အခန်း ၁၈
တစ်ခဏကြာပြီးနောက်
နှစ်ဆယ့်လေးနာရီပြည့်ဖို့ အချိန်အတော်ကြာ လိုသေးသော်ငြား ကျွန်တော်တို့ အတန်းထဲတွင် တစ်ချိန်လုံးနေမနေနိုင်ပေ။ ကျွန်တော်တို့ အိပ်ဖို့ နားဖို့ လိုအပ်သေးသည်။ ထို့ကြောင့် သရဲကိုရှာရန်အချိန်က အကြာဆုံး ဆယ်နာရီကျော်သာ ရှိမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကျွန်တော်တို့ အခုယူဆချက်များဖြင့် ဘာထိရောက်သည့် အကြံမှမရှိပေ။
ဒီတော့ ကျွန်တော်တို့ ဒီကပ်ဘေးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ တွေ့နေရပြီဖြစ်သည်။ အချိန်တစ်ခုအထိ လူတိုင်းက ဖြူဖတ်ဖြူရော် ဖြစ်နေကြပြီး လူတော်တော်များများက ဘေးကိုသံသယရှိသော အကြည့်များဖြင့် ကြည့်နေကြသည်။
သို့သော် အကယ်၍ သင် သံသရရှိလျှင်တောင် သင် အသိမပြုရဲပေ။ ဒီလိုမျိုးအခြေနေအောက်တွင် မစ်ကီက စိတ်ဝင်စားစာကောင်းသည့် အကြံတစ်ခု ပေးခဲ့သည်။ သူမက သရဲဟု သံသရရှိခံရသည့်သူများကို သပ်သပ်ထားလိုက်ပြီး သူတို့ဆီမှာ သူတို့အပြစ်ကင်းကြောင်းကို ပြောခိုင်းမည်ဖြစ်သည်။ ဒီတော့မှ သူတို့က သဲလွန်စများရှာနိုင်မှာဖြစ်သည်။
ကျွန်တော် သူမ၏နည်းလမ်းက ပြီးနောက် လူတော်တော်များများက မတ်တပ်ရပ်လိုက်ကြသည်။ ပြီးနောက် ဒီလူများက တစ်ယောက်ပြီးတစ်ယောက် စတင် စကားများလာကြတော့သည်။ ပြီးနောက် အကုန်လုံးက သူတို့၏အပြုအမူများကို စတင် အကဲခတ်ကြပြီး ဂရုတစိုက်ဖြင့် လေ့လာနေကြသည်။
ပထမဆုံးတစ်ယောက်က ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမက ကျွန်တော့်အား ပြောလိုက်သည်။
“ငါက သရဲမဟုတ်ဘူး။ အဲ့ဒါကို နင်ကိုယ်တိုင်ပဲကြည့်တော့။”
သူမက ပြောပြီးတာနဲ့ စတိတ်စင်ပေါ်တက်သွားပြီး သူမက ကပြခဲ့သည်။ အကုန်လုံးက အချင်းချင်း ကြည့်နေကြတယ်။ သူတို့က ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
မစ်ကီက ဒီကောင်မလေးကို သံသရရှိဆုံး လူစာရင်းထဲကို ထည့်ခဲ့တယ်။ ပြီးတော့ သူမက ဆက်ပြီးတော့ ပြောသည်။
နောက်ထပ် ကောင်မလေးတစ်ယောက်က ဆင်မြင့်ပေါ်တက်လာပြီး သူမက ဘာလို့ သရဲမဖြစ်ကြောင်း၊ သူမက အဘယ်ကြောင့် သရဲမ ဖြစ်သည့် အကြောင်းအရာကို သူမ ကျွန်တော်တို့အား အသေးစိတ်ရှင်းပြခဲ့သည်။ သူမက သူမကိုယ်သူမ သရဲ မဖြစ်ကြောင်း သက်သေပြနိုင်သည့်အတွက် သူမကို အမြန်ပင် သံသရရှိသည့်လူစာရင်းထဲမှ ထုတ်ခဲ့သည်။ ယခု နောက်တစ်ယောက်အလှည့် ရောက်လာခဲ့ပြီဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက် ပြီးဆုံးသွားပြီး ထိုအရာက ကျွန်တော့်ကို မျက်မှောင်ကြုတ်သွားစေသည်။
