အခန်း ၁၆

အပိုင်း-၁၆ ဘယ်သူက သရဲလဲ
နောက်တစ်ရက် ကျွန်တော်အတန်းသို့လာချိန်တွင် တစ်တန်းလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ ဒါက ယခုအချိန်တွင် ပုံမှန်ဖြစ်နေကျအရာပင် ဖြစ်နေသည်။ ကျွန်တော် ထိုအရာကို ထူးဆန်းသည်ဟု မထင်ပေ။ ထို့ကြောင့် ကျွန်တော် ကျွန်တော့်နေရာတွင် ထိုင်လိုက်ပြီး ကျောက်ဖန်းယွီနဲ့ စကားပြောနေသည်။
မော့ကျင်းယွီက မကြာခင် ရောက်လာပြီး ကျွန်တော့်အား နှုတ်ဆက်ပြီး သူမ နေရာတွင် ထိုင်လိုက်သည်။
ကျွန်တော်ခေါင်းမော့လိုက်ပြီး သူမကို ကြည့်လိုက်ပြီးနောက် အတန်းထဲကို ဆက်၍ အကဲခတ်နေသော်ငြား ဘာကြောင့်မှန်မသိ ကျွန်တော့်၏ ရင်ထဲတွင် မသက်မသာမှုကို ခံစားနေရသည်။ ကျွန်တော်ဒီခံစားချက်ကို နားမလည်သောကြောင့် ကျွန်တော်ခေါင်းခါရုံပဲ တတ်နိုင်ခဲ့ပြီး ဒီအတွေးကို မေ့ဖျောက်ရန်ကြိုးစားခဲ့လိုက်ရသည်။
အတန်းထဲသို့ တခြားသူများ မကြာခင်ရောက်လာကြပြီး လူတိုင်းက ဖုန်းကိုကိုင်လိုက်ကြပြီး ဂရုထဲရှိအခြေအနေကို အကဲခတ်နေကြသည်။ ဒီအချိန်တွင် ဘယ်သူကမှ စကားမပြောရဲကြပေ။
တစ်တန်းလုံးက အလွန်တိတ်ဆိတ်နေသော်ငြား ဒီမတိုင်ခင်ထိ တိတ်ဆိတ်မှုက မပျောက်ကွယ်သွားသေးပေ။ အဘယ့်ကြောင့်ဆိုသော် တံခါးစောင့်၏ အသံက ဂရုထဲတွင် ထပ်မံ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
“ဒီနေ့ ငါတို့တွေ သရဲဖမ်းတဲ့ဂိမ်း ကစားကြမယ်။ ကစားပွဲက ဒီလို…”
“ငါ မင်းတို့ထဲမှာ သရဲတစ်ကောင် ဖွက်ထားတယ်။ ဒီတစ်ကြိမ်တာဝန်က အဲ့သရဲကို ရှာရမယ်။ သရဲကို ရှာနိုင်ပြီဆိုရင် သရဲက သေသွားမယ်။”
“သရဲကို ရှာဖို့အတွက် မင်းတို့ ဂရုထဲမှာ သူ့ရဲ့ နာမည်ကို ပို့လို့ရတယ်။”
“တကယ်လို့ သရဲကို ၂၄နာရီအတွင်း မရှာနိုင်ရင် သရဲကလွဲပြီး အကုန်လုံးသေမယ်။”=
“တကယ်လို့ မှားပြီးတော့ စွပ်စွဲရင် မှားပြီး စွပ်စွဲတဲ့သူ သေမယ်။”
ဂရုထဲမှ ဒီစကားကို ကြည့်ရင်း အကုန်လုံးက လန့်သွားကြပြီး လူတော်တော်များများက အော်လိုက်ကြသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
တခြားသူတွေက ဘေးကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
တချို့လူများက မတ်တပ်ရပ်ပြီး အော်လိုက်ကြသည်။
“ဘယ်သူက သရဲလဲ။ အမြန် မတ်တပ်ရပ်စမ်း။”
အချိန်တစ်ခုအထိ အတန်းက အလွန် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ လူတိုင်းက အတန်းထဲကို ကြောက်လန့်တကြားဖြင့် အကဲခတ်နေကြပြီး အကုန်လုံး၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ရှိနေကြသည်။
ဒီတစ်ကြိမ်တာဝန်က တကယ်ပဲ ပုံမှန်မဟုတ်ပေ။
ပုံမှန်တာဝန်များနှင့်ယှဉ်လျှင် ဒီတစ်ကြိမ်တာဝန်က တကယ်ပင် ကြောက်စရာကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ကျွန်တော်တို့ ကျရှုံးလျှင် သေရမည့်သူက တစ်ယောက်တည်းမဟုတ်ဘဲ တစ်ခန်းလုံးဖြစ်နေသည်။ အလွန်ကြောက်စရာကောင်းသည့် နောက်ဆက်တွဲရလာဒ်ပင်ဖြစ်သည်။ ထိုအကြောင်းကို တွေးကြည့်ရုံကပင် လူတွေကို ကြက်သီးထစေသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသည့် တာဝန်နှင့် ရင်ဆိုင်ရသော်အခါ ကျွန်တော်တို့ဘက်က အတွေ့အကြုံနည်းပေသည်။ အကုန်လုံးက အော်ဟစ်နေကြပြီး သူတို့၏ အတွင်းစိတ်များကို ထုတ်ဖော်နေကြသည်။ ဒီနည်းဖြင့် မိန်းကလေးတော်တော်များများက ငိုနေကြသည်။
မစ်ကီလိုပဲ သူတို့က စိတ်ဓာတ်ကျစွာနဲ့ အော်ငိုနေကြသည်။ တစ်ခန်းလုံးက အရူးထောင်ကဲ့သို့ပင် ဖြစ်နေသည်။
ဤကဲ့သို့ စိတ်ဓာတ်ကျဖွယ် အခြေအနေတွင် ဘယ်သူကမှ မစဉ်းစားနိုင်မှာကို ကျွန်တော်စိုးရိမ်မိသည်။
“ဘယ်သူက သရဲလဲ အမြန်မတ်တပ်ရပ်စမ်း။”
လီယုထျန်းက မတ်တပ်ရပ်လိုက်ပြီး အော်လိုက်သည်။ သူ၏ အကြည့်များက ခက်ထန်နေသည်။ သို့သော် ဒီအချိန်တွင် တကယ်လို့ သရဲက အရူးဖြစ်လျှင်တောင် သူက မတ်တပ်ရပ်မှာ မဟုတ်ပေ။ ဒါက သူ့ကို ဒေါသထွက်စေခဲ့သည်။
ဒီအချိန်တွင် လူတချို့က ဘေးကိုလှည့်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာကက သံသယများဖြင့် ပြည့်နေသည်။
ဒီအချိန်တွင် အကုန်လုံးက သူတို့ဘေးရှိလူများကို အကဲခတ်နေကြပြီး တစ်ခုခုမှားသည်ဟု ခံစားမိသည်နှင့် သူတို့က ချက်ချင်းပင် အော်လိုက်ကြသည်။
“မင်းက သရဲပဲ။”
မျက်စိတစ်မှိတ်အတွင်း အတန်းထဲမှ လူတော်တော်များများက သရဲအဖြစ် အစွပ်စွဲခံကြရသည်။ သူတို့ မျက်နှာပေါ်ရှိ အမူအရာများက ကြောင်တောင်တောင် ဖြစ်သွားကြပြီး သူတို့က သူတို့ သရဲမဟုတ်ကြောင်း အော်ပြောနေကြသည်။ သို့သော် ဒီအချိန်တွင် ဘယ်သူကမှ သူတို့ စကားကို နားမထောင်ကြချေ။
နဂိုကတည်းက အတန်းထဲရှိ လူတိုင်းက စိတ်အခြေအနေ မကောင်းဖြစ်နေကြတာဖြစ်သည်။ ဒီသရဲဂိမ်းကြောင့် လူတိုင်း၏ စိတ်က ချောက်ခြားနေကြတာ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် သံသယများက နေရာယူထားသည်။
ဒီအချိန်တွင် တစ်ခန်းလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
