အခန်း၂၄ ဖိတ်ခေါ်ခြင်း
ကျောက်ချန်းချန်းက အလွန်လှပသည့်ကောင်မလေးဖြစ်ပြီး သူမက မကြာခဏ အရွယ်ရောက်သည့်သူများ ဝတ်ဆင်သည့်အဝတ်များ ဝတ်လေ့ရှိသည်။ ကျွန်တော်ကြားဖူးသည်က သူမ၏ ချစ်သူက တခြားအတန်းမှ ကောင်လေးဖြစ်ပြီး သူမက ယောကျာ်းလေးများနှင့် မကြခဏ ရောနှောတတ်ရှိသည်။
ပြီးနောက် ကျွန်တော် သူမနှင့် ရန်ငြိုးရှိခဲ့ဖူးသည်။ ထိုအရာက ကာယချိန်တွင် ဖြစ်ပွားခဲ့တာဖြစ်သည်။
ထိုအချိန်က ကျွန်တော် သူမ၏ ရေဘူးကို မှား၍ သောက်မိတာဖြစ်ပြီး သူမက ကျွန်တော့်အား အော်ဟစ်ပြောဆိုခဲ့သည်။ သေနာကောင်ဆိုလား ဘာဆိုလားပင်။ အတိအကျတော့ ကျွန်တော် မမှတ်မိတော့ပေ။ ထိုအရာတင်မကဘဲ သူမက သူမပါးစပ်ကို ပိတ်ကာ အန်ချင်သည့်ပုံပင် လုပ်ပြခဲ့သေးသည်။
သူမ၏ အပြုအမူများက ကျွန်တော့်ကို စိတ်ဆိုစေခဲ့သော်ငြား ကျွန်တော် ဘာမှမပြောရဲခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမက ယောကျာ်းလေးတော်တော်များများနှင့်သိပြီး ကျွန်တော် သူတို့အကုန်လုံးနှင့် ရင်မဆိုင်နိုင်သောကြောင့်ဖြစ်သည်။
ယခု ဒီလိုမျိုးဖြစ်လာပြီဆိုတော့ ကျွန်တော် အလွန်စိတ်လှုပ်ရှားခဲ့သည်။
ဒီအချိန်တွင် ကျောက်ချန်းချန်းက မတ်တပ်ရပ်လိုက်ပြီးနောက် ကျွန်တော့်ကို မကျေနပ်စွာဖြင့် လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။
“ငါ နင့်ကိုပြောမယ် ကျန်းဖန် နင်ငါ့ကို ထိရဲထိကြည့် ငါနင့်ကို သတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မှာ။”
သူမကို ကြည့်လိုက်ပြီး ကျွန်တော့်ရင်ထဲရှိ ဒေါသများက ထကြွလာသည်။ ကျောက်ချန်းချန်းက ကျွန်တော့်အား အထင်သေးသော်ငြား ဒီအချိန်အထိ သူမ ဒီလိုတွေးနေလိမ့်မည်ဟု ကျွန်တော် မထင်ထားခဲ့ပေ။
ကျွန်တော် ကိုယ့်ကိုယ်ကို ထိန်းကာ မပ်တပ်ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“နင် မူးများမူးနေတာလား။ ဒီတာဝန်ကို လုပ်ရမှာက ငါ မဟုတ်ဘူး။ နင် လုပ်ရမှာ။”
ကျွန်တော် ပြောလိုက်သည်နှင့် ကျွန်တော့်ဘေးရှိ ကျောင်းသားများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က တာဝန်ကို သေချာကြည့်လိုက်ပြီးနောက် ပြောလိုက်ကြသည်။
“ဟုတ်တယ်။ ဒီတာဝန်က နင့်ကို ပေးထားတာ ကျောက်ချန်းချန်း။”
“ဟုတ်တယ်။ နင့်မှာ အခု ရွေးချယ်စရာ သုံးခုရှိတယ်။ ပထမတစ်ခုက ငါနဲ့ အတူအိပ်ဖို့။ ဒါပေမဲ့ ငါနင်နဲ့ လုံးဝအိပ်မှာ မဟုတ်ဘူး။ ဒုတိယရွေးချယ်စရာက ငါ့ကို သတ်ဖို့။ အဲဒါကလည်း လွယ်မှာမဟုတ်ဘူးဆိုတော့ အခြ ရွေးချယ်စရာတစ်ခုပဲ ကျန်တော့တယ်။”
ကျွန်တော် ကျောက်ချန်းချန်းကို ရွံ့ရှာသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အဲဒါ ဘာမှမလုပ်ပဲနဲ့ သေရမှာကို စောင့်နေဖို့ပဲ။”
ကျောက်ချန်းချန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ပြီးနောက် သူမက ကျွန်တော့်အားအော်ပြောလိုက်သည်။
“ငါ သေရမယ်ဆိုရင်တောင် နင်နဲ့ မအိပ်ဘူး။ အမှိုက်ကောင်၊ ဟွန့် ရွံ့စရာကောင်းလိုက်တာ။”
သူမက ပြောပြီးနောက် သူမထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
ကျွန်တော့်မျက်နှာ အနည်းငယ် နီရဲသွားသည်။ ဒီအချိန်ထိ သူမက ကျွန်တော့်ကို ဒီလောက်ပြောရဲလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။ ကျွန်တော့်ဘေးရျိ မှုန်မှိုင်းသည့်အကြည့်များကို လျစ်လျူရှုလိုက်ကာ ကျွန်တော့်ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ဒီအချိန်တွင် မော့ကျင်းယွီက ကျွန်တော့် အင်္ကျီလက်ကို ဆွဲလိုက်ကာ ရေရွတ်လိုက်သည်။
“နင် သူနဲ့ အဲဒါကို တကယ်လုပ်မှာလား။”
“စိတ်ချပါ။ အဲဒါ လုံးဝဖြစ်လာမှာ မဟုတ်ဘူး။”
ကျွန်တော် မော့ကျင်းယွီအားကြည့်ကာ လေးနက်စွာပြောလိုက်သည်။
“ဒါပေမဲ့ နင် အဲဒါကို သူနဲ့ မလုပ်ရန် ကျောက်ချန်းချန်းက သေလိမ့်မယ်။”
မော့ကျင်းယွီက တိုးတိုးပြောသည်။
“သူ သေမှာပဲ ငါမှမဟုတ်တာ။ ငါ ဘာလို့ ဂရုစိုက်ရမှာလဲ။”
ကျွန်တော် ပြောလိုက်သည်။
“ဒါပေမဲ့…”
မော့ကျင်းယွီက တစ်ခုခု ပြောချင်သော်ငြား ကျွန်တော် သူမလက်ကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။
“မပြောနဲ့တော့ ငါ့ရင်ထဲမှာနင်တစ်ယောက်ပဲ ရှိတာ။ သူမ ငါ့ကို ဒူးထောက်တောင်းပန်ရင်တောင်မှ ငါမသွားဘူး။”
“ဟင်။”
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဒါဆိုလည်း နင့်သဘောပါ။”
ပြီးနောက် ကျွန်တော် ကျောက်ချန်းချန်းကိုပင် မကြည့်တော့ဘဲ မော့ကျင်းယွီနှင့်သာ ဆက်၍ စကားပြောခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတာဝန်က ကျွန်တော့်တာဝန်မဟုတ်ပေ။
တစ်ဖက်တွင်မူ
ကျောက်ချန်းချန်းက ယခု အခွန်စိုးရိမ်နေပြီဖြစ်သည်။ အစကတော့ သူမက ဘုရင်မတစ်ပါးလို မောက်မာနေသော်ငြား အချိန် တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့် သူမ၏ သဘောထားက ပြောင်းလဲလာသည်။ သေခြင်းတရားက သူမနား တဖြည်းဖြည်းချင်း နီးကပ်လာသည်ဟု သူမခံစားနေရသည်။ အကယ်၍ သူမ တာဝန်ကို မပြီးမြောက်လျှင် သေခြင်းတရားက သူမကို စောင့်ဆိုင်းနေသည်မှာ ပြောစရာကိုမလိုပင်။
သို့သော် သူမက ကျွန်တော့်လို ရုပ်ဆိုးသည့်သူတစ်ယောက်နှင့် အတူမအိပ်ချင်ပေ။ သူမက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူမ၏ မျက်နှာက ဖြူရော်နေတော့သည်။
သူမဘေးရှိသူများက သူမအတင်းပြောနေကြသည်။ အထူးသဖြင့် ကောင်မလေးများဖြစ်ကြသည်။
“ဟဟ ဒီတစ်ပတ်တော့ ချန်းချန်း ကံမကောင်းတာပဲ။ သူမက ကျန်းဖန်နဲ့ လုပ်ရမှာတဲ့။”
“ဟုတ်တယ်။ သူမက ကျန်းဖန်ကို အမုန်းဆုံးဆိုတာကို မသိတဲ့သူမရှိဘူး။”
“အခု သူမ မြန်မြန်လုပ်သင့်ပြီ။”
“ဟုတ်တယ်။”
ဆွေးနွေးသံများကို နားထောင်ပြီးနောက် ကျောက်ချန်းချန်း၏ မျက်နှာက ပို၍ပင် ဖြူရော်လာသည်။ သူမက တစ်ခုခုကိုတွေးမိပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သည့်အပြုံးတစ်ပွင့်က ထွက်ပေါ်လာသည်။
ထိုအရာများကို မော့ကျင်းယွီနှင့် တီတီတာတာပြောနေသည့် ကျန်းဖန်ကမူ သတိမပြုမိပေ။
“နင်ဒီတစ်ကြိမ် တော်တော်ကံကောင်းသွားတာပဲ။ ကျောက်ချန်းချန်းက အရမ်းလှတာ။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ငါ့ကို စိတ်မဆိုးပါနဲ့ဟာ။ ငါလည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။”
ကျွန်တော် စိတ်ဆင်းရဲစွာဖြင့် မော့ကျင်းယွီကို ကြည့်လိုက်ကာပြောလိုက်သည်။
“ဒါပေမဲ့ နင်စိတ်ချပါ။ ငါနင့်ကို သစ္စာမဖောက်ပါဘူး။”
မော့ကျင်းယွီက နီရဲနေသောမျက်နှာဖြင့် ကျွန်တော့်ကို သာသာလေးထုလိုက်ကာ ပြောလိုက်သည်။
“နင့်ကို ဘယ်သူက သစ္စာရှိပါလို့ ပြောနေလို့လဲ။”
“ဟီဟီ”
ကျွန်တော် မော့ကျင်းယွီကို ကြည့်ကာပြုံးပြီးပြောလိုက်သည်။
“ကောင်းပြီလေ။ တကယ်လို့ တစ်နေ့နေ့မှာ နင်ဒီလိုတာဝန်မျိုးနဲ့ ကြုံရင် ငါ့ကို ဘယ်လိုလုပ်မှာလဲ။”
“အဲဒါဆို ငါနင့်ကို သတ်ဖို့ရွေးမှာ။”
မော့ကျင်းယွီက ကျွန်တော့်ကို လျှာထုတ်ပြောင်လိုက်ကာ ပြောလိုက်သည်။
“ငါ နင့်လို မိန်းမလှလေးကို မလွန်ဆန်နိုင်ပါဘူး။”
ကျွန်တော် သူမကိုပြောလိုက်သည်။
“ကြည့်ပါဦး။ နင့်လိုလူက ဒီလိုမျိုးပြောလိမ့်မယ်လို့ ငါထင်တောင်ထင်မထားဘူး။”
မော့ကျင်းယွီက ကျွန်တော့်ကိုကြည့်ကာပြောလိုက်သည်။
“ကောင်းပြီလေ။ နေ့လည်ကျ အတူတူသွားစားကြရအောင်။”
ကျွန်တော် မော့ကျင်းယွီကိုကြည့်ကာပြောလိုက်သည်။
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် တစ်ခုခု ပြောတော့မည့်အချိန်တွင် ကျောက်ချန်းချန်းက ရုတ်တရက် ကျွန်တော့်ကို လာရှာသည်။ ကျောက်ချန်းချန်းရောက်လာသည်ကို မြင်သည့်အချိန်တွင် ကျွန်တော် ခဏလောက် အံ့အားသင့်သွားသည်။
မော့ကျင်းယွီက သူမကို ကြည့်လိုက်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ။”
“ဘာမှမဟုတ်ပါဘူး။ ငါ ကျန်းဖန်နဲ့ စကားပြောချင်လို့။”
ကျောက်ချန်းချန်းက ပြောလိုက်သည်။
“နင်တို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိဘူး။ ငါ မှတ်မိသလောက်တော့ နင် သူ့ကို မုန်းတယ်မဟုတ်ဘူးလား။”
မော့ကျင်းယွီက သူမကို ပြောလိုက်သည်။
ကျောက်ချန်းချန်း၏မျက်နှာက အနည်းငယ် နီရဲသွားပြီး သူမက အနည်းငယ်ရှက်သွားသည့်ပုံပေါ်သည်။ ပြီးနောက် သူမက ခေါင်းငုံ့လိုက်ပြီး မော့ကျင်းယွီအား တိုးတိုးပြောလိုက်သည်။ သူမ ပြောတာကို နားထောင်ပြီးနောက် မော့ကျင်းယွီ၏မျက်နှာကလည်း အနည်းငယ်ပြောင်းလဲသွားသည်။ ပြီးနောက် သူမက ပြောသည်။
“ကောင်းပြီ။ ဒါပေမဲ့ နင်သူ့ကို အရင်မေးရမယ်။”
“ဘာဖြစ်တာလဲ။”
ကျွန်တော် သူတို့နှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ နင် ငါနဲ့ အပြင်သွားမလား။”
ကျောက်ချန်းချန်းက ကျွန်တော့်ကိုကြည့်ပြီး ပြောလိုက်သည်။
“တော်ပြီ ငါမလိုက်တော့ဘူး။”
ကျွန်တော် မော့ကျင်းယွီအား ကြည့်ကာပြောလိုက်သည်။
မော့ကျင်းယွီက ရုတ်တရက်ပြောလိုက်သည်။
“သူနဲ့အတူ လိုက်သွားလိုက်ပါ။ အကုန်လုံးက အတန်းသူအတန်းသားတွေပဲကို။”
ကျွန်တော် မော့ကျင်းယွီအား မယုံကြည်နိုင်လောက်သည့် အကြည့်ဖြင့်ကြည့်ပြီးနောက် ကျောက်ချန်းချန်းနှင့်အတူ လိုက်သွားခဲ့သည်။
ကျွန်တေ်ာ ကစားကွင်းသို့ ကျောက်ချန်းချန်းနှင့်အတူ လိုက်လာခဲ့ပြီးနောက် ကျောက်ချန်းချန်းက ကျွန်တော့်အား ရှုပ်ထွေူသည့်အကြည့်ဖြင့်ကြည့်ပြီးနောက် သိမ်မွေ့စွာပြောလိုက်သည်။
“ငါ နင့်ကို ဒီကို ဘာလို့ခေါ်လာတာလဲဆိုတာ နင်သိမှာပါ။”
“ဒါက…”
ကျွန်တော် ကျောက်ချန်းချန်းကိုကြည့်ပြီးပြောလိုက်သည်။
“ငါနင်နဲ့ ချစ်သူမဖြစ်ချင်ဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်ပြီးနောက် ပြောလိုက်သည်။
“ငါလည်း နင်နဲ့ ချစ်သူဖြစ်ချင်တယ်ထင်လို့လား။ တာဝန်ကြောင့်သာမဟုတ်ရင် ငါလည်း အဲ့လိုလုပ်ချင်မှာမဟုတ်ဘူး။”
ကျွန်တော် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဘာပြောရမှန်းမသိပေ။
သို့သော် ကျောက်ချန်းချန်းက ကျွန်တော် ပြောတာကိုမစောင့်ဘဲ ကျွန်တော့်လက်ကို ဆွဲလိုက်ပြီးကျွန်တော့်ကို တုံ့ပြန်ခွင့်တောင်မပေးပေ။ ဒီအချိန်တွင် ကျွန်တော်တို့နှစ်ယောက်က ချစ်သူများကဲ့သို့ပင် ဖြစ်နေသည်။
ကျွန်တော် ခဏလောက် ကြက်သေသေသွားသည်။ ကျွန်တော့်လက်ကို ပြန်ဆွဲထုတ်ချင်သော်ငြား ကျွနတော့် ခန္ဓာကိုယ်က မလှုပ်ရှားခဲ့ပေ။
“ငါ ဒီနေ့ နေ့လည် ဟော်တယ်မှာ အခန်းတစ်ခန်းငှားထားတယ်။ ငါ့ကို လာရှာလေ။”
ကျောက်ချန်းချန်းက ကျွန်တော့်ကိုကြည့်ပြီး ပြောလိုက်သည်။
“ဒါက မကောင်းလောက်ဘူး။”
ကျွန်တော် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“နင် မော့ကျင်းယွီကို သဘောကျတယ်မလား။”
ကျောက်ချန်းချန်းက ကျွန်တော့်ကို မေးလိုက်သည်။
“အင်း။”
ကျွန်တော် သူမကို ကြည့်ပြီးပြောလိုက်သည်။ အကုန်လုံးကလည်း ဒါကို သိပြီးသားဖြစ်သည်။
“နင်ငါ့ကို ကူညီပေးရင် ငါလည်း နင့်ကို မော့ကျင်းယွီကို လိုက်ဖို့ ကူညီပေးမယ်လေ။ သူက အငယ်တန်းကျောင်းတုန်းက ငါ့ရဲ့ သူငယ်ချင်းဆိုတော့ ငါ သူ့အကြောင်း ကောင်းကောင်းသိတယ်။”
ကျောက်ချန်းချန်းက ပြောလိုက်သည်။
“ဒါပေမဲ့ ငါ နင်နဲ့ အဲဒါကို လုပ်ရင် သူမက ငါ့ကို မုန်းရင် မုန်းသွားလောက်တယ္။”
ကျွန်တော် ပြောလိုက်သည်။
“သူမက အဲ့အကြောင်းကို ဂရုမစိုက်လောက်ပါဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်ကို ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့…”
ကျွန်တော် တုံ့ဆိုင်းနေပြီး ဆက်၍ ငြင်းနေသေးသည်။
“နင် ငါ့ကို ကူညီသင့်ပါတယ်ဟာ။ ငါလည်း မော့ကျင်းယွီလောက်နီးနီးတော့ လှပါတယ်နော်။ သူ့ထက်တော့ မဆိုးပါဘူး။”
ကျောက်ချန်းချန်းက ကျွန်တော့်လက်မောင်းကို ဖက်တွယ်လိုက်ကာ ပြောလိုက်သည်။
ပြောရလျှင် ကျောက်ချန်းချန်းက မော့ကျင်းယွီလောက် မလှသော်ငြား သူမ၏ ကိုယ်လုံးကိုယ်ပေါက်က အထက်တန်းကျောင်းသူတစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက် မဟုတ်ပေ။ သူမ ကျွန်တော့်အပေါ် မှီလိုက်သည့်အချိန်တွင် ကျွန်တော့် နှာခေါင်းဝသို့ ဆက်တိုက်တိုးဝင်လာသော သူမကိုယ်ပေါ်မှ ရေမွှေးနံ့ကို ကျွန်တော် ရသည်။
ဒီအချိန်တွင် ကျွန်တော် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေပြီး ဒီတိုင်းပဲ ရပ်နေခဲ့သည်။
ကျွန်တော်က ရုပ်ဆိုးသည့်သူတစ်ယောက်ဖြစ်ပြီး ကျောက်ချန်းချန်းကဲ့သို့ ချောမောသည့်ကောင်မလေးကို ရင်ဆိုင်ရသည်က အလွန်ရင်ခုန်စရာကောင်းသည်ကို ကျွန်တော်ဝန်ခံသည်။
“ငါ မော့ကျင်းယွီကို ဖျောင်းဖျနိုင်တယ်။ နင်တို့နှစ်ယောက်ကို ငါ အောင်သွယ်ပေးမယ်လေ။ ဘယ်လိုလဲ။”
ကျောက်ချန်းချန်းက ကျွန်တော့်အား ကြည့်ပြီးပြောလိုက်သည်။
“ဒါပေမဲ့ နင့်မှာ ကောင်လေးရှိတယ် မဟုတ်ဘူးလား။”
ကျွန်တော် သူမကို မေးလိုက်သည်။
“ငါတို့ လမ်းခွဲလိုက်ကြပြီဆိုတော့ ငါ အခု စင်ဂယ်ပြန်ဖြစ်သွားပြီ။”
ကျောက်ချန်းချန်းက ပြောလိုက်သည်။
ကျွန်တော် ကျောက်ချန်းချန်းကို နာမလည်သည့်အကြည့်ဖြင့် ကြည့်နေသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်း မသိပေ။
ကျွန်တော့်ကို ကြည့်ကာ ကျောက်ချန်းချန်းက ငေါ့ပြောလိုက်သည်။
“အဲ့လောက်လည်း ဟန်ဆောင်မနေပါနဲ့။ နင်တို့ ယောက်ျားလေးတွေ အကုန်လုံးက ချောတဲ့မိန်းကလေးမြင်ရင် စားဖို့ပဲ တွေးနေတာ မဟုတ်ဘူးလား။ အမြန် နင့်ဖုန်းနံပတ်ပေး။ ငါနင့်ကို ခဏနေရင် ဖုန်းဆက်လိုက်မယ်။”
ကျောက်ချန်းချန်း၏ အသွင်အပြင်ကို ကြည့်ကာ ကျွန်တော် ကူကယ်ရာမဲ့စွာဖြင့် သူမကို ဖုန်းနံပတ် ပေးလိုက်ရသည်။
ကျောက်ချန်းချန်းက ကျေနပ်သည့် အပြုံးဖြင့် ကျွန်တော့်ကို ကြည့်ကာပြောလိုက်သည်။
“အရမ်းကြီးလည်း တွေးမနေပါနဲ့။ နင်က အဲဒါကို ခံစားရုံပါပဲ။”
စကားပြောပြီးသည်နှင့် သူမ ကျွန်တော့်ကို အနမ်းပေးပြီးနောက် လှည့်ထွက်သွားတော့သည်။ သူမ ထွက်သွားသည့်အချိန်တွင် ကျွန်တော် ထိုနေရာတွင် အချိန်အတော်ကြာ ကြက်သေသေနေခဲ့သည်။
ကျွန်တော် အတန်းထဲ့သို့ ပြန်ရောက်ချိန်၌ မော့ကျင်းယွီက ကျွန်တော့်အား မျက်စောင်းထိုးကာ ကြည့်နေသည်ကို ကျွန်တော် မြင်လိုက်ရသည်။
ထိုမှသာ ကျွန်တော် ပျာယာခတ်ဖြင့် သူမနားသို့ သွားကာ သူမကို ရှင်းပြတော့မည့်အချိန်တွင် သူမက ပြောလိုက်သည်။
“ကျောက်ချန်းချန်းနဲ့ ငါ စကားပြောပြီးပြီ။ ငါ အဲ့အကြံကို အရမ်းသဘောမကျပေမဲ့ နင် သူမကို ကူညီနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊”
ကျွန်တော် မော့ကျင်းယွီအား မယုံကြည်နိုင်လောက်သည့်အကြည့်ဖြင့်ကြည့်ပြီးနောက် အချိန်အတော်ကြာ ကြက်သေသေနေခဲ့သည်။
“ဒါပေမဲ့ ငါ သူနဲ့ လိုက်သွားရင်…”
“ငါသိပါတယ်။ ဒါပေမဲ့ သူက ငါတို့ အတန်းထဲကပဲလေ။ ငါ နင့်ကို သူ့ကို ကူညီပေးစေချင်တယ်။ ပြီးတော့ နင့်ရင်ထဲမှာ ငါရှိနေသရွေ့ ငါ အဲဒါကို ဂရုမစိုက်ပါဘူး။”
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ကာ သိမ်မွေ့စွာပြောလိုက်သည်။