အခန်း ၂၀

အပိုင်း ၂၀ အတန်းပိုင်ဆရာမ စော်ကားခံရခြင်း

အခု ကျွန်တော်က အတန်း၏ သူရဲကောင်းဖြစ်သွားသည်မှာ မလွဲမသွေပင် ဖြစ်သည်။ ကျွန်တော့်အနားရှိသူများသည် တစ်ယောက်ပြီးတစ်ယောက် လာပြီးတော့ ချီးမွမ်းကြသည်။ ဒါက ကျွန်တော့်အား ပျော်ရွှင်စေသည်။
သို့သော် ကပ်ဘေးက ပြီးဆုံးသွားပြီး အတန်းထဲရှိသူများက တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်။ အတန်းထဲရှိ လေထုကလည်း ပိုကောင်းလာသည်။
အကုန်လုံး ပြီးဆုံးသွားသကဲ့သို့ပင် လူတိုင်းက ပွဲကျင်းပနေကြပြီး အတန်းပိုင်ဆရာမက ဝင်လာခဲ့သည်။ အတန်းထဲရှိ ဆူညံသံများကလည်း ခဏတာ ပျောက်ကွယ်သွားသည်။
အကုန်လုံးက အတန်းပိုင်ဆရာမ၏ စကားကို နားမထောင်ကြသော်ငြား ကျွန်တော်တို့ အတန်းပိုင်ဆရာမကိုတော့ အနည်းငယ် ကြောက်ရွံ့ကြသေးသည်။
အတန်းပိုင်ဆရာမက ကျွန်တော်တို့အား ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“စောက်ကလေးတွေ အတန်းတက်ခေါင်းလောင်းထိုးတာ ကြာလှပြီ နင်တို့ ဒါကို မသိဘူးလား။”
သူမ ပြောသည်ကို နားထောင်ပြီးနောက် ကျွန်တော်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ အတန်းပိုင်ဆရာမက ကျွန်တော်တို့၏ လက်ရှိအခြေအနေကို နားမလည်သည်မှာ သိသာသည်။
သူမက ကျွန်တော်တို့ မည်မျှကြီးမားသည့် ကပ်ဘေးကို ဖြတ်ကျော်ခဲ့ရမှန်း မသိပေ။ ကျွန်တော်သာ အတည်မပြုနိုင်လျှင် တစ်တန်းလုံးက ယခုအချိန်တွင် သေနေမှာဖြစ်သည်။ အတန်းပိုင်ဆရာမ အတန်းထဲသို့ ရောက်သည့်အချိန်တွင် တစ်တန်းလုံးက အလောင်းများဖြင့် ပြည့်နေမည်ကို ကျွန်တော် စိုးရိမ်မိသည်။
ကျွန်တော် ဒါကို တွေးရင်း သက်ပြင်းချလိုက်ပြီးနောက် ကျွန်တော်တို့အတန်းအား စက်ဆုပ်သည့် အကြည့်ဖြင့် ကြည့်နေသည့် အတန်းပိုင်ဆရာမအား ကြည့်လိုက်သည်။
အတန်းပိုင်ဆရာမက ကျွန်တော်တို့အား ပူညံပူညံဖြင့် ဆူနေသည်။ ထုံးစံအတိုင်းပင် မည်သူကမှ နားမထောင်ပေ။ အနောက်တန်းရှိ ကျောင်းသားများကမူ ဖုန်းကစားနေကြပြီး အတန်းပိုင်ဆရာမက တွေ့သွားသည့်အချိန်တွင် ဖုန်းများကို သိမ်းချင်ခဲ့သော်ငြား မသိမ်းနိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် မည်သည့်ကျောင်းသားများကမှ လက်ရှိတွင် အတန်းပိုင်ဆရာမကို မကြောက်ကြတော့ပေ။ ပြီးနောက် အတန်းပိုင်ဆရာမက ခဏခဏတောင်းနေသော်ငြား မည်သူကမှ ဖုန်းမအပ်ကြပေ။ ဒါက အတန်းပိုင်ဆရာမအား အလွန်ဒေါသထွက်သွားစေသည်။
သူမက ကျွန်တော်တို့အား မျက်စောင်းထိုးလိုက်သည်။ သူမက ကျွန်တော်တို့အား ခက်ထန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“နင်တို့တွေ ငါ့ကို မလေးမစားလုပ်နေကြတယ်ပေါ့။ ဟုတ်လား။ နင်တို့ကိုယ် နင်တို့ ဘာများထင်နေကြလဲ။”
ပြောပြီးသည်နှင့် သူမက ကောင်မလေး၏ ဖုန်းကို လုယူလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပစ်ခွဲလိုက်သည်။ ခွဲပြီးသည်နှင့် သူမက သူမ၏ ဒေါက်ဖိနပ်များဖြင့် တက်နင်းလိုက်သေးသည်။ ဒီမြင်ကွင်းက အလွန်ရက်စက်သည့် မြင်ကွင်းဟု ပြောနိုင်ပေသည်။
အတန်းပိုင်ဆရာမက ဖုန်းကို ခွဲပြီးသည်နှင့် မရပ်ဘဲ တခြားတစ်ယောက်၏ ဖုန်းကို ဆွဲယူပြီးခွဲတော့မည့် အချိန်တွင် သူက ဖုန်းကို ပြန်လုယူလိုက်သည်။ ဒီအခြေအနေကို ကြုံရသည့်အချိန်တွင် အတန်းပိုင်ဆရာမက ပို၍ စိတ်ပျက်သွားသည်။
သူမက ထိုလူအား ပါးချလိုက်ပြီးနောက် ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ ပြီးနောက် သူမက အော်ပြောလိုက်သည်။
“ငါ နင်တို့ကို ပြောနေတယ်လေ။ အတန်းထဲမှာ ဖုန်းမဆော့ပါနဲ့ဆိုနေ နင်တို့ကမှ နားမထောင်တာ။”
ဖုန်းအက်ကွဲသံများနှင့် သူမက လူတော်တော်များများအား ပါးရိုက်ခဲ့ပြီးနောက် ထိုအရာက သူမအား ဂုဏ်ယူစေခဲ့သည်။
သို့သော် ဒီအချိန်တွင် လီတိုင်း၏ စိတ်ထားက တင်းမာနေတာဖြစ်သည်။ သူမ၏ မောက်မာသည့် အပြုအမူများကို နောက်ဆုံးတွင် တစ်ယောက်ယောက်က သည်းမခံနိုင်တော့ပေ။”
အတန်းထဲရှိ ခန္ဓာကိုယ်အတောင့်ဆုံး ဝမ်ချန်းက မတ်တပ်ရပ်ပြီးအော်ပြောလိုက်သည်။
“မင်းကိုယ်မင်း ဘာများထင်နေလဲ။ အေး မင်း ယုံမယုံတော့မသိဘူး။ မင်း ငါ့ဖုန်းကို ခွဲရဲခွဲကြည့် မင်းကို ငါ အသေသတ်မှာ။”
“နင် လုပ်ရဲရင် လုပ်ကြည့်ပေါ့။”
အတန်းပိုင်ဆရာမက အေးစက်စွာ လှောင်လိုက်ပြီး ဝမ်ချန်းအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝမ်ချန်းက အတန်းပိုင်ဆရာမအား ကြည့်ပြီးနောက် ခဏတာ တုံ့ဆိုင်းသွားသည်။ အတန်းပိုင်ဆရာမက ကျွန်တော်တို့ ဆရာမအဖြစ် တစ်နှစ်ထက်ပို၍ နေခဲ့တာဖြစ်ပြီး မည်သူမှ သူမအား ရန်မစရဲပေ။
သို့သော် ဒီအချိန်တွင် ဖုန်းပေါ်၌ သတိပေးချက် ထွက်ပေါ်လာသည်။ ကျွန်တော်တို့ ဖွင့်ကြည့်လိုက်သည့်အချိန်တွင် တံခါးစောင့်က တာဝန်သစ်ကို ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
“ဝမ်ချန်းနဲ့ လီယုထျန်း နောက်ထပ် ခြောက်နာရီအတွင်း အတန်းပိုင်ဆရာမကို စော်ကားရမယ်။ မဟုတ်တရင် သူတို့ အသတ်ခံရမယ်။”
သူ့ဖုန်းပေါ်ရှိ သတိပေးစာကို မြင်သည်နှင့် ခဏလောက်ကြက်သေသေသွားသည် ပြီးနောက် သူက အော်ပြောလိုက်တော့သည်။
“ဒီနေ့ ငါ မင်းကို ပညာပေးရတော့မှာပဲ။”
ပြောပြီးသည်နှင့် သူက အမြန် အတန်းပိုင်ဆရာမဆီသို့ ပြေးသွားပြီးနောက် သူမကို ထိုးကြိတ်ကန်ကျောက်လိုက်တော့သည်။
အတန်းပိုင်ဆရာမက သူကန်တာ ခံလိုက်ရပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်ငြား သူမက သူမ၏ အားနည်းချက်ကို မပြချင်၍ ဝမ်ချန်းအား ပါးရိုက်လိုက်သည်။ ပြီးနောက် သူမက အော်ပြောလိုက်သည်။
“နင်ငါ့ကို ရိုက်ရဲတယ်ပေါ့။ ဟိုကောင်တွေကလည်း ကိုယ့်ဆရာမက ဒီလိုမျိုး အရိုက်ခံနေရတာကို ဂရုမစိုက်ကြဘူးပေါ့။ ဟုတ်လား။”
သို့သော် အတန်းပိုင်ဆရာမ ကျွန်တော်တို့အား ဆူနေသော်ငြား ကျွန်တော်တို့က ဂရုမစိုက်ကြပေ။ ဒီအချိန်တွင် ဘာဖြစ်နေမှန်း ကျွန်တော်တို့သိသည်။ အတန်းပိုင်ဆရာမက ရုန်းကန်ကာ အော်ပြောလိုက်သည်။
“ဝမ်ချန်း ခွေးကောင် ငါနင့်ကို ကျောင်းထုတ်ပစ်မယ်။”
“ကျွန်တော့်ကို ကျောင်းထုတ်တာ မထုတ်တာ ခင်ဗျားအပိုင်းလား။”
ဝမ်ချန်းက အော်လိုက်ပြီးနောက် လီယုထျန်းအား အော်ပြောလိုက်သည်။
“မင်း ဘာစောင့်နေတာလဲ။ အတူသွားရအောင်။”
“ကောင်းပြီ။”
လီယုထျန်းကလည်း ဒီအချိန်တွင် မတ်တပ်ရပ်လိုက်ပြီးနောက် ယခု ဘာဖြစ်နေသည်ကို သူသိသည်။ တံခါးစောင့်၏ တာဝန်ကို ပြီးမြောက်ကို လုပ်ဆောင်ရမှာဖြစ်သည်။ ထို့ကြောင့် ကျွန်တော် အတန်းပိုင်ဆရာမအား သနားရုံပဲ တတ်နိုင်ခဲ့သည်။
“မင်းတို့ ဘာလုပ်နေတာလဲ။ ငါ အော်လိုက်မှာနော်။”
အတန်းပိုင်ဆရာမက တစ်ခုခုမှားနေသည်ကို သတိထားမိပြီးနောက် နောက်ကို ဆုတ်ရင်း အော်ပြောလိုက်သည်။
သို့သော် ယခုအချိန်တွင် အလွန်နောက်ကျသွားပြီဖြစ်ပြီးနောက် ဝမ်ချန်းက အတန်းပိုင်ဆရာမ၏ ဂုတ်ကို ဆွဲပြီးနေက် အပြင်သို့ ဆွဲခေါ်သွားခဲ့သည်။
“ငါ မသွားချင်ဘူး။ ငါမသွားချင်ဘူး။”
အတန်းပိုင်ဆရာမက ခြောက်ခြားစွာ အော်လိုက်ပြီးနောက် သူမက ကျွန်တော်တို့အား ရုန်းကန်နေရသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။
အမှန်အတိုင်းပြောရလျှင် အတန်းပိုင်ဆရာမကို ဒီလိုမျိုးမြင်ရသောကြောင့် ကျွန်တော်တို့ သနားသွားကြသည်။ သို့သော် ကျွန်တော်တို့ ဝမ်ချန်းအား မတားချင်ကြပေ။ အကယ်၍ သူတို့ တာဝန်မပြီးမြောက်လျှင် သူတို့ သေမှာဖြစ်သည်။ ထို့ကြောင့် သူတို့ ထိုအရာကို လုပ်မှရမှာဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော် မျက်စိမှိတ်လိုက်ပြီးနောက် ကျောက်ဖန်းယွီကလည်း အလားတူပင်။
အတန်းပိုင်ဆရာမ၏ အော်သံက အတန်းထဲတွင် အချိန်တစ်ခုအထိ ပဲ့တင်သံထပ်ခဲ့သော်ငြား သူမ၏ အော်သံက အရမ်းမကြာခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်ချန်းက သူမ၏ ခေါင်းကို လက်သီးဖြင့် ထိုးခဲ့သော်ကြောင့်ဖြစ်သည်။ ထိုထိုးချက်က သူမအား တန်း၍ မေ့လဲသွားစေသည်။ ဒီအချိန်တွင် ဝမ်ချန်းက သူမအား မလိုက်ပြီးနောက် လီယုထျန်းနှင့်အတူ ထွက်သွားတော့သည်။
လီယုထျန်းနှင့် ဝမ်ချန်းတို့ အတန်းပိုင်ဆရာမအား ခေါ်သွားသည့်အချိန်တွင် အတန်းက ရုတ်တရက် ဆူညံသွားပြီးနောက် သူတို့နှစ်ယောက် ဤကဲ့သို့ လုပ်ရဲလိမ့်မည်ဟု မည်သူမှ မထင်ပေ။ သို့သော် ထိုအကြောင်းကို တွေးမိရင်း အကယ်၍ သူတို့မလုပ်လျှင် သူတို့ သေမှာ ဖြစ်ပြီး သူတို့လုပ်လျှင် သူတို့ ထိန်းသိမ်းရေးဌာနကိုသာ ရောက်မှာဖြစ်သည်။
ဒါကို အတန်းခေါင်းဆောင်က ပြသွားခဲ့ပြီးပြီဖြစ်သည်။
အတန်းပိုင်ဆရာမ၏ ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် ကျွန်တော် ခေါင်းခါလိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကုန်လုံး၏ မျက်နှာပေါ်တွင် အပြုံးများရှိနေသည်။
“ဘယ်သူက သူမကို နေ့တိုင်း အပြစ်ပြောခိုင်းနေလို့လဲ။ အခုတော့ သူမ ဝဋ်ပြန်လည်ပြီပဲ။”
မစ်ကီက ပြုံးလိုက်သည်။
ဒါပေမဲ့ လူတချို့က စိုးရိမ်နေပုံ ပေါ်နေသော်ငြား ထိုအရာက စိတ်ပူရုံတစ်ခုပဲ ဖြစ်သည်။ ရှင်ခြင်းနှင့် သေခြင်းကြားတွင် လူတိုင်းကဘာကို ရွေးချယ်ကြမည်ဆိုသည်ကို သိသာသည်။ အဘယ့်ကြောင့်ဆိုသော် ဒီကိစ္စက အသက်တစ်ခုအတွက် ဖြစ်သော်ကြောင့်ဖြစ်သည်။
ပြီးနောက် အတန်းပိုင်ဆရာမက ဒီအချိန်တွင် သူမ၏ ဘဝ၏ အခက်ခဲဆုံးအချိန်သို့ ရောက်နေသည်ကို ကျွန်တော်တို့ မသိပေ။ အဘယ့်ကြောင့်ဆိုသော် သူမ နိုးလာသည့်အချိန်တွင် သူမက ကျောင်းအပြင်ရှိ ဟိုတယ်မှ အခန်းငယ်လေးထဲရှိ အိပ်ရာပေါ်တွင် ရောက်နေတာကို သိသွားသောကြောင့် ဖြစ်သည်။ သူမတစ်ကိုယ်လုံး နုံးချိနေပြီးနောက် သူမ၏ ပါးစပ်က စေးကပ်နေသည်။ ပြီးနောက် သူမရှေ့တွင် ဝမ်ချန်းနှင့် လီယုထျန်းတို့ ရှိနေသည်။
မျက်ရည်များစီးကျနေကာ အတန်းပိုင်ဆရာမ၏ မျက်နှာက ထုံထိုင်းနေသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမ လွတ်လမ်းမရှိပေ။
နေ့လည်ခင်းတွင် ဝမ်ချန်းနှင့် လီယုထျန်းတို့ ပြန်လာကြပြီးနောက် သူတို့က လုံးဝအဆင်ပြေနေပုံပင်။ သူတို့ဆီသို့ ဘယ်ရဲမှ မလာကြပေ။
“မင်းတို့ အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ အတန်းပိုင်ဆရာမက မင်းတို့ကို တရားမဆွဲဘူးလား။”
ချောင်ဟူက မေးခဲ့သည်။
“ဟုတ်တယ်။ မင်းတို့ နှစ်ယောက် အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ ဒါမှမဟုတ် မင်းတို့နှစ်ယောက် မလုပ်ခဲ့တာလား။”
အကုန်လုံးက တစ်ယောက်ချင်းဆီ အခြေအနေကို မေးခွန်းထုတ်လိုက်ကြသည်။
ဝမ်ချန်းက ငေါ့ပြောလိုက်သည်။
“ဒါပေါ့ ငါတို့ လုပ်တာပြီးသွားပေမဲ့ အတန်းပိုင်ဆရာမ ငါတို့ကို ဘာမှ ပြန်မလုပ်ရဲအောင် ငါတို့ တစ်ခုလုပ်ထားတယ်။”
“အိုး ဘယ်လိုနည်းလမ်းလဲ။”
ချောင်ဟူက စူးစမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါတို့ ဖုန်းနဲ့ ရိုက်ထားတယ်။ တကယ်လို့ သူမက ငါတို့ကိ တရားဆွဲရင် ငါတို့ ဒီဗီဒီယိုကို အင်တာနက်ပေါ်မှာ ဖြန့်လိုက်မယ်။ ဒါဆိုရင် သူမ နာမည်ကြီးသွားမှာပဲ။”
လီယုထျန်းက ရယ်လိုက်ပြီးနောက် ပြုံးနေလိုက်သည်။
သူတို့၏ အပြုအမူများကို ကြားသည့်အချိန်တွင် လူတိုင်းက ထိုအကြောင်းကို စတင်ပြောလာတော့သည်။
“ဘုရားရေ နင်က အရမ်း အရှက်မရှိတာပဲ။”
“ငါ ဖုန်းနဲ့တောင် ရိုက်ထားသေးတယ်။”
“ထွီ အဲ့ ရွံစရာကောင်းတဲ့ မိန်းမက ငါတို့ဆရာမ ဆိုပြီးတော့ အမြဲတမ်း ငါတို့ကို အပြစ်ပြောနေတာ။ အခု သူမ အဲဒါကနေ ပြန်ခံစားရပြီ။”
“ဟုတ်တယ်။ အဲဒါ သူမနဲ့ တကယ်ထိုက်တန်တယ်။”
အတန်းထဲရှိ ဆွေးနွေးနေကြသည်များကို ကြည့်ရင်း ကျွန်တော် ဖုန်းပိတ်လိုက်သည်။ ကျွန်တော့်ရှေ့ရှိ လူနှစ်ယောက်၏ မျက်ဝန်းများထဲတွင် ကျေနပ်မှုများ ရှိနေသည်။