ကျွန်တော် ကျွန်တော့်ရှေ့ရှိ အခြေအနေကို စိတ်ညစ်စွာဖြင့် ကြည့်နေပြီး ဒီအခြေအနေက တံခါးစောင့် လိုချင်သည့် အခြေအနေဖြစ်မှန်း ကျွန်တော့်ရင်ထဲတွင် သိသည်။ ဒီအခြေအနေသို့ ရောက်မှသာလျှင် အကုန်လုံးက သူ့ကို ရှာဖို့ မေ့သွားကြပြီး အသက်ရှင်ဖို့ကိုပဲ တွေးနေကြမှာဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော်စိတ်ထဲတွင် သရဲကို ရှာပြီး တစ်တန်းလုံးကို ကယ်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
“ဘယ်သူက သရဲလဲဆိုတာ နင်သိလား။”
“သိပ်တော့ မသေချာဘူး။ ငါတို့တစ်ယောက်ချင်းစီက သရဲဖြစ်နိုင်တာပဲ။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။
“အင်း”
မော့ကျင်းယွီက စိတ်ပျက်သွားသည်။
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီတာဝန်က တကယ်ပဲ ရက်စက်တယ်။ တကယ်လို့ သရဲက ကောင်းကောင်းပုန်းနေနိုင်ရင် ငါတို့ အကုန်လုံး သေနိုင်ပေမဲ့ သူကတော့ အသက်ရှင်မှာ။ ပြီးတော့ သူ့ကို ရှာတွေ့ရင် သူသေမှာဖြစ်ပြီးတော့ ငါတို့က အသက်ရှင်မှာ။”
“လက်ရှိမှာ အခြေအနေ နှစ်မျိုးပဲ ရှိတယ်။ သူသေရင်သေ မဟုတ်ရင် ငါတို့ သေမှာပဲ။”
မော့ကျင်းယွီက လန့်သွားခဲ့ပြီး သူမက ရေရွတ်လိုက်သည်။
“ဒါက တကယ်ပဲ အရမ်းဆိုးတာပဲ။”
“ဒါ့အပြင် ဒီတာဝန်ရဲ့ အဓိက အချက်က သရဲက အသက်ရှင်ချင်ရင် သူက ငါတို့ အကုန်လုံးကို သတ်ရမှာ။ ဒါက အရက်စက်ဆုံးပဲ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
ဒီအချိန်တွင် ကျောက်ဖန်းယွီက နောက်ကို မှီလိုက်ပြီး ပြောလိုက်သည်။
“သူက အနစ်နာခံပြီးတော့ သူက သရဲပါဆိုပြီး ဝန်ခံလိမ့်မယ်လို့ မင်းထင်လား။”
“ဒါ မဖြစ်နိုင်ဘူး။”
ကျွန်တော် ခေါင်းခါလိုက်သည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။”
ကျောက်ဖန်းယွီက ပြန်ပြောလိုက်သည်။
ကျွန်တော် သူ့အား အေးစက်စွာ ကြည့်လိုက်ပြီး လှောင်သည့် အသံဖြင့်
“တကယ်လို့ မင်းက သရဲဖြစ်ရင် မင်းက အကုန်လုံးကို ကယ်ဖို့ မင်းကိုယ်မင်း စတေးခံမှာလား။”
ကျောက်ဖန်းယွီက ခဏတာ တိတ်ဆိတ်သွားပြီး သူက အဲ့အကြောင်းကို စဉ်းစားနေသော်ငြား ဘယ်လိုပြန်ဖြေရမှန်း သူမသိပေ။ အကယ်၍ သူက လူတိုင်းကို ကယ်ရန် ရွေးချယ်လျှင် သူ့အသက်ကို စတေးရပေလိမ့်မည်။
“လူတွေက တစ်ကိုယ်ကောင်းဆန်ကြတယ်။ ပြီးတော့ငါတို့က အထက်တန်းကျောင်းသားတွေပဲ ရှိသေးတာ။”
ကျွန်တော် ကျော်ဖန်းယွီကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါတို့ ကိုယ်တိုင်တောင် ဒါကို မလုပ်နိုင်တာကို မင်းက တခြားသူတွေကို တွေးနေသေးတာလား။”
ကျောက်ဖန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ပြန်လှောင်လိုက်သည်။
“တောင်းပန်ပါတယ်ကွာ ငါတွေးတာ အရမ်းလွန်သွားတယ်။”
“အခန်းထဲက အခြေအနေကို အရင်ကြည့်ရအောင်။”
ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် အတန်းထဲကို ကြည့်လိုက်သည်။
ဒီအချိန်တွင် အတန်းထဲတွင် ငလျင်လှုပ်သွားသကဲ့သို့ပင် လူတိုင်းက ကမ္ဘာကြီး ပျက်ဆီးတော့မည့်ပုံဖြင့် အချင်းချင်း အပြစ်တင်နေကြပြီး သံသယများ ထားနေကြသည်။ ဒီအခြေအနေတွင် ယောကျာ်းလေးတစ်ယောက်က သည်းမခံနိုင်တော့ပေ။
သူက မတ်တပ်ရပ်လိုက်ပြီးနောက် ကောင်မလေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်ကာ ပြောလိုက်သည်။
“သူမက သရဲပဲ အခုလေးတင် သူမရဲ့ အမူအရာက ထူးဆန်းတယ်။ ပြီးတော့ သူမက သူမရဲ့ စာကို သူမ ပြန်ပြီးတော့ ဖျက်နေတယ်။”
“ခွေးကောင် ငါမဟုတ်ဘူး။”
ကောင်မလေးက ဒေါသတကြီးဖြင့် အော်လိုက်သည်။
“အပြစ်ကင်းချင်ယောင် ဆောင်မနေနဲ့ နင် ငါတို့ အကုန်လုံးကို သတ်ချင်နေတာပဲ။”
ကောင်လေးက ဒေါသတကြီးအော်လိုက်ပြီးနောက် သူမကို လက်ညှိုးထိုးပြီး အော်လိုက်တော့သည်။
“ငါ မိန်ကျင်းယန်က သရဲဖြစ်တယ်ဆိုတာကို အတည်ပြုတယ်။”
“ငါ ပြောနေတယ်လေ။ ငါက သရဲမဟုတ်ပါဘူးဆိုနေ။”
မိန်ကျင်းယန်က မတ်တပ်ရပ်ပြီး အော်လိုက်သည်။
သို့သော် ဒီအချိန်တွင် ဂရုထဲတွင် တံခါးစောင့်၏ အသံက ထွက်ပေါ်လာသည်။
“သရဲကို အတည်ပြုတာ မှားတယ်။ မိန်ကျင်းယန်က သရဲမဟုတ်ဘူး။ ဒီတော့ ရန်ကျောင်းက သွေးထွက်လွန်ပြီးတော့ သေမယ်။”
ရန်ကျောင်းက သူ၏ ဖုန်းကို ကြည့်ပြီး အော်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သွေးများက စတင် ယိုစိမ့်လာတော့သည်။ ပြီးနောက် မိန်ကျင်းယန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ကောင်းတယ်။ ငါပြောသားပဲ ငါမဟုတ်ပါဘူးဆိုနေ။”
“ငါနင့်ကို သတ်မယ်။”
ရန်ကျောင်းက မိန်ကျင်းယန်ဆီ ဒေါသတကြီးဖြင့် ပြေးလာပြီးနောက် မိန်ကျင်းယန်ကို မြေပြင်ပေါ်သို့ တွန်းလိုက်သည်။ ပြီးနောက် ရူးသွပ်စွာဖြင့် ရိုက်နှက်နေသော်ငြား သူ့မျက်နှာပေါ်တွင် သွေးများက ဆက်တိုက် စီးကျနေပြီး သူ့ကို အားနည်းနည်းလေးသာ ရှိစေခဲ့သည်။
တစ်ချက်ရိုက်ရုံဖြင့် သူက မလှုပ်နိုင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားပြီးနောက် သူ အသက်မရှူတော့ပေ။
မိန်ကျင်းယန်က ကြက်သီးထသွားပြီး သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ တွန်းလိုက်ပြီးနောက် အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက ပြောလိုက်သည်။
“ငါ သတ်တာ မဟုတ်ဘူး။ ငါ လူသတ်သမား မဟုတ်ဘူး။”
ဒီမြင်ကွင်းကို ကြည့်ရင်း လူတော်တော်များများက ကြောက်ရွံ့သွားကြသည်။ အကယ်၍ အတည်ပြုမှု မှားယွင်းလျှင် အသတ်ခံရသည်ကို လူတိုင်း သိသွားကြသည်။ ထို့ကြောင့် ပြီးစလွယ် အတည်ပြု၍ မရတော့ပေ။
ဤမြင်ကွင်းကို ကြည့်ရင်း ကျွန်တော် နက်နက်နဲနဲတွေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ဒီသေဆုံးခြင်းမှ သဲလွန်စတချို့ တွေ့သွားသောကြောင့်ဖြစ်သည်။
ကျောက်ဖန်းယွီက ကျွန်တော် အရမ်းတည်ငြိမ်နေသည်ကို ကြည့်ရင်း ကျွန်တော့်ကို မေးလိုက်သည်။
“မင်း သရဲကို ရှာတွေ့ပြီလား။”
“မတွေ့သေးဘူး။ စည်းကမ်းတွေက သရဲအတွက် အရမ်းဘက်လိုက်နေတယ်ဆိုတာကိုပဲ ငါတွေ့တယ်။”
ကျွန်တော်ပြောလိုက်သည်။
“ဟုတ်တယ်။ တကယ်လို့ မင်း မှားပြီးတော့ အတည်ပြုမိရင် မင်းသေမှာ။ ဒါက လူတိုင်းက အတည်ပြုချင်တိုင်း အတည်မပြုရဲအောင် လုပ်လိုက်တာပဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ဟုတ်တယ်။ တကယ်လို့ ဒီလိုစည်းကမ်း မရှိရင် လူတိုင်းက သူတို့ကိုယ်သူတို့ သရဲလို့ အတည်ပြုကြမှာဖြစ်ပြီးတော့ သူတို့က သရဲကို ရှာတွေ့သွားကြမှာပေါ့။ တံခါးစောင့်က သရဲကို ကူညီနေတာ ဖြစ်နိုင်တယ်။”
ကျွန်တော် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။”
ကျောက်ဖန်းယွီက ကျွန်တော့်ကို စိုးရိမ်စွာ ကြည့်ပြီးပြောလိုက်သည်။ သူအရမ်းကြောက်ရွံ့နေသည်ကို တွေ့ရနိုင်သည်။
“ငါလည်း မသိသေးဘူး။ အချိန်ရှိသေးတယ်။ နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။”
ကျွန်တော် တည်ငြိမ်စွာပြောလိုက်သည်။
“မင်းဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။ အဲဒါ အရမ်းထူးဆန်းတယ်။”
ကျောက်ဖန်းယွီက ကျွန်တော့်ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ငါလည်း မသိဘူး။ ဒါက ခဏခဏ ဖြစ်နေတာ။”
ကျွန်တော် အတန်းထဲကို ကြည့်လိုက်ပြီး သတိထားသည့် အပြုံးဖြင့် ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ ပင်ကိုယ်အရည်အချင်းဖြစ်ချင် ဖြစ်မှာပေါ့။”
ကျောက်ဖန်းယွီက ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်ကို ဘာမှထပ်မမေးတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အတန်းထဲတွင် လူတိုင်းက သူတို့ ဘေးကို သံသယရှိစွာဖြင့် ကြည့်နေကြသော်ငြား ဘယ်သူကမှ အတည်မပြုရဲပေ။
သင် အမှားတစ်ခုလုပ်မိလျှင် သင်သေမှာဖြစ်သည်။ သင် သရဲက ဘယ်သူဆိုသည်ကို ၁၀၀ရာခိုင်နှုန်း မသေချာသ၍ သင် သင်သေမှာဖြစ်သည်။ လူတိုင်းတွင် သံသယရှိသူများ ရှိနေပြီး သူတို့၏ သရုပ်မှန်ကို သိဖို့က မဖြစ်နိုင်ပေ။ ဒီအချိန်တွင် မည်သူကမှ အလောတကြီး မပြုမူရဲပေ။
ဒီအချိန်မှစ၍ အခြေအနေက ဆူပူလာပြီး အတန်းထဲရှိ လူတိုင်းက ငြင်းခုံနေကြသည်။ အခြေအနေက အန္တရာယ်ရှိသည့် အခြေအနေဆီသို့ ရွေ့လာသည်။
သို့သော် ဒီအချိန်တွင်ချောင်ဟုက မတ်တပ်ရပ်ပြီး အော်လိုက်သည်။
“မင်းတို့ အဲ့အကြောင်း စဉ်းစားပြီးပြီလား။ ဒီတစ်ကြိမ် သရဲက အတန်းခေါင်းဆောင်ရော မဖြစ်နိုင်ဘူးလား။ ဘာကြောင့်လဲဆိုတော့ သူက အတန်းထဲမှာ မရှိတော့ သူက ငါတို့ရဲ့ သံသယထဲကနေ လွတ်နိုင်တယ်။”
“ဟုတ်တယ်။ အဲဒါ အတန်းခေါင်းဆောင် ဖြစ်နိုင်တယ်။”
“ချောင်ဟု နင်က အရမ်း ဉာဏ်ကောင်းတာပဲ။”
လူတိုင်းက အံ့အားသင့်စွာဖြင့် ချီးကျူးနေကြပြီး ချောင်ဟုက ဂုဏ်ယူစွာဖြင့် ခေါင်းခါလိုက်သောငြား သူက မော့ကျင်းယွီကို လောဘကြီးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“မင်းက သိပ်သေချာနေတာပဲ။ မင်းငါ့ကိုလည်း သံသယထားရင် ထားပါ့လား။”
ကျွန်တော်ပြောသည်ကို ကြားသောအခ့ ချောင်ဟု၏ မျက်နှာက ရှုံ့မဲ့သွားသည်။ သူက ပါးစပ်ဟလိုက်သော်ငြား သူ ပြောဖို့ သတ္တိမရှိပေ။ သူ ခဏတာ ကြက်သေသေသွားသည်။ သူ၏ မျက်နှာက နီရဲနေသည်။
သူ့ကို ဤကဲ့သို့ မြင်ရသည်က မော့ကျင်းယွီကို အနည်းငယ် ပြုံးသွားစေသော်ငြား သူမက စိတ်ပူစွာဖြင့် ပြောလိုက်သည်။
“လူတိုင်းက အတည်မပြုရဲကြဘူး။ ငါတို့ ဘာဆက်လုပ်ကြမလဲ။”
“ဒါက ပြောင်းသွားလိမ့်မယ်။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါနင့်ကို ကယ်ဖို့ နည်းလမ်းရှာမှာပါ။”
“ကောင်းပြီ ငါနင့်ကို ယုံတယ်။”
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်သည့် အမူအရာရှိနေသည်။
လက်ရှိအခြေအနေက အမှန်တကယ်ပင် မဖြေရှင်းနိုင်ဖြစ်နေသည်။ သရဲက ကျွန်တော်တို့ကြားတွင် ပုန်းနေတာ ဖြစ်ပြီး သူ၏ တည်ရှိမှုကို အတည်ပြုနိုင်သည့် သက်သေ မရှိပေ။ အကယ်၍ သရဲကို မနက်ဖြန် မတိုင်မှီ ရှာမတွေ့လျှင် ကျွန်တော်တို့ တစ်တန်းလုံးသေမှာ ဖြစ်သည်။ ဒီလိုအဖြစ်အပျက်မျိုးသည် တွေးကြည့်ရုံဖြင့် လူများကို ကြက်သီးထစေနိုင်သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset