အခန်း၂၈ ဘယ်သူက လူသတ်သမားလဲ
အတန်းထဲသို့ ပြန်လာပြီးနောက် မော့ကျင်းယွီ၏မျက်နှာက အလွန်ဆိုးရွားနေသည်။ လူတစ်ယောက်သေသွားသည့်အတွက် သူမ ထိုကဲ့သို့ဖြစ်နေသည်က မဆန်းပေ။ ပြီးနောက် သေသွားသည့်သူက အတန်းဖော်ဖြစ်နေသည်။ သူမက နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်လာနိုင်ချေများသည်။
“ဘယ်သူကလူသတ်သမားလို့ နင်ထင်လဲ။”
မော့ကျင်းယွီက တုန်ယင်စွာဖြင့်ပြောလိုက်သည်။
“ငါက လူသတ်သမားပဲ။”
ကျွန်တော် ကျွန်တော့်ကိုယ်ကျွန်တော် လက်ညိုးထိုးပြလိုက်ပြီးနောက် အေးစက်စွာဖြင့်ပြောလိုက်သည်။
“လာမစစမ်းနဲ့ဟာ။”
မော့ကျင်းယွီက ကျွန်တော့်အားတွန်းလိုက်ပြီးနောက် ဒေါသတကြီးပြောလိုက်သည်။
“ငါ တကယ်ကြောက်သွားတာ နင်သိရဲ့လား။”
“လူသတ်သမားက ငါတို့ ခုနစ်ယောက်ထဲက တစ်ယောက်ပဲဖြစ်ရမယ်။ နင်နဲ့ငါ့ကို ဖယ်ထားလိုက်ရင် လူသတ်သမားက ကျန်တဲ့ ငါးယောက်ထဲကပဲ။”
ကျွန်တော် မော့ကျင်းယွီအားကြည့်လိုက်ပြီးနောက် လေးနက်စွာပြောလိုက်သည်။
“သူတို့တွေက ယင်းရန်၊ လျိုရင်း၊ ရဲ့လင်းယွမ်၊ ချောင်ရွှေ့နဲ့ လီဒဲတို့ပဲ။”
“ငါးယောက်ထဲက ယင်းရန်နဲ့ လျိုရင်းတို့က ကောင်မလေးတွေဆိုတော့ သူတို့က ဒါကိုလုပ်ဖို့ သတ္တိမရှိလောက်ဘူး။ ကျန်တဲ့သူတွေက ရဲ့လင်းယွမ်၊ ချောင်ရွှေ့နဲ့ လီဒဲတို့ပဲ။”
“ဒါဆိုရင် ငါ သူတို့သုံးယောက်ဆီကနေ ပုန်းရမှာပေါ့။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ နင် တခြားနှစ်ယောက်ကိုလည်း လျစ်လျူရှုထားလို့မရဘူး။ သူတို့နှစ်ယောက်ကလည်း လူသတ်သမားဖြစ်နေရင်ဖြစ်နေလောက်တယ်။ နင် ဒီနှစ်ရက်အတွင်း ငါ့ဘေးမှာပဲနေနေ။”
ကျွန်တော် သူမကိုကြည့်ကာပြောလိုက်သည်။
မော့ကျင်းယွီက ရှက်ရွံ့စွာဖြင့ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင် ငါ့ကို ကာကွယ်ပေးရမယ်နော်။ ငါက ဒုတိယသားကောင် ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။”
“လူတစ်ယောက်လိုသေးတယ်။ နောက်ထပ်လူတစ်ယောက်သေတာနဲ့ ဒီလူသတ်ဂိမ်းက ပြီးသွားပြီ.”
ကျွန်တော်ပြောလိုက်သည်။
“သူတို့ တကယ်လူသတ်လိမ့်မယ်လို့ ငါထင်မထားဘူး။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ဒါက ကောင်းတဲ့အရာ ဖြစ်လောက်တယ်။”
ကျွန်တော်ပြောလိုက်သည်။
“ကောင်းတဲ့အရာဟုတ်လား။ နင်တကယ်ပဲ အဲဒါက ကောင်းတဲ့အရာလို ထင်နေတာလား။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။
“မဟုတ်ဘူးလား။”
ကျွန်တော် တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
“ဂိမ်းအဆုံးသတ်မှာ လူရှစ်ယောက်ထဲက နှစ်ယောက်သေရမှာ။ မဟုတ်ရင် ငါတို့အကုန်သေမှာ။ ပြောရရင် လူနှစ်ယောက်ရဲ့ သေဆုံးမှုက အသေးဆုံးစတေးမှု မဟုတ်ဘူးလား။”
“နင်ပြောတာကလည်းမှန်ပါတယ်။ ရှစ်ယောက်နဲ့ နှစ်ယောက်ယှဉ်ရင် အများကြီးကွာနေတာ။”
မော့ကျင်းယွီကပြောလိုက်သည်။
“အတန်းပြီးရင် ငါ့နဲ့လိုက်ခဲ့။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်ပြီးပြောလိုက်သည်။
“ဟင်။”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
နေ့လည်ခင်းတွင် မော့ကျင်းယွီနှင့်ကျွန်တော် ကျောင်းမှ စားသောက်ဆိုင် ဆီသို့ လာခဲ့ကြသည်။ သို့သော် ဒီတစ်ကြိမ်တွင် လာချင်သည့်သူက မော့ကျင်းယွီဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်၏ ငြင်းဆိုမှုက မထိရောက်ခဲ့ပေ။
မော့ကျင်းယွီက စားရင်း ဖုန်းကိုကြည့်ပြီးနောက်ပြောလိုက်သည်။
“လူသတ်သမားက လူထပ်သတ်လိမ့်မယ်လို့နင်ထင်လား။”
“ဖြစ်နိုင်တယ်။ ပြီးတော့ သူတင်မကဘဲ တခြားသူတွေကပါ လှုပ်ရှားလာကြလိမ့်မယ်ထင်တယ်။”
ကျွန်တော် ဖုန်းကိုကြည့်ပြီးနောက် တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
“နင် ဘာလို့ ဒီလိုပြောတာလဲ။ သူတို့က အသက်ရှင်ဖို့အတွက် လူသတ်ကြမှာလို့ ပြောတာလား။”
မော့ကျင်းယွီကပြောလိုက်သည်။
“ဒီအချိန်မှာ သူတို့က လူစိတ်ပျောက်နေကြပြီ။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက်ပြောလိုက်သည်။
“အဲ့တုန်းက ကျောက်ချန်းချန်းက ငါ့ကို တကယ်သတ်ချင်နေခဲ့တာ။”
“အိုး။”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီးနောက် သူမ ခေါင်းအား ညင်သာစွာပုတ်လိုက်ပြီးနောက်ပြောလိုက်သည်။
“အရမ်းကြီးလည်း တွေးမနေနဲ့။ အခု ဦးစားပေးလုပ်ရမှာက အသက်ရှင်ဖို့ပဲ။”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် ကျွန်တော်နှင့်ဆက်၍ စကားပြောနေသည်။ ကျွန်တော်တို့ ဆက်ဆံရေးက တဖြည်းဖြည်း ပိုနီးကပ်လာသလိုပင်။ ကျွန်တော်တို့ စားသောက်ဆိုင်မှ ပြန်လာသည့်အချိန်တွင် လမ်းတစ်လျှောက် ကျွန်တော် သူမလက်ကို ကိုင်လာခဲ့သည်။
ပြီးနောက် သူမကလည်း ကျွန်တော့်ကို ခွင့်ပေးခဲ့သည်။ သူမက ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
“ငါတို့ ဘာဆက်လုပ်သင့်လဲ။”
“ကျောင်းကိုပြန်သွားမယ်လေ။ ဒါပေမဲ့ တခြားသူတွေနဲ့ စကားမပြောနဲ့။ ငါ့ရဲ့ မြင်ကွင်းအောက်မှာပဲနေ။”
ကျွန်တော် သူမကို လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
“နင်က တကယ်ချုပ်ချယ်တာပဲ။”
မော့ကျင်းယွီက ကျွန်တော့်ကို တိုးတိုးပြောလိုက်ပြီးနောက် ကျွန်တော့်လက်မောင်းကို ဖက်လိုက်ပြီးနောက် ကျွန်တော့်နားကပ်နေခဲ့သည်။
ကျွန်တော်ပြုံးလိုက်သည်။ ဒီဂိမ်းက မည်မျှပင် အန္တရာယ်များစေကာမူ မော့ကျင်းယွီ ကျွန်တော့်ဘေးရှိနေသမျှ ကျွန်တော် ဆက်ဆော့ဖို့ ယုံကြည်ချက်ရှိသည်။ အကယ်၍ တစ်ခန်းလုံးနှင့် ကျွန်တော် ရန်သူဖြစ်လျှင်တောင် ကျွန်တော် တုံ့ဆိုင်းမှာမဟုတ်ပေ။
အတန်းထဲသို့ ပြန်လာပြီးသည်နှင့် ကျွန်တော် အတန်း၏ လေထုက ထူးဆန်နေသည်ကို ခံစားမိသည်။ လူတော်တော်များများက ကျွန်တော်တို့အား ကြည့်နေသည်။ ကျွန်တော် မော့ကျင်းယွီကို တိတ်ဆိတ်စွာဖြင် ကျောက်ဖန်းယွီနားခေါ်လာခဲ့သည်။
“မင်း မော့ကျင်းယွီရဲ့ နေရာကိုသွားလိုက်။ ငါ မော့ကျင်းယွီနဲ့ထိုင်ချင်တယ်။”
ကျွန်တော် မော့ကျင်းယွီကိုကြည့်ပြီးပြောလိုက်သည်။
“ငါကတော့ မင်းငါ့ကို ပစ်ထားချင်တယ်လို့ပဲ မြင်တယ်။ မင်းက သူငယ်ချင်းအပေါ် အရမ်းရက်စက်တာပဲ။”
ဒီနည်းဖြင့် မော့ကျင်းယွီက ကျွန်တော့်ဘေးရောက်လာကာ ကျောက်ဖန်းယွီက ကျွန်တော့်နောက်ရောက်သွားသည်။
ကျောက်ဖန်းယွီ၏ မျက်စောင်းများကို လျစ်လျူရှုရင်း ကျွန်တော် မော့ကျင်းယွီ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ပြုံးလိုက်သည်။
“အနာဂတ်မှာလည်း ငါနင့်ကို ကာကွယ်ပေးမယ်။ ဒါမှ နင်ငါ့ရဲ့ ကောင်မလေးဖြစ်လာနိုင်မှာ။”
“ကောင်းပြီလေ။”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
“ရို၊ မင်းတို့က တီတီတာတာပြောနေနိုင်သေးတာပဲ။ မင်းတို့ အခု သေရတော့မှာဆိုတာကို သိရဲ့လား။”
ခက်ထန်သည့်အသံတစ်သံက ထွက်ပေါ်လာသည်။ ကျွန်တော် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းမော့လိုက်သည့်အချိန်တွင် ချောင်ဟူကို တွေ့လိုက်ရသည်။
“မင်း ဘာလုပ်နေတာလဲ။”
ကျွန်တော် စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။ ချောင်ဟူအတွက် ကျွန်တော် လာမှပြောစရာမရှိပေ။
“ဘာမှမဟုတ်ပါဘူး။ မင်းမသေခင် ဘယ်လိုပုံစံရှိတယ်ဆိုတာကို လာကြည့်တာပါ။”
ချောင်ဟူက ငေါ့ပြောလိုက်သည်။
“ငါမသေပါဘူး။ မင်း စိတ်ချလက်ချနေလို့ရပါတယ်။”
ကျွန်တော် သူ့အား အေးစက်စွာဖြင့်ပြောလိုက်သည်။
ကျွန်တော့်စကားများကိုကြားသောအခါ ချောင်ဟူက လှောင်ပြောလိုက်သည်။
“ငါ့ကို သတိလာမပေးဘူးဆိုပြီး အပြစ်မတင်နဲ့။ မော့ကျင်းယွီက ကြာကြာနေရတော့မှာမဟုတ်ဘူး။ မင်း ကျန်တဲ့အချိန်လေးကို တန်ဖိုးထားသင့်တယ်။”
“မင်းဘာတွေလာပြောနေတာလဲ။”
ကျွန်တော်မျက်မှောင်ကြုတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ အော်ပြောလိုက်သည်။
ချောင်ဟူက ကျွန်တော့်အား ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
“ကျန်းဖန်။”
မော့ကျင်းယွီက ကျွန်တော့်အား ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။
“ဘာမှမဖြစ်ဘူး။ အကုန်လုံး အဆင်ပြေသွားမှာပါ။”
ကျွန်တော် သူမကို နှစ်သိမ့်လိုက်သည်။ တစ်ချိန်တည်းမှာ ကျွန်တော် ချောင်ဟူ၏ စကားများကို ပြန်စဉ်းစားနေသည်။
ချောင်ဟူက တစ်ခုခုကို သိနေသည်လား။ တစ်ယောက်ယောက်က မော့ကျင်းယွီအပေါ် အာရုံစိုက်နေတာများလား။
ဒါကိုတွေးရင်း ကျွန်တော် ဘာပဲဖြစ်ဖြစ် သူမကို ကာကွယ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
အတန်းချိန်တချို့ပြီးနောက် မော့ကျင်းယွီက ရုတ်တရက် ကျွန်တော့်လက်ကို လာဆွဲကာ ပြောသည်။
“ငါ အပြင်သွားချင်တယ်။”
သူမ၏ မျက်နှာက အနည်းငယ်နီရဲနေသည်။
“ဘာဖြစ်လို့လဲ။ ဘာသွားလုပ်မလို့လဲ။”
ကျွန်တော် ပြောလိုက်သည်။
မော့ကျင်းယွီက ခေါင်းငုံ့ကာ တိုးတိုးလေးလာပြောသည်။
“ငါအိမ်သာသွားချင်တယ်။”
“အင်းပါ ငါလိုက်ခဲ့မယ်။ ဒါပေမဲ့ ဂရုစိုက်နော်။ ငါ အပြင်ဘက်မှာရှိနေမယ်။ တကယ်လို့ နင်တစ်ခုခုဖြစ်ရင် ငါ့ကိုသာ အော်ခေါ်လိုက်။”
ကျွန်တော်ပြောလိုက်သည်။
“အင်း”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် ကျွန်တော် သူမကို အိမ်သာသို့ လိုက်ပို့ပေးခဲ့သည်။
အမျိုးသမီးအိမ်သာရှေ့တွင် မော့ကျင်းယွီက ကျွန်တော့်အား လှည့်ကြည့်ကာ ဝင်သွားတော့သည်။ ပြီးနောက် ကျွန်တော် အမျိုးသမီးအိမ်သာရှေ့၌ စောင့်နေခဲ့သည်။
အကုန်လုံးအဆင်ပြေနေသည်ဟု ကျွန်တော် တွေးနေစဉ်ပင် မော့ကျင်းယွီ၏ အော်သံက အမျိုးသမီးအိမ်သာထဲမှ ထွက်လာသည်။
ဒီအချိန်တွင် ကျွန်တော် ဘာမှတွေးမနေဘဲ ပြေးဝင်သွားခဲ့သည်။ ကျွန်တော် ပြေးဝင်သွားသည့်အချိန်တွင် ယင်းရန်က ကပ်ကြေးကို ကိုင်ထားက မော့ကျင်းယွီကို လိုက်ထိုးနေသည်ကို မြင်လိုက်ရသည်။ မော့ကျင်းယွီက အော်က ရှောင်နေသည်။ အခြေအနေက အလွန်အန္တရာယ်များသည်။
“နင်ဘာလုပ်နေတာလဲ။”
ကျွန်တော် အမြန်ပြေးသွားပြီးနောက် ယင်းရန်ကို ထိုးလိုက်သည်။ ယင်းယန်က အော်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ထိုအချိန်တွင် မော့ကျင်းယွီက အော်ငိုလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစက်တချို့ရှိနေသည်။
ကျွန်တော် သူမကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။
“နင် အဆင်ပြေရဲ့လား။”
“ငါအဆပြေပါတယ်။ ဒါပေမဲ့ ငါ့လက်ကတော့ နည်းနည်းပါးပါးထိခိုက်သွားတယ်။”
မော့ကျင်းယွီက ပြောလိုက်သည်။
“တော်သေးတာပေါ့။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် ယင်းရန်ကို ဒေါသတကြီးကြည့်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။
“နင် ဘာလာလုပ်တာလဲ။”
“ဘာလာလုပ်တာလဲဟုတ်လား။ မော့ကျင်းယွီကို သတ်မလို့လေ။”
ယင်းရန်၏အကြည့်များက ခက်ထန်နေသည်။
“နင် ဘာလို့ သူ့ကို မုန်းနေတာလဲ။”
ကျွန်တော် မေးလိုက်သည်။
ယင်းရန်ပြောလိုက်သည်က ကျွန်တော့်အား အံ့အားသင့်သွားစေသည်။
“ဒါပေါ့ ငါ သူမကို မမုန်းပါဘူး။ ဒါပေမဲ့ နင်လည်းမြင်တဲ့အတိုင်းပဲ။ အခု ငါတို့အကုန်လုံးက လူသတ်ဂိမ်းထဲမှာ ငါတို့ နောက်ထပ်လူတစ်ယောက် ထပ်သတ်တာနဲ့ ငါတို့ အသက်ရှင်ပြီ။”
“ဒီတော့ နင်က မော့ကျင်းယွီကို ရွေးလိုက်တာပေါ့။”
ကျွန်တော်ပြောလိုက်သည်။
“ဒါပေါ့။”
ယင်းရန်ကပြောသည်။
“ဒါဆိုရင် ဟယ်ဝမ်ကိုလည်း နင်သတ်တာလား။”
ကျွန်တော် သူမကို မေးလိုက်သည်။
“သူသေတာက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါက မော့ကျင်းယွီကိုပဲ သတ်ချင်တာ။”
ယင်းရန်ကပြောသည်။
“ငါ အဲဒါကို ယုံမယ်လို့ နင်ထင်နေတာလား။”
ကျွန်တော်အေးစက်စွာပြောလိုက်သည်။
“နင် ယုံတာမယုံတာ ငါနဲ့ မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ပစ်မှတ်က မော့ကျင်းယွီပဲ။ တကယ်လို့ နင်ငါ့ကို တားရင် နင် သူ့အစားသေပေးလိုက်။”
ယင်းရန်က ပြောပြီးသည်နှင့်ပြုံးပြီး လှည့်ထွက်သွားတော့သည်။
သူမ အမျိုးသမီးအိမ်သာထဲမှ ထွက်သွားတာကို ကြည့်ပြီးနောက် ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ပေ။ ပြီးနောက် ကျွန်တော် သက်ပြင်းချလိုက်ပြီး မော့ကျင်းယွီကို ချီကာ အမျိုးသမီးအိမ်သာထဲမှ ထွက်လာခဲ့တော့သည်။
ကျွန်တော် အမျိုးသမီးအိမ်သာထဲမှ မော့ကျင်းယွီနှင့်အတူ ထွက်လာသည့်အချိန်တွင် အခုလေးတင် ဝင်လာသည့် မိန်းကလေးများက အံ့အားသင့်စွာဖြင့် အမြန်ပြန်ထွက်သွားကြသည်။
သို့သော် ဒီအချိန်တွင် ကျွန်တော် ဘာကိုမှဂရုမစိုက်ဘဲ သူမကို အခန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။
ခုံပေါ်တွင် ထိုင်လိုက်ပြီး မော့ကျင်းယွီက ကျွန်တော့်အားမှီကာ စိုးရိမ်စွာဖြင့်ပြောသည်။
“ငါ အခုလေးတင် တကယ်သေတော့မယ်လို့ ထင်ခဲ့တာ။ ငါ့အတွက် လာပေးတာ ကျေးဇူးတင်ပါတယ်ဟာ။ မဟုတ်ရင် ယင်းရန်က ငါ့ကို သတ်မှာ။”
“ဟုတ်တယ်။ အဲဒါ အရမ်းအန္တရာယ်များတယ်။”
ကျွန်တော် သူမလက်အား ကြည့်လိုက်ပြီးနောက် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
“နင့်လက်ကော ဘယ်လိုနေလဲ။”
“အဲဒါ ဒဏ်ရာသေးသေးလေးပါ။ ငါ အနာကပ်ပလာစတာ ကပ်ထားတယ်။”
မော့ကျင်းယွီကပြောလိုက်သည်။
“တော်သေးတာပေါ့။”
ကျွန်တော် သက်ပြင်းချလိုက်ကာ သူမကို ဖက်လိုက်ပြီး စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
“နင်သိရဲ့လား။ နင် ငါ့ကို အရမ်းလန့်သွားစေခဲ့တယ်ဆိုတာကို။”
“ငါ အရမ်းကြောက်တယ်။”
မော့ကျင်းယွီက ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်ကာ တိုးတိုးပြောခဲ့သည်။
“နင် ဒီည ငါနဲ့ အတူနေပေးပါ့လား။”
“ဒါပေမဲ့ ငါ ဘယ်မှာနေရမှာလဲ။”
ကျွန်တော် မေးလိုက်သည်။
“ငါ့အိမ်မှာပေါ့။”
မော့ကျင်းယွီကပြောသည်။
“တကယ်လား။ ဒါပေမဲ့ နင့်မိသားစုက ဆူမှာ မကြောက်ဘူးလား။”
ကျွန်တော် တုံ့ဆိုင်းစွာဖြင့်ပြောလိုက်သည်။
မော့ကျင်းယွီက သက်ပြင်းချလိုက်ပြီးနောက် တိုးတိုးပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါ့ကို မထားခဲ့ပါနဲ့နော်။ ငါ အရမ်းကြောက်လို့ပါ။”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် သူမကို ဖက်လိုက်သည်။
ယင်းရန်က သူမ ဟယ်ဝမ်ကို မသတ်ကြောင်းပြောခဲ့ပြီး ကျွန်တော် မယုံခဲ့ပေ။ သို့သော် ဟယ်ဝမ်၏ သေဆုံးခြင်းက အရမ်းထူးဆန်းလွန်းသည်။
ဟယ်ဝမ်က လည်လှီးခံရပြီးသေဆုံးခဲ့တာဖြစ်သည်။ သူမက မသေခင် လူပြတ်သည့်ကော်ရစ်ဒါတွင် ရှိနေခဲ့တာဖြစ်သည်။ ဒီတော့ သူမက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရတာဖြစ်သည်။ လူသတ်သမားက မည်မျှ ဆိုးရွားမှန်းသိနိုင်သည်။ သို့သော် မော့ကျင်းယွီ တိုက်ခိုက်ခံရတုန်း၌ သူမ အော်နိုင်သေးသည်။ ဒီတော့ ယင်းရန်က ဟယ်ဝမ်ကို သတ်ခဲ့တာမဟုတ်ပေ။ ဒီတော့ မည်သူက လူသတ်သမားဖြစ်နိုင်မည်နည်း။