သူတို့နှစ်ယောက်က အလွန် ယုတ်မာသော်ငြား သူတို့၏ နည်းလမ်းက တကယ်ပင် အသုံးဝင်သည်ကို ကျွန်တော် ဝန်ခံရပေမည်။
သို့သော် ဒီအချိန်တွင် လီယုထျန်းက ရုတ်တရက် စတိတ်စင်ပေါ်သို့ တက်လိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ငါတို့ အတန်းခေါင်းဆောင် ပြန်ရွေးသင့်ပြီလို့ ငါထင်တယ်။ ငါတို့အတန်းထဲမှာ အတန်းခေါင်းဆောင် မရှိဘူး။ ငါ အတန်းခေါင်းဆောင် လုပ်မယ်ဆိုရင်ရော။”
“မင်းက ဘာလို့ အတန်းခေါင်းဆောင် ဖြစ်ရမှာလဲ။”
ကျောက်ချွမ်းက ပြောလိုက်သည်။ သူက အတန်းထဲတွင် လီယုထျန်းနှင့် မတည့်ဆုံးဖြစ်ပြီး လီယုထျန်းနှင့် မကြာခဏ ရန်ဖြစ်တတ်သည်။
“ဘာလို့လဲ ငါ အတန်းခေါင်းဆောင် လုပ်လို့ မရဘူးလား။”
လီယုထျန်းက လှောင်ပြောလိုက်ပြီးနောက် လက်ခုပ်တီးလိုက်သည်။ ဝမ်ချန်းက ချက်ချင်းပင် ပြေးလာပြီးနောက် သူ့ကို ဖမ်းလိုက်ပြီးနောက် စတင် ရိုက်နှက်တော့သည်။
ရုတ်တရက် တစ်ခန်းလုံးက စိတ်ရှုပ်ထွေးသွားကြပြီး ကောင်မလေးများက စတင် အော်နေတော့သည်။
“အကုန်လုံး တိတ်ကြစမ်း။”
လီယုထျန်းက အော်လိုက်သည်။ ရုတ်တရက် ဘေးရှိ အော်နေသည့် ကောင်မလေးများက အသံတိတ်သွားကြသော်ငြား သူတို့၏ မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုကိုမူ မဖုံးကွယ်ထားနိုင်ကြပေ။ ကျောက်ချွမ်းက ထွက်ပြေးချင်သော်ငြား ဝမ်ချန်း ဖမ်းသည်ကို ခံလိုက်ရသည်။
“သူ့ကို ဆွဲခေါ်သွားပြီးတော့ ရိုက်နှက်လိုက်။”
လီယုထျန်းက ပြောလိုက်သည်။
“ကောင်းပြီ။”
ဝမ်ချန်းက ကျောက်ချွမ်းအား ကော်ရစ်တာဆီသို့ ဆွဲသွားပြီးနောက် ကျောက်ချွမ်း အထိုးခံရသည့်အသံများနှင့် သူအော်နေသည့် အသံများကို ကြားနေရသည်။
လမ်းက ရှင်းနေ၍ လေတိုးသံများကိုပင် ကြားနေရနိုင်သည်။ ရလာဒ်က ကျွန်တော်တို့ တစ်ခန်းလုံးအား အံ့အားသင့်သွားစေသည်။ ကောင်မလေးများ၏ မျက်နှာက ဖြူဖျော့သွားကြသည်။ ကောင်လေးများကမူ စကားပြောရန် ကြောက်သွားကြသည်။
လီယုထျန်းက မောက်မာစွာ ရယ်လိုက်သည်။ သူက ကျွန်တော်တို့အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ
“အခုအချိန်ကစပြီးတော့ ငါက အတန်းခေါင်းဆောင်ပဲ။ ငါက အတန်းခေါင်းဆောင်ဆိုတော့ တစ်ခန်းလုံးကို ဦးဆောင်ဖို့အတွက် ငါ့မှာ အာဏာရှိတယ်။ အကုန်လုံးက ငါ့စကားကို နားထောင်ရမယ်။”

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset