အခန်း ၂၃

အပိုင်း၂၃ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း
ချောင်ဟူ၏ စကားများကို ကြားသည့်အချိန်တွင် လီယုထျန်းက အလွန်ပျော်ရွှင်သွားသည်။ သူတို့က ချောင်ဟူကို အမြန်ပင် ဝမ်ရင်းယန်အားဖိတ်ရန် တောင်းဆိုလိုက်ကြသည်။ ချောင်ဟူက သူ့အား တောင်းတောင်းပန်ပန် ပြောသည်ကို ခံရသည့်အချိန်တွင် သူက အတန်းထဲမှ ထွက်သွားတော့သည်။ သူ ထွက်သွားသည်ကို မြင်လိုက်သော်ငြား အခြေအနေက မည်ကဲ့သို့ ဖြစ်နေမှန်း ကျွန်တော် မသိပေ။
ချောင်ဟူက ဝမ်ရင်းယန်ကို သိမှန်း ကျွန်တော်မသိပေ။ ဒီနည်းဖြင့် ဝမ်ရင်းယန်က ကျွန်တော်တို့အား ကူညီနိုင်ချေများသည်။
ကျွန်တော် ဤကဲ့သို့တွေးနေစဉ် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။
“ငါပြောသလိုပဲ။ ဟန်ကျိယုနဲ့ ရင်ဆိုင်ဖို့က လွယ်ကူတဲ့အရာ မဟုတ်ဘူး။”
“ဆရာ အမြန် နည်းလမ်းတစ်ခု ရှာပေးပါ။”
လီယုထျန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ကျွန်မတို့ ဘယ်လောက်ပဲ ကုန်ကျကုန်ကျ ပေးပါ့မယ်။”
ကျွန်တော့်ဘေးရှိ ကောင်မလေးကလည်း ပြောလိုက်သည်။
“အဲဒါက ပိုက်ဆံကြောင့် မဟုတ်ဘူး။”
ဝမ်ရင်းယန်က ပြောလိုက်သည်။
“ဟန်ကျိယုက သရဲဖြစ်သွားပြီးတော့ ခွေးနက်သွေးတွေလို သာမာန်နည်းလမ်းတွေက သူမအပေါ် ထိရောက်မှာမဟုတ်ဘူး။ တကယ်လို့ သူမနဲ့ ရင်ဆိုင်ချင်ရင် ဒီထက်ပိုပြီး အစွမ်းထက်တဲ့နည်းလမ်းနဲ့ ရင်ဆိုင်ရမှာ။”
“ဘယ်လိုအစွမ်းထက်တဲ့နည်းလမ်းလဲ။”
လီယုထျန်းက မေးလိုက်သည်။
“အဲ့နည်းလမ်းက အရမ်းရှေးကျပြီးတော့ သရဲတွေ တစ္ဆေတွေကို နှိမ်နှင်းနိုင်တယ်။”
ဝမ်ရင်းယန်က ပြောလိုက်သည်။
“ကျွန်တော်တို့က အဲ့နည်းလမ်းတွေကိုမှ မသိတာ။”
လီယုထျန်းက ရှက်ရွံ့စွာဖြင့်ပြောလိုက်သည်။
“ငါ အဲ့နည်းလမ်းကို သိတယ်။”
ဝမ်ရင်းယန်က ပြောပြီးသည်နှင့် သူ့အိတ်ကပ်ထဲမှ ကတော့ပုံအရာတစ်ခုကို ထုတ်လာသည်။ ထိုအရာပေါ်တွင် ရှေးဟောင်းစာများလည်း ထွင်းထုထားသည်။
“ဒါဘာလဲ။”
လီယုထျန်းက မေးလိုက်သည်။
“ဒါကို ကျူ့မူကတော့လို့ခေါ်တယ်။ ဒါကို ဟန်ကျိယုရဲ့ ဝိညာဉ်ကို ထိုးစိုက်လိုက်တာနဲ့ သူက ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး။ သူမက မင်းတို့ကို ဆက်ပြီးတော့ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး။”
ဝမ်ရင်းယန်က ပြောလိုက်သည်။
သူပြောတာကို ကြားသည့်အခါ အကုန်လုံးက အလွန်ပျော်ရွှင်သွားကြသည်။ လီယုထျန်းက ကတော့ကို ယူလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ယမ်းလိုက်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့က ဟန်ကျိယုကိုမှ မတွေ့နိုင်တာ သူမကို ဘယ်လိုရှာရမှာလဲ။”
“ငါ့မှာ ဒီအတွက် နည်းလမ်းရှိတယ်။”
ဝမ်ရင်းယန်က နွားမျက်ရည်ပုလင်းများထုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ မင်းတို့ကို ကူညီလို့မရဘူး။ မင်းတို့ကိုယ်တိုင် ဟန်ကျိယုကို ရှာပြီးတော့ သူမကို ဒီကတော့နဲ့ ထိုးရမှာ။ ဒါဆိုရင် အကုန်လုံးက ပြီးသွားလိမ့်မယ်။”
“ကောင်းပြီ။”
လီယုထျန်းက ပြောလိုက်သည်။
“ဒါဘယ်လောက်လဲ။”
“ဒီအတွက် ပိုက်ဆံမလိုပါဘူး။ ဒါပေမဲ့ မင်းတို့ ဟန်ကျိယုနဲ့ ရင်ဆိုင်ရင် ဂရုစိုက်ကြ။”
ဝမ်ရင်းယန်က လက်ခါပြလိုက်ပြီးနောက် အတန်းထဲမှ ထွက်သွားတော့သည်။
သူထွက်သွားသည်နှင့် လီယုထျန်းက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
“ငါတို့ နောက်ဆုံးမှာတော့ ဟန်ကျိယုနဲ့ ရင်ဆိုင်လို့ရပြီ။”
“ဟုတ်တယ်။ ငါတို့ သူမကို ရှာပြီးသတ်ရမယ်။”
ဝမ်ချန်းကလည်း စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
အနားရှိသူများက ဟန်ကျိယုအား မည်ကဲ့သို့ သတ်ရမည်ကို ပြောနေကြသည်။ ကျွန်တော် တစ်ဦးတည်း စိုးရိမ်သည့်ပုံရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် ဒီအချိန်တွင် ဝမ်ရင်းရန်က ကျွန်တော့်အား လိမ်နေသည်ကို ကျွန်တော် သိလိုက်ရသောကြောင့်ဖြစ်သည်။ အရင်တစ်ကြိမ်တုန်းက သူ ကျွန်တော့်အား မှော်ကတော့ရှိမှန်း မပြောပေ။ သို့သော် ဒီတစ်ကြိမ်တွင်မူ သူ မှော်ကတော့ကို ထုတ်လာခဲ့သည်။
ဝမ်ရင်းယန်က ကျွန်တော့်အား မယုံကြည်တာဖြစ်နိုင်သည်။
ကျွန်တော် ပြောတော့မည့်အချိန်တွင် ပြုံးနေသည့် အတန်းသားများ၏ မျက်နှာများကို မြင်သည့်အချိန်တွင် ကျွန်တော် ဘာမှမပြောခဲ့ပေ။ ပြီးနောက် ကျွန်တော့်မှာ သက်သေပြစရာလည်း မရှိပေ။ ကျောက်ဖန်းယွီက ကျွန်တော့်၏ အခြေအနေကို သတိပြုမိကာ ကျွန်တော့်ကို မေးခဲ့သည်။ ကျွန်တော် ခဏလောက် တုံ့ဆိုင်းသွာပြီးနောက် သူ့အား အကြောင်းစုံပြောပြခဲ့သည်။
ကျွန်တော်ပြောတာကို နားထောင်ပြီးနောက် ကျောက်ဖန်းယွီ၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
“ဒီတော့ မင်းဘာလို့ ဝမ်ရင်းယန်ကို စောစောတုန်းက မမေးတာလဲ။”
“ငါလည်း မသိဘူး။ တခြား အကြောင်းအရင်းရှိလောက်မယ်ထင်တယ်။”
ကျွန်တော်ပြောလိုက်သည်။
“အဲ့လောက်လည်း တွေးမနေပါနဲ့ကွာ သူက မင်းကို ကျူ့မူကတော့မပေးတာ တခြားအကြောင်းအရင်း ရှိလို့နေမှာပါ။”
ကျောက်ဖန်းယွီကပြောလိုက်သည်။
“ငါလည်း အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်တာပဲ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
အတန်းက ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အတန်းပိုင်ဆရာမက ဝင်လာသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်က ဆရာမက ယခင်ကလို ပူညံပူညံ မပြောတော့ပေ။ သူမက ကျွန်တော်တို့ကိုပင် မကြည့်ပေ။ ပြီးနောက် သူမက ကျောက်သင်ပုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စာစသင်ကြရအောင်။”
ပြီးနောက် သူမက စာစသင်တော့သည်။ သို့သော် သူမ၏ မျက်နှာက ယခင်ကလို မဟုတ်တော့ပေ။
“သူမက ဝမ်ချန်းနဲ့ လီယုထျန်းတို့ စော်ကားတာ ခံထားရတာလေ။”
“ဟုတ်တယ်။ အဲဒါ တကယ် သနားစရာကောင်းတယ်။”
“သူမ အဲ့လိုလုပ်ခံရတာ ထိုက်တန်တယ်လို့ ငါထင်တယ်။”
“အဲ့လိုလည်း ပြောလို့တော့ မရဘူး။ သူမကလည်း အလုပ်ကြောင်းလုပ်ရတာဆိုတော့။”
ထိုစကားကို ကြားသောအခါ ကျွန်တော် သူတို့အား ကြည့်လိုက်သည်။ ယခုအတန်းက ယခင်ကလောက် ပျော်ရွှင်စရာမကောင်းတော့ပေ။ အကုန်လုံးက ရုန်းကန်နေကြရာ မည်သူကမှ ယခင်ကလို စိတ်မကြည်ကြပေ။
ယခု အတန်းပိုင်ဆရာမကိုပင် သူတို့နှစ်ယောက်က စော်ကားခဲ့ပြီးပြီဖြစ်ရာ သူတို့ မလုပ်ရဲသည့်အလုပ်ရော ရှိသေးရဲ့လားဆိုတာကို မည်သူမှ မသိပေ။ ဒီအိမ်မက်ဆိုးကို အမြန်ပြီးဆုံးစေချင်ကြပြီဖြစ်သည်။
အတန်းပြီးသည့်အချိန်တွင် မော့ကျင်းယွီနှင့် ကျွန်တော် စကားပြောကြသည်။ ကျွန်တော်တို့၏ ဆက်ဆံရေးက တိုးတက်လာသည်ဟု ကျွန်တော်ခံစားမိသည်။ ယခု ကျွန်တော် သူမနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ဆွေးနွေးနိုင်နေပြီဖြစ်သည်။
“ဒါကြီး မြန်မြန်ပြီးပါစေလို့ ငါဆုတောင်းတယ်။”
မော့ကျင်းယွီက ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဒီအိပ်မက်ဆိုးကြီးက ပြီးသွားတော့မှာပါ။”
ကျွန်တော် မော့ကျင်းယွီအား နှစ်သိမ့်ပေးလိုက်သည်။
“ငါနင့်ကို ယုံပါတယ်။”
မော့ကျင်းယွီက ကျွန်တော့်အားကြည့်ပြီးပြောလိုက်သည်။
ဒီတစ်ကြိမ်တွင် ကျောက်ဖန်းယွီက စိတ်မရှည်တော့သည့်ပုံပင်။
“နင်တို့နှစ်ယောက် အဲ့လောက်ချစ်နေရင်လည်း အပြင်သွားချစ်ကြ။ မျက်စိနောက်တယ်။”
ဒီစကားများထွက်လာသည်နှင့် မော့ကျင်းယွီက သူ့အားစိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတို့နှစ်ယောက် တီတီတာတာပြောနေတာ နင်နဲ့ဘာဆိုင်လို့လဲ။ နင့်ဘာသာနင် ကောင်မလေးတစ်ယောက် ရှာနိုင်ရင်ရှာပေါ့။”
“ဟုတ်ပါပြီ။ နင်နိုင်ပါတယ်။”
ကျောက်ဖန်းယွီက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
မော့ကျင်းယွီ၏ စကားများကို ကြားသည့်အချိန်တွင် ကျွန်တော် အရမ်းပျော်ရွှင်သွားခဲ့သည်။ မော့ကျင်းယွီ ပြောသည့်အတိုင်းဆိုလျှင် သူမက ကျွန်တော့်ကောင်မလေးဖြစ်ရန် သဘောတူသည်ဟု ပြောနေသည့်ပုံဖြစ်သည်။
မော့ကျင်းယွီက သူမ မှားပြောမိတာကို သတိပြုမိသွားသည်။ သို့သော် သူမက အဲဒါကို ရှင်းမပြဘဲ ကျွန်တော့်ကိုသာ စိုက်ကြည့်နေသည်။ ပြီးနောက် သူမ အကြည့်လွှဲသွားတော့သည်။
ပြီးနောက် ကျွန်တော်တို့ ကျောင်းဆင်းသည်အထိ စကားမပြောဖြစ်ကြတော့ပေ။
ကျောင်းဆင်းသည့်အချိန်တွင် ကျွန်တော် အိမ်သို့ပြန်ခဲ့သည်။ ဒီနေ့ဖြစ်ခဲ့သည့် အကြောင်းအရာများက ခေါင်းထဲတွင် လည်ပတ်နေသေးဆဲဖြစ်သည်။ ဝမ်ရင်းယန် ပေါ်ပေါက်လာသည်က ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ထွက်ပေါ်လာစေသည်။ ကျွန်တော်တို့ ဟန်ကျိယုကို ရှာနိုင်သည်နှင့် သူမကို မှော်ကတော့ဖြင့် သတ်ကာ ဒီအိပ်မက်ဆိုးကြီးထဲမှ ရုန်းထွက်နိုင်ပြီဖြစ်သည်။ ဒါက ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သော်ငြား တစ်ခုခုမှားနေသည်ဟု ကျွန်တော်ခံစားနေရသည်။
ဝမ်ရင်းယန်က အမှန်ကိုပြောနေတာလား။ ဒါဆိုရင် သူ ဘာလို့ စောစောကတည်းက မှော်ကတော့ကို မထုတ်ခဲ့တာလဲ။ ဤအရာများက ကျွန်တော့်အား အလွန်စိတ်ရှုပ်စေခဲ့သည်။
ပြီးနောက် ကျွန်တော့်ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ထိုင်ရီဆီမှ စာတစ်စောင်ဝင်နေတာဖြစ်သည်။
သူ ကျွန်တော့်အား အဆင်ပြေလားဟု မေးခဲ့သည်။
ကျွန်တော်လည်း သူ၏ မေးခွန်းကို ပြန်ဖြေခဲ့သည်။.
သို့သော် ဒီတစ်ကြိမ်တွင် ထိုင်ရီက ကျွန်တော့်အား သတင်းတစ်ခုပေးခဲ့သည်။ ထိုသတင်းကြောင့် ကျွန်တော် အံ့အားသင့်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် တုန်ဟောင်ထိုင်ရီက ကျွန်တော့်အား ဖန်လင်းရွာတစ်ရွာလုံး မသေကြောင်း ပြောခဲ့သည်။ ဟန်ကျိယုအပြင် တခြားလွတ်မြောက်သွားသူများလည်း ရှိသေးသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျွန်တော် စာပို့လိုက်ပြီးနောက် ရုတ်တရက် ကြက်သီးထသွားသည်။
“ငါရဲ့ စုံစမ်းမှုကတော့ မမှားပေမဲ့ ငါ ဒီလူတွေက ဘယ်သူတွေလဲဆိုတာကို စုံစမ်းလို့မရဘူး။ ဒါပေမဲ့ ငါ့ရဲ့ တွေ့ရှိချက်ဤရ ဟန်ကျိယုအပြင် ဖန်လင်းရွာကနေ လွတ်မြောက်လာတဲ့သူ နောက်ထပ်နှစ်ယောက်ရှိသေးတယ်။”
တုန်ဟောင်ထိုင်ရီက ပြောလိုက်သည်။
“နောက်ထပ် နှစ်ယောက်ရှိသေးတယ်။”
ကျွန်တော် ကိုယ့်ဘာသာ ရေရွတ်လိုက်ကာ ကျွန်တော့်ရင်ထဲတွင် သိလိုစိတ်များ ပြင်းပြလာသည်။ ဒီလိုဆိုလျှင် ဖန်လင်းရွာ၏အကြောင်းကို သူတို့နှစ်ယောက်ဆီမှ စုံစမ်း၍ ရနိုင်သေးသည်။
“ဒီလူနှစ်ယောက်က ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ သူတို့က တံခါးစောင့်နဲ့ သိတယ်ဆိုတာတော့ သေချာတယ်။”
တုန်ဟောင်ထိုင်ရီက ပြောလိုက်သည်။
“အဲဒါ တကယ် စိတ်ရှုပ်စရာပဲ။ ဆိုးတာက အဲဒါကို ငါတစ်ယောက်တည်း စုံစမ်းလို့လည်း မရဘူး။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
တုန်ဟောင်ထိုင်ရီ ကျွန်တော့်အား ပို့လိုက်သည့်စာက ကျွန်တော့်အား အံ့အားသင့်သွားစေသည်။
“ဒီလိုဆိုရင် ငါမင်းကို ကူညီနိုင်မယ်ထင်တယ်။”
စာကိုကြည့်လိုက်ပြီးနောက် ကျွန်တော် ရယ်လိုက်သည်။ ပြီးတော့ ကျွန်တော့် သူ့အားစာပို့လိုက်သည်။
“ထားလိုက်ပါတော့။ ငါတို့အတန်းက အစကတည်းက ဇယားရှုပ်နေတာ။”
တုန်ဟောင်ထိုင်ရီက ဘာမှမပြောတော့ဘဲ ကျွန်တော်လည်း ဖုန်းကို ဆက်ကြည့်ကာ စိတ်ထဲရှိ အတွေးများကို အဖြေရှာနေခဲ့သည်။
နောက်တစ်နေ့ ကျွန်တော် အတန်းထဲသို့ ရောက်လာချိန်တွင် အတန်း၏ လေထုက ယခင်ကနှင့် မတူတော့ပေ။ အကုန်လုံးက အတန်းထဲတွင် သတိဖြင့် နေနေကြပြီး တစ်ယောက်ယောက်အား စောင့်နေသည့်ပုံပေါ်သည်။
“ဟန်ကျိယုက ဘာလို့ မလာသေးတာလဲ။ ငါ သူမကို သတ်ဖို့ မစောင့်နိုင်တော့ဘူး။”
လီယုထျန်းက ပြောလိုက်သည်။
“ဟုတ်တယ်။ သူမ ငါတို့အကြံကို သိသွားတာများလား။”
ဝမ်ချန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
အကုန်လုံး၏ စကားများကို နားထောင်ပြီးနောက် သူတို့က ဟန်ကျိအား ခြုံခိုတိုက်ခိုက်ရန် ကြံနေသည်ကို ကျွန်တော် သတိပြုမိသည်။ သို့သော် ဟန်ကျိယုက အတန်းထဲသို့ မလာသောကြောင့် သူတို့ သူမကို ခြုံခိုတိုက်ခိုက်ရန် အခွင့်အရေးမရှိ ဖြစ်နေသည်။
ဒီအခြေအနေအတွက် ကျွန်တော် အံ့အားမသင့်ခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ဟန်ကျိယုက အတန်းထဲတွင် အချိန်အတော်ကြာ မရှိနေဘဲ တစ်ခါတစ်လေမှ ပြန်လာသည့်အတွက်ကြောင့်ဖြစ်သည်။
လီယုထျန်း၏ လက်ထဲမှ ကတော့ကို ကြည့်ကာ ကျွန်တော် စိတ်ထင့်နေသည်။ ဒီလိုအရာတစ်ခုက ဟန်ကျိယုကဲ့သို့ သရဲတစ်ကောင်ကိုပင် သတ်နိုင်သည့်အစွမ်းရှိသည်။
“ကြည့်ရတာ သူမက ထွက်မလာရဲတော့ဘူးနဲ့တူတယ်။ အဲဒါ တကယ်စိတ်ညစ်စရာပဲ။”
ဆယ်မိနစ်ကျော်ဆက်ရှာပြီးနောက် လီယုထျန်းက စိတ်ပျက်စွာဖြင့် ကတော့ကို ချလိုက်သည်။
“အဲ့လောက်ကြီး စိတ်ဓာတ်ကျမနေပါနဲ့ ခဏနေရင် တာဝန်သစ်တစ်ခု ထွက်လာတော့မှာ။”
ဝမ်ချန်းက ပြောလိုက်သည်။
ဒီအချိန်တွင် အကုန်လုံးက သူတို့၏ ဖုန်းများကို ကြည့်လိုက်ကြသည်။
ပြီးနောက် ဝီချက်ဂရုထဲတွင် တံခါးစောင့်၏ အသံက ထပ်မံထွက်ပေါ်လာသည်။ ဒီတစ်ကြိမ်တာဝန်ကို မြင်လိုက်သည့်အချိန်တွင် ကျွန်တော့် မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
“ကျောက်ချန်းချန်း ပေးထားတဲ့ ရွေးချယ်စရာနှစ်ခုထဲက တစ်ခုကို ရွေးရမယ်။ တကယ်လို့ တာဝန် တစ်ခုပြီးမြောက်ရင် သူမရဲ့ တာဝန်က ပြီးသွားမှာဖြစ်တယ်။ ပထမ ရွေးချယ်စရာက ဒီနေ့ ကျန်းဖန်နဲ့ အတူအိပ်ဖို့ဖြစ်ပြီးတော့ ဒုတိယရွေးချယ်စရာက ဒီနေ့အတွင်း ကျန်းဖန်ကို သတ်ဖို့ပဲ။”
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ကျွန်တော်ဖုန်းကို မယုံကြည်နိုင်လောက်သည့်အကြည့်ဖြင့် ကြည့်မိသည်။ ဒီလိုတာဝန်မျိူးတွင် ရွေးချယ်စရာနှစ်မျိုး ရှိလိမ့်မည်ဟု ကျွန်တော်ထင်မထားပေ။ ပြီးနောက် ပြောရလျှင် ကျောက်ချန်းချန်းက ကျွန်တော် အမုန်းဆုံးကောင်မလေးဖြစ်သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset