အပိုင်း ၂၁- ဝတ်ရုံနီသရဲ
စင်မြင့်ပေါ်မှ လီယုထျန်းကို ကြည့်ရင်း ကျွန်တော် ခဏတာ ကြက်သီးထသွားသည်။ သူတို့နှစ်ယောက် လက်တွဲလုပ်ဆောင်ကြလိမ့်မည်ဟု ကျွန်တော် မထင်ထားပေ။ လီယုထျန်းက အတန်းထဲရှိ အချမ်းသာဆုံးသူဖြစ်ပြီး ဝမ်ချန်းက အတန်းထဲမှ လူမိုက်ဖြစ်သည်။ သူတို့နှစ်ယောက် အတူလက်တွဲလိုက်လျှင် အတန်းထဲတွင် သူတို့စကားနားမထောင်ရဲသည့်သူ မရှိလောက်လုနီးပါးဖြစ်သွားလောက်သည်။
ကြည့်ရတာ သူတို့နှစ်ယောက်က တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် အတူတကွ လက်တွဲလိုက်သည့်ပုံပင်ဖြစ်သည်။ သို့သော် ဒါက ကျွန်တော့်အပေါ်တွင်တော့ သက်ရောက်မှုမရှိပေ။ သူတို့အား ငြင်းဆိုရန်အတွက်ပင်ကိုမူ ကျွန်တော် အပြင်းကြီးနေတာဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်ရှေ့ရှိ အခြေအနေကို တိတ်ဆိတ်စွာဖြင့်သာ ကျွန်တော် ကြည့်နေလိုက်သည်။
ဤနည်းဖြင့် လီယုထျန်းက အတန်းခေါင်းဆောင်ဖြစ်လာတော့သည်။
သူက စင်မြင့်ပေါ်တွင် ရပ်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“ငါတို့ ဒီလိုမျိုး ဆက်သွားလို့ မဖြစ်တော့ဘူး။ ငါတို့ နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်။”
“ဖန်လင်းရွာ။”
ဒီအချိန်တွင် ကျွန်တော် မတ်တပ်ရပ်လိုက်ပြီးနောက် သူ့ကို ကြည့်ပြီးပြောလိုက်သည်။
“ဖန်လင်းရွာကနေ ငါတို့ အဖြေသွားရှာလို့ရလောက်တယ်။ အဲ့မှာဖြစ်ခဲ့တဲ့ အခြေအနေကလည်း ငါတို့နဲ့ ဆင်တယ်။ ပြီးတော့ အဲ့ရွာတစ်ရွာလုံးနီးပါးလည်း သေသွားတယ်။”
“ဒီလိုဆိုတော့ ငါတို့ မင်းနဲ့ အတူသွားမယ့် လူတချို့ကို အတန်းထဲကနေ ရွေးရအောင်။”
လီယုထျန်းက ကျွန်တော့်အားကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
ပြီးနောက် လီယုထျန်းက လူတချို့ကို ရွေးလိုက်ပြီးနောက် ကျွန်တော်နှင့်လိုက်ခဲ့မည့် အသင်းတစ်ခုဖွဲ့လိုက်သည်။ ချက်ချင်းပင် ကျွန်တော်တို့ ဖန်လင်းရွာသို့ သွားရန် အသင့်ဖြစ်ခဲ့သည်။
ပြီးနောက် လီယုထျန်းက ကျွန်တော်တို့အတွက် ကားငှားပေးပြီးနောက် ကျွန်တော်တို့အား ဒေါ်လာတစ်ရာစီ ပေးခဲ့သည်။ ကြည့်ရသည်မှာ ဖန်လင်းရွာသို့ သူလိုက်လာမှာ မဟုတ်သည့်ပုံပင်။ သူကမူ ကျောင်းတွင်သာ နေရစ်ခဲ့သည်။
ဒီနည်းဖြင့် ကျွန်တော်တို့ တက္ကစီဖြင့် ဖန်လင်းရွာသို့ လာခဲ့ကြသည်။ ကျွန်တော့်အား ကျောက်ဖန်းယွီ၊ မစ်ကီနှင့် ဝမ်ချန်းတို့က အဖော်ပြုပေး၍ လိုက်လာကြသည်။
တက္ကစီသမားက လမ်းခရီးတွင် ကျွန်တော်တို့အား ဖန်လင်းရွာက မည်မျှ အန္တရာယ်များကြောင်းနှင့် ကျွန်တော်တို့အား ထိုနေရာသို့ မသွားသင့်ကြောင့် တတွန်တွန် ပြောနေသည်။ သို့သော် ကျွန်တော်တို့က ခေါင်းမာစွာဖြင့် ထိုနေရာသို့သာ ပို့ပေးဖို့ ပြောနေသောကြောင့် သူက ကျွန်တော်တို့အား ဆက်၍ မဖျောင်းဖျတော့ပေ။
ကျွန်တော်တို့ ဖန်လင်းရွာအဝသို့ ရောက်သည့်အချိန်တွင် တက္ကစီသမားက ကျွန်တော်တို့အား ဆင်၍ ပို့မပေးတော့ပေ။ ကျွန်တော်တို့လည်း သူ့အား ပိုက်ဆံပေး၍ ပြန်ခိုင်းလိုက်ရုံမှ လွဲပြီး ဘာမှမတက်နိုင်ခဲ့ပေ။ ပြီးနောက် သူက အမြန်ပင် လှည့်ထွက်သွားတော့သည်။
အနည်းငယ် ဆက်လျှောက်လာပြီးနောက် ကျွန်တော်တို့ရှေ့၌ ဖန်လင်းရွာကို မြင်လိုက်ရသည်။
“ဒါက ဖန်လင်းရွာပါလား။”
ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီးနောက် ကျွန်တော့်ရှေ့ရှိ ပျက်စီးယိုယွင်းနေသော ရွာအား ကျွန်တော် ကြည့်လိုက်သည်။ ထိုနေရာတွင် အိမ်များစွာ ရှိသော်ငြား တစ်ရွာလုံးက တိတ်ဆိတ်နေကာ လူရိပ်ကိုပင် မတွေ့ရပေ။
“အထဲကို ဝင်ကြည့်ရအောင်။”
ဝမ်ချန်းက ကျွန်တော့်အားကြည့်ပြီး ပြောလိုက်သည်။ သူ့အသံက တည်ငြိမ်နေသည်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် ဖန်လင်းရွာထဲသို့ ဝင်လာခဲ့သည်။
ရွာက အလွန်ပျက်စီးယိုယွင်းနေကာ အလွန်တိတ်ဆိတ်နေပြီးနောက် ပုစဉ်းရင်ကွဲများမြည်သံကိုပင် ကြားနေရသည်။ ပြီးနောက် ဘာကြောင့်မှန်းမသိ ရွာထဲသို့ ဝင်လာပြီးသည်နှင့် ကျွန်တော် လေအေးများကို ခံစားမိနေသည်။ ဤလေအေးများက အလွန်ထူးဆန်းလွန်း၍ ကျွန်တော် ကြက်သီးမထဘဲ မနေနိုင်ခဲ့ပေ။
ကျောက်ဖန်းယွီက ကျွန်တော့်နားသို့ ကပ်လာကာ ပြောသည်။
“ဒီနေရာက တကယ့်သရဲရွာပဲ။ နေ့ခင်းကြောင်တောင်ကြီး လေအေးတွေ တိုက်နေတာ။”
“သတိနဲ့နေ။”
ကျွန်တော် သူတို့ကို လှည့်၍ပြောလိုက်သည်။ ပြီးနောက် ကျွန်တော်တို့ ရွာထဲသို့ ဆက်၍ လျှောက်လာကြသည်။ ရွာထဲတွင် တစ်ထပ်အိမ်များစွာ ရှိပြီး အိမ်ပေါင်းရာချီရှိသည်။
ဤနေရာသည် တစ်ချိန်တုန်းက ရွာတစ်ရွာဖြစ်ခဲ့ဖူးသည်မှာ ထင်ရှားသည်။ ဤနေရာတွင် လူပေါင်းများစွာ နေခဲ့လောက်သည်။ သို့သော် ယခုတွင်မူ တစ်ယောက်မှ မရှိတော့ပေ။ သူတို့ အကုန် သေသွားကြသလား။
ဤအရာအားတွေးရင်း ကျွန်တော့်ရင်ထဲတွင် စူးစမ်းချင်လိုစိတ်တချို့ ရှိလာသည်။ ဘေးပတ်ဝန်းကျင်ရှိ အိမ်များအား ကြည့်ပြီးနောက် ကျွန်တော် ပြောလိုက်သည်။
“လျှောက်မသွားကြနဲ့ ငါ့နောက် လိုက်ခဲ့ကြ။”
“အင်း။ ဒါနဲ့ မင်း ဘာတွေကြောက်နေတာလဲ။”
ဝမ်ချန်းက ကျွန်တော့်အား ဒေါသတကြီးဖြင့် ပြောလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
“ဒီနေရာက တကယ်ရော ဒဏ္ဍာရီလာ သရဲရွာရော ဟုတ်ရဲ့လား။ အဲ့လောက်ကြီးလည်း မဟုတ်သလိုပဲ။”
“ငါလည်း အဲ့လိုပဲဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ။”
ပြောပြီးနောက် ကျွန်တော် သက်ပြင်းချလိုက်ပြီး အိမ်တစ်အိမ်ထဲသို့ ဝင်လိုက်သည်။
အိမ်ထဲတွင် လျှောက်လာရင်း ဝမ်ချန်းနှင့် တခြားသူများကလည်း ကျွန်တော့်နောက်မှ ပါလာကြသည်။ အိမ်ထဲရှိ နေရာတိုင်းတွင် ဖုန်များတက်နေသည်ကို ကျွန်တော်တို့ သတိပြုမိကြသည်။ ဤနေရာတွင် လူမရှိတော့သည်မှာ ထင်ရှားသည်။
အိပ်ခန်းထဲသို့ ဝင်လာပြီး လူရိပ်လူခြေ ရှိနိုင်မည့်နေရာများအားကြည့်လိုက်သော်ငြား မည်သူ့ကိုမှ မတွေ့ပေ။ ကျွန်တော် အိပ်ခန်းထဲအား ပတ်၍ ကြည့်လိုက်သည့်အချိန်တွင် အိပ်ရာ၊ စားပွဲ၊ ထိုင်ခုံနှင့် ဘီရိုများကို တွေ့သော်ငြား ထိုအရာများအားလုံးက ဖုန်တက်နေသည်ကို မြင်လိုက်ရသည်။
ကျွန်တော် မျက်လုံးကို အကြိမ်ရေအနည်းငယ် ပုတ်ခတ်ပုတ်ခတ် ပြုလုပ်ပြီးနောက် ရေရွတ်လိုက်သည်။
“ဒီမှာ ဘာများဖြစ်ခဲ့တာပါလိမ့်။ သူတို့ ဒီပရိဘောဂတွေကိုတောင် သူတို့ မရွှေ့သွားကြဘူး။”
“သူတို့တွေ အိမ်ပြောင်းသွားကြတာ မဟုတ်ဘဲ အကုန်သေသွားကြတာနေမယ်။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။ သူ့စကားများက ကျွန်တော့်အား အနည်းငယ် လန့်သွားစေသည်။ ကျွန်တော်ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီးနောက်
“မင်းပြောတာလည်း ဟုတ်လောက်တယ်။ ဒီကလူတွေ အကုန်လုံး သေသွားတာဖြစ်နိုင်တယ်။”
“ဒီသရဲရွာက ဒဏ္ဍာရီလာသရဲရွာ ဖြစ်တာ အကြောင်းရှိရမယ်။ ငါကြားတာကတော့ တစ်ရွာလုံးက ရုတ်တရက်ကြီး သေသွားကြတာတဲ့။”
မစ်ကီက ပြောလိုက်သည်။
“သူတို့ကလည်း ငါတို့အခြေအနေနဲ့ တူလောက်တယ်။”
ကျွန်တော်ပြောလိုက်သည်။
“အဲဒီအကြောင်းတွေကို စိတ်ဝင်စားမနေနဲ့။ ငါတို့ ဒီကို သဲလွန်စရှာဖို့လာတာ။ အဲဒါကိုပဲ အမြန်ရှာကြ။”
ဝမ်ချန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“မင်းပြောတာကတော့ လွယ်တာပေါ့။ ငါတို့ ဟန်ကျိယုရဲ့ အိမ်ကို ရှာရဦးမှာလေ။”
ကျွန်တော် ခဏလောက် တွေးပြီးနောက် ပြောလိုက်သည်။
“ဟန်ကျိယုရဲ့အိမ်ကို ငါမှ မရောက်ဖူးတာ။ သူမအိမ်က ဒီမှာရှိတာရော ဟုတ်ရဲ့လား။”
“ဖန်လင်းရွာက သူမရဲ့ မွေးရပ်မြေလို့ နင်ပြောတာပဲလေ။”
မစ်ကီက ပြောလိုက်သည်။
“ဟုတ်သားပဲ။”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
“ကိစ္စတွေက ပိုရှုပ်လာတာပဲ။ သူမ အိမ်ကို အမြန်လိုက်ရှာကြရအောင်။”
ဝမ်ချန်းကလည်း ကျွန်တော့်စကားကို ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကျွန်တော်တို့ သူမ၏ အိမ်ကို ဆက်၍ ရှာလိုက်ကြသည်။
မကြာခင်တွင် ကျွန်တော် ပျက်စီးယိုယွင်းနေသော ဘုရားရုပ်ထုတစ်ဆူကို တွေ့လိုက်သည်။ ကြည့်ရတာ ဤအိမ်တွင်နေခဲ့သူက ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်နိုင်သည်။ စားပွဲပေါ်တွင်လည်း ပြာများရှိနေကာ အမွှေးတိုင်လည်း ပူဇော်ကြသည်နှင့်တူသည်။ သို့သော် ဒီရုပ်ပွားတော်က ပျက်စီးနေသောကြောင့် ကြည့်ရတာ သူတို့ ဆိုးရွားသည့် အရာတစ်ခုခုကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။
စိတ်ပျက်အားငယ်စွာဖြင့် သူတို့က သူတို့အား မကယ်တင်နိုင်သည့် ဗုဒ္ဓရုပ်ပွားတော်အား ဖျက်ဆီးခဲ့ကြသည့်ပုံပင်။ အကယ်၍ ဒီအတိုင်းဆိုပါက သူတို့ကြုံတွေ့ခဲ့ရသည့် စိတ်ဓာတ်ကျမှုက ကျွန်တော်တို့ ကြုံတွေ့ရသည်ထက် ပိုဆိုးသည့်ပုံပင်ဖြစ်သည်။
ကျွန်တော် ဤအကြောင်းအားတွေးနေစဉ် ဝမ်ချန်းက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
“ငါ ဘာရှာတွေ့ထားလဲဆိုတာကို ကြည့်ကြစမ်း။”
ကျွန်တော်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဝမ်ချန်းက ပိုက်ဆံ တစ်အုပ်ကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။ ထိုပိုက်ဆံများက ဒေါ်လာများဖြစ်သည်။ ထိုပိုက်ဆံများက အနည်းငယ် ဟောင်းနွမ်းနေပုံပေါ်သော်ငြား အသုံးပြုရာတွင် အခက်အခဲ ရှိမှာမဟုတ်ပေ။
“ဒီမှာ ပိုက်ဆံတွေ အများကြီးရှိတာပဲ။”
မစ်ကီက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီမိသားစုက ငါ့အတွက် ပိုက်ဆံတွေ ဒီလောက်အများကြီး ချန်ထားခဲ့လိမ့်မယ်လို့ ငါ ထင်တောင်ထင်မထားဘူး။”
ဝမ်ချန်းက အလွန်ပျော်ရွှင်နေပြီး ပိုက်ဆံများကို သူ့အိတ်ကပ်ထဲသို့ ထည့်နေသည်။
ကျွန်တော် သူ့အားကြည့်၍ ပြောလိုက်သည်။
“မင်း ဘာလုပ်နေတာလဲ။ မင်း သေတဲ့သူဆီကနေတောင် ပိုက်ဆံယူရတဲ့ အဆင့်ရောက်နေပြီလား။ အမြန် အဲ့ပိုက်ဆံကို လွှင့်ပစ်လိုက်။ မဟုတ်ရင် မင်းဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်။”
ကျွန်တော် ပြောတာကို ကြားသောအခါ ဝမ်ချန်းက ထိတ်လန့်သွားပြီး ပိုက်ဆံကို အမြန်လွှင့်ပစ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီမိသားစုက သေနေပြီးသားပဲကို မဟုတ်ရင် သူတို့က ပိုက်ဆံ ဒီလောက်အများကြီး ဘာလို့ ချန်ခဲ့မှာလဲ။”
“ဒီနေရာမှာ အိမ်ပေါင်းများစွာရှိတယ်။ တစ်ရွာလုံး သေပြီပဲ ထားပါဦး။ တကယ်လို့ သူတို့က မကျွတ်သေးရင် ဘယ်လိုလုပ်မလဲ။”
ကျွန်တော် ထိတ်လန့်ဖွယ်ကောင်းသည့် အသံဖြင့် ပြောလိုက်ပြီးနောက် အိမ်ထဲမှ ထွက်လာခဲ့သည်။
ဝမ်ချန်းတို့က ကျွန်တော်နှင့်အတူ အခန်းထဲမှ လိုက်၍ ထွက်လာကြပြီးနောက် ကျွန်တော်တို့ ရွာထဲတွင် ဟန်ကျိယု၏ အိမ်ကိုဆက်၍ ရှာကြသည်။
“ဆက်ပြီးရှာကြရအောင်။ ငါတို့ သဲလွန်စ တစ်ခုခုတော့ သေချာပေါက် ရမှာပါ။”
ကျွန်တော် သူတို့အား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ပြီးနောက် ရုတ်တရက် ကျွန်တော် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်သော်ငြား မည်သူမှ မရှိပေ။
“ဘာဖြစ်တာလဲ။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်လို့ ငါခံစားနေရလို့ပါ။”
ကျွန်တော် ပုခုံးတွန့်ကာ သူ့ကို ပြောလိုက်သည်။
ထိုအချိန်တွင် ကျောက်ဖန်းယွီ၏ မျက်နှာက ပြောင်းလဲသွားပြီးနောက် တုန်ရင်စွာဖြင့် သူက ပြောလိုက်သည်။
“မင်းပြောမှပဲ ငါလည်း အဲ့လိုပဲ ခံစားနေရတာ။ ငါတို့ ရွာထဲကို ဝင်လာကတည်းက ငါတို့ကို တစ်ခုခုက စောင့်ကြည့်နေသလိုပဲ ငါ ခံစားနေရတာ။”
“ဒါက တကယ်ပဲ စိတ်ရှုပ်စရာကောင်းတာပဲ။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။
“အကုန်လုံး ငါ့နောက်လိုက်ခဲ့ကြ။ လူမကွဲစေနဲ့။”
ကျွန်တော်ပြောပြီးသည်နှင့် ကျောက်ဖန်းယွီက ရုတ်တရက် အော်ပြောလိုက်သည်။
“ကြည့်လိုက်။”
သူ ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် ကျွန်တော် အံ့အားသင့်သွားသည်။ မလှမ်းမကမ်းရှိ အိမ်တစ်အိမ်တွင် မီးရောင်ဖျော့ဖျော့ကို ကျွန်တော်တွေ့လိုက်ရသည်။
“အဲ့အိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေလောက်တယ်။”
ဝမ်ချန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ အဲ့မှာ တစ်ယောက်ယောက် ရှိနေလောက်တယ်။”
မစ်ကီက ပြောလိုက်သည်။
“လာ သွားကြည့်ရအောင်။ ဒါပေမဲ့ ဂရုစိုက်ဦးနော်။”
ကျွန်တော် ထိုအခန်းနားသို့ သွားလိုက်သည်။
ပြီးနောက် ကျွန်တော်တို့ အခန်းနားသို့ ရောက်သွားကြသည်။ သို့သော် ကျွန်တော် တံခါးဖွင့်လိုက်ပြီး ဝင်သွားသည့်အချိန်တွင် အခန်းက မှောင်မဲနေပြီးနောက် အလင်းရောင်ဖျော့ဖျော့ပင် မတွေ့ရပေ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျွန်တော် ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ ရေရွတ်လိုက်မိပြီး ကျွန်တော့်ရှေ့ရှိ မဲမှောင်နေသော အခန်းကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျွန်တော်တို့ အလင်းရောင်ကို တွေ့လိုက်သည်မှာ သေချာသော်ငြား ဝင်ကြည့်လိုက်သည့်အချိန်တွင်မူ မဲမှောင်နေသည်။ ဤသို့ဖြစ်ရခြင်းမှာ အကြောင်းအရင်းတစ်ခုခု ရှိရမည်။
“ဒီအခန်းက အရမ်းထူးဆန်းတယ်။ သွားကြရအောင်။”
မစ်ကီက ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။”
ခေါင်းညိတ်လိုက်ပြီးနောက် ကျွန်တော်တို့ ထွက်သွားရန်ပြင်လိုက်ကြသည်။
ပြီးနောက် အကုန်လုံးထွက်သွားကြသည်။ အပြင်ထွက်ရန် ပြင်လိုက်သည့်အချိန်တွင် ရုတ်တရက် ကျွန်တော့်နောက်တွင် အေးစက်သည့် အရာကို ကျွန်တော် ခံစားမိသည်။ ရုတ်တရက် ကျွန်တော့်လည်ပင်းကို နောက်မှ အေးစက်သည့် အရာတစ်ခုက ဖမ်းဆုပ်လိုက်ပြီး ကျွန်တော့်ကို အထဲသို့ ဆွဲခေါ်သွားသည်။
ဒါက ကျွန်တော့်အား အော်စေခဲ့ပြီးနောက် တခြားသူများက ကျွန်တော့်အား ကြောင်၍ ကြည့်နေကြသည်။ ကျောက်ဖန်းယွီက အမြန်ပင် ကျွန်တော့်ကို လာဆွဲသော်ငြား တံခါးက ရုတ်တရက် ပိတ်သွားပြီးနောက် ကျွန်တော် သူတို့နှင့် ကွဲကွာလာသည်။
ကျွန်တော့်လက်ကို အေးစက်သည့်လက်တစ်စုံက ဆုပ်ကိုင်လိုက်ပြီးနောက် အနောက်သို့ ဆွဲခေါ်လာတော့သည်။ ကျွန်တော် ကြောက်လန့်တကြားဖြင့် အော်နေပြီး ကျွန်တော့် လည်ပင်းပေါ်တွင် ရှိနေသော လက်တစ်စုံကို ကျွန်တော် ကြိုးစား၍ ဖယ်လိုက်သည်။ သို့သော် ထိုလက်တစ်စုံက သံဖြင့် ပြုလုပ်ထားသည့် ပမာ မာကျောကာ ကျွန်တော်အားကုန်သုံးသော်ပင်ငြား ထိုလက်တစ်စုံကို ဖယ်ရှား၍ မရပေ။
ဒီအချိန်တွင် ကျွန်တော် စိတ်ဓာတ်ကျသွားသော်ငြား ကျွန်တော့်လည်ပင်းရှိ လက်တစ်စုံက တဖြည်းဖြည်း ပိုတင်းကျပ်လာကာ အသက်မရှူနိုင်လောက်သည်အထိ ဖြစ်လာခဲ့သည်။
ကျွန်တော် နာကျင်စွာဖြင့် ခေါင်းခါလိုက်ပြီးနောက် ရုန်းကန်နေသော်ငြား ဘာထူးခြားချက်မှ မရှိပေ။
ငါ ဒီမှာ သေတော့မှာလား။ ကျွန်တော့်ရင်ထဲရှိ စိတ်ဓာတ်ကျမှုတို့က တဖြည်းဖြည်း ကြီးမားလာသည်။
သို့သော် ဒီအချိန်တွင် ကျွန်တော် ရုတ်တရက် တစ်ခုခုကို တွေးမိပြီးနောက် နာမည်တစ်ခုကို ရုတ်တရက် အော်လိုက်သည်။
“ဟန်ကျိယု၊ ကျွန်တော်ဒီကို ဟန်ကျိယုကို ရှာဖို့လာတာပါ။”
ဤစကားအား အော်ပြောလိုက်ပြီးသည်နှင့် ကျွန်တော့်လည်ပင်းရှိ လက်တစ်စုံက သိသိသာသာ ဖြေလျော့သွားပြီးနောက် ကျွန်တော် အမြန်ပင် အသက်ပြင်းပြင်းရှူလိုက်သည်။ ပြီးနောက် ကျွန်တော် အနောက်သို့ ကြောက်ရွံ့စွာဖြင့် လှည့်ကြည့်လိုက်သည်။
ကျွန်တော့်နောက်ရှိ ပုံရိပ်က အမြန်ပင် ကျွန်တော့်ရှေ့သို့ ရောက်လာသည်။
ထိုအရာက အနီရောင်ဝတ်စုံဖြင့် သရဲဖြစ်သည်။ သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဖြူဖျော့သော အသွင်အပြင်ရှိသည်။ သူမ မျက်လုံးများက ဟောင်းလောင်းပေါက်များဖြစ်နေပြီး သူမက အလွန်ထူးဆန်းစွာ မတ်တပ်ရပ်နေပြီး ခြေဖျားထောက်ထားခြင်းဖြစ်သည်။ သူမ၏ ပုံစံက အလွန်ထူးဆန်းသည်။
ကျွန်တော့်ရှေ့ရှိ ဝတ်စုံနီဖြင့်သရဲမကို ကြည့်ရင်း ကျွန်တော် ကြက်သီးထသွားသည်။
‘ဒါက သရဲလား။’
အခန်း ၂၁
? Views, Released on June 6, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။