အပိုင်း-၁၅
သူက ငါတို့ထဲက တစ်ယောက်ပဲ
ဒီမြင်ကွင်းကို မြင်သည့်အခါ ကျွန်တော် ကျွန်တော့်ရင်ထဲမှာ လုံဝပြောင်းလဲသွာပြီး ကျွန်တော် ထိုအရာကို ထပ်ကြည့်လိုက်သည်။ ဖြူဖတ်ဖြူရော့ အရိပ်အယောင်က ပျောက်ကွယ်သွားသည်။ ဒါက ကျွန်တော့်ကို ခဏလောက် ကြက်သေသေသွားစေသည်။ မော့ကျင်းယွီကလည်း ကျွန်တော့်၏မူမမှန်သည့် အမူအရာကို သတိပြုမိပြီး သူမက ကျွန်တော့ကို ထူးဆန်းစွာမေးလိုက်သည်။ ကျွန်တော် ခေါင်းခါလိုက်ပြီး သူမကို ပြန်မဖြေသော်ငြား သူမကို ဒီအန္တရာယ်ရှိသည့်နေရာမှ ဆွဲခေါ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက အလွန်အန္တရာယ်ရှိသည်။
မော့ကျင်းယွီက ထိုနေရာကို မသိသော်ငြား သူမက ပြုံးပြီးပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
“ရပါတယ်။”
ကျွန်တော် ခေါင်းညိမ့်လိုက်ပြီး သူမ၏လက်ကို လွှတ်ပေးလိုက်သည်။ ကျွန်တော့်၏ရင်ထဲတွင် ကျွန်တော် ခုနကမြင်ကွင်းကို မှတ်မိနေသေးသည်။ ထိုအရိပ်က သရဲဆိုသည်မှာ သံသရဖြစ်စရာမလိုပေ။ ကြည့်ရတာ သရဲများက ကျွန်တော်တို့၏အတန်းတွင်သာမကဘဲ သရဲများက တခြားနေရာများတွင်ပါ ရှိနေပုံရသည်။ အကယ်၍ သင် ဂရုမစိုက်နိုင်လျှင် သင် သေသွားနိုင်သည်။
ဒါကိုတွေးရင်း ကျွန်တော့်၏ရင်ထဲတွင် စိတ်ရှုပ်ထွေးနေသည်။
အတိတ်တုန်းက ကျွန်တော် ဒီလိုမျို သရဲဆိုတဲ့အရာတွေရှိနေမှန်း တစ်ခါမှကိုမတွေခဲ့ဖူးပေ။ ကျွန်တော် ထိုအရာမျာကို လိမ်ပြောသည့်အရာများဟုသာ ထင်ခဲ့သည်။ သို့သော် ယခုကျွန်တော့်၏ စိတ်ကိုပြောပြရန် အလွန်ခက်ခဲနေသည်။
အတန်းထဲသို့ပြန်ရောက်သည့်အခါ ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဘေးကိုကြည့်လိုက်သည်။ ကျွန်တော် ကိစ္စတစ်ခုကိုသာ တွေးနေခဲ့သည်။ ထိုအရာမှာ အတန်းကို အိမ်မက်ဆိုးမှ လွတ်မြောက်အောင်လုပ်ပေးပြီး တံခါးစောင့်ကိုရှာရန် ဖြစ်သည်။ ပြီးနောက်ဖန်လင်းရွာကို သွားကိုသွားရမှာဖြစ်သည်။ ကျွန်တော် တံခါးစောင့်၏သရုပ်မှန်ကို ဖန်လင်းရွာမှာ သိနိုင်မှာဖြစ်သည်။
ကျွန်တော် ထိုကဲ့သို့ တွေးနေစဉ် ကျွန်တော်၏အသက်ရှူသံက တဖြည်းဖြည်း ရုတ်တရက် မသက်မသာဖြစ်လာသည်။ တစ်ယောက်ယောက်က ကျွန်တော့်အား လည်ပင်းညစ်ထားသကဲ့သို့ပင်။ ဒီအချိန်တွင် ကျွန်တော် အနောက်လှည့်ကြည့်ချင်သော်ငြား မလုပ်နိုင်ခဲ့ပေ။
ဒီချိန်တွင် ကျွန်တော် အော်ချင်သော်ငြား ရုတ်တရက် ကျွန်တော့်နောက်မှ အသံတစ်သံထွက်ပေါ်လာသည်။ ဒီအသံက ဟန်ကျိယု၏အသံဖြစ်သည်။ ကျွန်တော် ထိုအသံကို ခံစားမိသည်။ သူမ၏အသံက မြန်မြန်ဆန်ဆန်ဖြစ်ပြီး သူမကြည့်ရတာ တစ်ခုခုကို အော်နေပုံပေါ်သည်။
“သူက ဒီအတန်းထဲမှာ။ သူ့ကိုရှာ သူ့ကိုရှာ။”
“ဘယ်သူ့ကို ပြောတာလဲ။ မင်းဘယ်သူ့ကို ပြောတာလဲ။”
ကျွန်တော် အမြန်ပင် ပြောလိုက်သည်။ သို့သော် ဒီအချိန်တွင် ဟန်ကျိယုက ပို၍ချောက်ခြားဖွယ် အော်သွားသည်။
ဟန်ကျိယု၏စကားများကို ကြားသည်နှင့် ကျွန်တော် ရုတ်တရက် တစ်ခုခုတွေးမိသည်။ သူမကို ဘာက ဒီလောက်တောင် စိတ်လှုပ်ရှားစေတာလဲ။ သူမရဲ့ ကောင်လေးများလား။ ဒါပေမဲ့ မဟုတ်လောက်ဘူး။ ဟန်ကျိယုရဲ့ကောင်လေးက တက္ကသိုလ်ကို ရောက်သွားတာကြာပြီ။ ဒီတော့ သူမ ပြောတဲ့ သူဆိုတာ ဘယ်သူလဲ။
ကျွန်တော် သေသေချာချာ မကြားရပေ။ ကျွန်တော် ဆက်၍မေးနေသော်ငြား ကျွန်တော့်၏နောက်က ဖိအားက ရုတ်တက်ပျောက်ကွယ်သွားပြီး လန့်၍နိုးလာသည်။ ဒီချိန်တွင် ကျွန်တော် ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေမှန်း သတိပြုမိသည်။ အခု ဘာဖြစ်သွားတာလဲ။ အဲ့တာ အိမ်မက်များလား။
“မင်းဘာဖြစ်တာလဲ။ အိမ်မက်ဆိုးမက်တာလား။ ချွေးတွေကို စိုရွှဲနေတာပဲ။”
ကျောက်ဖန်ယွီက ကျွန်တော့်ကို ထူးဆန်းစွာမေးလိုက်သည်။
ကျွန်တော် ခေါင်းခါလိုက်ပြီး ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
“ငါ ဘာလုပ်ခဲ့တာလဲ။”
“မင်း ခဏလောက် ကြက်သေသေနေတာပဲ။ ဘာဖြစ်လို့လဲ။”
ကျောက်ဖန်ယွီက လည်း ကျွန်တော့်ကို ထူးဆန်းစွာကြည့်ရင်း မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။”
ကျွန်တော် ခေါင်းခါလိုက်ပြီး ကျွန်တော့်အကြည့်က ပြန်လည်တည်ငြိမ်သွားသည်။ ခုနကမြင်ကွင်းက သေချာပေါက် မတော်တဆမဖြစ်နိုင်ဘူး။ ဟန်ကျိယုက ကျွန်တော့်ကို ပြောစရာတစ်ခုခုရှိတာ ဖြစ်လောက်သည်။ အကြောင်းတချို့ကြောင့် သူမက ထိုအရာကို ကျွန်တော့်ကို ပြီးပြည့်စုံစွာ မပြောနိုင်သော်ငြား သူမက ကျွန်တော့်ကို သတိပဲပေးနိုင်ခဲ့သည်။
ခုနက သူ ကျွန်တော့်ကို ပြောခဲ့တာက ဘာပါလိမ့်။ တံခါးစောင့်က အတန်းထဲမှာ ဟုတ်လား။ တကယ်လို့ ဒီလိုဆိုရင် အဲ့တာက ကောင်းမှာပဲ။
တကယ်လို့ တံခါးစောင့်က အတန်းထဲမှာဆိုရင် မင်း သေသေချာချာရှာနိုင်တာနဲ့ သဲလွန်စ တစ်ခုခုတွေ့ရမှာပဲ။ အဲ့ဒီတော့မှ တံခါးစောင့်ရဲ့ သရုပ်မှန်က ပျောက်ကွယ်မသွားမှာ။
ဒါပေမဲ့ တကယ်လို့ သူမရဲ့ စကားတွေက မှားနေရင်ကော ပြောရရင် ကျွန်တော်အလွန် စိတ်ရှုပ်ထွေးနေသည်။ ကျွန်တော် အခုကိစ္စက တဖြည်းဖြည်းပိုပြီး ရှုပ်ထွေးလာသည်ကို ခံစားမိသည်။
