အခန်း၂၅ ထွက်ပြေးလွတ်မြောက်ခြင်း
မော့ကျင်းယွီ၏စကားများကိုနားထောင်ပြီးနောက် ကျွန်တော် သူမကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် ကြည့်နေသည်။ သူမက ကျွန်တော်နှင့် ကျောက်ချန်းချန်းက ချစ်သူများဖြစ်သွားပြီဟု အမှန်တကယ်ပင် ယူဆထားသည့်ပုံဖြစ်သည်။ သူမ၏ အကြည့်ထဲတွင် မကျေနပ်မှုကိုတော့ ကျွန်တော်မတွေ့ရပေ။
ဒါကိုတွေးရင်း ကျွန်တော့်ရင်ထဲတွင် အလွန်ရှုပ်ထွေးလာပြီး ဒေါသထွက်မှုနှင့် မသက်မသာဖြစ်မှုတို့က ရောထွေးနေလျက်ရှိသည်။
မော့ကျင်းယွီ၏ သဘောထားက ကျွန်တော့်အား အံ့အားသင့်သွားစေသည်။ ကျွန်တော် မော့ကျင်းယွီအား တုံ့ဆိုင်းစွာဖြင့်ကြည့်လိုက်ကာ ကျောက်ချန်းချန်းအား သွားရှာရမည့်အကြံကိုပင် ကျွန်တော့်စိတ်ထဲမှ ထုတ်လိုက်သည်။
သို့သော် မော့ကျင်းယွီက ကျွန်တော့်အား ကြည့်ကာပြောလိုက်သည်။
“သွားပါ ငါ့ကို ဒီတစ်ကြိမ်ပဲ ကူညီပေးပါ။”
“နင့်ကို ကူညီပေးရမယ်ဟုတ်လား။”
ကျွန်တော် မော့ကျင်းယွီအား မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။”
မော့ကျင်းယွီက ကျွန်တော့်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ့ကို သူမက ခြိမ်းခြောက်ထားတယ်။ တကယ်လို့ နင် သူမနောက်ကို မလိုက်ရင် ငါ ဒုက္ခရောက်လိမ့်မယ်။”
“ဒါဆိုရင်လည်း ငါလိုက်သွားလိုက်ပါ့မယ်။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်ပြီးနောက်ပြောလိုက်သည်။
နေ့လည်ခင်းတွင် ကျွန်တော် စိုးရိမ်စွာဖြင့် ဖုန်းကိုကြည့်လျက် လမ်းလျှောက်နေခဲ့သည်။ ကျွန်တော့်၏မျက်နှာကို မီးဟပ်နေသကဲ့သို့ ကျွန်တော်ခံစားနေရသည်။
အခုလေးတင် ကျောက်ချန်းချန်းက ကျွန်တော့်အား ဟော်တယ်၏ အခန်းနံပတ်၅၀၂ တွင် လာရှာရန် စာပို့ခဲ့သည်။
ဒါကိုတွေးရင်း ကျွန်တော် အလွန်စိတ်လှုပ်ရှားခဲ့သည်။ ဒီနေ့က ကျွန်တော့်၏ လူပျိုရည်ကို နှုတ်ဆက်ရမတော့မည့်နေ့ဟု ကျွန်တော်ထင်ခဲ့သည်။ ကျွန်တော် သဘောမကျသည့်သူကို ပေးလိုက်ရမှာဖြစ်သော်ငြား ကျောက်ချန်းချန်းက လှသည်ဆိုတော့ ကျွန်တော် အနည်းငယ်တော့ ပျော်ရွှင်ခဲ့သည်။
နောက်ဆုံးတွင် ကျွန်တော် ဟော်တယ်ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။
ဟော်တယ်ထဲသို့ ဝင်လိုက်သည့်အချိန်တွင် ဘာကြောင့်မှန်းမသိ နေရာတိုင်းတွင် လူများရှိနေသည်။ သို့သော် ကျွန်တော် ဂရုမစိုက်ဘဲ အခန်း၅၀၂ရှေ့သို့လာကာ တံခါးခေါက်လိုက်သည်။
