အခန်း ၁၉

အပိုင်း၁၉ သရဲက တကယ့်သရဲတစ်ကောင်ပဲ

ကျွန်တော် စတိတ်စင်ပေါ်သို့ ဖြည်းညင်းစွာ တက်လိုက်ပြီးနောက် အတန်းသူအတန်းသားများကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာထားများက အံ့အားသင့်နေကြသည်။ သူတို့၏ အကြည့်များက ကျွန်တော့်အား တချို့က အထင်သေးသည့် အမူအရာများနှင့် တချို့က လေးစားသည့် အမူအရာများဖြင့် ကြည့်နေကြသည်။ ဤအရာကို ကျွန်တော် သူတို့၏ မျက်လုံးများထဲသို့ ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။
သူတို့က ကျွန်တော့်အား အပြည့်အဝ မျှော်လင့်ချက် ထားသော်ငြား တချို့လူများကတော့ ကျွန်တော့်အား မယုံကြပေ။ သို့သော် ကျွန်တော် သူတို့ ယုံကြည်ချင်တာကို ယုံကြည်ခိုင်းထားသည်။
အကုန်လုံး၏ အကြည့်များကြားတွင် ကျွန်တော်၏ အကြည့်က အတန်းထဲရှိ ဂရုမစိုက်သည့် လူတစ်ယောက်ကို ကြည့်လိုက်ပြီးနောက် အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။
“ငါ လီကောင်အန်းက သရဲလို့ အတည်ပြုတယ်။”
ကျွန်တော့်စကားများကို ကြားသည့်အခါ တစ်ခန်းလုံးက အံ့အားသင့်သွားကြပြီး လူတိုင်းက ကျွန်တော့်အား ကြည့်လိုက်ကြသည်။
ကျွန်တော် ပြောလိုက်သည့်စကားများက လူတိုင်းကို အလွန် အံ့အားသင့်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က သေပြီးသားလူ လီကောင်အန်းအား အတည်ပြုလိုက်သောကြောင့်ဖြစ်သည်။ သူက ကစားပွဲ စသည့် အချိန်ကတည်းက သေဆုံးခဲ့ခြင်းဖြစ်သည်။
“ကျန်းဖန် မင်း လာနောက်နေတာလား။ လီကောင်အန်းက သေပြီးသားလေ။ မင်း သေပြီးသားလူ တစ်ယောက်ကို အတည်ပြုနေတာ။ မင်း ဖျားနေတာလား။”
လီယုထျန်းက အော်ပြောလိုက်သည်။
“ဟုတ်တယ်။ တကယ်လို့နင် မသိရင်လည်း လျှောက်မပြောနဲ့။ သေပြီးသားလူကို ဘာလို့ အတည်ပြုနေတာလဲ။”
မစ်ကီက စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
ကျွန်တော် လှောင်ပြီးတော့ ပြောလိုက်သည်။
“လီကောင်အန်း ငါ မင်းကို အတည်ပြုပြီးပြီ။ မင်းထွက်လာလို့ရပြီ။”
ကျွန်တော့်စကား ဆုံးသွားသည့်အချိန်တွင် ကောင်လေးတစ်ယောက်က သူ၏ ထိုင်ခုံမှ ထလာသည်။ သူထလာသည့်အချိန်တွင် လူတိုင်းက ကြက်သေသေသွားကြသည်။ စားပွဲတစ်ခုတည်းမှ ကောင်လေး၏ မျက်နှာက ကြောက်ရွံ့နေပြီး သူက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ အံ့အားသင့်သည်မှာ မဆန်းပေ။ အဘယ့်ကြောင့်ဆိုသော် ဒီကောင်လေးက လီကောင်အန်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သူက ဂိမ်းစကတည်းက သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် သူက ကောင်းကောင်းမွန်မွန်ဖြင့် ထိုင်နေသည်။ သူ၏ အသားအရေက နည်းနည်းထူးဆန်းနေသည်။ ဤမျှမကဘဲ သူ၏ အသွင်အပြင်ကလည်း လူသေတစ်ယောက်နှင့် မတူဘဲ လူကောင်းတစ်ယောက်ကဲ့သို့ပင်ဖြစ်နေသည်။
ဒါက လူများအား လီကောင်အန်းက ပြန်ပြီး အသက်သွင်းခံရသည်ဟု ထင်မှတ်စေသည်။
“လီကောင်အန်း မင်းဘယ်လိုလုပ်ပြီး…”
လီယုထျန်းက အလန့်တကြား ပြောလိုက်သည်။
ဘေးရှိအတန်းသူအတန်းသားများက ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့များဖြင့် ပြည့်နေသည်။
ဒီအချိန်တွင် ကျောင်းသားတစ်ယောက်က အော်လိုက်သည်။
“လီကောင်အန်းက သေသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ သူက ဒီနေ့ ရုတ်တရက်ကြီး အသက်ပြန်ရှင်လာတာလဲ။ ဘာလို့ ဘယ်သူကမှ သူ့ကို ရှာမတွေ့ကြတာလဲ။”
ဒီလူ၏ ပြဿနာက သူ့ဘေးရှိ လူတိုင်းကို အံ့အားသင့်သွားစေသည်။ သူပြောသည်မှာမှန်သည်. အကယ်၍ လီကောင်အန်းက သေရာမှ ပြန်ရှင်လာသည်ဆိုလျှင်တောင်မှ သူတို့က သတိမပြုမိမှာ မဟုတ်ပေ။ သေပြီးသားသူတစ်ယောက်က ကျွန်တော်တို့ကြားတွင် ဖုံးကွယ်၍ မနေနိုင်ပေ။
သို့သော် ကျွန်တော် မပြောခင်ထိ မည်သူကမှ လီကောင်အန်းကို သတိမပြုမိကြပေ။ ဒါက အကုန်လုံးက လူသေတစ်ယောက်နှင့် တစ်နေကုန်နေခဲ့ကြတာကို ပြနေခြင်းဖြစ်သည်။
ဒါကိုတွေးရင်း လူများက အတော်ကြောက်လန့်နေကြသည်။ တချို့သူများက ကြောက်လန့်တကြားဖြင့် မေ့လဲသွားကြသည်။
ဒီအချိန်တွင် ကျွန်တော် ပြောလိုက်သည်။
“ဒါက တံခါးစောင့် သူ့ကို ကူညီနေတာဖြစ်မယ်။ တံခါးစောင့်က သူ့ကို ငါတို့ဆီ ရောက်လာဖို့ အမြန်စီစဉ်ခဲ့တာပဲ နေမယ်။ ဒါပေမဲ့ ငါတို့ အဲဒါကို သတိမထားမိဘူး။ ပြီးတော့ သူက လူသေတစ်ယောက်ဆိုတာကိုတောင် ငါတို့ သတိမပြုမိဘူး။”
ခဏအကြာတွင် ကျွန်တော် လီကောင်အန်းအား အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။
“ငါပြောတာ မှန်တယ်မလား လီကောင်အန်း။”
လီကောင်အန်းက ပြုံးလိုက်ပြီးနောက် လက်ခုပ်တီးလိုက်ကာ ကျွန်တော့်ကို ကြည့်ရင်းပြောလိုက်သည်။
“မင်း ပြောတာ မှန်ပေမဲ့ ငါ တကယ်စိတ်ဝင်စားတယ်။ အကုန်လုံးက သတိမပြုမိပေမဲ့ ဘယ်လိုလုပ်ပြီးတော့ မင်းက ငါ့ကို ရှာတွေ့တာလဲ။ ဘယ်သူကမှ သေပြီးသားသူကို သံသယမရှိကြဘူး။”
“အစကတော့ ငါလည်း သရဲက မင်းလို့ မတွေးခဲ့ဘူး။ အဲ့တုန်းက ငါ့စိတ်ထဲမှာ သရဲက ငါတို့ အတန်းထဲမှာ ရှိတယ်လို့ ငါထင်ခဲ့တယ်။ ဒီတော့ ငါ အတန်းထဲမှာ ဂရုတစိုက်နဲ့ ရှာခဲ့ပေမဲ့ အဲဒါက ကောက်ရိုးပုံထဲမှာ အပ်ရှာနေရတာနဲ့ မထူးခြားဘူး။”
ကျွန်တော် လီကောင်အန်းကို ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်၍ ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ငါ မတော်တဆ ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့မိသွားတယ်။ အဲဒီထူးဆန်းတဲ့ အရာက မင်းရဲ့ တည်ရှိမှုကို ငါ့ကိုသတိပြုမိစေတာပဲ။”
“အိုး ဘာများလား။”
လီကောင်အန်းက ကျွန်တော့်အားကြည့်ရင်း မေးလိုက်သည်။
“ငါ အတန်းထဲက လူအရေအတွက်ကို ရေလိုက်ပေမဲ့ အတန်းထဲက လူအရေအတွက်က ထူးဆန်းနေတာကို ငါတွေ့လိုက်တယ်။ ငါသေချာတွက်ချက်ပြီးတော့ သေသွားတဲ့သူတွေကို နှုတ်လိုက်တဲ့ အချိန်မှာ ကျောင်းသား ၅၉ ယောက်ကျန်ရမှာ။ ဒါပေမဲ့ လက်ရှိအတန်းထဲမှာ ငါ လူ၆၀ကို တွေ့လိုက်ရတယ်။”
ကျွန်တော် သူ့ကို အပြုံးလေးနှင့် ကြည့်လိုက်ပြီးနောက် အထင်သေးစွာဖြင့်
“ဒါက ငါတို့အတန်းထဲမှာ အကြောင်းမရှိဘဲ လူတစ်ယောက်ပိုလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီလူကလည်း အသက်ရှိတဲ့သူ မဖြစ်နိုင်ဘူး။”
“ဒီအချိန်မှာ ငါ သရဲက တကယ့်သရဲပဲဆိုတာကို နားလည်သွားတယ်။”
ကျွန်တော် သက်ပြင်းချလိုက်ပြီးနောက် သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“နောက်ကျ ငါ သေတဲ့သူတွေရှိမလားဆိုပြီး လိုက်ကြည့်တယ်။ ဒီအချိန်မှပဲ ငါ မင်းက သရဲဆိုတာကို အတည်ပြုနိုင်ခဲ့တာ။”
“ငါက သရဲဖြစ်ရင်တောင်မှ ငါလို့မျိုး သေခဲ့တာ လျိုဖေးနဲ့ မော့ယုတို့ ရှိသေးတာကို မင်းဘာလို့ ငါလို့ ထင်ခဲ့တာလဲ။”
လီကောင်အန်းက စူးစမ်းစွာဖြင့် မေးလိုက်သည်။ သူ ထိုသို့ ပြောလိုက်သည့် အချိန်တွင် သူ၏ အသားအရေက ပိုပြီးဖြူဖျော့လာပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် သူ၏ အသားအရေက ပြောင်းလဲလာသည်။
“ဒါက မင်းရဲ့ အိုင်ဖုန်းကိုပဲ အပြစ်တင်ရတော့မှာပဲ။ အဲဒါက ငါ့ကို မင်းရဲ့ နာမည်က ဂရုထဲမှာ လိုင်းတက်နေတာကို မြင်စေတာပဲ။ ပြီးတော့ မင်းမှာ အားနည်းချက်တွေလည်း အများကြီးရှိတယ်။”
ကျွန်တော် လီကောင်အန်းအား ကြည့်လိုက်သည်။ သူ၏ ပုံစံက အံ့အားသင့်နေသည်။
“ကြည့်ရတာ မင်းက တကယ်ပဲ ထက်မြက်တာပဲ။ ငါရှုံးသွားပြီးနဲ့ တူတယ်။”
လီကောင်အန်းက ရယ်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် သွေးများစီးကျလာသည်။ ထိုအရာက သူ့အားကြည့်နေသည့်သူများအား အလွန်ကြောက်လန့်သွားစေသည်။
“ငါ စိတ်ဝင်စားတာက မင်းက တံခါးစောင့်ကြောင့် သေခဲ့ရတာကို ဘာလို့ သူ့ကို ကူညီပေးနေတာလဲ။”