ကျွန်တော်က ဟန်ကျိယုက အမြဲတမ်းတံခါးစောင့်ဟု တွေးခဲ့တာဖြစ်သည်။ သို့သော် မကြာခဏသူမက ကျွန်တော့်ကို သတိပေးသည်။ ဒါက ဟန်ကျိယုက တံခါးစောင့်မဟုတ်ဘူးဆိုတာ ပြောနေသကဲ့သို့ပင်။ သို့သော် သူမက ကျွန်တော်တို့ကို လာ၍ကူညီနေသည်လား။
သို့သော် ကျွန်တော် ဟန်ကျိယုနှင့် တံခါးစောင့်၏ကြားမှ ဆက်ဆံရေးကို ဆက်၍မခန့်မှန်းနိုင်တော့ပေ။ ကျွန်တော် ဆုံးဖြတ်ချက်ချရုံသာ ချနိုင်တော့သည်။ ဟန်ကျိယုက တံခါးစောင့်နဲ့ ဆက်ဆံရေးရှိခဲ့တာဖြစ်မည်။ ကျွန်တော် တွေးနေစဉ်အတန်းက ရုံးရင်းဆန်ခတ်ဖြစ်နေသည်။ အတန်းက စကားပြောနေတာ သို့မဟုတ် သူတို့၏ဖုန်းများဖြင့် ကစားနေတာဖြစ်သည်။ စာအုပ်တွေဘာတွေကိုတော့ သူတို့က ဘေးကို ပစ်ချထားသည်။ စာကြိုးစားရတာ ကြိုက်တဲ့သူတွေတောင်မှ ဒီအချိန်တွင် စာကို မလုပ်နိုင်ကြပေ။ ဒီအခြေအနေက အတန်းထဲက လူသုံးယောက်သေပြီးသည့် ပုံစံဖြစ်သွားသည်။ ကျွန်တော်တို့က ကမ္ဘာကြီး၏အဆုံးသတ်ကို စောင့်နေသကဲ့သို့ပင်။ ဖျော်ဖြေနိုင်သည့်အရာ မှန်သမျှကို ကျွန်တော်တို့ရယူခဲ့ကြသည်။ တစ်ချို့ကောင်လေးများကမူ အတန်းထဲတွင် ကောင်မလေးများဖြင့် ချစ်ရည်လူးနေကြသည်။ အတန်းက ဘယ်လောက်ဆိုးရွားနေမှန်း ခင်ဗျားတို့ မှန်းကြည့်၍ရနိုင်သည်။
အတန်းပိုင်ဆရာမက မကြာခဏ အော်ပြောသော်ငြား ဘာမှအလုပ်မဖြစ်ပေ။ နောက်သူမက ကျွန်တော်တို့အတန်းကို မလာတော့ပေ။ ဒီနည်းဖြင့် တစ်ခန်းလုံးက ဆူညံပွက်လောရိုက်နေခဲ့သည်။
ကျွန်တော်တို့အလွန် စိတ်ရှုပ်ထွေးနေစဉ် တရုတ်ဆရာက ရုတ်တရက် ဝင်လာသော်ငြား အကုန်လုံးက သူမကို မနှုတ်ဆက်ကြပေ။ သူတို့လုပ်ချင်တာကိုပဲ သူတို့ ဆက်လုပ်နေကြသည်။
တရုတ်ဆရာက စားပွဲကို ပုတ်လိုက်ပြီးနောက် ကျွန်တော်တို့ကို ဆူလိုက်သည်။
သို့သော် သူမ မည်မျှပင်ဆူစေကာမူ ဘယ်သူမှ ဂရုမစိုက်ကြပေ။ သို့သော် သူမ ပို၍ဆူလာသောအခါ ဝမ်ချန်းက အတန်းကနောက်မှ ထွက်လာသောသူက စားပွဲကို ပုတ်ပြီးအော်လိုက်သည်။
“ခင်ဗျား ဘာလုပ်နေတာလဲ။ စာမသင်ပေးချင်ရင်လည်း ထွက်သွားဗျာ။”
“မင်း ဆရာမကို ဒီတိုင်းပြောရဲတယ်ပေါ့။”
တရုတ်ဆရာမက ဝမ်ချန်းကို မျက်မှောက်ကြုတ်ပြီး အော်လိုက်သည်။
“အဲ့တာ ဘာဖြစ်တုန်း။ ခင်ဗျား ကျွန်တော်တို့အတန်းထဲမှာ လူဘယ်နှစ်ယောက်သေပြီးပြီလဲဆိုတာ သိပြီးပြီလား။”
ဝမ်ချန်းက မတ်တပ်ရပ်ပြီး အော်လိုက်သည်။
သူ့အကြည့်များက တရုတ်ဆရာမဆီသို့ ရောက်နေပြီး သူ့အကြည့်များက သားရဲတစ်ကောင်ကဲ့သို ဖြစ်နေသည်။
သူ့ကို ဤကဲ့သို့ မြင်ရသည့်အချိန်တွင် တရုတ်ဆရာမက ပြောတာရပ်လိုက်ပြီး သူမက ရှေ့ကို ဆက်မလာရဲတော့ပေ။ သို့သော် သူမက ဆက်၍ အော်နေသေးသည်။
“မင်း ငါ့ကို စာမသင်စေချင်မှတော့ ငါ မင်းကို ဒီတိုင်းပဲထားမယ်။”
ပြောပြီးနောက် သူမက စင်မြင့်ပေါ်သို့ တက်၍ဆက်၍ စာသင်နေတော့သည်။ နောက်မှ ကောင်လေးတော်တော်များများက ဝမ်ချန်းကို လက်မထောင်ပြလိုက်ကြသည်။ ဝမ်ချန်းက ဂုဏ်ယူစွာဖြင့် ခေါင်းရမ်းလိုက်သည်။ သူ့ရဲ့ အပြုအမူအတွက် ဂုဏ်ယူနေပုံပင်။
သို့သော် ကျွန်တော် ဒီမြင်ကွင်းကို မြင်သည့်အခါ ကျွန်တော့်၏ ပုံစံက ပြောပြ၍မရနိုင်ပေ။ ကျွန်တော် ကျွန်တော်၏အတန်းသားများ၏ ပြောင်းလဲမှုများကို မြင်နေရနိုင်သည်။ လူတော်တော်များများက သူတို့ကိုယ်သူတို့ လက်လျော့လိုက်ကြပြီး တစ်နေကုန် မိုဘိုင်းလ်ဂိမ်းများသာ ကစားနေကြသည်။ စိတ်ဓာတ်ကြံ့ခိုင်သည့်သူများတောင်ပင် ဒီအချိန်တွင် စိတ်ဓာတ်ကျနေကြသည်။
ထို့ကြောင့် အကုန်လုံးက သူတို့၏ခံစားချက်များကို ဆရာမဆီပေါ်တွင် ပုံချကြတော့သည်။ ဒါက အခုအခြေအနေဖြစ်သည်။ အကယ်၍ ဒီအခြေအနေက ဆက်၍ဖြစ်ပေါ်နေမယ်ဆိုရင် ဘယ်ဆရာမကမှ ကျွန်တော်တို့အတန်းကို ဆက်၍လာရဲတော့မှာ မဟုတ်ပေ။
မကြာမီ အတန်းပြီးသွားပြီး တရုတ်ဆရာမက အမြန်ထွက်သွားပြီးနောက် အိမ်စာကိုပင် မပြောခဲ့ပေ။ ပြီးနောက် ကျွန်တော်တို့ အတန်းထဲတွင် စကားပြောနေကြသည်။ ကျွန်တော်တို့၏ ရုံးရင်းဆန်ခတ်သည့် အခြေအနေကို ဆက်၍ ခံစားနေကြသည်။
ကျောင်းပြီးသည်နှင့် ကျွန်တော် ညနေခင်း ကိုယ့်ဘာသာစာလုပ်ချိန်ကို မတက်ရောက်ခဲ့ပေ။ မတက်ရောက်ခဲ့ဘဲ ကျွန်တော် အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်တွင် ဘယ်သူကမှ ကျွန်တော် စာလုပ်ရန် စည်းရုံးနေမှာ မဟုတ်ပေ။ အကုန်လုံးက ဒီလိုပဲဖြစ်နေကြသည်။
အတန်းထဲမှ ထွက်လာပြီးသည့်နောက် ကျွန်တော် ကျောက်ဖန်ယွီနှင့် မော့ကျင်းယွီကို ရှာလိုက်သည်။ ပြီးနောက် ကျွန်တော် သူတို့ကို ညစာလိုက်ကျွေးဖို့ ခေါ်သွားသည်။
ကျွန်တော်တို့ စားသောက်ဆိုင်အသေးလေးသို့ လာကြပြီး ဟင်းပွဲငါးပွဲ သို့မဟုတ် ခြောက်ပွဲ မှာလိုက်ကြပြီး စားနေကြသည်။
ကျွန်တော်က မော့ကျင်းယွီနဲ့အရမ်း နီးကပ်နေပြီး မော့ကျင်းယွီက ကျွန်တော့်ကို ဟင်းသီးဟင်းရွက်တွေ ထည့်ပေးနေသည်။ ကျွန်တော် သူမက ဒီလောက်ညင်သာမယ်လို့ ဘယ်တုန်းကမှ မခံစားဖူးပေ။ ကျွန်တော့်ဘေးတွင် ကျောက်ဖန်ယွီက အားကျသော်အကြည့်ဖြင့် ကြည့်နေသော်ငြား သူက သူ့ဘာသာ ဟင်းတွေသာ လှိမ့်၍စားနေသည်။