“ဝင်ခဲ့”
ဆိုသည့် ကျောက်ချန်းချန်း၏အသံ ထွက်ပေါ်လာသည့်အချိန်တွင် ကျွန်တော့်၏ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ပြီးနောက် ကျွန်တော် တံခါးဖွင့်ကာဝင်သွားလိုက်သည်။ ကျွန်တော် ဝင်သွားသည့်အချိန်တွင် ကျောက်ချန်းချန်းက အိပ်ရာပေါ်တွင် ထိုင်နေကာ သူဘေးတွင် ကောင်လေးများစွာ ရှိနေသည်ကို ကျွန်တော် တွေ့လိုက်ရသည်။
ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော် ရုတ်တရက် တစ်ခုခုဖြစ်တော့မည်ဟု ခံစားမိပြီး အမြန် နောက်ဆုတ်လိုက်သည်။ ကျွန်တော် အပြင်ပြန်ထွက်တော့မည့်အချိန်တွင် ကျွန်တော့်ကို အနောက်မှ တစ်ယောက်ယောက်တွန်းတာ ခံလိုက်ရပြီးနောက် ကျွန်တော် ရှေ့သို့ ပြန်ရောက်လာခဲ့သည်။
ပြီးနောက် ကျွန်တော့်နောက်မှ အေးစက်သည့်အသံတစ်သံကို ကြားလိုက်ရသည်။
“မင်းလို အမှိုက်ကောင်က ငါ့ကောင်မလေးနဲ့ အတူအိပ်ချင်တယ်ပေါ့ ဟုတ်လား။”
ကျွန်တော် လှည့်ကြည့်လိုက်သည့်အချိန်တွင် အဝါရောင်ဆံပင်ဖြင့် ခံ့ညားသော ယောကျာ်းလေးတစ်ယောက်ကို ကျွန်တော် တွေ့လိုက်ရသည်။ ကျွန်တော်သူ့ကို မြင်လိုက်သည့်အချိန်တွင် ခဏတာ မှင်တက်သွားသည်။ ဒီလူက ကျောက်ချန်းချန်း၏ ရည်းစားဖြစ်သည်။
နောက်ဆုံးတစ်ကြိမ်တွေ့တုန်းက သူ ကျွန်တော့်အား ရိုက်နှက်ခဲ့သောကြောင့် ကျွန်တော်မှတ်မိနေခဲ့ခြင်းဖြစ်သည်။ သို့သော် ကျောက်ချန်းချန်းက ကျွန်တော့်အား လိမ်ညာခဲ့မည်ဟု ကျွန်တော်ထင်မထားပေ။
သူ့အားကြည့်လျက် ကျွန်တော် ဘာပြောရမှန်းမသိပေ။ ပြီးနောက် ဒီအဝါရောင်ဆံပင်ဖြင့်ကောင်က ကျွန်တော့်အားတစ်ချက်ရိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကောင်လေး မင်းသေချင်နေတာလား။”
ပြီးနောက် ဘေးရှိယောကျာ်းလေးတချို့က စကားပြောတာရပ်လိုက်ကြပြီး ကျွန်တော့်အားနောက်မှ လာ၍ ချုပ်လိုက်ကြသည်။
အကြိမ်ရေအနည်းငယ် အထိုးခံရပြီးနောက် ကျွန်တော့်ချုပ်ထားရာမှ လွှတ်လိုက်ကြသည်။ ကျွန်တော် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ဒီအချိန်တွင် ကျွန်တော် ကျွန်တော့်ခေါင်းကိုကာထားလိုက်သည်။ ဘေးရှိယောကျာ်းလေးများက ကျွန်တော့်အားဝိုင်း၍ ကန်ကျောက်ကြသည်။ ကျောက်ချန်းချန်းက ကျွန်တော့်အားလှောင်၍ ပြောလိုက်သည်။
“ဖားက ငန်းသားစားချင်တာတဲ့။”
ကျွန်တော် မြေပြင်ပေါ်တွင် နာကျင်စွာဖြင့် သည်းခံနေရသည်။ ကျွန်တော့်ဘေးရှိယောကျာ်းလေးများက ကျွန်တော့်အား မနားတမ်းကန်ကျောက်နေကြကာ ကျွန်တော် ကျောက်ချန်းချန်းအား မုန်းတီးစွာဖြင့်ကြည့်ပြီး အံကြိတ်ကာ သည်းခံရုံပဲတတ်နိုင်ခဲ့သည်။
ကိစ္စများက ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။ ကျောက်ချန်းချန်းက ကျွန်တော့်အား ရည်ရွယ်ချက်ရှိရှိဖြင့် လာရှာခိုင်းတာဖြစ်ပြီး ကျွန်တော် အညာခံလိုက်ရတာဖြစ်သည်။
ဤကဲ့သို့ တွေးနေစဉ် ဘေးရှိ ကန်ကျောက်မှုများက နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ဒီအချိန်တွင် ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက ပူထူနေပြီး တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေခဲ့သည်။
“ငါ့ ကောင်မလေးကို လာပြီး ဆွဲဆောင်ရဲတယ်။ မင်းက တကယ်သေချင်နေတာပဲ။”
ဟောင်မော့က ကျွန်တော့်ခေါင်းပေါ်သို့ တက်နင်းကာ ကျွန်တော့်အား အေးစက်စွာဖြင့်ပြောလိုက်သည်။
ကျွန်တော် သူ့အား တစ်ခုခုပြောချင်ခဲ့သော်ငြား ဘာပြောရမှန်းမသိဖြစ်နေသည်။
“ထားလိုက်တော့။ နင် သူ့ကို ထပ်ကန်ရင် သူ့ကို သတ်မိသွားလိမ့်မယ်။”
ကျောက်ချန်းချန်းက ကျွန်တော့်အား လှောင်လိုက်ပြီးနောက် လက်ခါပြလိုက်သည်။
“ဒါဆိုရင်လည်း သူ့ကို နင့်ကို အပ်ခဲ့မယ်။ နင် သူ့ကို ဘာလုပ်မှာလဲ။”
ဟောင်မော့က ပြောလိုက်သည်။
“နင် အဲ့လောက်ကြီး စိတ်ပူစရာမလိုပါဘူး။ အရင်သွားနှင့်။”
ကျောက်ချန်းချန်းက ပြောလိုက်ပြီးနောက် ကျွန်တော့်အား ကြည့်လိုက်သည်။
“ကောင်းပြီလေ။”
ဟောင်မော့က ကျွန်တော့်အား ခက်ထန်စွာဖြင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ ယောကျာ်းလေးများကလည်း သူနှင့်အတူ ပါသွားကြသည်။
သူတို့ ထွက်သွားပြီးသည့်အချိန်တွင် ကျွန်တော် ခေါင်းမော့လိုက်ကာ သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီတော့ ဒါနင့်ရဲ့ ရည်ရွယ်ချက်ပေါ့။”
“မဟုတ်ဘူး။ နင်မှားနေပြီ။ ဒါ ငါ့ရဲ့ရည်ရွယ်ချက်မဟုတ်ဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်အား လှောင်ကာ ကြည့်လိုက်သည်။
ကျွန်တော် ကျောက်ချန်းချန်းအားကြည့်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိကာ အော်ပြောလိုက်သည်။
“နင်ငါ့ကို သတ်ချင်တာလား။”
“ဟဟ နောက်ဆုံးတော့ နင်ခန့်မှန်းမိပြီပဲ။ ဒါပေမဲ့ အဲဒါ အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား။”
ကျောက်ချန်းချန်းက ငေါ့ပြောလိုက်ပြီးနောက် သူမနောက်မှ ဓားမြှောင်ကို ထုတ်လိုက်သည်။ သူမ လက်ထဲမှ ဓားမြှောင်ကို ကြည့်ပြီးနောက် ကျွန်တော် အော်ပြောလိုက်သည်။
“နင်ဘာလို့ ဒါကိုလုပ်တာလဲ။ နင့်မှာ တခြားရွေးချယ်စရာတွေ ရှိတာပဲကို။”
“တခြားရွေးချယ်စရာတွေဟုတ်လား။ ငါ့မှာ ဘာရွေးချယ်စရာမှမရှိတာ။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ရွံ့ရှာသည့်အကြည့်ဖြင့်ကြည့်ပြီးနောက် အေးစက်စွာဖြင့်ပြောလိုက်သည်။
“ငါ နင်နဲ့အတူ အဲဒါကို လုပ်မယ်လို့ နင်ထင်နေတာလား။ အိပ်မက်မက်နေလိုက်။”
“ငါ့ကို သတ်မယ်ဆိုရင် နင်လည်းထောင်ကျမှာပဲ။ တကယ်လို့ နင် ငါနဲ့အတူ အဲဒါကို မလုပ်ချင်ဘူးဆိုရင် နင်လက်လျော့လိုက်လို့ရတာပဲ။ ဒီလိုလုပ်စရာမလိုပါဘူး။”
“မလိုဘူးဟုတ်လား။ မလိုအပ်ဘူးလို့ ဘယ်သူကပြောလဲ။ ပြောရရင် ငါနင့်ကို သတ်ချင်နေတာ အရင်ကတည်းကပဲ။”
ကျောက်ချန်းချန်းက ကျွန်တော့်အား အေးစက်စွာဖြင့်ပြောလိုက်သည်။
“နင်ငါ့ကို အရင်ကတည်းက သတ်ချင်နေတာ ဟုတ်လား။ ဒါမဖြစ်နိုင်ဘူး။”
ကျွန်တော်ပြောလိုက်သည်။
“ဘာက မဖြစ်နိုင်တာလဲ။ ငါနင့်ကို ဘယ်လောက်တောင်မုန်းလဲဆိုတာ နင်သိလား။ နင် စောစောသေရင် ကောင်းမယ်လို့ ငါဆုတောင်းတယ်။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ နင်ငါ့ကို မုန်းရင်တောင် ဒီလိုလုပ်စရာမလိုပါဘူး။”
ကျွန်တော် ကျောက်ချန်းချန်းအား ကြည့်လိုက်သည်။
“ထားလိုက်တော့။ ငါ နင်နဲ့ စကားများချင်စိတ်မရှိဘူး။ နင် မြန်မြန်သေသင့်တယ်။”
ကျောက်ချန်းချန်းက ပြောပြီးသည်နှင့် ဓားမြှောင်ကို ကိုင်ကာ ကျွန်တော့် ရင်ဘတ်ဆီသို့ ပြေးဝင်လာသည်။ သို့သော် ဒီအချိန်တွင် ကျွန်တော် သူမ၏ ထိုးချက်ကို အမြန်ရှောင်လိုက်ပြီး ခက်ခဲစွာဖြင့်ပြောလိုက်သည်။
“ဘာလို့လဲ။ အဲဒါက အရမ်းခက်ခဲနေလို့လား။ အဲဒါင နင် လူသတ်ရလောက်တဲ့အထိ ခက်ခဲနေလို့လား။”
“ဒါပေါ့ နင့်လို အမှိုက်ကောင်နဲ့ အဲဒါလုပ်ဖို့ တွေးလိုက်ရုံနဲ့တင်ကို ရွံ့စရာကောင်းနေပြီ။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ဒေါသများဖြင့် ဖုံးလွှမ်းနေသောအကြည့်များဖြင့်ကြည့်ပြီး သူမ၏ မျက်နှာက စက်ဆုပ်ရွံ့ရှာမှုများဖြင့်ပြည့်နှက်နေသည်။
“နင့်လို ယောကျာ်းက ရုပ်ဆိုးရုံတင်မကဘူး။ ပိုက်ဆံလည်း မရှိဘဲ အရမ်းမောက်မာတယ်။ တကယ်ပဲ ရွံ့စရာကောင်းတယ်။ ပြီးတော့ နင်က နင့်တစ်သက်လုံး ကောင်မလေးမရှိဘဲ လူပျိုကြီးလုပ်ရမှာ။”
“တောင်သင့်ပြီ။”
ကျွန်တော် ဒေါသတကြီးဖြင့်အော်ပြောလိုက်သည်။
“နင်ပြောတာမှန်တယ်ဆိုတာ ငါဝန်ခံတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ငါ့မှာ အသက်ရှင်ခွင့်ရှိတယ်။”
“အမှိုက်တွေက အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး။ နင်တို့လို အမှိုက်တွေက စောစောသေတာ ပိုကောင်းတယ်။”
ကျောက်ချန်းချန်းက ပြောပြီးသည်နှင့် ကျွန်တော့်ဆီသို့ ထပ်မံဝင်ရောက်လာတော့သည်။
သို့သော် ဒီအချိန်တွင် ကျွန်တော့်ခန္ဓာကိုယ်က အလွန်နာကျင်သော်ငြား ကျွန်တော် အံကြိတ်ကာ သူမကို ကန်လိုက်သည်။
ကျောက်ချန်းချန်းက အငိုက်မိသွားတာဖြစ်ကာ အနောက်သို့ လဲကျသွားသည်။ ပြီးနောက် သူမ အမြန်မတ်တပ်ပြန်ရပ်လိုက်ကာ ကျွန်တော့်နောက်သို့ ရူးသွပ်စွာဖြင့် လိုက်တော့သည်။
ကျွန်တော် အမြန်ပင် တံခါးဖွင့်လိုက်ပြီးနောက် ပြေးထွက်လာခဲ့သည်။ ပြီးနောက် ကျွန်တော် အမြန်ပင် အော်လိုက်သည်။
“လူသတ်သမားဗျို့၊ လူသတ်သမား။”
ကျွန်တော့်အသံက ဟော်တယ်အတွင်းရှိ လူများ၏အာရုံကို ရလိုက်သည်။ ကျောက်ချန်းချန်းက ထိုအရာကို လျစ်လျူရှုကာ ဓားမြှောင်ကို ဆက်၍ကိုင်ထားဆဲပင်။
ကျွန်တော် အမြန်ပင် ပြေးထွက်လာခဲ့သည်။ ကျွန်တော် အနောက်သို့ပင် လှည့်မကြည့်ဖို့ သတ္တိမရှိခဲ့ပေ။
ကျွန်တော် အားကုန်သုံးကာ ဆက်၍ ပြေးလာခဲ့သည်။ ကျောက်ချန်းချန်းက ကျွန်တော့်နောက်မှ ပြေးလိုက်လာသော်ငြား သူမက ကျွန်တော့်၏ အသက်ရှင်လိုစိတ်ကို လျော့တွက်ခဲ့မိသည်။ ကျွန်တော့်၏ အရှိန်ကို သူမ မမှီပေ။
မျက်စိတစ်မှိတ်အတွင်း ကျွန်တော် သူမကို မျက်ချေဖြတ်နိုင်ခဲ့သည်။ ကျွန်တော် နောက်လှည့်ကြည့်ခဲ့သည့်အချိန်တွင် ကျောက်ချန်းချန်းက ကျွန်တော့်အား ခက်ထန်စွာဖြင့် ကြည့်နေခဲ့သည်။
သို့သော် ကျွန်တော် ထိုအကြောင်းကို ဆက်၍မစဉ်းစားခဲ့ဘဲ ဆက်၍သာ ပြေးခဲ့သည်။ မကြာခင်ပင် ကျွန်တော် လမ်းကြားတစ်ခုထဲသို့ ရောက်သွားသည်။
ထိုလမ်းကြားထဲသို့ ပြေးဝင်ခဲ့ပြီးနောက် ကျွန်တော် ခဏနားလိုက်သည်။ ကျွန်တော် နောက်ဘာလုပ်ရမည်ကို စ၍တွေးခဲ့သည်။
အတန်းထဲသို့တော့ ကျွန်တော် သေချာပေါက်ပြန်သွားမှာမဟုတ်ပေ။ ကျောက်ချန်းချန်းက ကျွန်တော် အတန်းထဲသို့ သွားမည်ဟု ထင်မှာသေချာပေါက်ပင်ဖြစ်သည်။ ဒီတော့ ကျွန်တော် ဘယ်သို့သွားရမည်နည်း။
ကျွန်တော် အိမ်သို့သွားရမည်လား။ သို့မဟုတ် တခြားတစ်နေရာရာသို့ သွားရမည်လား။
ကျွန်တော် ဆက်၍တွေးနေခဲ့ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
ကျောက်ချန်းချန်းက ကျွန်တော့်အား မရရအောင် သတ်မှာသေချာသည်။ ဒီအချိန် အတန်းထဲသို့ပြန်သွားလျှင် သေမှာ ဧကန်မုချပင်ဖြစ်သည်။
ကျောက်ချန်းချန်းက ဤမျှ ရူးသွပ်မည်ဟု ကျွန်တော် ထင်မထားပေ။ အကယ်၍ လူများစွာ ရှိနေလျှင်တောင် သူမက ကျွန်တော့်ကို သတ်ဦးမှာဖြစ်သည်။ ဒီတော့ ကျွန်တော် ဂရုစိုက်ရမှာဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော် ဘယ်ကိုသွားရမည်ဆိုသည်ကို ဆက်၍စဉ်းစားခဲ့သည်။
ကျွန်တော် ယခု အိမ်သို့ပဲပြန်နိုင်သေးသည်။
ဒါကို တွေးမိသည်နှင့် ကျွန်တော် ကားတစ်စီးအမြန်ငှားလိုက်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် ကျွန်တော် စိတ်သက်သာရာရသွားသည်။ ပြီးနောက် ကျွန်တော် ကြောက်ရွံ့စွာဖြင့် အိပ်ရာပေါ်တွင် ကွေးနေလိုက်သည်။
ယခုဖြစ်ပျက်ခဲ့သည်က အလွန်အန္တရာယ်များသည်။ ကျွန်တော် သေတော့မလိုပင်။ အိမ်တွင်ရှိနေသော်ငြား ကျွန်တော် ကြောက်ရွံ့နေသေးသည်။
ပြီးနောက် ကျွန်တော့်ဖုန်းမည်လာသည်။ ကျွန်တော် ဖုန်းကိုင်လိုက်သည့်အချိန်တွင် ကျောက်ဖန်းယွီဖြစ်နေသည်။
ကျောက်ဖန်းယွီကပြောသည်။
“ကျန်းဖန် မင်း ဒီတစ်ကြိမ်တော့ ဂုဏ်ယူနေတယ်မလား။ ကျောက်ချန်းချန်းက ဘယ်လိုလဲ။”
“သူက ငါ့ကို သတ်ချင်နေတာကွ။”
ကျွန်တော် အမြန်ပင် သူ့ကို ပြန်အော်ပြောလိုက်သည်။
“ဘာ။ ဘာကြီး။”
ကျောက်ဖန်းယွီက အံ့အားသင့်စွာဖြင့် အမြန်ပြန်မေးလာသည်။
ကျွန်တော် ထိုကိစ္စကို ပြန်ပြောလိုက်သည်။ ကျွန်တော် ပြောတာကို နားထောင်ပြီးနောက် ကျောက်ဖန်းယွီက ပြောသည်။
“ဒီ ကျောက်ချန်းချန်းက တကယ့်ဟာပဲ။ သူက မင်းကို သတ်ချင်နေတာပဲ။ အခု မင်းဘယ်မှာလဲ။”
“အခု ငါအိမ်မှာ။ ပြီးတော့ ငါအခု လုံခြုံပါတယ်။ ဒါပေမဲ့ ကျောက်ချန်းချန်းက လက်လျော့မှာ မဟုတ်သေးဘူး။ သူက လူတော်တော်များများနဲ့သိတယ်။ ပြီးတော့ သူ ငါ့ကို ရှာမှာ။ ဒီတော့ မင်းငါ့အတွက် သတင်းတချို့ စုံစမ်းပေးလို့ရမလား။”
ကျွန်တော် ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ ငါအခြေအနေကို သိတာနဲ့ မင်းကို ပြောမယ်။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။