အပိုင်း ၁၇ အရေးကြီးသည့် သဲလွန်စများ
တစ်တန်းလုံးက သရဲကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ကျွန်တော် သံသယရှိသည့် လူများလည်းရှိသည်။ သို့သော် ယခုအချိန်တွင် ကျွန်တော် အတည်မပြုရဲပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက သရဲမဟုတ်လျှင် အတည်ပြုသည့်သူက သေမှာဖြစ်သောကြောင့် ဖြစ်သည်။
ဒါက သရဲကို ရှာဖွေခြင်းကို ကောင်းကောင်းကာကွယ်ထားခြင်း ဖြစ်သည်။ မိန်ကျင်းယန်က သရဲမဟုတ်မှန်း အတည်ပြုပြီးသည်နှင့် တခြားသူများက သရဲဟုတ်မဟုတ် အကဲခတ်ခြင်းက မရိုးရှင်းမှန်း သိသွားကြသည်။ သရဲက မည်သူဆိုသည်ကို သူကိုယ်တိုင်သာ သိမှာဖြစ်သည်။ ပြီးနောက် အကယ်၍ သူက ကောင်းကောင်းပုန်းနိုင်လျှင် လူတိုင်းသေမှာဖြစ်သည်။
“တကယ်လို့ မင်းထွက်လာချင်တယ်ဆိုရင် ငါမင်းကို ယွမ်နှစ်သိန်းပေးမယ်။”
လီယုထျန်းက အော်ပြောလိုက်သည်။ သို့သော် သူ ဤကဲ့သို့ ပြောသော်လည်း မည်သူကမှ သရဲဖြစ်ကြောင်း ဝန်မခံပေ။
သရဲ၏ သရုပ်မှန်ကို ဖော်ပြလိုက်သည်နှင့် သူက သေမှာဖြစ်သည်။ အကယ်၍ သူ့ကို တာဝန်ချိန်ပြီးဆုံးသည်အထိ မရှာနိုင်လျှင် သေရမည့်သူက ကျွန်တော်တို့ ဖြစ်မှာဖြစ်သည်။
“ဘယ်သူက သရဲလဲ။”
မစ်ကီက ငိုရင်းအော်ပြောလိုက်သည်။ သို့သော် ဒီအခြေအနေနှင့် ရင်ဆိုင်ရသော်အခါ မည်သူကမှ မပြောနိုင်ပေ။
ကျွန်တော် အတန်းထဲရှိ ဝရုန်းသုန်းကား ဖြစ်နေသည့် အခြေအနေကို ကြည့်ပြီးနောက် လူတိုင်းကို ကြည့်လိုက်သော်ငြား ကျွန်တော် မည်မျှပင် ကြည့်စေကာမူ မည်သူက သရဲမှန်း မခန့်မှန်းနိုင်ပေ။ အကဲခတ်နေစဉ် ကျွန်တော် သံသယဖြစ်စရာကောင်းသည့်သူများကို တွေ့သော်ငြား ကျွန်တော် သူတို့အား ဤမျှလောက်ဖြင့် မဆုံးဖြတ်နိုင်ပေ။
ဒါက အကယ်၍ တစ်ယောက်ချင်းစီကို လိုက်၍ အတည်ပြုနေမည်ဆိုလျှင် တစ်ခန်းလုံးက သင်္ချိုင်းကုန်းသို့ ရောက်သွားမှာဖြစ်ပြီး မျှော်လင့်ချက်မရှိသည့် ဆုံးဖြတ်ချက်ဖြစ်သည်။
ကျောက်ဖန်းယွီက ဘေးနားမှ လာပြောသည်။
“မင်း တကယ်ပဲ မဆုံးဖြတ်နိုင်တာလား။”
“ဒီလိုမျိုး ဆုံးဖြတ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။ သရဲက ဘာပြစ်ချက်မှ မပြဘူး။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်ပဲ သရဲကို ရှာဖို့ နည်းလမ်း မရှိတော့ဘူးလား။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် လက်ဆန့်လိုက်သည်။
“မရှိဘူး။ သရဲက ကောင်းကောင်းပုန်းနေသမျှ ငါတို့ သူ့ကို ရှာလို့တွေ့မှာ မဟုတ်ဘူး။ သူက ဘာပြစ်ချက်မှ မပြဘူး။”
“ငါတို့အတန်းထဲမှာ လူပေါင်း ခြောက်ဆယ်ကျော်ရှိပြီးတော့ ငါတို့ ဘယ်သူက သရဲလဲဆိုတိာကို မဆုံးဖြတ်နိုင်ဘူး။ ဒါက တကယ်ပဲ ခက်ခဲတယ်။”
ကျောက်ဖန်းယွီက သက်ပြင်းချပြီးပြောလိုက်သည်။
ကျွန်တော်ခေါင်းခါလိုက်ပြီး ဘာမှမပြောဘဲ စိတ်ထဲတွင်သာ တွေးနေခဲ့ပြီး စိတ်ဓာတ်ကျစွာဖြင့် မှုန်မှိုင်းစွာဖြင့် ကြည့်နေသည်။
သို့သော် ကျွန်တော် မည်မျှပင် စဉ်းစားစေကာမူ ကျွန်တော် နည်းလမ်း ရှာမတွေ့ပေ။ ကျွန်တော့်ရှေ့ရှိ အခြေအနေက တကယ်ပင် ခက်ခဲနေသည်။ အတန်းထဲတွင် လူတော်တော်များများရှိပြီး သရဲက ကောင်းမွန်စွာ ပုန်းနေသည်။ ဒီသရဲက အသက်ရှင်ရန် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားမှာဖြစ်သည်။
သူ မနက်ဖြန်အထိ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေမည်ဆိုလျှင် အရာအားလုံးပြီးဆုံးသွားမှာဖြစ်သည်။ ဒါကို တွေးမိပြီး ကျွန်တော် စိတ်ညစ်စွာဖြင့် ခေါင်းကို ကုတ်လိုက်ပြီးနောက် ကျွန်တော်၏ မျက်နှာက ပြာယာခတ်နေသည်။
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်ပြီး သူမ၏ လေသံထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။
“နင် အဆင်ပြေရဲ့လား။ စိတ်မပူပါနဲ့ ငါတို့ အချိန်ရှိပါသေးတယ်။”
“ငါတို့မှာ နာရီနှစ်ဆယ်ကျော်ကျန်သေးတယ်။ ဒီအချိန်အတွင်းမှာ ငါတို့ သရဲကို ရှာရမယ်။ မဟုတ်ရင် ငါတို့ အကုန်သေလိမ့်မယ်။”
ကျွန်တော်အံကြိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သရဲကို ရှာဖို့နည်းလမ်းမှ မရှိတာ။”
မော့ကျင်းယွီက ခေါင်းငုံ့လိုက်ပြီးနောက် စိတ်ဓာတ်ကျသည့် မျက်နှာဖြင့်ပြောနေသည်။
“နည်းလမ်းတစ်ခု ရှိရမယ်။”
ကျွန်တော် လေးလေးနက်နက် ပြောလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရပြီးနောက် အမြန်ပင် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတို့ အတန်းခေါင်းဆောင်ကို သွားတွေ့လို့ရတယ်။ သူ့ဆီကနေ ငါ တစ်ခုခုတော့ သိနိုင်တယ်။”
“အဲ့ မုဒိန်းကောင်ကို ပြောတာလား။ ငါ မသွားချင်ဘူး။”
မော့ကျင်းယွီက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“သွားကြည့်ရအောင် သူက အခုအချိန်မှာ စစ်ဆေးရေးဌာနမှာ ထိန်းသိမ်းခံထားရလောက်ပြီ။ ပြီးတော့ သူ့ကို ပြစ်ဒဏ်မပေးရသေးဘူး။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ ကျွန်တော်၏ စည်းရုံးမှုအောက်တွင် မော့ကျင်းယွီက ကျွန်တော့်နှင့် သွားမည်ဟု ကတိပေးခဲ့သည်။
ကျွန်တော် သူမကို အတန်းထဲမှ ခေါ်လာပြီး အတန်းက ရုတ်တရက် အော်လိုက်ကြပြီး လူတော်တော်များများက ကျွန်တော့်အား သံသယများဖြင့် ကြည့်နေကြသည်။
“ကျန်းဖန် မင်းက သရဲမလား။ ဒါကြောင့်မို့ မင်းထွက်ပြေးချင်နေတာ မလား။”
ချောင်ဟုက ကျွန်တော့်ကိုကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ သူက သရဲဖြစ်ရမယ်။ အကုန်လုံးက သူ့ကို မှတ်မိနေတယ်။”
ချောင်ဟုဘေးရှိ ဝတုတ်ကောင် တုန်ဝမ်ဖန်းက ကျွန်တော်အား လက်ညှိုးထိုးလိုက်သည်။
သူတို့ပြောတာ ကြားသည့်အချိန်တွင် လူတိုင်းက ကျွန်တော်နှင့် မော့ကျင်းယွီကို ကြည့်လိုက်ကြသည်။
“ဒါဆိုလည်း မင်းတို့ ငါ့ကို အတည်ပြုလို့ရတယ်။ ဘယ်သူကမှ မင်းတို့ကို တားမှာ မဟုတ်ဘူး။”
ကျွန်တော် သူတို့အား ဂရုမစိုက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ပြီးနောက် မော့ကျင်းယွီကို ခေါ်ပြီးနောက် ထွက်သွားလိုက်သည်။
ကျွန်တော် မောက်မာနေသည်ကို မြင်ပြီးနောက် ချောင်ဟုက အံကြိတ်လိုက်ပြီး ကျွန်တော့်အား ကျိန်ဆဲလိုက်သည်။ သို့သော် သူ ကျွန်တော့်အား အတည်မပြုရဲပေ။
မော့ကျင်းယွီနှင့် ကျွန်တော် ကျောင်းမှာ ထွက်လာပြီးနောက် ကိစ္စအနည်းငယ် လုပ်ဆောင်ပြီး နောက်ဆုံးတွင် အတန်းခေါင်းဆောင်ကို ရှာတွေ့သွားသည်။
ယခု အတန်းခေါင်းဆောင်က စစ်ဆေးရေးဌာနတွင် နေနေရတာဖြစ်ပြီး အပြစ်ဒဏ် ချမှတ်ခံရမည်ကို စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
သူ့အား ရက်အနည်းငယ်သာ မတွေ့ရတာ ဖြစ်သော်ငြား ကျွန်တော် အတန်းခေါင်းဆောင်နှင့် ရက်ပေါင်းများစွာ မတွေ့ခဲ့ရပေဟု ခံစားရသည်။ ကျွန်တော် သူ့အား လာတွေ့သည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် ခါးသီးမှု အနည်းငယ်ရှိနေသော်ငြား သူက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။
“အတန်းက ဘယ်လိုလဲ။”
“အခု လူတော်တော်များများ သေပြီးပြီ။”
ကျွန်တော် အတန်းခေါင်းဆောင်ကို ကြည့်ပြီး ပြောလိုက်သည်။
“အဲ့လိုကိုး။”
အတန်းခေါင်းဆောင်က သက်ပြင်းချလိုက်ပြီးနောက် သူ၏ မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
“မင်း အခု ဒီမှာ ဘယ်လိုနေနေလဲ။”
ကျွန်တော် သိသိနှင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ အနည်းဆုံးတော့ အပြင်လောကနဲ့ ဆက်သွယ်လို့ရသေးတယ်။”
အတန်းခေါင်းဆောင်က ပြောပြီးသည်နှင့် သူ၏ ဖုန်းကို ထုတ်လိုက်သည်။
ကျွန်တော် သူ ဖုန်းကိုင်ထားသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ အတန်းခေါင်းဆောင်က စစ်ဆေးရေးအခန်းထဲတွင် ရှိနေသေးသည်သာ ဖြစ်သည်။ အဘယ့်ကြောင့် သူ့တွင် ဖုန်းရှိနေရသနည်း။ သို့သော် အတန်းခေါင်းဆောင်က ရှင်းမပြဘဲ ပြောလိုက်သည်။
“ဒီရက်ပိုင်းတွေမှာ ငါအတန်းထဲမှာ မရှိပေမဲ့ ငါ တာဝန်တွေ အကုန်လုံးကို ဖတ်ခဲ့တယ်။ မင်းက တော်တော်ကောင်းတယ်လို့ ငါ ဝန်ခံတယ်။ မင်းက ငါ့အတွက် မဲပေးခဲ့တယ်။”
“ဘာမှ မဟုတ်ပါဘူး။ ငါ့ကို မင်းဖုန်းပြ။”
ကျွန်တော် လက်လှမ်းပြီး ပြောလိုက်သည်။
အတန်းခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်အား ဖုန်းပေးလိုက်သည်။ ကျွန်တော် ဖုန်းကို ယူလိုက်ပြီးနောက် ဘာပြစ်ချက်မှ မရှိတာကို တွေ့သွားသည်။ ထိုမှသာ ကျွန်တော် စိတ်ပျက်သွားပြီးနောက် ဖုန်းကို သူ့အား ပြန်ပေးလိုက်သည်။
အတန်းခေါင်းဆောင်၏ ဖုန်းကို ကြည့်လိုက်ပြီးနောက် သူ၏ စကားက ကျွန်တော့်ကို ကြက်သေသေသွားစေသည်။
“မင်းငါ့ကို သရဲလို့ သံသယရှိနေတာလား။”
“ဟုတ်တယ်။ ငါ သံသယရှိတယ်။”
ကျွန်တော် အတန်းခေါင်းဆောင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါက သရဲမဟုတ်တာ တောင်းပန်ပါတယ်။ တကယ်လို့ သရဲကို ရှာမတွေ့ရင် ငါလည်း စစ်ဆေးရေးဌာနမှာ သေမှာပဲ။”
အတန်းခေါင်းဆောင်က သတိကြီးကြီးထားပြီး ပြုံးလိုက်သည်။
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ အတန်းခေါင်းဆောင်က စစ်ဆေးရေးဌာနတွင် ရှိနေသည်က သူက ဂိမ်း၏ အပြင်ဘက်သို့ ရောက်သွားသည်ဟု ဆိုလိုတာ မဟုတ်ပေ။ အကယ်၍ သရဲကို ရှာမတွေ့လျှင် အတန်းသားတစ်ယောက် အနေဖြင့် သူလည်း မလွတ်မြောက်နိုင်ပေ။
“အိုး ငါ မင်းကို ပြောစရာတစ်ခုရှိတယ်။”
အတန်းခေါင်းဆောင်က ကျွန်တော့်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“အဲဒါ ဘာလဲ။”
ကျွန်တော် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ငါ ဟန်ကျိယုကို စုံစမ်းတုန်းက ငါ တစ်ခုခုကို မတော်တဆ ကြားမိခဲ့တယ်။ ဟန်ကျိယုရဲ့ မွေးရပ်မြေက ဖန်လန်းရွာ ဖြစ်ပုံရတယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
“မင်း ဘာပြောတာလဲ။”
ကျွန်တော် ခဏလောက် အံ့အားသင့်သွားပြီးနောက် ကျွန်တော်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ကျွန်တော် တွေး၍ မရပေ။ အတန်းခေါင်းဆောင်က ကျွန်တော့်ကို ဤကဲ့သို့ သဲလွန်စပေးခဲ့သည်။
အကယ်၍ အတန်းခေါင်းဆောင်ပြောသည့် အတိုင်း အမှန်တကယ်ဖြစ်လျှင် ဟန်ကျိယုက တံခါးစောင့် မဖြစ်နိုင်ပေ။ သူမက ကျွန်တော်တို့ကဲ့သို့ပင် ကပ်ဘေးကို ကြုံတွေ့ခဲ့ရသည့် ရှင်သန်သူဖြစ်သည်။
“ဟန်ကျိယုရဲ့ မွေးရပ်မြေက ဖန်လင်းရွာ။ ပြီးတော့ သူမက လွတ်မြောက်ခဲ့တဲ့ သူတွေထဲက တစ်ယောက်လို့ ငါကြားခဲ့တယ်။”
အတန်းခေါင်းဆောင်က ပြောသည်။
“ဒါနဲ့ သူမ အပြင် တခြားလွတ်မြောက်တဲ့သူတွေ ရှိသေးလောက်တယ်။ တကယ်လို့ မင်းသူတို့ကို ရှာနိုင်ရင် ငါတို့ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိနိုင်တယ်။”
ကျွန်တော် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
အတန်းခေါင်းဆောင်က ကျွန်တော့်အား စိုးရိမ်သည့် အကြည့်ဖြင့် ကြည့်ပြီး တည်ငြိမ်စွာ ပြောခဲ့သည်။
“အခု ငါမင်းအပေါ်ပဲ အားကိုးလို့ ရတော့မှာ။ ငါဘာမှ ဆက်လုပ်လို့ မရတော့ဘူး။”
“ငါ မင်း ဘာတွေးနေလဲဆိုတာကို သဘောပေါက်ပြီ။”
ကျွန်တော် အတန်းခေါင်းဆောင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
အတန်းခေါင်းဆောင်၏ မျက်နှာပေါ်တွင် ခါးသီးသည့် အပြုံးတစ်ခု ရှိနေပြီး သူက ကျွန်တော့်အား ကြည့်ပြီး ပြောလိုက်သည်။
“ငါလုပ်သမျှအကုန်လုံးက အမှားတွေပဲ။”
“တံခါးစောင့်ရဲ့ တာဝန်တွေက ပိုပိုပြီး ရက်စက်လာပြီးတော့ သူက ငါတို့ကို ကျွန်တွေလို ဆက်ဆံနေတယ်။ လက်ရှိ သရဲဂိမ်းက ငါတို့ကို သွေးကွဲစေချင်တာ။ တကယ်လို့ သရဲကို ရှာမတွေ့နိုင်ရင် အတန်းထဲမှာ လူခြောက်ဆယ်ကျော်ရှိပြီးတော့ ဘယ်သူမှ မလွတ်နိုင်ဘူး။”
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါနဲ့ တံခါးစောင့် အကြောင်းပြောမှ ငါသတိရတယ်။ ငါလည်း စုံစမ်းခဲ့တယ်။ တံခါးစောင့်က ငါတို့အတန်းထဲက အတန်းသားတစ်ယောက် ဖြစ်မယ်။ ပြီးတော့ သူက မိန်းကလေးတစ်ယောက် ဖြစ်တယ်ဆိုတာ သေချာတယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
ဒါကို ကြည့်သည့်အချါ ကျွန်တော်၏ မျက်လုံးများ ပြူးသွားပြီး သူ့ကို ကြည့်လိုက်သည်။
“မင်း ဘယ်လိုလုပ်ပြီးတော့ တံခါးစောင့်က ကောင်မလေးတစ်ယောက်ဆိုတာကို သေချာပြောနိုင်ရတာလဲ။”
“ဒါကို မမေးနဲ့ တကယ်လို့ သူမက မိန်းကလေးဆိုရင် မင်း သူမကို မိန်းကလေးတွေကြားမှာ ရှာတွေ့လိမ့်မယ်။”
အတန်းခေါင်းဆောင်က နာကျင်စွာဖြင့် ခေါင်းယမ်းလိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ။”
ကျွန်တော် အတန်းခေါင်းဆောင်ကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ကိစ္စတွေက ထင်သလောက် မရိုးရှင်းပေ။ အတန်းခေါင်းဆောင်က တံခါးစောင့်က မိန်းကလေးဖြစ်မှန်း မည်သို့ သိသွားသနည်း။ သူက တံခါး မဟုတ်များလား။
သို့သော် သူက ကျွန်တော့်ကို ထိုအရာအား မပြောချင်ခြင်းက ကျွန်တော့်အား အလွန် စိုးရိမ်စေသည်။
ကျွန်တော် ဒီအကြောင်းကို အတန်းခေါင်းဆောင်နှင့် ဆက်ပြောရန် နည်းလမ်းရှာသည့် အချိန်တွင် အတန်းခေါင်းဆောင်က ထိုအရာကို ရှောင်ပြီး ကျွန်တော့်အား ပြောရန် ငြင်းဆန်ခဲ့သည်။ အဆုံးတွင် ကျွန်တော် သူ့အား နှုတ်ဆက်ရုံသာ တတ်နိုင်ခဲ့ပြီး မော့ကျင်းယွီနှင့် အတူပြန်လာခဲ့သည်။
မပြန်လမ်းတွင် မော့ကျင်းယွီက ပြောသည်။
“မမျှော်လင့်စွာနဲ့ အတန်းခေါင်းဆောင်က တော်တော်များများကို သိတာပဲ။ သူက တံခါးစောင့်ကိုလည်း သိတယ်လို့ နင်ပြောချင်တာလား။”
“အဲဒါ ဖြစ်နိုင်တယ်။”
ကျွန်တော် မေးစေ့ကို ပွတ်ပြီး နက်နက်ရှိုင်းရှိုင်း တွေးလိုက်သည်။
“သူက ငါတို့ မသိတာတွေ အများကြီး သိလောက်တယ်။”
“အဲ့အကြောင်းကို မေ့လိုက်တော့။ အရင်ဆုံး ဦးစားပေးလုပ်ရမယ့်အရာက သရဲကို ရှာဖို့ပဲ။”
မော့ကျင်းယွီက ပြောလိုက်သည်။
“အခု အတန်းခေါင်းဆောင်က သရဲ မဟုတ်ဘူးဆိုတော့ သရဲက အတန်းထဲမှာပဲ ရှိဦးမှာပဲ။”
ကျွန်တော် ပြောလိုက်သည်။
“အတန်းထဲမှာ လူတွေ အများကြီး ရှိတာ ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ငါလည်း မသိဘူး။ အဲဒါက ကံကြမ္မာပဲ။”
ကျွန်တော် ဂရုမစိုက်သည့်ပုံဖြင့် ပြောလိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်ပြီး ပြုံးလိုက်ပြီးနောက်
“နင်ပြောတဲ့ အချိန်က ဘယ်တော့လဲ။”
ကျွန်တော် အတန်းထဲသို့ အပြုံးနှင့် ပြန်လာသည့် အချိန်တွင် သူမက အတန်းက ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ အကုန်လုံးက သူတို့၏ ဖုန်းများကို အပ်နေရပြီး လီယုထျန်းက သဲလွန်စများအတွက် ဖုန်းများကို လိုက်စ်စနေသည်။
ကျွန်တော်တို့ လာသည်ကို မြင်သောအခါ သူက လက်ယမ်းပြလိုက်ပြီးနောက် ကျွန်တော်တို့အား သဲလွန်စရှာရန် ဖုန်းများ အပ်ရန် ပြောခဲ့သည်။
ကျွန်တော်တို့ကလည်း ဖုန်းကို ပေးလိုက်ပြီးနောက် လီယုထျန်းက အမြန်ပင် ဖုန်းများကို စစ်ဆေးလိုက်သော်ငြား သူက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“ငါ ဘာသဲလွန်စမှ ရှာမတွေ့ဘူး။ သူက ဝန်ခံချင်ပါ့မလား ဆိုတာလည်း ငါမသိဘူး။”
“ရယ်စရာကောင်းတာတွေ မပြောစမ်းနဲ့ သရဲက သူ့ကိုယ်သူ ဝန်ခံမယ်လို့ မင်းထင်နေတာလား။”
ရီလင်းယွမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
လီယုထျန်းက စားပွဲကို ဒေါသတကြီးရိုက်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ငါ ဘာလုပ်သင့်လဲ။ နောက်ဆုံးမှာ သရဲဘယ်သူလဲဆိုတာကို သိရအောင် ဘယ်သူ နည်းလမ်းရှာနိုင်လဲ။”
“ဘာနည်းလမ်းမှ မရှိဘူး။ ငါတို့ ဘာနည်းခမ်းမှ မတွေးနိုင်ဘူး။”
“ဟုတ်တယ်။ တကယ်လို့ ငါတို့ သရဲလို့ သံသယရှိရင်တောင် ငါတို့ အတည်မပြုရဲဘူး။”
“ဟုတ်တယ်။ ခိုင်လုံတဲ့ သက်သေမရှိတော့ သရဲကို အတည်ပြုဖို့က အရမ်းစွန့်စားရာကျတယ်။ ငါတို့ သေတောင်သေနိုင်တယ်။”
အချိန်တစ်ခုအထိ အတန်းက ထပ်၍ ဆူညံနေပြီးနောက် လူတိုင်း၏ မျက်နှာထက်တွင် စိုးရိမ်သည့် အကြည့်များ ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် အချိန်က ကုန်ဆုံးနေပြီဖြစ်သောကြောင့် ဖြစ်သည်။