အပိုင်း- ၁၄
ပြောင်းပြန်ဖြစ်သွားသည့် ရလာဒ်
ကျောက်မန်က ရူးသွပ်စွာဖြင့် အော်နေသည်။ မော့ကျင်းယွီက စိုးရိမ်စွာဖြင့် ငိုနေပြီး တစ်ခန်းလုံးက စိတ်ဓာတ်ကျနေကြသည်။ အခု ရလာဒ်က သရေဖြစ်နေပြီး အကုန်လုံးကို ပြောင်းလဲဖို့ ခက်ခဲနေသည်။
မဲပေးမှု ပြီးသည့်အခါ အကုန်လုံးက နောက်ဆုံးရလာဒ်အတွက် စောင့်နေကြသည်။ ပြီးနောက် စင်မြင့်ပေါ်တွင် ရလာဒ်ကို စတင်ကြေညာတော့သည်။
“ဒီမဲပေးပွဲမှာ မဲအနည်းဆုံးရတဲ့သူတွေက မော့ကျင်းယွီနဲ့ ကျောက်မန်တို့ပဲ။”
ကောင်မလေးက လက်ထောင်ပြီး ကြေညာလိုက်သည်။
သူမ ပြောပြီးသည့်အချိန်တွင် ကျောက်မန်က ရူးသွပ်စွာ ရယ်လိုက်ပြီး သူမက မော့ကျင်းယွီကို မုန်းတီးစွာ ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်လိုက်သည်။
“ငါတို့နှစ်ယောက်လုံးသေတော့မှာ။ ငါတို့နှစ်ယောက်လုံးသေတော့မှာ။”
“မဟုတ်ဘူး။ မင်းတစ်ယောက်တည်း သေမှာ။”
ဒီအချိန်တွင် ကျွန်တော် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် ကျောက်မန်ကို အေးစက်စွာ ကြည့်လိုက်သည်။
“ဟားဟား အခုမှ ပြောလို့ မရတော့ဘူး။ သူမက ငါနဲ့ အတူ လိုက်သေမှာ။”
ကျောက်မန်က ရယ်ပြီး ပြောလိုက်သည်။ ပြီးနောက် မော့ကျင်းယွီက ထိုင်ခုံပေါ်တွင် စိတ်ဓာတ်ကျစွာဖြင့် ထိုင်နေပြီး ကျွန်တော့်ကို ကြက်သေသေပြီးငေးကြည့်နေသည်။
“မင်း တစ်ခုခုကို မေ့နေတဲ့ပုံပဲ။ မဲမပေးရသေးတဲ့သူတစ်ယောက် ရှိသေးတယ်။”
ကျွန်တော် ဘေးကို ပတ်ကြည့်လိုက်သည်။
ကျွန်တော့်စကားများကို ကြားသောအခါ အကုန်လုံးက အချင်းချင်းကြည့်လိုက်ကြပြီး ဘေးကို လှည့်ကြည့်လိုက်ကြရင်း စိတ်ရှုပ်သွားကြသည်။ ဒီအချိန်တွင် ဘယ်သူကမှ ကျွန်တော်ဆိုလိုတာကို နားမလည်ကြပေ။
သို့သော် ကျောက်ဖန်းယွီက ရုတ်တရက် သတိရပြီး အော်လိုက်သည်။
“အတန်းခေါင်းဆောင်။ အတန်းခေါင်းဆောင်က မဲမပေးရသေးဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ အတန်းခေါင်းဆောင်က အဖမ်းခံထားရတာ မဟုတ်ဘူးလား။”
“ဟုတ်တယ် ဒါပေမဲ့ သူကလည်း ငါတို့အတန်းရဲ့ အတန်းသားပဲလေ။”
အကုန်လုံးက ဆွေးနွေးနေကြချန်မှာ ကျောက်မန်က အော်လိုက်သည်။
“တကယ်လို့ ဒီလိုဆိုရင်တောင်မှ အတန်းခေါင်းဆောင်က ပြန်လာပြီး မဲပေးနိုင်လို့လား။”
“ဒါပေါ့ သူက ပြန်လာပြီး မဲမပေးနိုင်ပေမဲ့ ငါ သူ့နေရာမှာ အစားထိုးပြီး ပေးလို့ရတယ်လေ။”
ကျွန်တော် ငေါ့ပြောလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
“ငါအတန်းခေါင်းဆောင်အစား မော့ကျင်းယွီကို မဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။”
“ဒါက မရဘူး။ အဲဒါကို ထည့်မတွက်ဘူး။”
ကျောက်မန်က အော်လိုက်သည်။
ကျွန်တော် သူ့ကို လှောင်ပြီးပြောလိုက်သည်။
“ငါ တံခါးစောင့်ကို အခုလေးတင် မေးပြီးပြီ။ သူကလည်း လက်ခံတယ်။”
“မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး။”
ကျောက်မန်က အော်လိုက်သည်။ သူဆက်ပြောတော့မည့် အချိန်တွင် တံခါးစောင့်၏ အသံက ဂရုထဲတွင် ထပ်ထွက်လာပြန်သည်။
“ကျန်းဖန်က မော့ကျင်းယွီကို အတန်းခေါင်းဆောင်အစား မဲပေးခဲ့လို့ မဲပေးတာ တရားဝင် ပြီးဆုံးသွားပြီ။ ကျောက်မန်က နောက်ဆုံးတစ်ယောက်ဖြစ်ပြီးတော့ သူမက အသတ်ခံရမယ်။”
“မဟုတ်ဘူး။ မဟုတ်ဘူး။”
ကျောက်မန်က ဖုန်းကို ကြည့်လိုက်ပြီး ရုတ်တရက် အော်လိုက်ပြီး ကျွန်တော့်ဆီကို ထိုင်ခုံကို မပြီး ပြေးလာသည်။ ဒီအချိန်တွင် မည်သူကမှ မတုံ့ပြန်နိုင်ခဲ့ပေ။ ကျွန်တော်လည်း ထိုထဲတွင် ပါဝင်သည်။
သို့သော် ကျောက်မန်က ပြေးလာတုန်းမှာပင် သူမက ရုတ်တရက် ရက်သွားပြီး သွေးများက သူမ၏ မျက်လုံးများထဲမှ ထွက်လာသည်။ ချက်ချင်းပင် သူမ ကျွန်တော့်ကို ကြည့်လိုက်ပြီး သူမ၏ အသံက အက်ကွဲနေပြီး
“ငါ နင့်ကို ကျိန်မယ်။ နင်လည်း မကြာခင်မှာပဲ သေရလိမ့်မယ်။”
ပြောပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မလှုပ်ရှားတော့ပေ။ ကြည့်ရတာ သူမ သေသွားပြီနှင့် တူသည်။
သူမ၏ အသက်မဲ့သော ခန္ဓာကိုယ်ကို ကြည့်ပြီး ကျွန်တော် ဘေးကို လှည့်လိုက်ပြီး ကျွန်တော့်နေရာတွေင် ပြန်ထိုင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကျောက်ဖန်းယွီက ကျွန်တော့်ကို အလန့်တကြား ကြည့်နေသည်။
“မင်း ဘာဖြစ်တာလဲ။”
ကျွန်တော် သူ့ကို ကြည့်ပြီး မေးလိုက်သည်။
“အခုလေးတင် မင်းက အရမ်းကြောက်ဖို့ ကောင်းနေတာ မင်းသိလား။”
ကျောက်ဖန်းယွီက ကျွန်တော်ကို တုန်ရင်စွာဖြင့် ပြောလိုက်သည်။
ကျွန်တော် ခဏလောက် ကြက်သေသေသွားပြီးနောက် ခုနက ကျွန်တော် အရမ်းထူးဆန်းသွားသည်ကို သိသွားသည်။ သို့သော် ဘာကြောင့်မှန်း ကျွန်တော် မသိချေ။ ကျွန်တော် အေးစက်ပြီး ရက်စက်လာပြီးနောက် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့ပြီး ကျောက်မန်ကို သတ်ခဲ့သည်။
ဒါကို တွေးရင်း ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“အဲဒါ ကလဲ့စားခြေတာကြောင့်နေမှာ။ ကျောက်မန်က လျိုဖေးကို သတ်ခဲ့လို့လေ။”
“အဲဒါဆိုလည်း ပြီးတာပဲ။”
ကျောက်ဖန်းယွီက ခေါင်းညိတ်လိုက်သော်ငြား သူ့ခန္ဓာကိုယ်က နောက်ကို ဆုတ်သွားသည်။
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီး သိမ်မွေ့သည့် အသံဖြင့် ပြောလိုက်သည်။
“ရပြီ အဲဒါတွေ အကုန်ပြီးသွားပြီ။”
“ကျေးဇူးတင်ပါတယ် ကျန်းဖန်။”
မောကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက နီနေပြီး ကျွန်တော့်၏ ရင်ခွင်ထဲသို့ ပြေးလာပြီး သူမ အသံက အက်ကွဲနေသည်။
“ငါ သေတော့မယ်လို့ ထင်ခဲ့တာ။ ငါတကယ် လန့်သွားတာပဲ။”
“မင်း အေးအေးဆေးဆေး နေလို့ရပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဘယ်နေရာပဲ ရောက်ရောက် ကိုယ်မင်းကို ကယ်မှာပါ။”
ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နေပြီး သူမက ကျွန်တော့်ကို ဖက်ထားပြီး သူမ၏ ခန္ဓာကိုယ်လေးကို ကျွန်တော် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ကျွန်တော် သူမကို ဖက်လိုက်သည့်အချိန်တွင် သူမက ဒီလောက် နူးညံ့ပျော့ပျောင်းနေလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။ သူမ၏ အေးစက်သည့် အငွေ့အသက် ပျောက်ကွယ်သွားသည့်အခါ မော့ကျင်းယွီက ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက်ပင် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ပေါ်မှ ရေမွှေးနံ့ကို ရှူရင်း ကျွန်တော်စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားသွားသည်။ ကျွန်တော်တစ်နေ့နေ့တွင် မော့ကျင်းယွီအား ဖက်ရလိမ့်မည်ဟု ထင်မထားပေ။
ဒါကို တွေးရင်း ကျွန်တော် သူမကို ထပ်မံ၍ တင်းတင်းဖက်လိုက်သေးသည်။
ခဏကြာသောအခါ မော့ကျင်းယွီရဲ့ မျက်နှာက နီရဲသွားပြီးတော့ သူမက တိုးတိုးပြောတယ်။
“အကုန်လုံး ကြည့်နေကြတယ်။”
“တကယ်လို့ သူတို့ ဆက်ကြည့်နေရင်လည်း ကြည့်ပါစေပေါ့။ ကိုယ်မင်းကိုပဲ ဖက်ချင်တယ်။”
ကျွန်တော် မော့ကျင်းယွီရဲ့ ရှက်နေတဲ့ မျက်နှာကို ကြည့်ပြီးတော့ ကျွန်တော့်ရင်ထဲမှာ ကလိကလိ ဖြစ်သွားသည်။
“ဟင်”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီးတော့ သူမ၏ နေရာသို့ ပြန်သွားသော်ငြား သူမ၏ ဆွဲဆောင်မှုရှိသည့် အကြည့်များက ကျွန်တော့်ဆီသို့ ခဏခဏ ကြည့်နေသည်။
ပြီးနောက် ရဲများ ရောက်လာကြသည်။ သူတို့ ကျောက်မန်၏ ခန္ဓာကိုယ်ကို ဖြေရှင်းပြီးနောက် သူတို့ မေးခွန်းတစ်ခု မေးပြီး အမြန်ထွက်သွားကြသည်။ ဒီနည်းဖြင့် တစ်ခန်းလုံးက ပြန်လည် တည်ငြိမ်သွားကြသည်။
ကျောက်မန်၏ သေဆုံးခြင်းက ဘာပျော်ရွှင်မှုမှ ယူဆောင်မလာခဲ့ပေ။ သူမက လျိုဖေးကို သတ်တဲ့တရားခံဖြစ်ပေမဲ့ သူမက ဒီလိုမျိုး ခွေးမဖြစ်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် မပျော်နိုင်ခဲ့ပေ။
အတန်းချိန်တချို့ပြီးသွားသည့်အချိန်တွင် ကျွန်တော် မော့ကျင်းယွီနှင့် စကားပြောခဲ့သည်။ ဒီနေ့ ကျွန်တော်တို့၏ ဆက်ဆံရေးက အလွန်ထူးခြားသည်။ ကျွန်တော်တို့က ချစ်သူများ မဟုတ်ကြသော်ငြား ကျွန်တော်တို့က စည်းတစ်ကြောင်းသာ ခြားထားသည်။ ဒါက ကျွန်တော့်ကို သူမနှင့် စကားပြောသည့်အချိန်တွင် အလွန်ပျော်ရွှင်စေသည်။
“အတန်းခေါင်းဆောင်က မဲမပေးရသေးတာကို နင်ဘယ်လိုလုပ်သိတာလဲ။ အဲ့တုန်းက ဘယ်သူကမှ အဲဒါကို မတွေးမိကြဘူး။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ဒါလား ငါအဲဒါကို မတော်တဆနဲ့ ရှာတွေ့သွားတာ။”
ကျွန်တော် ခေါင်းကုတ်ရင်း ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နင်ကတကယ်ပဲ ဉာဏ်ကောင်းတာပဲ။ နင်ငါ့ကို ကယ်ခဲ့တယ်။”
မော့ကျင်းယွီက ကျွန်တော့်ကို လေးစားသည့် အကြည့်ဖြင့် ကြည့်နေသည်က ကျွန်တော့်ကို ဂုဏ်ယူစေသည်။
“အနာဂတ်မှာလည်း ငါ နင့်ကို ကယ်ဦးမှာပါ။ ဘယ်လိုပဲပြောပြော နင်က ငါ့ကို အရင်ကယ်ခဲ့တဲ့သူပဲလေ။”
ကျွန်တော်မော့ကျင်းယွီကို ကြည့်ပြီး ပြောလိုက်သည်။
“အင်း”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
ဒီအချိန်တွင် ကျွန်တော် သူမကို ဖန်လင်းရွာအကြောင်းပြောလိုက်သည်။ ဒါကို ကြားသည့်အခါ မော့ကျင်းယွီ၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူမက ကျွန်တော့်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် သူမ၏ အသံက အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။
“ဒီတော့ နင် အဲ့ရွာကနေ သဲလွန်စ တစ်ခုခု ရှာနိုင်မလား။”
“အင်း။ ဒါပေမဲ့ ငါတစ်ယောက်တည်းတော့ မသွားနိုင်ဘူး။ ငါနဲ့အတူသွားဖို့ လူနည်းနည်းလောက်လိုတယ်။”
ကျွန်တော် သူမကို ကြည့်ပြီးပြောလိုက်သည်။
“အင်း ငါနင့်ကို ကူညီနိုင်မယ်ထင်တယ်။”
မော့ကျင်းယွီက ပြောလိုက်သည်။
“အဲဒါကို အတန်းထဲမှာ ပြောပြီးတော့ အတန်းထဲက ဘယ်သူငါနဲ့ လိုက်မလဲဆိုတာ ကြည့်ဖို့ ငါစဉ်းစားထားတယ်။”
ကျွန်တော် သူမကို ကြည့်ပြီးပြောလိုက်သည်။
“အဲဒါလည်း ကောင်းတာပဲ။”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။
ဒီတော့ ကျွန်တော် ဒီကိစ္စကို အတန်းထဲတွင် ပြောလိုက်သည့်အချိန်တွင် လူတိုင်း၏ တုံ့ပြန်မှုက အားတက်စရာကောင်းသည်။ လူတော်တော်များများက ကျွန်တော်နှင့်အတူ သွားချင်ကြသည်။ လူတိုင်းက ဒီလိုတက်ကြွနေတာ မြင်ရသည့်အခါ ကျွန်တော် ဖန်လင်းရွာကို ဒီအပတ်တွင် စုံစမ်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီကိစ္စကို ဖြေရှင်းပြီးသည်နှင့် ကျွန်တော်စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ယခုအချိန်ထိတော့ ကျွန်တော် တန်ဖိုးရှိသည့် သဲလွန်စ မရသေးပေ။ ဒီစုံစမ်းမှုမှ ကျွန်တော် တံခါးစောင့်ကို ရှာနိုင်ရင် ရှာနိုင်မှာဖြစ်သည်။
ပြောမှပဲ တံခါးစောင့်က ကျွန်တော်တို့ထဲက ဖြစ်မည်မှန်း ကျွန်တော် အမြဲတမ်း သံသယရှိခဲ့သည်။ သို့သော် အတန်းထဲတွင် လူခြောက်ဆယ်ကျော်ရှိသဖြင့် ဘယ်သူမှန်း ခန့်မှန်း၍ မရနိုင်ပေ။ ထို့အပြင် တံခါးစောင့်၏ စွမ်းအားက သာမာန်လူများ ရှိနိုင်သည့်အရာ မဟုတ်ပေ။
ကျွန်တော် တံခါးစောင့်ကို ရှာနိုင်လျှင် ရလာဒ်က ပိုဆိုးလျှင် ဆိုးသွားနိုင်သေးသည်။ ဒီအတွေးဖြင့် ကျွန်တော်အတန်းထဲတွင် ဘာမှသိပ်မလှုပ်ရှားပေ။
ပြောမှပဲ ကျွန်တော် အခုတလော ဟန်ကျိယုအား အတန်းထဲတွင် မကြာခဏ ရှာတွေ့သည်။ ကျွန်တော် နွားမျက်ရည်ကွင်းလိုက်သည့် အချိန်တိုင်း ဟန်ကျိယုကို ထပ်ခါထပ်ခါ တွေ့ရသည်။ ပြီးနောက် ကျွန်တော် တစ်ခုခုကို ရှာတွေ့ခဲ့သည်။
ဟန်ကျိယုက အခန်းထဲတွင် အချိန်အတော်ကြာမနေပေ။ သူမက အချိန်တိုင်း အကြောင်းပြချက်မရှိဘဲ ပျောက်ပျောက်သွားကာ အချိန်တချို့ကြာပြီးမှ ပြန်ပြန်ပေါ်လာတတ်သည်။ သူမက ထိုအချိန်တွင် ဘယ်သို့ သွားနေသနည်းဆိုသည်ကို ကျွန်တော်မသိပေ။
နေ့လည်ခင်းတွင် မော့ကျင်းယွီနှင့် ကျွန်တော် ကစားကွင်းထဲတွင် လမ်းလျှောက်နေပြီး အချင်းချင်း စကားပြောနေကြသည်။
“ငါ တခြားအတန်းတွေကို တကယ်ပဲ အားကျတယ်။ ဘာလို့ဒါက ငါတို့အခန်းမှာမှ ဖြစ်ရတာလဲမသိဘူး။”
မော့ကျင်းယွီက မေးလိုက်ပြီး ကစားကွင်းထဲတွင် ပြေးလွှားနေကြသည့် လူအုပ်ကို ကြည့်နေသည်။
“ငါလည်း မသိဘူး။ ငါတို့အခန်းထဲမှာ ဟန်ကျိယု ရှိနေလို့နေမှာပေါ့။”
ကျွန်တော် ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
“တကယ်လို့ ဒါကြီးကြောင့်သာ ဟုတ်ရင် ငါတို့ လုံလုံခြုံခြုံနဲ့ ကျောင်းပြီးသွားလောက်တယ်။”
မော့ကျင်းယွီက ပြောလိုက်သည်။
ကျွန်တော် ဒါကို ကြားသည့်အခါ ပြုံးလိုက်သည်။ ဒီကပ်ဘေးက ကျွန်တော်တို့ အတန်းအတွက်တော့ အိပ်မက်ဆိုးဖြစ်သော်ငြား ကျွန်တော့်အတွက်တော့ မဟုတ်ပေ။
ကပ်ဘေးက ကျွန်တော့်ကို လျိုဖေးကို ဆုံးရှုးစေသော်ငြား ကျွန်တော် မော့ကျင်းယွီ၏ နှလုံးသားကို ရလိုက်သည်။ ကျွန်တော် သူမ၏ ကောင်လေးဖြစ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ ဒါကို တွေးရင်း ကျွန်တော်၏ ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
ကစားကွင်းထဲတွင် ကျောင်းသားများ နေရာအနှံ့တွင် ရှိနေပြီး သူတို့က လွတ်လပ်စွာဖြင့် ပြေးလွှားနေကြပြီး သူတို့၏ စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထုတ်ပြနေကြသည်။ ထို့ကြောင့် ကျွန်တော် သံသယမရှိဘဲ မနေနိုင်ခဲ့ပေ။ အဘယ်ကြောင့် တခြားအတန်းများက အဆင်ပြေနေကြပြီး ကျွန်တော်တို့ အတန်းတွင်မှ ဒါက လာဖြစ်ရသနည်း။
ဒီဖြစ်ရပ်၏ နောက်ကွယ်က ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း၊ အဘယ့်ကြောင့် တံခါးစောင့် ကျွန်တော်တို့ကိုပဲ ပစ်မှတ်ထားသနည်း။ ကျွန်တော်တို့အတန်းက အလွန်သာမာန်ဖြစ်၍ တခြားအတန်းများကဲ့သို့ အထူးဂရုစိုက်မှု လိုသည့် အတန်းလည်း မဟုတ်ပေ။
ကျွန်တော် စဉ်းစားနေသည့်အချိန်တွင် မော့ကျင်းယွီက ကျွန်တော့်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်ကို ကြည့်ကာပြောလိုက်သည်။
“နင်ဘာတွေ စဉ်းစားနေတာလဲ။ ဒီလောက်တောင် တွေးနေတာ ဘာများလဲ။”
“ဘာမှမဟုတ်ပါဘူး။”
ကျွန်တော် ခေါင်းယမ်းလိုက်ပြီးနောက် သူမ၏ လက်များက အလွန်နူးညံ့သည်ကို ခံစားမိသည်။
“နင့်ရဲ့ လက်ကလေးတွေက နူးညံ့နေတာပဲ။”
“သွားစမ်းပါ။”
မော့ကျင်းယွီက ကျွန်တော့်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သော်ငြား ကျွန်တော် စိတ်မဆိုးပေ။ မော့ကျင်းယွီ၏ အလှက အလွန်ဆွဲဆောင်မှုရှိသည်ကို ကျွန်တော် ဝန်ခံရပေမည်။ သူမ၏ လှုပ်ရှားမှုတိုင်းက အလွန်ဆွဲဆောင်မှု ရှိနေသည်။ ကျွန်တော် ဒီခံစားချက်ကို ဆွဲလန်းနေမိပြီဖြစ်သည်။
ကျွန်တော်တို့ စကားပြောနေစဉ် ကျွန်တော်တို့ စွန့်ပစ်ထားသည့် ဂိုဒေါင်ကြီးဆီသို့ မတော်တဆ လျှောက်လာမိခဲ့သည်။ ဒါက ကျောင်း၏ စွန့်ပစ်ထားသည့် နေရာဖြစ်သည်။ ကျွန်တော် မော့ကျင်းယွီကို တားလိုက်သည်။ ကျွန်တော့်၏ အသံက ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းနေသည်။
“အဲ့ကို မသွားနဲ့။ အဲ့နေရာက ကောင်းတဲ့နေရာ မဟုတ်ဘူး။”
“ဟင်”
မော့ကျင်းယွီက စိုးရိမ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူမကလည်း ထိုနေရာတွင် ဘယ်သူမှ မရှိသည်ကို ခံစားမိပြီး ထိုနေရာက တိတ်ဆိတ်နေသည်။
ကျွန်တော် သူမကို အမြန်ဆွဲလိုက်ပြီးတော့ သူမ၏ ခေါင်းကို စွန့်ပစ်ထားသည့် ဂိုဒေါင်ကြီးဆီမှ လှည့်လိုက်သည်။ ကျွန်တော် ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် ကျွန်တော်၏ သူငယ်အိမ်များ ပြူးကျယ်သွားသည်။
စွန့်ပစ်ထားသည့် ဂိုဒေါင်ကြီး၏ တံခါးပေါက်နားတွင် ဖြူဖျော့ဖျော့နှင့် ကောင်လေးတစ်ယောက် ထိုနေရာတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက ကျွန်တော့်အား အေးစက်စွာဖြင့် ကြည့်နေသည်။ သူ့ကို ကြည့်ရတာ သူက သေပြီးသားလူနှင့် တူသည်။
အခန်း ၁၄
? Views, Released on June 6, 2023

Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။