ကျွန်တော် လီကောင်အန်းကို ကြည့်လိုက်ပြီးနောင် ထူးဆန်းစွာ မေးလိုက်သည်။ တခြားသူများက သူ့အား အာရုံစိုက်နေကြပြီး ကျွန်တော်၏ မေးခွန်းကို စိတ်ဝင်စားနေကြပုံတူသည်။
“အဲဒါ ဘာလို့လဲဆိုတော့ တံခါးစောင့်က ဘယ်လောက် အစွမ်းထက်လဲဆိုတာကို မင်း နားမလည်လို့ပဲ။ မင်းတို့က ပုရွက်ဆိတ် တစ်အုပ်သာသာပဲ။ နောက်ဆက်တွဲရလာဒ်က သေဆုံးဖို့ တစ်ခုတည်းပဲ။”
လီကောင်အန်းက ကျွန်တော့်အား စိတ်ပျက်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက်
“မင်း အဲဒါကို လွယ်လွယ်နဲ့ မတွေးသင့်ဘူး။ မင်းတို့ကို သူက လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။”
“ငါတို့က လက်လျှော့မှာ မဟုတ်ဘူးဆိုတာကို တံခါးစောင့်ကို ပြန်သွားပြောလိုက်။”
ကျွန်တော် လီကောင်အန်းကို ကြည့်လိုက်၍ အံကြိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ လက်လျှော့မှာ မဟုတ်ဘူး။”
“ငါတို့ အဆုံးထိ လက်လျှော့မှာ မဟုတ်ဘူးဆိုတာကို သူ့ကိုပြောလိုက်။”
ကျွန်တော့်စကားများကြောင့် လူတိုင်းက ဒေါသများဖြင့် အော်လိုက်ကြသည်။
ကျွန်တော် ပြေတာကို ကြားသောအခါ လီကောင်အန်းက စိတ်ပျက်သည့်ပုံဖြင့် ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါသူ့ကို ပြောပြလို့ မရတော့ဘူး။ ငါ မကြာခင် သေတော့မှာ။”
ပြောပြီးသည်နှင့် သူ ရုတ်တရက် အော်လိုက်သည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်က အပြာရောင်သို့ ပြောင်းသွားပြီးနောက် ကြမ်းပြင်ပေါ်တွင် နာကျင်စွာ ရုန်းကန်၍ အော်နေသည်။ သူ၏ အသံက ကြောက်လန့်နေ၍ စိတ်ဓာတ်ကျနေသည်။
“သခင် ကျေးဇူးပြုပြီးတော့။ ကျွန်တော်က အသုံးဝင်သေးပါတယ်။ ကျွန်တော် ထပ်ပြီး မသေချင်ဘူး။”
ပြောနေရင်းပင် သူ၏ မျက်နှာပေါ်တွင် အမာရွတ်များ ပို၍များလာပြီးနောက် သူ၏ ရုန်းကန်မှုက ပို၍ ဆိုးလာသည်။ မကြာခင်ပင် သူ အော်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က မီးခိုးများကြားထဲတွင် ပျောက်ကွယ်သွားတော့သည်။
လီကောင်အန်း၏ ဖြစ်ရပ်ကို ကြည့်နေရင်း ကျွန်တော် လန့်သွားသည်။ ကျွန်တော့်ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် ကျွန်တော်၏ ရင်ထဲတွင် ကြက်သီးထသွားသည်။ ဒီဂိမ်းတွင် သေဆုံးခြင်းကတောင် ကျွန်တော်တို့အား မလွတ်မြောက်စေနိုင်ပေ။ ကျွန်တော်တို့၏ ဝိညာဉ်များက တံခါးစောင့်၏ လက်ထဲတွင် ရှိနေသေးမှာဖြစ်သည်။