ကျောက်ဖန်းယွီကလည်း ကျွန်တော့်အား လာပြီး ဘာမှားနေသည်နည်း ဆိုပြီး လာမေးသည်။ ကျွန်တော် ခေါင်းငုံ့လိုက်ပြီး စိတ်ပျက်သည့်အသံဖြင့် ပြောလိုက်သည်။
“မစ်ကီက တကယ်ပဲ လျောက်လုပ်နေတာပဲ။ ဒီနည်နဲ့ဆိုရင် အဲ့ဒါက ဘယ်သူက သရဲလဲဆိုတာကို ခန့်မှန်းဖို့မဖြစ်နိုင်ဘူး။ ပြီးတော့ အဲ့ဒါက တခြားလူတွေကိုပါ ထိခိုက်မှာ။”
“ဒါပေမဲ့ အကုန်လုံးက သူမပေးတဲ့အကြံကို ယူရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူးလေ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
သူ၏စကားများက ကျွန်တော့်အား ကျွန်တော့်ရှေ့ရှိအခြေအနေကို ပြန်၍ကြည့်စေခဲ့သည်။ သရဲအကြောင်း တွေးကြည့်မှပင် အချိန်အတော်ကြာ စဥ်းစားပြီးနောက် ကျွန်တော် မခန့်မှန်းနိုင်ပေ။ ဒိအချိန်တွင် ကျွန်တော် ရတ်တရက် အတန်းထဲကို ကြည့်လိုက်ပြီးနောက် မူမမှန်မှုကို ခံစားမိလိုက်သည်။
ဒီခံစားချက်က ကျွန်တော့်အာ ခဏလောက် ကြက်သေသေသွားစေပြီး ကျွန်တော် ကျွန်တော့်နားရှိလူများကို ကြည့်လိုက်ပြီး တစ်ယောက်ချင်းစီ ရေလိုက်သည်။
ကျွန်တော် ရေလို့ပြီးသည်နှင့် ကျွန်တော် လှည့်ကြည့်လိုက်ပြီး ကျောက်ဖန်းယွီကို မေးလိုက်သည်။
“ငါတို့အတန်းထဲမှာ လူဘယ်နှစ်ယောက်ရှိတာလဲ။”
“စုစုပေါင်း ခြောက်ဆယ့်လေးယောက်ရှိတယ်။ ဒါပေမဲ့ လီကောင်အန်းနဲ့ တခြားသူတွေက သေသွားပြီ။”
ကျောက်ဖန်းယွီက ထူးဆန်းစွာဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ပြီ။”
ကျွန်တော် ခေါင်းညိမ့်လိုက်ပြီးနောက် ဘေးကို ကြည့်လိုက်သည်။ ပြီးနောက် တစ်ခုခုကို ရှာနေသည့်အလားပင်။
ခဏကြာပြီးနောက် ကျွန်တော် ရုတ်တက် တစ်ခုခုကို သတိပြုမိသော်ငြား ခေါင်းခါလိုက်ပြီး ကျွန်တော် ဆက်၍တွေးသည်။
ကျွန်တော့်အား ဒီလိုမျိုးမြင်ရသည့်အခါ ကျောက်ဖန်းယွီက ခေါင်းခါလိုက်ပြီး ဘာမှမပြောတော့ပေ။
မနက်ခင်းတစ်ခင်းလုံး ပြီးသွားပြီဖြစ်ပြီး အကုန်လုံးက သရဲကို မရှာနိုင်ခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သံသရရှိသူအချို့ရှိသော်ငြား အခြေအနေအကုန်လုံးက အသိမပြုချင်ကြပေ။
အခန်းထဲရှိ အလောင်းကိုလည်း ရဲများက ဖြေရှင်းသွားခဲ့ကြပြီဖြစ်သည်။ အံ့အားသင့်စွာကောင်းစွာဖြင့် ကျွန်တော်တို့ အတန်းထဲတွင် ရက်အနည်းငယ်အတွင်း လူတော်တော်များများ သေခဲ့ပြီဖြစ်သည်။ ရဲများ၏အပြုအမူက အတော်အေးစက်လွန်းလှသည်။ ဒါက ကျွန်တော့်အား စိတ်ရှုပ်ထွေးစေသည်။ ဒီချိန်တွင် ကျွန်တော် သရဲကိုရှာရင်း အလုပ်ရှုပ်နေခြင်း ဖြစ်သောကြောင့် ကျွန်တော် ဒီအတွေးကို မပေးနိုင်သော်ငြား ကျွန်တော် ဒီအတွေးကို စိတ်ထဲတွင် ထည့်ထားခဲ့သည်။
ညနေခင်း ညစာစားချိန်တွင် ကျွန်တော် ကျောက်ဖန်းယွီနှင့် မော့ကျင်းယွီတို့ဖြင့် အတူဆုံလိုက်ပြီး သရဲအကြောင်းကို ဆက်ပြီးဆွေးနွေးနေကြသည်။
“ငါ သရဲကို ရှာမတွေ့သေးဘူး။ ကြည့်ရတာ ငါ အမြန်လှုပ်ရှားဖို့ လိုနေပြီနဲ့တူတယ်။”
ကျွန်တော် ပြောလိုက်သည်။
“ပြဿနာက ဘယ်လိုနည်းလမ်းနဲ့ လှုပ်ရှားမှာလဲ။”
ကျေက်ဖန်ယွီက ပြောလိုက်သည်။
“ဘယ်သူကမှ ဘာနည်းလမ်းမှ မစဉ်းစားနိုင်ကြဘူး။”
မော့ကျင်းယွီက ကျွန်တော်တို့အား ကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီအခြေအနေမှာ ဒါက ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်ပဲ။”
“ဘာပြီးပြည့်စုံတဲ့ ဖြေရှင်းချက်လဲ။”
ကျောက်ဖန်းယွီက ထူးဆန်းစွာဖြင့် မေးလိုက်သည်။
“သရဲကိုရှာဖို့ တစ်ရာရာခိုင်နှုန်း သေချာတဲ့နည်းလမ်းရှိတယ်။”
ကျွန်တော် ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒါက ဖြစ်နိုင်မှာလဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ ငါ အဲ့ဒါကို မတွေးကြည့်ရသေးဘူး။”
ကျွန်တော် ကျွန်တော့်ဘာသာ ရေရွတ်လိုက်သည်။
နေ့လည်ခင်းတွင် အတန်းက စာသင်သည်ကို ရပ်လိုက်ပြီး ဒါကိုပဲ စ၍ ဆွေးနွေးနေကြပြီဖြစ်သည်။ အကုန်လုံး၏မျက်နှာထက်များတွင် ကြောက်ရွံ့မှုများနှင့် စိတ်ဓာတ်ကျမှုများ ရှိနေကြသည်။
သို့သော် ကျွန်တော် ကျွန်တော့်၏ခုံပေါ်တွင် မှတ်စုတစ်ခု ရှာတွေ့ခဲ့သည်။ ဒီမှတ်စုက ကျွန်တော့်အတွက်ဖြစ်သည်။
ထိုမှတ်စုပေါ်တွင် စာတစ်ကြောင်းသာ ရှိသော်ငြား ဒီစာက ကျွန်တော့်အား စိတ်ရှုပ်ထွေးသွားစေသည်။
‘အကျဉ်းသားတွေက ပြည့်နှက်နေပြီးတော့ သေတဲ့သူတွေက ကမ္ဘာပေါ် ပြန်ရောက်လာလိမ့်မယ်။’
ကျွန်တော့်လက်ထဲရှိ မှတ်စုကို ကိုင်ထားရင်း ကျွန်တော် ဘေးကို ကြည့်လိုက်သည်။ သို့သော် ကျွန်တော် ဒီမှတ်စုကို ကျွန်တော့်အား မည်သူပေးခဲ့မှန်း ရှာမတွေ့ပေ။ စိတ်ပျက်စွာဖြင့် ကျွန်တော် ထိုင်လိုက်ပြီး ကျွန်တော့်လက်ထဲရှိ မှတ်စုကို သေသေချာချာကြည့်နေသည်။ ကျွန်တော် ဒီမှတ်စုကို ရင်းရင်းနှီးနှီး မြင်ဖူးသည့်ပုံပင်။ ကျွန်တော် ဒီမှတ်စုကို တစ်နေရာရာမှာ မြင်ဖူးခဲ့သည်နှင့်တူသည်။
ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီး ကျွန်တော် ဘယ်နေရာတွင်လဲဆိုသည်ကို မှတ်မိခဲ့သည်။ ကျွန်တော် ထိုအရာကို ဇာတ်ကားတစ်ကားထဲတွင် တွေ့ခဲ့ဖြင်းဖြစ်သည်။ ဤစာကြောင်းသည် ဇာတ်ညွှန်းတစ်ကြောင်းဖြစ်သည်။
အဘယ်ကြောင့် လူတစ်ယောက်က ကျွန်တော့်ကို ဒီလိုမှတ်စု လာပေးသနည်း။ ကျွန်တော် အလွန် အံ့အားသင့်သွားသော်ငြား ကျွန်တော် ထိုမှတ်စုကို ပြန်မကြည့်တော့ပေ။ ပြီးနောက် ကျောက်ဖန်းယွီနှင့် ဆက်၍ စကားပြောနေတော့သည်။
ဒီနေ့လည်ခင်းတွင် အတန်းထဲရှိလူများက နည်းလမ်းတစ်ခုပြီးတစ်ခု စဉ်းစားခဲ့ကြသော်ငြား သူတို့က သရဲ၏နောက်ကြောင်းကို မရှာဖွေနိုင်ကြပေ။ အချိန်နည်းကပ်လာသည်ကို မြင်သည့်အခါ လီယုထျန်းက လုံးဝစိတ်ပျက်သွားသည်။
သူက စတိတ်စင်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီးနောက် ကျယ်လောင်စွာအော်လိုက်သည်။
“ဘယ်သရဲမှ ရှာမတွေ့ဘူး။ အကုန်လုံး သေရတော့မှာ။ ဘယ်သူ့ကိုမှ ဒီည ပြန်သွားခွင့် မပေးဘူး။ အကုန်လုံး အတန်းထဲမှာ နေပြီးတော့ နည်းလမ်းတစ်ခု ရှာရမယ်။”
ဒါကိုကြားသည့်အခါ လူတော်တော်များများက မငြင်းခဲ့ပေ။ ဒီအခြေအနေက သေရေးရှင်ရေးအခြေအနေဖြစ်ပြီး ကျွန်တော်တို့အတွက် နောက်ကျမှအိပ်ခြင်းက ဘာမှမဟုတ်ပေ။
သို့သော် အရမ်းစိုးရိမ်စရာတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဒီနည်းလမ်းက အလုပ်လုပ် မလုပ် မသေချာသေးပေ။
နေ့လည်ခင်းကို ဒီနည်းဖြင့် ဖြုန်းခဲ့ပြီးနောက် ကျွန်တော်တို့ မျက်စိတစ်မှိတ်အတွင်း ညသို့ ရောက်ခဲ့ပြီဖြစ်သည်။ အကုန်လုံးက မောပမ်းနေကြသော်ငြား သူတို့က အချင်းချင်း ကူညီပေးကြပြီး သရဲကို ရှာရန်နည်းလမ်းကို ရှာနေကြသည်။
ဒီအချိန်တွင် ကောင်မလေးတစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်၍ အော်လိုက်သည်။
“ငါနဲ့ စားပွဲတစ်ခုတည်းကသူကို သရဲလို့ သံသရရှိတယ်။ ဒီသရဲဂိမ်းစတဲ့အချိန်မှာ သူမက စာတွေကိုစပြီးတော့ ဖျက်နေတဲ့ပုံပဲ။”
“အဲ့ဒါ ငါ မဟုတ်ဘူး။ နင် အမှားလုပ်မိတာပဲ။”
သူမဘေးရှိကောင်မလေးက သူမကို ဒေါသတကြီး ပြောလိုက်သည်။
“အဲ့ဒါ နင်ပဲ။ ငါလုံးဝ မမှားဘူး။”
ကောင်မလေးက သူမကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး လက်မြောက်ပြီး အော်လိုက်သည်။
“ငါ လီကျင်းရှက သရဲလို့ အတည်ပြုတယ်။”
သူမအော်လိုက်သည်နှင့် အကုန်လုံးက အံ့အားသင့်သွားကြပြီး မည်သူမှ အချိန်အတော်ကြာ သတိပြန်မဝင်လာကြပေ။
ဒီအချိန်တွင် သူမက အကုန်လုံးအား မျှော်လင့်ချက်ရောင်ချည် ပေးလာပြီဖြစ်သည်။ အကုန်လုံးက သရဲ အတည်ပြုခံရတာကို မြင်ချင်နေကြမှာဖြစ်သည် မည်သူသိမည်နည်း။ သူမအော်လိုက်သည်နှင့် သူမခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီးနောက် သူမက အော်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် သွေးများ ယိုစိမ့်လာသည်။
သူမ ကြမ်းပြင်ပေါ်သို့ကျသွားပြီး သူမ၏အသံက တုန်ရင်နေသည်။
“ဘာလို့လဲ။ ဘာလို့ သူမ မဟုတ်တာလဲ။ ငါ အဲ့ဒါကို ထင်ထင်ရှားရှားမြင်ခဲ့တာပဲ။”
