အခန်း၂၇ လူသတ်ဂိမ်း
ကျွန်တော့်စကားများကိုကြားသောအခါ ကျောက်ချန်းချန်းက လန့်သွားခဲ့သည်။ သူမက ကျွန်တော့်အား တောင်းပန်လိုက်သည်။
“ကျေးဇူးပြုပြီး ငါနဲ့အတူ အဲဒါကို လုပ်ပေးပါဟာ။ နင် အဲဒါကို ငါနဲ့အတူ လုပ်ပေးသ၍ ငါ နင့်ကို ကြိုက်တာလုပ်ခွင့်ပေးပါ့မယ်။”
“ငါ မသေချင်သေးဘူး။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါဟာ။”
ဒါပေမဲ့ ကျောက်ချန်းချန်းမည်မျှပင် တောင်းပန်နေကာမူ ကျွန်တော် ဘာမှမခံစားရတော့ဘဲ သူမကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ကာ ကျွန်တော့် နှုတ်ခမ်းများက ပင့်တက်သွားတော့သည်။
အလွန်မောက်မာသော ကျောက်ချန်းချန်းတစ်ယောက် ကျွန်တော့်အား ဤကဲ့သို့ တောင်းပန်နေသည်ကို မြင်ရတာ အတော်လေးပျော်ဖို့ ကောင်းပေသည်။ သို့သော် ကျောက်ချန်းချန်းက မည်မျှ အန္တရာယ်များကြောင်း ကျွန်တော် သိသည်။ သူမကို ကျွန်တော် လွှတ်ပေးလိုက်သည်နှင့် သူမ ကျွန်တော့်အားသတ်မှာဖြစ်သည်။
အချိန်တဖြည်းဖြည်းကုန်ဆုံးလာသည်ကို မြင်သည့်အခါ ကျောက်ချန်းချန်းက ဘာမှမပြောဘဲ မနေနိုင်ခဲ့တော့ပေ။ သူမက ကျွန်တော့်အား ကြည့်ကာ ပြောလိုက်သည်။
“ငါ နင့်ကို အစကတည်းက ဘာလို့မသတ်ခဲ့မိတာပါလိမ့်။”
“နင့်ရဲ့ သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ်။”
ကျွန်တော် ကျောက်ချန်းချန်းကို ကြည့်ကာ ပြောလိုက်သည်။
“နင် ငါ့ကို ဘာလို့ သတ်ချင်ခဲ့တာလဲ။ ငါ့ကိုမုန်းလို့လား။”
“ဟုတ်တယ်။”
ကျောက်ချန်းချန်းက ကျွန်တော့်အားကြည့်လိုက်ကာ အံကြိတ်လိုက်သည်။
“ငါ နင့်နဲ့အတူ အဲဒါကိုလုပ်ဖို့ကို တစ်ခါမှ မတွေးဖူးဘူး။ အဲ့အစားနင့်ကိုသတ်တာမှ ပိုကောင်းဦးမယ်။”
“ငါကလည်း အဲ့လိုတွေးထားတာပဲ။”
ကျွန်တော် ကျောက်ချန်းချန်းကို ကြည့်လိုက်သည်။
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်ကာ တောင်းပန်လိုက်သည်။
“ကျန်းဖန် နင် ဒီလိုလုပ်လို့မရဘူး။ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ။”
“နင့်ကို ကယ်ရမယ်ဟုတ်လား။ ငါ့ကို သတ်ဖို့အတွက် နင့်ကို ကယ်ရမှာလား။”
ကျွန်တော် ကျောက်ချန်းချန်းကို အေးစက်စွာပြောလိုက်သည်။
“မဟုတ်ဘူး။ ငါ ဒီတစ်ကြိမ် အဲ့လိုမလုပ်ပါဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်အား သနားစရာကောင်းစွာဖြင့် ပြောလိုက်ပြီး သေရမည်ကို ကြောက်သည့် အကြောက်တရားက သူမကို တုန်ယင်စေသည်။သူမ၏ သနားစရာကောင်းသော အသွင်အပြင်ကို မြင်သည့်အချိန်တွင် ကျွန်တော် တုံ့ဆိုင်းသွားပြီးနောက် သူမကို ကြိုးဖြည်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အဲဒါကို လုပ်လိုက်ကြရအောင်။ အချိန်မရှိတော့ဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်အားကြည့်ကာပြောလိုက်သည်။
“ကောင်းပြီလေ။”
ကျွန်တော် နောက်လှည့်လိုက်ကာ အဝတ်စချွတ်လိုက်သည်။ ကျွန်တော် ချွတ်နေရင်းတန်းလန်းတွင် ကျောက်ချန်းချန်းက ကျွန်တော့်ဆီသို့ ကျားတစ်ကောင်ကဲ့သို့ ပြေးဝင်လာပြီး ကျွန်တော့်လည်ပင်းကို လာညှစ်တော့သည်။ သူမ၏လက်ထဲတွင် ဘယ်အချိန်ကမှန်းမသိ ဝါယာကြိုးတစ်ချောင်းရှိနေခဲ့သည်။
“ငါ အဲဒါကို မျှော်လင့်မထားဘူး။ နင် တကယ်ပဲ ငါ့လက်ထဲမှာ သေရတော့မှာပဲ။”
ကျောက်ချန်းချန်းက ကျွန်တော့်ကို အနောက်မှ လှောင်လိုက်သည်။
ကျွန်တော် ခဏတာ လန့်သွားပြီးနောက် ရုန်းကန်လိုက်သည်။ ကျွန်တော် တဖြည်းဖြည်း အသက်ရှူကျပ်လာသည်။
သို့သော် ထိုအချိန်တွင် ကျွန်တော် ရယ်လိုက်သည်။
“ကျောက်ချန်းချန်း ငါ မပြင်ဆင်ထားဘူးလို့ နင်ထင်နေတာလား။”
ကျွန်တော် လှောင်လိုက်ကာ ကျွန်တော့် ညာဘက်အင်္ကျီလက်ထဲတွင် ဖွက်ထားသော စတီးပိုက်ကို ထုတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်ချန်းချန်းကို ရိုက်ချလိုက်သည်။
ကျောက်ချန်းချန်းက အော်လိုက်ပြီးနောက် လွင့်ထွက်သွားခဲ့သည်။ သို့သော် သူမ လက်မလျှော့သေးဘဲ ကျွန်တော့်ဆီသို့ ဆက်၍လာခဲ့သည်။
“တော်တော့။ ငါ နင့်ကို မမြင်ချင်တော့ဘူး။”
ကျွန်တော် သူမအား စက်ဆုပ်ရွံ့ရှာသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ ဖုန်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
“နင် ဒီမှာ အဆုံးသတ်ပြီပဲ။”
ဝီချက်ဂရုထဲတွင် တံခါးစောင့်၏အသံက ထွက်ပေါ်လာသည်။
“ကျောက်ချန်းချန်း တာဝန်မပြီးမြောက်ဘူး။ သူမရဲ့ ခန္ဓာကိုယ်ကို မြင်းငါးကောင်နဲ့ ဆွဲဖြဲတာခံရမယ်။”
“မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး။ အချိန်ရှိသေးတယ်။”
ကျောက်ချန်းချန်းက ကျွန်တော့်ဖုန်းကိုကြည့်ကာ အော်ပြောလိုက်သည်။
“ငါ အချိန်ကို တမင်နောက်ဆုတ်ထားပြီး နင့်ကိုပြထားတာ။”
ကျွန်တော် သူမကို လှောင်ပြောလိုက်ပြီးနောက် ထွက်သွားရန် လှည့်လိုက်သည်။
ကျောက်ချန်းချန်းက ကျွန်တော့်အား လှမ်းဆွဲလိုက်တော့မည့်အချိန်တွင် သူမ အော်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အားဖြင့် ဆွဲဖြဲလိုက်သလို ဖြစ်သွားပြီးနောက် သူမ၏ နံရိုးများက ပြန့်ကားလာသည်။ ကျွန်တော် နောက်ပြန်လှည့်လိုက်ပြီး သူမကို ကြည့်နေသည်။ ကျွန်တော့်မျက်ဝန်းထဲတွင် အကြောက်တရားမရှိပေ။
“ဒါ ဝဋ်လည်တာပဲ။ နင် ငါ့ကို သတ်ချင်လို့ အဲ့လိုဖြစ်တာ။”
ကျွန်တော် အေးစက်စွာဖြင့်ပြောလိုက်ပြီးနောက် လှည့်ထွက်သွားဖို့ပြင်လိုက်သည်။
ကျွန်တော် ထွက်လာသည့်အချိန်တွင် ကျောက်ချန်းချန်း၏ခန္ဓာကိုယ်က ဆွဲဖြဲတာခံလိုက်ရသည်။ သို့သော် ကျွန်တော် ဒါကို ဂရုမစိုက်ပေ။ ကျွန်တော့်ရင်ထဲတွင် ကလဲ့စားချေလိုက်ရသည့်အတွက် ရရှိသည့် ကျေနပ်မှုသာရှိနေသည်။
အစတုန်းက ကျွန်တော် ကျောက်ချန်းချန်းလိုက်တာ ခံရပြီး ပုန်းခဲ့ရသော်ငြား ယခုတွင်မူ သူမက ကျွန်တော့်ရှေ့တွင် ဆိုးရွားစွာဖြင့် သေဆုံးခဲ့ရပြီး ကျွန်တော် ခံစားရသည့် ခံစားချက်က ပြောပြလို့ပင်မရနိုင်ပေ။
တကယ်တော့ ကျွန်တော် သူမကို မသတ်ချင်ပေ။ သူမ ကျွန်တော့်အား သတ်ချင်သည့်အချိန်တွင် ကျွန်တော် ဘာမှမလုပ်ဘဲ မနေနိုင်ခဲ့ပေ။ ဒီနည်းဖြင့် နောက်ဆုံး၌ ကျွန်တော့်လက်ထဲတွင် သူမ သေခဲ့ရသည်။
အပြန်လမ်းတွင် ကျွန်တော် ခေါင်းမူးနေခဲ့သည်။
ကျွန်တော် တံခါးပေါက်ကို တွန်းပြီး အခန်းထဲ ဝင်လာသည့်အချိန်တွင် လူတွေက ကျွန်တော့်အား ထူးဆန်းစွာဖြင့် ကြည့်နေကြသည်။ ကျွန်တော် ကျွန်တော့်နေရာသို့သွားထိုင်လိုက်သည်။ လီယုထျန်းက ကျွန်တော်အား ကြည့်လိုက်ပြီး တုန်ယင်စွာဖြင့် မေးလိုက်သည်။
“ကျောက်ချန်းချန်းကော။”
“သူမက ဆေးပေးခန်းထဲမှာ မင်းသွားကြည့်ချင်ရင် သွားကြည့်လို့ရတယ်။ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကတော့ အစိတ်စိတ်အမွှာမွှာဖြစ်နေပြီ။”
ကျွန်တော် ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။
ကျွန်တော့်စကားများကို ကြားသည့်အချိန်တွင် လီယုထျန်းက ခဏတာ ကြက်သေသေသွားပြီးနောက် အမြန်ပင် ကျွန်တော့်ကိုကြည့်လိုက်ပြီးနောက် ထွက်သွားခဲ့သည်။
သူ့ပုံစံကို မြင်ပြီးနောက် ကျွန်တော် ခါးသီးစွာ ပြုံးလိုက်ပြီး ကျွန်တော့်ထိုင်ခုံဆီသို့ သွားလိုက်သည်။
ဒီအချိန်တွင် ကျောက်ဖန်းယွီက အမြန်ပင်ပြောသည်။
“ဘာဖြစ်တာလဲ။ ကျောက်ချန်းချန်းက ဘယ်လိုလုပ်သေသွားတာလဲ။”
“သူမက အဲဒါကို ငါနဲ့လုပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အစကနေ အခုထိ သူမက ငါ့ကို သတ်ပဲသတ်ချင်ခဲ့တာ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
“သူမက ဘယ်လိုလုပ်ပြီး ဒီလိုတွေးနိုင်ရတာပါလိမ့်။”
ကျောက်ဖန်းယွီက မကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ထားလိုက်တော့။ သူမက သေသွားပြီပဲ။”
ကျွန်တော် လက်ခါပြလိုက်သည်။ သူမ၏နာမည်ကို ကျွန်တော် ထပ်မကြားချင်တော့ပေ။
ကျောက်ဖန်းယွီက ဘာမှမပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကျောက်ချန်းချန်းကို ကျွန်တော်သတ်တာဟု ပြော၍မရပေ။ သူမက ကျွန်တော့်လက်ထဲတွင် သေခဲ့တာမဟုတ်ပေ။ သို့သော် ကျွန်တော် သူမအတွက် စိတ်မကောင်းဖြစ်နေသေးသည်။
မော့ကျင်းယွီက စိုးရိမ်စွာဖြင့်မေးခဲ့သည်။
“နင်အဆင်ပြေရဲ့လား။ ကျောက်ချန်းချန်းက နင့်ကို ကောင်းကောင်းမဆက်ဆံဘူးလား။”
“ငါအဆင်ပြေပါတယ်။ ကျောက်ချန်းချန်းက သေသွားပြီ။ အခု အကုန်လုံးပြီးသွားပြီ။”
ကျွန်တော် မော့ကျင်းယွီအားပြောလိုက်သည်။
“အဲဒါလည်း ကောင်းတာပါပဲ။”
ကျောက်ချန်းချန်းက ကျွန်တော့်အား သနားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျွန်တော် သူမအား ဆက်ပြောတော့မည့်အချိန်တွင် တံခါးစောင့်၏အသံက ဝီချက်ဂရုထဲတွင် ထပ်မံထွက်ပေါ်လာသည်။
“အတန်းထဲက လူရှစ်ယောက်ကို ကျပန်းရွေးပြီးတော့ လူသတ်ဂိမ်းကစားခိုင်းမယ်။ စည်းကမ်းတွေက ဒီအတိုင်းပဲ။”
“နှစ်ရက်အတွင်း လူရှစ်ယောက်ထဲက နှစ်ယောက်သေရမယ်။”
“တကယ်လို့ ဂိမ်းရဲ့ အဆုံးမှာ လူနှစ်ယောက်မသေရင် တစ်ဖွဲ့လုံး အသတ်ခံရမယ်။”
“အရွေးခံရတဲ့သူတွေက ကျန်းဖန်၊ မော့ကျင်းယွီ၊ ယင်းရန်၊ ဟယ်ဝမ်၊ လျိုရင်း၊ ရဲ့လင်းယွမ်၊ ချောင်ရွှေ့၊ လီဒဲ။”
ကျွန်တော် ထိုစာကိုမြင့်သည့်အချိန်တွင် ကျွန်တော့်မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ကျွန်တော် မြင်ခဲ့ရသည်ကို ကျွန်တော် မယုံနိုင်ခဲ့ပေ။ ဒီတစ်ကြိမ်တာဝန်က အလွန်ဆိုးရွားလွန်းသည်။ ကျွန်တော်တို့အား အချင်းချင်းပြန်သတ်ခိုင်းနေခြင်းဖြစ်သည်။
ရှစ်ယောက်ထဲမှ နှစ်ယောက်သေရမည်။ ဒါက ကျွန်တော်တို့အား တာဝန်ချိန်မပြီးခင် အချင်းချင်း ပြန်သတ်ခိုင်းခြင်း မဟုတ်လော။
မော့ကျင်းယွီက စာကိုမြင်သည့်အချိန်တွင် အလွန်အံ့အားသင့်သွားသည်။ တစ်ခန်းလုံးက ဒီတာဝန်ကြောင့် ဆူညံသွားခဲ့သည်။
“ဒါက ငါတို့ကို အချင်းချင်း သတ်ခိုင်းနေတာပဲ။ ဒီတံခါးစောင့်က တကယ်ပဲ ရက်စက်တာပဲ။”
“ဟုတ်တယ်။ ရှစ်ယောက်ထဲကနှစ်ယောက်က သေရမယ်တဲ့။”
“ဒါအရမ်းဆိုးတာပဲ။”
“ငါတို့ တံခါးစောင့်ကို ရှာရမယ်။”
အကုန်လုံး၏စကားများကို နားထောင်ပြီးနောက် လီယုထျန်းက မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်နှာက ကူကယ်ရာမဲ့နေသည်။
“ငါလည်း ဒီကိစ္စကို မကူညီနိုင်ဘူး။ ဟန်ကျိယုက ထွက်မလာသေးဘူး။ သူမက ငါတို့ သူမကို သတ်မှာ သိလို့နေမယ်။ သူမက ပုန်းနေတာ။”
“ငါတို့ အခုဘာလုပ်သင့်လဲ။”
တစ်ယောက်ယောက်က မတ်တပ်ရပ်ပြီးပြောလိုက်သည်။
တစ်ခန်းလုံးက ခဏတာ ဆူညံသွားပြီးနောက် အတန်းထဲရှိ အရွေးခံရသည့်သူများက ပို၍တောင် ကြောက်ရွံ့နေကြသည်။
ယင်းရန်က မတ်တပ်ရပ်လိုက်ပြီးနောက် ကြောက်လန့်စွာဖြင့်ပြောလိုက်သည်။
“သူပြောတဲ့အတိုင်း မလုပ်ကြနဲ့။ သူက ငါတို့အကုန်လုံးကို သတ်ချင်နေတာ။”
“ဟုတ်တယ်။”
ချောင်ရွှေ့ကလည်း မတ်တပ်ရပ်လိုက်ပြီးနောက်ပြောလိုက်သည်။
“ငါတို့အကုန်လုံးက အတန်းဖော်တွေပဲ။ အချင်းချင်းမသတ်ဘဲ နေကြရအောင်။”
သို့သော် အကယ်၍ သူဒီလိုပြောလျှင်တောင် ကျွန်တော်တို့က ဘာမှမလုပ်ဘဲ မနေနိုင်ပေ။
တာဝန်က စနေပြီဖြစ်ပြီး ကျွန်တော်တို့ တာဝန်ပြီးအောင်လုပ်ရမှာဖြစ်သည်။ သို့သော် ဒီတာဝန်က အလွန်ဆိုးရွားလွန်းသည်။ နှစ်ရက်အတွင်း လူရှစ်ယောက်ထဲမှ နှစ်ယောက်သေရမှာဖြစ်သည်။ ဆိုလိုသည်က ကျွန်တော်တို့ ဒီသတ်မှတ်ချက်နှင့် ကိုက်ညီရန် ဒီနှစ်ရက်အတွင်း အချင်းချင်းသတ်ရမှာဖြစ်သည်။
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် မော့ကျင်းယွီကို ကြည့်လိုက်သည်။ မော့ကျင်းယွီက ကျွန်တော့်အား တုန်ယင်နေသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြားပြောလိုက်သည်။
“နင်ဘာလုပ်မလို့လဲ။”
“မကြောက်ပါနဲ့။ ငါနင့်ကို ဘာမှမလုပ်ပါဘူး။ နင်ဘာလို့ ဒီလောက်ကြောက်နေတာလဲ။”
ကျွန်တော် မော့ကျင်းယွီအား စိတ်ရှုပ်စွာဖြင့်ကြည့်လိုက်သည်။
မော့ကျင်းယွီက ရှက်ရွံ့စွာဖြင့်ပြုံးလိုက်ပြီးနောက် စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
“သူတို့က အချင်းချင်းသတ်ကြမယ်လို့ နင်ထင်လား။”
“ငါလည်း သေချာမသိဘူး။”
ကျွန်တော်ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ အချင်းချင်းမသတ်ရင် ငါတို့ရှစ်ယောက်လုံး နောက်နှစ်ရက်နေရင် သေကြမှာ။”
မော့ကျင်းယွီက မျက်ရည်များကျလာတော့သည်။ သူမက အလွန်ကြောက်လန့်နေသည့်ပုံပင်။=
ထို့အစား သူမနှင့်ယှဉ်လျှင် ကျွန်တော်က အလွန်တည်ငြိမ်နေသည်။ ကျွန်တော် သူမအားကြည့်ကာပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်သေရမယ်ဆိုရင်တောင် နင်မဖြစ်စေရဘူး။”
“နင်ဆိုလိုတာက သူများတွေက သတ်ကြမှာပေါ့ ဟုတ်လား။”
မော့ကျင်းယွီကပြောလိုက်သည်။
“အဲဒါဖြစ်နိုင်ချေရှိတယ်။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် ရုတ်တရက်ပြောလိုက်သည်
“ပြီးတော့ အတန်းပြီးရင် တန်းထွက်မသွားနဲ့။ ဒီလိုဆိုရင် တဖက်လူက တန်းပြီးသတ်ဖို့ အခွင့်အရေးမရဘူး။”
ပြီးနောက် သူမက ကျွန်တော့်အား ကျေးဇူးတင်ခဲ့သည်။
“ကျန်းဖန် ကျေးဇူးတင်ပါတယ်။ ငါတကယ်ကြောက်နေခဲ့တာ။”
“စိတ်မပူပါနဲ့ အကုန်အဆင်ပြေသွားမှာပါ။”
ကျွန်တော်သူမကို နှစ်သိမ့်ပေးလိုက်သည်။
ပြီးနောက် မော့ကျင်းယွီနှင့်ကျွန်တော် အတန်းထဲတွင်နေခဲ့ပြီး တစ်မနက်ခင်းလုံး ဘာမှမဖြစ်ခဲ့ပေ။
သို့သော် ကိစ္စများက ဖြစ်နေသေးသည်။ နေ့လည်ခင်းတွင် တစ်ယောက်ယောက်က လူသေအလောင်းကိုတွေ့ကြောင်း အော်ပြောခဲ့သည်။ ကျွန်တော်တို့ သွားကြည့်သည့်အချိန်တွင် တစ်ယောက်ယောက် အမှန်တကယ်ပင်သေနေတာကို တွေ့ခဲ့သည်။
သေသွားသည့်သူက ဟယ်ဝမ်ဖြစ်ပြီး ကော်ရစ်တာတွင် လျှောက်နေရင်း သူမ၏လည်ပင်းကို အလှီးခံရပြီး သေသွားတာဖြစ်သည်။ သူမ၏ သေဆုံးခြင်းက အလွန်ဆိုးရွားပေသည်။ သူမ သေဆုံးစဉ် သူမနား၌ မျက်မြင်သက်သေများမရှိပေ။ ဒီတော့ မည်သူမှ လူသတ်သမားကို မသိပေ။
ဟယ်ဝမ်၏ခန္ဓာကိုယ်ကိုကြည့်ပြီးနောက် ကျွန်တော် ထူးဆန်းနေသည်ဟု ခံစားရသည်။ ဟယ်ဝမ်၏သေဆုံးမှုက မတော်တဆမဟုတ်ဘဲ သူမ အသတ်ခံရသည်မှာသေချာသည်။ ပြီးနောက် သူမကို သတ်သည့်သူက ဂိမ်းထဲတွင်ပါသည့်သူ ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
အခု သူမသေသွားပြီဖြစ်သည်။ ဆိုလိုသည်က နောက်ထပ်လူတစ်ယောက်က သေရတော့မှာဖြစ်သည်။ ပြီးနောက် ဒီလူသတ်ဂိမ်းက ပြီးသွားမှာဖြစ်သည်။
ဒီတော့ ဘယ်သူက လူသတ်သမားလဲ။ ချောင်ရွှေ့လား ဒါမှမဟုတ် ရဲ့လင်းယွမ်လား။ ကျွန်တော့်ရင်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သို့သော် ကျွန်တော့်ဘေးရှိ မော့ကျင်းယွီကိုကြည့်လိုက်ပြီးနောက် ကျွန်တော် သူမ လက်ကိုအမြန်ဆွဲကာ သူမကို အတန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။
အခန်း ၂၇
? Views, Released on June 6, 2023

Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။