အို ဘုရားသခင် တံခါးစောင့်၏ တည်ရှိမှုက ဘာများပါလိမ့်။ အဘယ့်ကြောင့် သူ့တွင် ဤကဲ့သို့ အစွမ်းမျိုး ရှိနေရသနည်း။
ဒါကို တွေးရင်း ကျွန်တော် စိုးရိမ်သွားသည်။ အစက ယုံကြည်ချက်ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျွန်တော်ကိုယ့်ကျွန်တော် ထက်မြက်သည်ဟု ထင်ခဲ့သောငြား ဒီအားနှင့် ယှဉ်လျှင် မပြောပလောက်သည့်ပုံ ဖြစ်နေသည်။
လီကောင်အန်းပြောသလိုပင် တံခါးစောင့် ရှေ့တွင် ကျွန်တော်တိုက ပုရွက်ဆိတ်တစ်အုပ်သာသာပင် ဖြစ်လောက်သည်။
ကျွန်တော် အရမ်းစိုးရိမ်နေစဉ် ဂရုထဲတွင် တံခါးစောင့်၏ အသံက ထွက်ပေါ်လာသည်။
“ကျန်းဖန်က သရဲကို ပြီးပြည့်စုံစွာ အတည်ပြုနိုင်ခဲ့ပြီးတော့ ဝီချက်အန်ပေါင်း ၁၀၀၀၀ ချီးမြှင့်ခံရတယ်။”
အကုန်လုံးက ဒီစာတိုလေးကို မြင်သည့်အချိန်တွင် အားတက်သွားကြပြီးနောက် တစ်ခန်းလုံး၏ စိတ်ဓာတ်ကျနေသည့် ခံစားချက်များက ပျောက်ကွယ်သွားကြသည်။ အကုန်လုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ရှိနေကြသည်။
မည်သို့ပင် ဆိုစေကာမူ တံခါးစောင့်၏ တစ်ခန်းလုံးအား သတ်မည့်တာဝန်က ပြီးဆုံးသွားပြီဖြစ်ပြီး အကုန်လုံးက ဒီကစားပွဲတွင် အသက်ရှင်ကြသည်။
ဒါကို တွေးရင်း လူတော်တော်များများက စိတ်သက်သာရာရသွားကြသည်။
“ကျန်းဖန် နင်က အရမ်း တော်တာပဲ။”
မစ်ကီက ကျွန်တော့်ကို ကြည့်လိုက်ပြီးနောက် ဖက်လိုက်သည်။ တခြားသူများကလည်း ကျွန်တော့်အား ချီးမွမ်းနေကြသည်။ ကျွန်တော့်၏ နားထဲတွင် ချီးမွမ်းသည့် စကားလုံးများစွာကို ကြားနေရသည်။
“ကျန်းဖန် မင်းက အရမ်းအစွမ်းထက်တာပဲ မင်း တစ်ခန်းလုံးကို ကယ်ခဲ့တာပဲ။”
“ဟုတ်တယ်။ မင်း ငါတို့ကို ကယ်ခဲ့လို့ ငါတို့ထဲက တစ်ယောက်မှ မသေတာ။”
“မင်းက အရမ်းတော်တာပဲ ကျန်းဖန်။”
“ကျန်းဖန် ငါနင့်ကို အရမ်းသဘောကျတာပဲ။ နင် ငါ့ရဲ့ ကောင်လေးဖြစ်ပေးနိုင်မလား။”
ကျွန်တော့်ဘေးရှိသူများ၏ စကားများကို နားထောင်ရင်း ကျွန်တော့်ရင်ထဲတွင် နည်းနည်းဟာနေသလို ခံစားရသော်ငြား ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်သည့်အချိန်တွင် ကျွန်တော် စိတ်ငြိမ်သွားသည်။ ဒီတစ်ကြိမ်တွင် ကျွန်တော် ကြီးမားသည့် အောင်ပွဲကို ရလိုက်ပြီဖြစ်သည်။
သူက သရဲကို အတည်ပြုနိုင်ရုံတင် မကဘဲ အာလုံး၏ သေခြင်းတရားကို ရင်ဆိုင်ရမည့် ကံကြမ္မာကိုပင် ရှောင်လွှဲနိုင်စေခဲ့သည်။
ကျွန်တော် လူအုပ်ကနေ ထွက်လာခဲ့ပြီးနောက် ကျွန်တော့်၏ ထိုင်ခုံဆီသို့ ပြန်သွားလိုက်သော်ငြား မစ်ကီက ကျွန်တော့်၏ လက်ကို ဆွဲလိုက်ပြီး သူမ၏ အသံက တိုးနေသည်။