“နင် ငါဖျက်နေတာကို မြင်ခဲ့တဲ့အရာက အဲ့ဒါ ပုံတွေပဲ။”
သူမက သူမဘေးရှိ သူမ၏အတန်းကိုကြည့်ရင်း သူမက သနားစွာဖြင့် ရှင်းပြနေသည်။
ကောင်မလေးက ရှက်ရွံ့စွာဖြင့် သူမ၏မျက်နှာပေါ်တွင် သွေးများစီးကျနေသည်ကို လျစ်လျူရှုမတ်တပ်ရပ်လိုက်သော်ငြား ဒီအချိန်တွင် သူမက ကျယ်လောင်စွာအော်လိုက်သည်။
“ဘယ်သူက သရဲလဲ။ ငါ သူမကို သတ်မယ်။ သူမကို သတ်မယ်။”
သူမက အော်ပြီး ပြေးလိုက်ပြီး စိတ်ရောဂါသည်တစ်ယောက်လိုမျိုး ပြုမူနေသော်ငြား ကြောက်စရာအလွန်ကောင်းသည်။
ပြီးတော့ သူမ ရုတ်တရက် အော်လိုက်သည်။ ပြီးနောက် သူမအမေကို တမ်းတလိုက်သည်။ သူမ၏ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ စကျလာပြီး ထပ်မလုပ်တော့ပေ။
“နောက်တစ်ယောက် သေသွားပြီပဲ။”
ကျွန်တော် မျက်စိမှိတ်လိုက်ပြီး ကျွန်တော့်၏အသံထဲတွင် ဝမ်းနည်းမှုပါဝင်နေသည်။
“ချီးပဲ။ ဒါတွေအကုန်လုံးက တံခါးစောင့်ကြောင့်ပဲ။ ငါ သူ့ကို သတ်မယ်။”
ကျောက်ဖန်းယွီက အံကြိတ်လိုက်ပြီး ပြောလိုက်သည်။
“ဘယ်သူက သရဲလဲ။ လူနှစ်ယောက် သေပြီးပြီ။”
မော့ကျင်းယွီက စိတ်ဓာတ်ကျစွာဖြင့် အော်ပြောလိုက်သည်။
လီယုထျန်းကလည်း စိတ်ဓာတ်ကျစွာဖြင့် အော်ပြောနေပြီး အကုန်လုံး၏ကြားတွင် ကြောက်ရွံ့မှုများစွာ ရှိနေသည်။
ပြီးနောက် ကောင်းကင်က တဖြည်းဖြည်းမှောင်လာပြီး လူတိုင်းက အကြည့်ချင်း ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထဲတွင် နက်ရှိုင်းသည့် အကြောက်တရားများ ရှိနေကြသည်။
လီယုထျန်းက မတ်တပ်ရပ်ပြီး ဒီအချိန်တွင် သူ့အသံက စိတ်ဓာတ်အရမ်းကျနေသည့်သူ ငါပြောလိုက်သည်။
“အဲ့ဒါက အသုံးမဝင်ဘူးဘဲ။ သရဲက ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာမှာမဟုတ်ဘူး။ နောက်တစ်ခုက သေတော့မှာပဲ။”
“ဒီတော့ ငါတို့ ဘာလုပ်သင့်လဲ။”
မစ်ကီက တုန်ရင်စွားဖြင့် မေးလိုက်သည်။
“အကုန်လုံး အိပ်ကြရအောင်။ ဒီညက ငါတို့ဘဝရဲ့ နောက်ဆုံးညပဲ။”
လီယုထျန်းက လက်ခါပြလိုက်ပြီး လှည့်သွားသည်။
သူထွက်တာကိုကြည့်ရင်း အကုန်လုံးကလည်း ထွက်သွားသည်။ ကျွန်တော်လည်း ထွက်သွားသည်။
အိမ်သို့ ပြန်ရောက်သည့်အခါ ကျွန်တော် မအိပ်နိုင်ပေ။ ထို့ကြောင့် ကျွန်တော် ဝီချက်ကို ကြည်လိုက်ပြီး မော့ကျင်းယွီနဲ့ စကားပြောနေတော့သည်။ ဒီညနေခင်းတွင် ကျွန်တော်တို့ အဆုံးမသတ်နိုင်သည့် စကားများ ပြောနေကြပြီး ကျွန်တော်တို့ မနက်ခင်းရောက်သည့်တိုင် မအိပ်ဘဲ ဆက်၍ စကားပြောနေကြသည်။
နောက်တ်ရက်တွင် ကျွန်တော် သေမိန့်ကျခံထားရသည့် အကျဥ်းသားတစ်ယောက်လို အတန်းထဲသို့ ဝင်လာသည်။ ပြီးနောက် ကျွန်တော် အတန်းထဲဝင်လာသည့်အချိန်တွင် အတန်းက လူများပြည့်နေသည်ကို တွေ့သည်။
သူတို့၏မျက်နှာထားက ထူးဆန်းနေပြီး တစ်ချို့သူများက စိတ်ဓာတ်ကျနေပြီး တစ်ချို့က မှောက်ပြီးငိုနေကြပြီး တစ်ချို့က သူတို့၏ကောင်မလေးများကို ဖက်နေကြသည်။ ပြီးနောက် မည်သူမှ မနမ်းကြပေ။
ဒါကို မြင်သည့်အခါ ကျွန်တော် ချက်ချင်းပင် ဒါက မသေခင် နောက်ဆုံးရုံးကန်ခြင်းဟု နားလည်ခဲ့သည်။ ပြီးနောက် လီယုထျန်းက အကုန်လုံး လာကြသည်ကို မြင်သည့်အခါ သူက ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
“ငါ ဘာမှ လုပ်စရာမကျန်တော့ဘူး။ ငါ လူနည်းနည်းပဲ သေပါစေလို့ပဲ ဆုတောင်းလိုက်ရုံပဲ တတ်နိုင်တယ်။”
“ဘာ”
မစ်ကီက ပြောလိုက်သည်။
“ငါတို့အကုန်လုံး နောက်ဆုံး တာဝန်ပြီးမြောက်ခါနီးမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ့်စားပွဲရှိရာလူနဲ့အတူ သရဲလို့ အတည်ပြုရမယ်။”
လီယုထျန်းက အံကြိတ်လိုက်သည်။
သူ၏စကားများ ပြီးဆုံးသွားသည်နှင့် အကုန်လုံးက အံ့အားသင့်သွားကြပြီး သူ့အား တစ်ယောက်ချင်းစီကြည့်လိုက်ကြပြီး သူတို့၏အကြည့်များက စိတ်ရှုပ်မှုများ ပါဝင်နေကြသည်။
ဒီအချိန်တွင် လီယုထျန်းက အော်ပြောလိုက်သည်။
“ငါပြောမယ်။ ငါတို့အခန်းထဲက လူအရေအတွက်က လုံးဝ စုံကိန်းဖြစ်နေတယ်။ အဲ့ဒါက ငါတို့ကို အချင်းချင်း အတည်ပြုနိုင်တယ်။ ဒီတော့ သရဲက လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး။
“ဒါပေမဲ့ လူတော်တော်များများက ဒီလိုပဲသေသွားကြမှာပဲ။ သူတို့လဲ သေသွားနိုင်တယ်နော်။”
မစ်ကီက ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ဒါက နောက်ဆုံးဖြေရှင်းချက်ပဲ။
လီယုထျန်းက မတ်တပ်ရပ်ပြီး အော်လိုက်သည်။ သူ၏အမူအရာက ရူးသွပ်နေသလိုပင်။ သူ၏အသွင်ပြင်ကို ကြည့်ပြီး အကုန်လုံးက တိတ်ဆိတ်သွားကြသည်။ သို့သော် ကြည့်ရတာ အကုန်လုံးက လက်ခံထားကြသည့်ပုံ။
တာဝန်ပြီးဆုံးချိန်နား တဖြည်းဖြည်းနီးကပ်လာသည်နှင့် အကုန်လုံးက သေခြင်းတရားက သူတို့အားခေါ်နေသည်ကို ခံစားလိုက်ကြရပြီး လူတော်တော်များများက သူတို့တန်ဖိုးထားသည့်သူများကို တမ်းတနေကြသည်။ အကုန်လုံးက တစ်တန်းလုံး လုံးဝသေပြီဟု ထင်ထားကြသည့်ပုံပင်။
သို့သော် ကျွန်တော် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် ဂရုမစိုက်စွာ ပြောလိုက်သည်။
“ငါ သရဲ ဘယ်သူလဲဆိုတာသိတယ်။ ငါ့ကို သူ့ကို အတည်ပြုခိုင်း။”
အခန်း ၁၈
? Views, Released on June 6, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။