ဒီအချိန်တွင် ကျွန်တော် ပြောလိုက်သည်။
“တံခါးစောင့်က ငါတို့အတန်းထဲမှာ ရှိတယ်။”
“မဖြစ်နိုင်တာ။”
မော့ကျင်းယွီနှင့် ကျောက်ဖန်ယွီက ပြိုင်တူငြင်းလိုက်ကြသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။”
ထူးဆန်းစွာမေးလိုက်သည်။
“အဲ့ဒါက သာမန်လူတွေရနိုင်တဲ့ အရာမှမဟုတ်တာ။”
ကျောက်ဖန်ယွီက အရင်ပြောခဲ့သည်။
“ဘာပဲဖြစ်ဖြစ် တကယ်လို့ အဲ့ဒါက ငါတို့အတန်းထဲကလူမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ငါတို့အတန်းထဲက လူတွေအကုန်လုံးကို သိမှာလဲ။”
ကျွန်တော် ပြောလိုက်သည်။
ဒီပြသနာက သူတို့ကို တစ်ချိန်တည်းမှာပဲ မျက်မှောက်ကြုတ်သွားစေပြီး ဘယ်သူကမှ ဘယ်လိုရှင်းပြရမှန်း မသိပေ။
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်ပြီး ထူးဆန်းစွာမေးလိုက်သည်။
“နင် တစ်ခုခုရှာတွေ့ခဲ့တာလား။”
ကျွန်တော် အမြန်ပင် သူတို့ကို ဒီနေ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောခဲ့သည်။ ကျွန်တော်ပြောသည်ကို နားထောင်ပြီးသည်နှင့် မော့ကျင်းယွီက မျက်မှောက်ကြုတ်လိုက်ပြီး တွေးလိုက်သည်။
“နင်ပြောသလိုမျိုး တကယ်ပဲ ဖြစ်နိုင်တာပဲ။”
“ဒါပေမဲ့ ငါတို့အတန်းထဲမှာလူက ငါတို့အတန်းကို အရမ်းမုန်းတီးနေတာလဲ။ ဘာလို့ သူက ငါတို့အချင်းချင်း သတ်ခိုင်းရတာလဲ။”
ကျောက်ဖန်ယွီက ပြောလိုက်သည်။
“အဲ့တာက အမုန်းတရားမဟုတ်ဘဲ သူက ဒီအဖြစ်အပျက်တွေကို အပျော်ကြည့်နေတာဆိုရင်ကော။”
ကျွန်တော် ပြောလိုက်သည်။
“ဒါဆိုရင် လီယုထျန်းက တံခါးစောင့် ဖြစ်နိုင်တော့သည်။”
မော့ကျင်းယွီက ရုတ်တရက် ပြောလိုက်သည်။
သူမ၏စကားများက ကျွန်တော့်ကို ခဏလောက် ကြက်သေသေသွားစေပြီး ကျွန်တော် သူမကို မမေးဘဲမနေနိုင်ခဲ့ပေ။
“နင် ဘယ်လိုလုပ် အဲ့လောက်သေချာခဲ့တာတုန်း။”
“နင် မတွေးကြည့်ဘူးလား။ လီယုထျန်းက ကစားပွဲတော်တော်များများ ကစားခဲ့ပေမဲ့ သူက အကြိမ်တိုင်း လွယ်လွယ်နဲ့ နိုင်ခဲ့တယ်။ သူကိုယ်တိုင်က တံခါးစောင့်ဖြစ်ရင်ဖြ်မှာပေါ့။”
မော့ကျင်းယွီက ပြောလိုက်သည်။
ကျွန်တော် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ငါ သူ့ကို တံခါးစောင့်လို့ ဒီအချက်တစ်ခုတည်းနဲ့ စွပ်စွဲလို့မရဘူး။ အဲ့တာက သူ ချမ်းသာတယ်ဆိုတာကိုပဲ ပြနေတယ်။”
“ဒါတိုင် ချောင်ဟုကော။ ဒီကောင်က အဆိုးဆုံးပဲ။”
မော့ကျင်းယွီက အံကြိတ်ပြီးပြောလိုက်သည်။
ကျွန်တော် ခေါင်းရမ်းလိုက်ပြီး သူမကို အတန်းထဲက ဘယ်သူ့ကိုမဆို ကျွန်တော်ပါအဝင် စွပ်စွဲလို့ရနိုင်ကြောင်း ရှင်းပြခဲ့သည်။
“ဘယ်လိုလုပ်ပြီး နင်က တံခါးစောင့်ဖြစ်မှာတုန်း။ နင်က ငါ့ကို ကယ်ခဲ့တာကို။”
မော့ကျင်းယွီက အော်လိုက်သည်။
“ငါက လူတွေကို ကယ်ရုံနဲ့ အပြစ်ကင်းတယ်လို့ သက်သေပြလို့မရဘူး။”
ကျွန်တော် သူမကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ဒီအချိန်တွင် ကျောက်ဖန်ယွီက အမြန်စားရန် အော်ပြောလိုက်သည်။ ဟင်းပွဲများက အေးနေပြီဖြစ်သည်။ ကျွန်တော် သူ့ကို ကြည့်လိုက်ပြီး ကျွန်တော်လည်း ဆက်ပြီး စားလိုက်တော့သည်။
ကျွန်တော်တို့ စားသောက်ဆိုင်မှ ထွက်လာခဲ့သည့်အချိန်တွင် တော်တော်ညဥ့်နက်နေပြီဖြစ်၍ ကျွန်တော်တို့အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး ကိုယ့်အိမ်ကိုယ်သို့ ပြန်ခဲ့ကြတော့သည်။
ကျွန်တော် အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော် အဖေ အိမ်ပြန်ရောက်နေပြီဆိုတာကို မြင်လိုက်ရသည်။ သူက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ၏အကြည့်များဖြင့် ဓာတ်ပုံကို ကြည့်နေသည်။ သူက ကျွန်တော့်အမေဓာတ်ပုံများကို ကြည့်နေသော်ငြား ကျွန်တော့်အမေဓာတ်ပုံက ထိခိုက်ထားသည်ဖြစ်ပြီး သူမ၏မျက်နှာက မရှိတော့ပေ။
ထို့ကြောင့် ကျွန်တော့်၏အဖေ ဒီမျက်နှာမပါသည့်ဓာတ်ပုံကို ကြည့်သည့်အချိန်တိုင်း ထိုအရာက ကျွန်တော့်ကို မသက်မသာ ခံစားရစေသည်။
“မင်းပြန်လာပြီပဲ။”
အဖေက ကျွန်တော့်ကို ကြည့်လိုက်ပြီး သူ့လက်ထဲကပုံကို ဆက်ပြီး ကြည့်လိုက်သည်။
ကျွန်တော် အဖေ့ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“အဖေ အမေက ဘယ်လိုမျိုးလဲ။ ဘာလို့အိမ်မှာ သူမရဲ့ဓာတ်ပုံ မရှိတာလဲ။”
အဖေ ခဏလောက် ကြက်သေသေသွားပီးနောက် ခေါင်းခါလိုက်ပြီး ကျွန်တော့်ကိုကြည့်ပြီး ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဖေ မင်းကို ပြောမယ်။ မင်းအမေက အဖေ့ဘဝမှာ အချစ်ဆုံးလူပါ။”
‘ကောင်းပြီလေ။”
ကျွန်တော် ခေါင်းညိမ့်လိုက်ပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့သည်။ ကျွန်တော် သတိမထားမိသည်က ကျွန်တော် ထွက်သွားသည်ကို ကျွန်တော့်အဖေ၏နောက်ကျောကိုကြည့်ရင်း ထူးဆန်းသည့် အမူအရာ ထွက်ပေါ်လာသည်။
အခန်း ၁၅
? Views, Released on June 6, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။