အခန်း၂၆ ကလဲ့စားချေခြင်း
ဖုန်းချပြီးနောက် ကျွန်တော် ကြက်သီးထသွားသည်။ အချိန်အတော်ကြာ အိပ်ရာပေါ်တွင် ထိုင်နေပြီးနောက် မျက်ရည်များကျတော့မလိုပင် ဖြစ်ခဲ့ရသည်။
ဒီနေ့ ဖြစ်ပျက်ခဲ့သည်များက ကျွန်တော့်အတွက် မမျှော်လင့်ထားသည့် အရာများဖြစ်သည်။ ကျောက်ချန်းချန်း၏ စကားများက ကျွန်တော့် ရင်ထဲကို နက်နက်ရှိုင်းရှိုင်းစူးဝင်သွားခဲ့ပြီး သူမက ထိုအရာကို ကျွန်တော်နှင့် အတူလုပ်မည့်အစား ကျွန်တော့်ကို သတ်လိမ့်မည်ဟု ကျွန်တော် မထင်ထားပေ။
ဒါပေါ့ ထိုအရာများကို သူမက ကျွန်တော့်ကိုသာ ပြောခြင်းဖြစ်သည်။ အကယ်၍ ကျွန်တော့်နေရာတွင် ချောမောသည့် လီယုထျန်းသာဆိုလျှင် သူမက ထိုအရာကို အရင်ဦးဆောင်ပြီးလုပ်မှာ စိုးရသည်။
ကျွန်တော် ထိုအကြောင်းကို ထပ်ကာထပ်ကာ စဉ်းစားမိသည်။ ကျောက်ချန်းချန်းကို ကျွန်တော့် ရင်ထဲတွင် နက်ရှိုင်းစွာ မုန်းတီးသွားတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ကျွန်တော့်အသက်ကို လိုချင်မိသည်။ ဒီလိုလူမျိုးကို ကျွန်တော် လုံးဝလွှတ်ပေးမှာ မဟုတ်ပေ။
သို့သော် ယခု ဦးစားပေးလုပ်ဆောင်ရမည်က လွတ်မြောက်ဖို့အတွက် ဖြစ်သည်။ ကျွန်တော် ကျောက်ချန်းချန်းနှင့် ရင်ဆိုင်ဖို့ သတ္တိမရှိပေ။
ယခု သူမက ရူးသွပ်နေပြီဖြစ်သည်။ ကျွန်တော် သူမ ရှေ့၌ ပေါ်လာသည်နှင့် သူမက ကျွန်တော့်ကို သတ်မှာစိုးရသည်။
ဒီတော့ ကျွန်တော် စိတ်ရှည်ရမှာဖြစ်သည်။
ကျွန်တော့်ရင်ထဲမှ နာကျဉ်းမှုကို ဖိနှိပ်ကာ ကျွန်တော် ခေါက်ဆွဲတစ်ပန်းကန်ပြုတ်စားလိုက်ပြီးနောက် အနာကို သန့်ရှင်းရေးလုပ်ပြီး ဖုန်းကစားနေခဲ့သည်။ ဒီကောင်များက အမှန်တကယ်ပင် ရက်စက်သည်ဟု ပြောနိုင်သည်။ ကျွန်တော့် တစ်ကိုယ်လုံးက တုန်ရင်နေပြီဖြစ်သည်။
အချိန်အတော်ကြာ ဒီနည်းဖြင့် ကုန်ဆုံးခဲ့ပြီးနောက် ကျွန်တော် တီဗီကြည့်နေစဉ် ဖုန်းမြည်သံကို ကြားခဲ့သည်။
ကျောက်ဖန်းယွီ၏ ဖုန်းဖြစ်သည်။ ကျွန်တော် ကိုင်လိုက်သည့်အချိန်တွင် သူက တိုးတိုးပြောသည်။
“ကျန်းဖန် မင်းအမြန်ပြေးတော့။ ကျောက်ချန်းချန်းက မင်းကို ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်။”
“ဘာ”
ကျွန်တော် အံ့အားသင့်သွားပြီး အမြန်ပြန်ပြောလိုက်သည်။
“ငါ အခုလေးတင် သူမ အတန်းပိုင်ဆရာမကို မင်းရဲ့ အိမ်လိပ်စာမေးသွားတာကို တွေ့လိုက်တယ်။ သူမက အခု အတန်းထဲကနေ ထွက်သွားပြီ မင်း ပြေးတော့။”
ကျောက်ဖန်းယွီက စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် ဖုန်းချလိုက်သည်။
ကျွန်တော် အပြင်သို့ ထွက်လာပြီးနောက် ထပ်မံ စိတ်ရှုပ်ထွေးသွားပြန်သည်။ ကျွန်တော် ဘယ်သို့ သွားရမှန်းမသိပေ။
အင်တာနက်ကဖေးသို့ သွားရမည်လား။ အကယ်၍ ထိုနေရာတွင် အဖမ်းခံရရင် ဘယ်လိုလုပ်ရမည်နည်း။
ဩအချိန်အတော်ကြာစဉ်းစားပြီးနောက် နောက်ဆုံးတွင် ပုန်းရန် နေရာတစ်ခုကို ကျွန်တော် ရွေးချယ်လိုက်သည်။
ထိုနေရာက ကျွန်တော်တို့ ရပ်ကွက်ထဲမှ စွန့်ပစ်ခံ ဂိုထောင်ကြီးတစ်ခုရှိသည်။ ဒီတော့ ကျွန်တော် အမြန်ပင် စွန့်ပစ်ခံဂိုထောင်ကြီးဆီသို့ သွားခဲ့သည်။
ကျွန်တော် ဂိုထောင်ကြီးဆီသို့ ရောက်သည်နှင့် ဖုန်မှုန့်များကို လျစ်လျူရှုကာ အထဲသို့ ဝင်ခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်လိုက်သည့်အချိန်မှာသာ ကျွန်တော် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
ဒီနေရာက လုံးဝလုံခြုံသည်။
ကျွန်တော် ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ ဖုန်းကို ကြည့်လိုက်သည်။ ပြီးနောက် ဂိုထောင်ဝကို တစ်ချက်ကြည့်လိုက်သည်။ ဒီနေရာကို ပုံမှန်ဆို ဘယ်သူမှမလာပေ။
နာရီအနည်းငယ်ကြာပြီးနောက် တဖြည်းဖြည်းမှောင်လာပြီဖြစ်ကာ ကျွန်တော် ဗိုက်ဆာလာသည်။ သို့သော် ကျွန်တော် ဆိုဖာပေါ်တွင်သာ ဆက်၍ထိုင်ခဲ့သည်။ ပြီးနောက် မျက်လုံးမှိတ်ကာ မှိန်းနေတော့သည်။ ခဏကြာသောအခါ ကျွန်တော် အိပ်ပျော်သွားခဲ့သည်။
နာရအချိန်အနည်းငယ်ကြာပြီးနောက် ညလယ်တောင်ရောက်လာပြီဖြစ်သည်။
ဒီအချိန်တွင် ကျွန်တော် ဂိုထောင်မှ ထွက်ပြီး အိမ်သို့ သွားကြည့်ဖို့ တွေးလိုက်သည်။
ကျွန်တော့် အိမ်နားသို့ ရောက်လာသည့်အချိန်တွင် အိမ်ရှေ့တွင် ဆေးလိပ်သောက်နေသော ကလေကချေ တစ်အုပ်ကို တွေ့လိုက်ရသည်။
“ဘာလို့သူ ပြန်မလာသေးတာလဲ။”
“ငါတို့ တကယ်ပဲ တစ်ညလုံးစောင့်ရမှာလား။”
“ဟုတ်တယ်။ ငါ စိတ်မရှည်တော့ဘူး။”
“ဒါက ဘော့စ်ရဲ့ အမိန့်ပဲ။ ပြီးတော့ ယွမ်၅၀၀လည်း ရှိသေးတာပဲ။ စိတ်ရှည်ရှည်နဲ့ စောင့်စမ်းပါ။”
သူတို့စကားများကို နားထောင်ပြီးနောက် ကျွန်တော့်ရင်ထဲ ထိတ်လန့်သွားခဲ့သည်။ သူတို့ ကျွန်တော့်အား ဒီနေရာတွင် စောင့်နေလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။ ကျွန်တော် အမြန်ပင်ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
ဒီအချိန်တွင် အဖေက ဒီနေ့ အချိန်ပိုအလုပ်လုပ်ရမည်ဖြစ်သောကြောင့် အိမ်သို့ ပြန်မလာနိုင်ကြောင်း ကျွန်တော့်အား ဖုန်းဆက်အကြောင်းကြားသည်။
ဖုန်းချပြီးနောက် ကျွန်တော် သက်ပြင်းချကာ မုန့်ဆိုင်မှ ပေါင်မုန့်တစ်လုံးဝယ်ကာ စွန့်ပစ်ခံဂိုထောင်ဆီသို့ ပြန်သွားခဲ့သည်။
ဂိုထောင်ထဲတွင် ကျွန်တော် စိတ်ပျက်စွာဖြင့် ထိုင်နေခဲ့သည်။
ဒီနည်းဖြင့် ကျွန်တော် မမေ့ဖျောက်နိုင်သော ညတစ်ညကို စွန့်ပစ်ခံဂိုထောင်ထဲတွင် ကုန်ဆုံးခဲ့သည်။
ဒီညတွင် ကျွန်တော် ကျွန်တော့်အနာဂတ်ကို တွေးတောခဲ့သည်။ ပြီးနောက် ကျွန်တော် ပင်ပန်းကာ အိပ်ပျော်သွားခဲ့သည်။ ကျွန်တော် နိုးလာသည့်အချိန်တွင် မိုးလင်းလာပြီဖြစ်သည်။ ဒီအချိန်တွင် ကျွန်တော် ဖုန်းကို ကြည့်လိုက်ကာ အကြံတစ်ခုရသွားခဲ့သည်။ ကျွန်တော် ဒီတိုင်းထိုင်နေ၍ မဖြစ်တော့ချေ။ လက်ဦးမှု ရယူမှဖြစ်မည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျွန်တော်တို့အတန်းထဲတွင် အကုန်လုံးက တိတ်ဆိတ်စွာထိုင်နေကြသော်ငြား ကျောက်ချန်းချန်းက စိုးရိမ်စွာဖြင့် သူမ ဘေးသို့ မကြာခဏ လှည့်ကြည့်ကာ အော်ပြောနေသည်။
“ကျန်းဖန်လာပြီလား။”
“သူမလာသေးဘူး။”
ကျွန်တော် မလာသေးကြောင်းကြားသည့်အခါ ကျောက်ချန်းချန်းက သူမနေရာတွင် စိုးရိမ်စွာဖြင့် ထိုင်နေသည်။ သူမ တစ်ညလုံး ကြိုးစားရှာခဲ့တာတောင် ကျွန်တော့်အား မတွေ့ပေ။ မနေ့ညက မအိပ်ခဲ့သည်ကြောင့် ကျောက်ချန်းချန်း၏မျက်ကွင်းများက ညိုနေသည်။ သူမ ဘေးရှိ ကောင်မလေးများက သူမကိုကြည့်ကာ အတင်းပြောနေကြသည်။
“ငါကြားတာကတော့ ကျောက်ချန်းချန်းက ကျန်းဖန်ကို သတ်ချင်တာတဲ့။”
“တကယ်ကြီးလား။”
“အင်း။ မဟုတ်ရင် ကျန်းဖန် မနေ့က ဘာလို့ ပျောက်သွားမှာလဲ။ သူက ကြောက်လို့ ထွက်ပြေးသွားတာ မဖြစ်နိုင်ဘူးလား။”
“ကျောက်ချန်းချန်းက အရမ်းရက်စက်တာပဲ။ သူမက ကျန်းဖန်နဲ့အတူ အဲဒါ လုပ်ပြီးတာနဲ့ သတ်မလို့လား။”
အကုန်လုံး၏ စကားများကို နားထောင်ပြီးနောက် ကျောက်ချန်းချန်း၏ အမူအရာက ပို၍တောင် စိုးရိမ်လာသည်။ သူမက မတ်တပ်ရပ်ပြီးနောက် အော်ပြောလိုက်သည်။
“အဲဒါကို ထပ်မပြောနဲ့တော့။ ငါ အဲ့အကြောင်းကို ခဏလောက် စဉ်းစားမိပေမဲ့ ငါ အမှားလုပ်ခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ ဒီတစ်ကြိမ် ကျန်းဖန်လာရင် ငါ သူ့စကားကို နားထောင်ပါ့မယ်။”
“ဘယ်သူ ကျန်းဖန်ကို ဆက်သွယ်လို့ရလဲ။ သူပြန်လာတာနဲ့ ငါ ဒီတစ်ကြိမ်ကျရင် ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်။”
ဒီစကားကိုပြောပြီးသည့်အချိန်တွင် ကျောက်ချန်းချန်းက ငိုနေပြီးပြီဖြစ်သည်။
သို့သော် ဒီအခြေအနေတွင် ကျွန်တော့်အား ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသောသူက ကျောက်ဖန်းယွီဖြစ်သော်ငြား သူက ကျွန်တော့်အား ဖုန်းခေါ်မှာမဟုတ်ပေ။
ကျောက်ချန်းချန်းက စိတ်ဓာတ်ကျနေသည့်အချိန်တွင် ကောင်မလေးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။
“ကျန်းဖန်ရောက်လာပြီ။”
“ဟုတ်တယ်။ သူရောက်လာပြီ။”
ကျောက်ချန်းချန်းက အမြန်မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ သွားလိုက်ပြီး ကျွန်တော် ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်သည့်အချိန်တွင် သူမက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။
“ကောင်းပြီ။ ငါသူ့ကို ချက်ချင်းသွားကြိုလိုက်မယ်။”
ပြောပြီးသည်နှင့် သူမက အမြန် အောက်သို့ လှေကားမှ ပြေးဆင်းလာပြီး သူမနှင့် ကျွန်တော် လှေကားပေါ်တွင် တွေ့တော့သည်။
ကျွန်တော် တစ်ကိုယ်လုံး ဖုန်များပေကြံနေသော်ငြား အမြဲအသန့်ကြိုက်သည့် ကျောက်ချန်းချန်းက ဒီတစ်ကြိမ်တွင် ကျွန်တော့် ဆီသို့ပြေးလာခဲ့သည်။
ကျွန်တော် အမြန်ပင် နောက်ဆုတ်လိုက်ကာ ပြောလိုက်သည်။
“ငါ့နားမကပ်နဲ့။ နင့်မှာ ဓားမြှောင်ပါရင်ပါနေမှာ။”
“ကောင်းပြီလေ။”
ကျောက်ချန်းချန်းက ပြောပြီးသည်နှင့် ဓားမြှောင်ကို လွှင့်ပစ်လိုက်ပြီးနောက် စိုးရိမ်သည့်အသံဖြင့် ပြောလိုက်သည်။
“နင် စိတ်ချလို့ရပါတယ်။ ငါနင့်ကို သတ်ဖို့ ထပ်မကြိုးစားတော့ပါဘူး။”
“ငါ နင့်ကို ယုံမယ်လို့ နင်ထင်နေတာလား။”
ကျွန်တော် ကျောက်ချန်းချန်းကို ခက်ထန်စွာဖြင့်ပြောလိုက်သည်။
“ဒီတစ်ကြိမ်တော့ တကယ်ပါ။ အခု တစ်တန်းလုံးက ငါနင့်ကို သတ်ဖို့ကြိုးစားတာကို သိနေကြပြီ။ တကယ်လို့ ငါနင့်ကို သတ်ရင် ငါ အတန်းထဲကို ပြန်ဝင်လို့တောင် ရမှာမဟုတ်ဘူး။”
ကျောက်ချန်းချန်းက အမြန်ပင် ရှင်းပြသည်။
“ဒါဆိုရင် ဟော်တယ်ထဲက ကိစ္စကို နင် ဘယ်လိုရှင်းပြမှာလဲ။”
ကျွန်တော် မေးလိုက်သည်။
“အဲ့တုန်းက ငါနင့်ကို သတ်ပြီးရင် ငါ့ကောင်လေးကို အပြစ်လွှဲချလို့ရပေမဲ့ အခု သူ မရှိတော့။ ငါ အဲ့လို ထပ်လုပ်လို့ မရတော့ဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်ကာပြောလိုက်သည်။
ကျွန်တော် သူမ ပြောသည်ကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူမကို မယုံနိုင်သေးသော်ငြား ကျွန်တော် ဆက်ပြောလိုက်သည်။
“ငါလည်း နင့်ကို ယုံချင်ပါတယ်။ နင့် အဝတ်တွေ အကုန်ချွတ်လိုက်။ အတွင်းခံတွေပဲ ချန်ထား။”
“ဒီနေရာမှာလား။ မဖြစ်နိုင်ဘူး။”
ကျောက်ချန်းချန်းကပြောလိုက်သည်။
“ဒါဆိုရင်လည်း တာ့တာပဲ။”
ကျွန်တော် ပြောပြီးသည်နှင့် ထွက်သွားတော့မည့်အချိန်တွင်
“အေးပါ။ ငါချွတ်ပါ့မယ်။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ရှက်ရွံ့သည့်အကြည့်ဖြင့်ကြည့်ပြီးနောက် သူမ အဝတ်များကို တစ်ထည်ချင်းစီ ချွတ်တော့သည်။ သူမ၏ ကိုယ်ပေါ်တွင် ဓားမြှောင်တစ်ချောင်းတင်မကဘဲ တခြားအရာများပါ ရှိနေသောအခါ ကျွန်တော် ကြက်သီးထမိသွားသည်။ ကျောက်ချန်းချန်းက တကယ်ပဲ ရက်စက်တာပဲ။
ကျောက်ချန်းချန်းတွင် အတွင်းခံသာကျန်တော့သည့်အချိန်တွင် ကျွန်တော် သူမကို တားလိုက်ပြီးပြောလိုက်သည်။
“နင်ဘယ်သွားမလို့လဲ။”
“သုံးထပ်က ဆေးပေးခန်းကို သွားမယ်လေ။ ငါ့မှာ သော့ရှိတယ်။”
ကျောက်ချန်းချန်းကပြောပြီးသည်နှင့် သော့ကို မြှောက်ပြလိုက်သည်။
“ကောင်းပြီလေ။ သွားကြတာပေါ့။”
ကျွန်တော် ပြောပြီးသည်နှင့် သူမနောက်လိုက်ကာ ဆေးပေးခန်းသို့ သွားခဲ့သည်။
ဆေးပေးခန်းသို့ ရောက်သည့်အချိန်တွင် ကျောက်ချန်းချန်းက တံခါးကို ဖွင့်လိုက်ပြီးနောက် ပြုံးပြီးပြောလိုက်သည်။
“နင်အရင်ဝင်။”
“ကောင်းပြီ။”
ကျွန်တော်လည်း သူမကို ပြုံးပြလိုက်ပြီးနောက် ဖွက်လာသော စတီးပိုက်နှင့် သူမ နဖူးကို ရုတ်တရက် ရိုက်လိုက်သည်။
ကျောက်ချန်းချန်းက အငိုက်မိသွားကာ ကြမ်းပြင်ပေါ်သို့ မေ့လဲကာကျသွားသည်။
ထိုအချိန်တွင် ကျွန်တော် သူမကို ပွေ့ကာ ဆေးပေးခန်းထဲသို့ ခေါ်သွားသည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ကျောက်ချန်းချန်းနိုးလာခဲ့သည်။ သူမကို ကျွန်တော် ခုံတစ်ခုံပေါ်တွင် နောက်ပြန်ကြိုးတုတ်ကာ ချည်ထားသည်။ သူမ နိုးလာသည့်အချိန်တွင် သူမက ကျွန်တော့်အားကြည့်ကာ အော်ပြောလိုက်သည်။
“အဲဒါ အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ။ နင် ငါ့ကို ဘာလို့ ဒီလိုလုပ်ထားတာလဲ။”
“တော်စမ်းပါ။ နင် အခု ဘာမှလုပ်လို့မရတော့ဘူး။ ဒါနဲ့ ပြောရဦးမယ် တာဝန်ချိန်ပြီးဖို့ မိနစ်သုံးဆယ်ပဲ လိုတော့တယ်။”
ကျွန်တော် ဖုန်းထုတ်လိုက်ကာ သူမကို ပြလိုက်သည်။
“နင် ဘာလိုချင်တာလဲ။ ငါအခု နင့်ကို ဘာမှလုပ်လို့မှမရတာ။”
ကျောက်ချန်းချန်းကပြောလိုက်သည်။
ကျွန်တော် သူမကို အေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ ပြောလိုက်သည်။
“ငါ နင့်နဲ့ အဲဒါကို မလုပ်ဘူး။ နင်ဒီမှာ သေရမှာ။”
“နင်ဘာကို ဆိုလိုတာလဲ။”
ကျောက်ချန်းချန်းက စိုးရိမ်သွားသည်။ သူမက ဒေါသတကြီးဖြင့်ပြောလိုက်သည်။
“နင် ဘာလိုချင်တာလဲ။ ငါမှားတယ်ဆိုတာ ငါဝန်ခံပါတယ်။ နင် ငါ့အပေါ်ကို တကယ်ပဲ ဒီလိုမျိုး ကလဲ့စားချေမလို့လား။”
“နင် အမှားတစ်ခုလုပ်ခဲ့တယ်။ ငါကလည်း ကလဲ့စားချေချင်ရုံပဲ။ ငါ ဘာလိုချင်လဲဆိုတာ နင်သိပါတယ်။”
ကျွန်တော် ပြုံးလိုက်ကာ သူမကို ပြောလိုက်သည်။
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်လိုက်ကာ ပြောလိုက်သည်။
“ဒီတော့ နင်ငါ့ကို သတ်ချင်တာလား။”
“ဟုတ်တယ်။ တာဝန်ချိန်ပြီးဖို့ မိနစ်သုံးဆယ်ပဲ ကျန်တော့တယ်။ အခု နင့်ကို ငါ ကြိုးတုတ်ထားတယ်ဆိုတော့ ငါ ဘာမှလုပ်လို့မရတော့ဘူး။ ဒီတော့ ဆိုလိုတာက နင် တာဝန်ကို မပြီးမြောက်နိုင်ဘူးပဲ။ တာဝန်မပြီးတဲ့သူတွေက အဆုံးမှာဘာဖြစ်တယ်ဆိုတာ ငါနင့်ကို ပြောပြစရာ မလိုလောက်ဘူးလို့ ငါထင်တယ်။”
ကျွန်တော် သူမကို ပြုံးပြလိုက်သည်။
“မဟုတ်ဘူး။ နင်ဒီလိုလုပ်လို့မရဘူး။ နင် ငါနဲ့အတူ အဲဒါကို အမြန်လုပ်လို့ရပါတယ်။ ကျေးဇူးပြုပြီးတော့။”
ကျောက်ချန်းချန်းက ကျွန်တော့်အား စိုးရိမ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“နင် ငါ့ကို ဘယ်လောက်ပဲ တောင်းပန်တောင်းပန် ရမှာမဟုတ်ဘူး။”
ကျွန်တော် သူမအား အေးစက်စွာပြောလိုက်သည်။ ပြီးနောက် ကျွန်တော့် ပခုံးပေါ်ရှိ ဖုန်များကို ခါကာပြောလိုက်သည်။
“ငါ နင့်ကြောင့် ငါ့မိသားစုဆီကနေ ခွေးတစ်ကောင်လို ပုန်းခဲ့ရတာ။ ပြီးတော့ ငါ့ကို ဟိုကောင်တွေ ကန်ခဲ့တဲ့ဒဏ်ရာတွေက အခုထိ မပျောက်သေးဘူး။ ဒါပေါ့ ငါဒီကို အကြောင်းပြချက်တစ်ခုအတွက် ပြန်လာခဲ့တာ။”
ပြီးနောက် ကျွန်တော် ကျောက်ချန်းချန်းကို ကြည့်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။
“အဲဒါက နင် ငါ့ရှေ့မှာ သေတာကို ကြည့်ဖို့ပဲ။”