်ကိုင်ထားပြီးနောက် ကျွန်တော် အမြန်ထွက်ပြေးဖိုးကြိုးစားခဲ့သည်။
သို့သော် ကျွန်တော်တို့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချောင်ရွှေ့က ရုတ်တရက် သူ့လက်ထဲတွင် ချွန်ထက်သည့်ဓားမြှောင်တစ်ချောင်းကိုင်ကာ ပြေးလာခဲ့သည်။
ဒါကိုမြင်သည်နှင့် ကျွန်တော် ကြောက်လန့်တကြားဖြင့် အမြန်အော်ပြောလိုက်သည်။
“ပြေး။”
ပြီးနောက် ကျွန်တော် မော့ကျင်းယွီ၏လက်ကို ဆွဲကာ အမြန်ပြေးတော့သည်။ သို့သော် ချောင်ရွှေ့က အနောက်မှ ပြေးလိုက်လာသည်။ သူ ကျွန်တော်တို့အား လွှတ်ပေးမည့်ပုံမပေါ်ပေ။
ဒီအချိန်တွင် ကျွန်တော် ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်ပြီး မော့ကျင်းယွီကို ပြောလိုက်သည်။
“နင်အရင်သွားနှင့် ငါဒီမှာ သူ့ကိုတားထားမယ်။”
“အင်း။”
မော့ကျင်းယွီက စိုးရိမ်စွာဖြင့် ကျွန်တော့်ကို ကြည့်ပြီးနောက် သေရမှာကို ကြောက်သည့်အတွက် အမြန်ပြေးထွက်သွားတော့သည်။
မော့ကျင်းယွီထွက်သွားတာကိုကြည့်ပြီးနောက် ကျွန်တော် ချောင်ရွှေ့ကို အေးစက်စွာဖြင့်ပြောလိုက်သည်။
“မင်း မော့ကျင်းယွီကို သတ်ဖို့ ကြိုးစားနေတာလား။”
“ဒါပေါ့။ မင်း အဲဒါကို မသိလောက်သေးဘူး။ သူမက ငါတို့ရဲ့ စတေးခံအဖြစ် အရွေးခံထားရတယ်။”
ချောင်ရွှေ့က ကျွန်တော့်အားကြည့်ကာပြောလိုက်သည်။
“စတေးခံဟုတ်လား။ မင်းဘာကိုဆိုလိုတာလဲ။”
ကျွန်တော် ချောင်ရွှေ့ကို ကြည့်ပြီးမေးလိုက်သည်။
“ဒီလူသတ်ဂိမ်းက ဂိမ်းမပြီးခင် လူနှစ်ယောက်သတ်ရမှာ။ မဟုတ်ရင် ငါတို့ရှစ်ယောက်လုံးသေမှာ။ ဒီတော့ ငါတို့ အကုန်လုံးအသက်ရှင်ဖို့ လူတချို့ကို စတေးရမှာ။”
ချောင်ရွှေ့က ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။
“ဒီနည်းနဲ့ ဟယ်ဝမ်ရဲ့ သေဆုံးမှုက စတေးခံဖြစ်လာတာလား။”
ကျွန်တော် မေးလိုက်သည်။
“ဟုတ်တယ်။ နောက်တစ်ယောက်က မော့ကျင်းယွီပဲ။ ဒါပေမဲ့ ဆိုးတာက မင်း သူ့ကို ကာကွယ်နေတယ်ဆိုတေ့ မင်းသူ့နေရာမှာ အစားထိုးလို့ရတယ်။”
ချောင်ရွှေ့က ပြောပြီးသည်နှင့် သူ့လက်ထဲမှဓားမြှောင်နှင့် ပြေးဝင်လာတော့သည်။
“မင်း ရူးနေတာပဲ။ ဒီမှာ လူတွေအများကြီးရှိနေတာကို မင်းငါ့ကို ဒီမှာ သတ်မှာပေါ့။ မင်းထောင်ကျမှာ မကြောက်ဘူးလား။”
ကျွန်တော် ချောင်ရွှေ့ကို ကြည့်ကာအော်ပြောလိုက်သည်။ ကျွန်တော့်အသံက လူတော်တော်များများ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီး လူတော်တော်များများက ကျွန်တော်တို့အား ကြည့်လာကြသည်။
ချောင်ရွှေ့က တုံ့ဆိုင်းသွားပြီးနောက် အော်ပြောလိုက်သည်။
“အတိုချုံးပြောရရင် ငါတို့ထဲက တချို့က သေရမှာ။ ပြီးတော့ အကုန်လုံးပြီးသွားမှာ။ လူအများစု အသက်ရှင်ဖို့အတွက် ငါတို့ လူနည်းနည်းလေးကိုတောင် စတေးရမှာပဲ။”
ပြောပြီးသည်နှင့် သူက ထွက်သွားခဲ့သည်။ ကျွန်တော် သူပြောသည်ကိုကြားသည့်အချိန်တွင် ကျွန်တော့်ရင်ထဲတွင် အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ ပြီးနောက် ကျွန်တော် ထွက်လာခဲ့သည်။
ကျွန်တော် ထွက်လာပြီးသည်နှင့် မော့ကျင်းယွီက ဖုန်းဆက်လာသည်။ သူမ၏ ဖုန်းကိုကိုင်လိုက်ပြီးနောက် မော့ကျင်းယွီက အမြန်မေးလာသည်။
“နင်အဆင်ပြေရဲ့လား။”
“ငါ အဆင်ပြေပါတယ်။ နင်အခုဘယ်မှာလဲ။”
ကျွန်တော်မေးလိုက်သည်။
မော့ကျင်းယွီက အမြန်ပင် သူမ ရှိနေသည့်နေရာကို ပြောပြီးနောက် ကျွန်တော် သူမဆီသို့ ပြေးသွားခဲ့သည်။ ကျွန်တော့်ကို တွေ့သည်နှင့် မော့ကျင်းယွီက ကျွန်တော့်ရင်ထဲသို့ ပြေးဝင်လာပြီးနောက် ကြောက်လန့်တကြားဖြင်းပြောလိုက်သည်။
“တော်သေးတယ်။ နင်ဘာမှမဖြစ်လို့။ ငါ နင့်ကို သေပြီလို့တောင် ထင်ထားတာ။”
“ချောင်ရွှေ့က ငါ့ကို မသတ်ရဲဘူး။ ဒါပေမဲ့ အခု ပြဿနာက နင်ဖြစ်နေတာ။”
ကျွန်တော်သူမကို စတေးခံအကြောင်းအမြန်ပြောလိုက်သည်။ ကျွန်တော့်စကားများကို နားထောင်ပြီးနောက် မော့ကျင်းယွီက အမြန်ပြောလိုက်သည်။
“သူတို့က ငါ့ကို သူတို့ အသက်ရှင်ဖို့အတွက် စတေးကြမှာပေါ့ဟုတ်လား။”
“ဒါကလည်း အမှန်ပဲ။ တစ်ယောက်ယောက်က စတေးခံရမှာပဲလေ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
“နင် ဘာကိုဆိုလိုတာလဲ။ ငါ မသေချင်ဘူး။”
မော့ကျင်းယွီက တစ်ကိုယ်လုံးတုန်ရင်နေသည်။ ကျွန်တော် သူမကို ဖက်လိုက်ပြီးနောက် သိမ်မွေ့စွာပြောလိုက်သည်။
“နင် စိတ်အေးလက်အေးနေလို့ရပါတယ်။ နင် မသေပါဘူး။ ငါ နင့်ကို ကယ်မှာပါ။”
“အင်းပါ။ ငါ ဒီနေ့ အိမ်မပြန်ချင်ဘူး။ ဟော်တယ်မှာ အခန်းတစ်ခန်းလောက် ငှားကြရအောင်။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်ကာ လေးနက်စွာပြောလိုက်သည်။
ကျွန်တော် အလွန်စိတ်လှုပ်ရှားသွားပြီး မော့ကျင်းယွီကို ခေါင်းညိတ်ပြလိုက်ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ပြီးနောက် ကျွန်တော်တို့ စားသောက်ဆိုင်ကို အတူသွားပြီးနောက် ဟော်တယ်သို့ ရောက်လာကြသည်။ လမ်းတစ်လျှောက် မော့ကျင်းယွီက ခေါင်းငုံ့ထားပြီးနောက် သူမ၏ ပါးများက နီနေသည်။ ကျွန်တော် သူမကို အခန်းထဲသို့ ခေါ်လာသည့်အချိန်တွင် သူမက ကျွန်တော့်အားကြည့်လိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
“နင် ညင်ညင်သာသာလေး လုပ်ပေးနိုင်မလား။”
“စိတ်လျော့ထား။ ငါ ပိုပြီးဂရုစိုက်ပါ့မယ်။”
ကျွန်တော် ပြောပြီးသည်နှင့် သူမ၏ အဝတ်များကို ညင်သာစွာ စ၍ချွတ်တော့သည်။
မော့ကျင်းယွီက မျက်စိတ်မှိတ်ထားပြီးနောက် သူမ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ရင်နေသည်။ သူမ ခေါင်းပင် မဖော်တော့ပေ။
ကျွန်တော် သူမ၏ အောက်ခံကို ချွတ်တော့မည့်အချိန်တွင် သူမက ကျွန်တော့်လက်မောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီးနောက် ကြည့်လိုက်သည်။
“မကြောက်ပါနဲ့။ ငါ ဒါကို ဘယ်လိုလုပ်ရမလဲ သိပါတယ်။”
ကျွန်တော် သူမကိုကြည့်ပြီးပြောလိုက်သည်။
“ဒါပေမဲ့ ငါ အရမ်းကြောက်နေတယ်။ ဒီတော့ ငါတို့ မလုပ်ပဲနေကြရအောင်။”
မော့ကျင်းယွီက တိုးတိုးပြောခဲ့သည်။
ကျွန်တော် သူမ ပြောသည်ကို ကြားသည့်အချိန်တွင် ခဏတာ ကြက်သေသေသွားသည်။ ကျွန်တော် သူမကို နားမလည်နိုင်သည့်အကြည့်ဖြင့်ကြည့်ခဲ့သည်။ ခဏအကြာတွင် သူမ အိပ်ပျော်သွားခဲ့သည်။
ဒီတော့ ကျွန်တော် ဒီညအဖို့ သူမကို ဖက်ကာအိပ်ခဲ့သည်။ ကျွန်တော် ဒီညတွင် အိပ်မပျော်နိုင်ဖြစ်နေသော်ငြား မော့ကျင်းယွီကမူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
နောက်တစ်နေ့ ဟော်တယ်မှ ထွက်လာသည့်အချိန်တွင် ကျွန်တော်တို့ကြားမှ ဆက်ဆံရေးက တစ်ဆင့်ပိုနီးကပ်လာသည့်ပုံပင်။ ကျွန်တော်တို့က အသစ်စက်စက်လက်ထပ်ထားသည့် စုံတွဲတစ်တွဲကဲ့သို့ ထင်ရသည်။
ကျွန်တော် အတန်းထဲသို့ ပြန်ရောက်လာသည့်အချိန် လူတော်တော်များများက ကျွန်တော့်အားကြည့်နေသည်။ ကျွန်တော် ထိုအကြည့်များအား လျစ်လျူရှူပြီးနောက် မော့ကျင်းယွီနှင့် အတူထိုင်လိုက်သည်။
“ဟေ့ ဆရာသမား မင်းကြည့်ရတာ တက်ကြွနေတဲ့ပုံပဲ။”
ကျောက်ဖန်းယွီက ကျွန်တော့်အား စလိုက်သည်။
“အေးပါ။ ငါ့ကိုပြောစရာရှိတာသာ ပြောစမ်းပါ။”
ကျွန်တော် သူ့အားပြောလိုက်သည်။
“အခု လက်ရှိမှာ လူသတ်ဂိမ်းက မပြီးသေးဘူး။ နောက်ရက်ကြမှ ဒီကိစ္စကပြီးမှာ။”
ကျောက်ဖန်းယွီကပြောလိုက်သည်။
“ဟုတ်တယ်။ အကုန်လုံး အဆင်ပြေပြေနဲ့ ပြီးသွားပါစေလို့ ငါမျှော်လင့်တာပဲ။”
“အင်း။ ဒါပေမဲ့ မင်း ဂရုစိုက်ရမယ်။ ငါ ချောင်ရွှေ့နဲ့ တခြားသူတွေ တစ်ခုခုကြံနေတာကို တွေ့တယ်။”
ကျောက်ဖန်းယွီက သတိပေးသည်။
“အေးပါ။ ငါဂရုစိုက်ပါ့မယ်။”
ကျွန်တော် ပြောပြီးသည်နှင့် မော့ကျင်းယွီနှင့်ဆက်ပြီး တီတီတာတာပြောနေတော့သည်။
ဒီမနက် ကျွန်တော် မော့ကျင်းယွီကို ဂရုတစိုက်ဖြင့် ကာကွယ်ပေးနေသောကြောင့် ချောင်ရွှေ့နှင့် ယင်းရန်တို့က မော့ကျင်းယွီကို ထိခိုက်အောင် ပြုလုပ်မှာမဟုတ်ပေ။ သို့သော် ဂိမ်းပြီးဆုံးချိန်သို့ နီးကပ်လာသည်နှင့် ကျွန်တော် စိုးရိမ်လာသည်။
လူသတ်ဂိမ်းက လူနှစ်ယောက်သေဆုံးခြင်းနှင့် အဆုံးသတ်ရမှာဖြစ်ပြီး အကယ်၍ သေဆုံးသည့်သူက နှစ်ယောက်ထက် နည်းနေလျှင် ဂိမ်းထဲရှိ လူတိုင်းက သေရမှာဖြစ်သည်။
ယခု တစ်ယောက်နေသေပြီးပြီဖြစ်သောကြောင့် တစ်ယောက်ပဲ သေစရာလိုတော့သည်။
ကျွန်တော်တို့ထဲမှ တစ်ယောက်က နောက်ထပ်သားကောင်ဖြစ်မှာဖြစ်သည်။ ယခု မည်သူမှ မသတ်ကြသောကြောင့် ရလာဒ်က အကုန်သေဖို့သာရှိသည်။
ကျွန်တော် တစ်ယောက်ယောက်ကို သတ်ရမည်လား။
သို့သော် ကျွန်တော် ထိုအန္တရာယ်များသည့် အတွေးကို အမြန်ပင်ဘေးဖယ်ထားလိုက်သည်။ ကျွန်တော် လူမသတ်ချင်ပေ။ ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်ချင်စိတ်ရှိသည်။ သို့သော် အချိန်က နီးကပ်လာသည့်အတွက် တစ်ခုခုလုပ်ရန် ကျွန်တော် တွေးရတော့မှာဖြစ်သည်။
ကျွန်တော် တွေးနေတုန်းမှာပင် မနက်ခင်းအတန်းက ပြီးသွားပြီဖြစ်သည်။ ကျွန်တော် မော့ကျင်းယွီ၏လက်ကို ကိုင်လိုက်ပြီးနောက် အတန်းထဲမှ ထွက်သွားချင်ခဲ့သည်။ ဒီအချိန်တွင် တစ်ယောက်ယောက်က ကျွန်တော့်အားလာတားသည်။
ဒီလူက လျိုရင်းဖြစ်သည်။ သူမ ကျွန်တော့်အားလာတားသည့်အချိန်တွင် ကျွန်တော် တုံ့ဆိုင်းသွားသည်။ ပြီးနောက် ကျွန်တော် သူမကိုကြည့်လိုက်ကာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ။”
လျိုရင်းက ကျွန်တော့်အားကြည့်လိုက်ပြီးနောက်ပြောလိုက်သည်။
“ငါနင်နဲ့ ပူးပေါင်းချင်လို့။”
“ပူးပေါင်းချင်လို့ဟုတ်လား။ ဘာအတွက်လဲ။”
ကျွန်တော် သူမကိုမေးလိုက်သည်။
“ချောင်ရွှေ့ကိုသတ်ဖို့အတွက် ငါနင်နဲ့ ပူးပေါင်းချင်တာ။”
လျိုရင်းကပြောသည်။
“ချောင်ရွှေ့ကိုသတ်မှာ ဟုတ်လား။ ဘာလို့လဲ။”
ကျွန်တော် အံ့အားသင့်သွားပြီးနောက် သူမကို မေးလိုက်သည်။
“ဒီလိုဆိုတော့ ဒီကိစ္စကို တခြားနေရာမှာ သွားဆွေးနွေးရအောင်။”
ပြီးနောက် လျိုရင်းနှင့် ကျွန်တော်တို့ လူရှင်းသည့်နေရာတစ်နေရာသိူ့ ထွက်လာကြသည်။ ဒီအချိန်တွင် လျိုရင်းကပြောသည်။
“ငါ နင့်ကို တကယ်အားကျတယ် မော့ကျင်းယွီ။ နင့်မှာ အကာအကွယ်ရှိတယ်။”
“နင်ဘာလို့ အဲ့လိုပြောတာလဲ။”
မော့ကျင်းယွီက သူမကိုကြည့်ပြီးနောက် မေးလိုက်သည်။
“အမှန်အတိုင်းပြောရရင် ငါ့ကို ချောင်ရွှေ့က ငါ့ကို မုဒိန်းကျင့်ခဲ့တယ်။”
ဒီအကြောင်းကိုပြောသည်နှင့် သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုက ထွက်ပေါ်လာသည်။
ကျွန်တော် သူမကိုကြည့်လိုက်ပြီးနောက် မေးခဲ့သည်။
“ဘာပြောတယ်။”
“ဟယ်ဝမ်ကိုသတ်တာ ချောင်ရွှေ့ပဲ။ သူ ငါ့ကို တွေ့သွားတဲ့အချိန်မှာ သူ ငါ့ကို ခြိမ်းခြောက်ခဲ့ပြီးတော့ တကယ်လို့ ငါ သူနဲ့ မအိပ်ရင် ငါ့ကို သတ်မယ်တဲ့။ ဒီတော့ ငါ သူနဲ့ အတူအိပ်ခဲ့ရတယ်။
ပြောပြီးသည်နှင့် လျိုရင်း၏မျက်နှာက မကျေနပ်သည့်ပုံဖြစ်ပေါ်လာသည်။
သူမက ကျွန်တော့်အား ဒေါသတကြီးပြောလိုက်သည်။
“မနေ့က သူ ငါ့ကို တစ်ညလုံးနှိပ်စက်ခဲ့ပြီးတော့ ငါ့တစ်ကိုယ်လုံး အမာရွတ်တွေနဲ့ ပြည့်နေပြီ။”
“သူ ဒီလိုလုပ်လိမ့်မယ်လို့ ငါ ထင်မထားဘူး။”
ကျွန်တော် ခက်ထန်စွာဖြင့်ပြောလိုက်သည်။
“အဲဒါ ငါ့ကိုတင်မဟုတ်ဘူး။ ယင်းရန်ကိုလည်း အဲ့လိုပဲ။ သူက ယင်းရန်ကိုလည်း တွေ့သွားပြီးတော့ သူမကို ခြိမ်းခြောက်ခဲ့တယ်။”
လျိုရင်းကပြောခဲ့သည်။
ဒါကိုကြားသည့်အချိန်တွင် ကျွန်တော် ပို၍တောင် အံ့အားသင့်သွားသည်။ ချောင်ရွှေ့က ဤကဲ့သို့ တိရိစ္ဆာန်မှန်းမသိပေ။ သူက လူသတ်ဂိမ်းကို အမှန်တကယ်ပင် အခွင့်အရေးဖြင့် အသုံးချနေတာဖြစ်သည်။ ဒီမိန်းကလေးများ၏ သေခြင်းတရားအားကြောက်ရွံ့မှုကို အခွင့်ကောင်းယူကာ သူမတို့ကို ခြယ်လှယ်နေတာဖြစ်သည်။
“ချောင်ရွှေ့ကပြောတယ်။ ငါတို့ သူ့အမိန့်ကို နာခံနေသ၍ ငါတို့ကို မသတ်ဘူးတဲ့။ သူက တခြားသူတွေနဲ့ ဆွေးနွေးပြီးပြီ။ မော့ကျင်းက ငါတို့ရဲ့ နောက်ထပ် ပစ်မှတ်ပဲ။”
လျိုရင်းကပြောသည်။
“အဲဒါက အဲ့လောက်ရိုးရှင်းမှာမဟုတ်ဘူး။”
ကျွန်တော် အံကြိတ်လိုက်သည်။
“ချောင်ရွှေ့က တခြားသူတွေကိုလည်း စည်းရုံးပြီးပြီ။ သူတို့က နင့်ရဲ့ကောင်မလေးကို သတ်တော့မှာ။ ဒီတော့ နင်ငါ့နဲ့ ပူးပေါင်းသင့်တယ်။ ငါတို့ အတူတူဆိုရင် ချောင်ရွှေ့ကို သတ်လို့ရတယ်။”
လျိုရင်းကပြောလိုက်သည်။