“ကျန်းဖန် နင်က အရမ်းတော်တာပဲ။ ငါ့ကောင်လေး ဖြစ်ပေးလို့ ရမလား။”
“မနောက်ပါနဲ့ဟာ။”
ကျွန်တော် သူမကို တွန်းလိုက်ပြီးနောက် ထွက်သွားဖို့ ပြင်လိုက်သည်။
မစ်ကီက ကျွန်တော့်၏ လက်မောင်းကို ဆွဲလိုက်ပြီးနောက် ပြောလိုက်သည်။
“ဘာလို့လဲ။ နင် ငါ့ကို အထင်သေးတာလား။”
ကောင်မလေးများနှင့် ရင်ဆိုင်ရာတွင် ကျွန်တော် အတွေ့အကြုံမရှိပေ။ သူမ ပြောသည်ကို ကြားသည့်အချိန်တွင် ကျွန်တော် စိုးရိမ်မှုနှင့် ဒေါသထွက်မှုကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ ကျွန်တော် သူမကို ဖယ်လိုက်ပြီးနောက် ကျွန်တော့် နေရာဆီသို့ ပြန်လာခဲ့သည်။
ကျွန်တော့်နေရာဆီသို့ ပြန်ရောက်သည့် အချိန်တွင် မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ငေါ့ပြောလိုက်သည်။
“နင်ဘာလို့ ငြင်းလိုက်တာလဲ။ နင် လက်ခံခဲ့သင့်တယ်။”
“ငါ ဘာလို့ သဘောတူရမှာလဲ။”
ကျွန်တော် မော့ကျင်းယွီအား ကြည့်လိုက်ရင်း ပြောလိုက်သော်ငြား ကျွန်တော့်ရင်ထဲတွင် အနည်းငယ် ပျော်ရွှင်နေသည်။ မော့ကျင်းယွီ၏ စကားများကို နားထောင်ခြင်းအားဖြင့် သူမ သဝန်တိုနေတာများလား။
“အခု နင် တစ်ခန်းလုံးကို ကယ်ခဲ့ပြီဆိုတော့ ကောင်မလေး ဘယ်နှစ်ယောက်လောက်က နင့်ကို ကြည့်နေကြလဲဆိုတာကို နင်သိရဲ့လား။”
မော့ကျင်းယွီက ကျွန်တော့်အား ကြည့်လိုက်ပြီး ပြောလိုက်သည်။”
ကျွန်တော် လှည့်ကြည့်လိုက်သည့် အချိန်တွင် ကောင်မလေး တော်တော်များများက ကျွန်တော့်အား ကြည့်နေကြသည်။ သို့သော် ကျွန်တော် စိတ်မလှုပ်ရှားပဲ လှည့်လိုက်ပြီးနောက် တိုးတိုးပြောလိုက်သည်။
“အဲ့တော့ ငါ ဘာလုပ်ရမှာလဲ။”
မော့ကျင်းယွီက ကျွန်တော့်အား ဒေါသတကြီး မျက်စောင်းထိုးလိုက်ပြီးနောက် ကျွန်တော့်အား အနည်းငယ် တွန်းလိုက်သော်ငြား သူမ၏ အသံက စိတ်ဝင်စားနေပုံပေါ်သည်။
“နင်တကယ်ပဲ သရဲကို ရှာနိုင်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ငါတကယ်ပဲ နင့်ကို အထင်သေးမိတာပဲ။”
“သေသေချာချာ အာရုံစိုက်ရင် နင်လည်း တွေ့မှာပါ။”
ကျွန်တော် ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဒီလိုဆိုတော့ တကယ်လို့ နင် ဒီမှာရှိရင် နောက်တစ်ခါကျ ငါတို့ ဒီလိုအခြေအနေနဲ့ ထပ်ပြီးတွေ့ရင် ငါတို့ ဖြေရှင်းချက်တစ်မျိုးတော့ ရမှာပဲ။”
မော့ကျင်းယွီက ခေါင်းခါလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါ ငါလုပ်မယ့် အရာပဲလေ။”
ကျွန်တော် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset