အပိုင်း၁၂- အပေါစားဟာသတွေ
တံခါးစောင့်ရဲ့အကောင့်အား ထိန်းချုပ်နိုင်မည်လား။ ဒါက ကျွန်တော် ဒုတိယတံခါးစောင့် ဖြစ်လာနိုင်တယ်လို့ ဆိုလိုသည်လား။ ကျွန်တော် အလိုရှိသလို တာဝန်တွေကို ပေးနိုင်ပြီးတော့ အခန်းထဲက လူများကို အစေခံတွေလို လုပ်နိုင်သည်။ ကျွန်တော် အတန်းထဲမှ ကောင်မလေးအားလုံးကို ကျွန်တော်နှင့် ရည်းစားဖြစ်အောင် လုပ်နိုင်သည်။ တကယ်လို့ သူတို့ မနာခံရင် သူတို့ သေရမည်။
ဒါကို တွေးရင်း ကျွန်တော် လန့်သွားသော်ငြား မကြာခင်မှာပင် ကျွန်တော် ကျွန်တော့်၏ စိတ်ကူးယဉ် ကမ္ဘာမှ ထွက်လာခဲ့သည်။ ကျွန်တော့် မျက်နှာပေါ်တွင် စိတ်ပျက်မှုက ရှိနေသည်။ ဒီအချိန်တွင် ကျွန်တော် ကျွန်တော့်ကိုယ်ကျွန်တော် တံခါးစောင့် တာဝန်ကို ပေးမိသလို ဖြစ်သွားသည်။ ထိုရာထူးက အလွန်မြင့်ပြီး အတန်းထဲရှိ လူအားလုံးကို ထိန်းချုပ်နိုင်သည်။ သူတို့ကို အချင်းချင်း သတ်ရန်တောင်မှ အမိန့်ပေးနိုင်သည်။ ထိုအရာက ဘုရင်တစ်ပါးလို ဖြစ်နေသည်။
ဒီ ခံစားချက် တစ်ခုထဲကပင် လူတွေကို ရူးသွပ်သွားနိုင်စေသည်။ ဒီတစ်ခုတည်းက တံခါးစောင့် တာဝန်တွေအများကြီး ပေးရသည့် ရည်ရွယ်ချက် ဖြစ်နိုင်သည်။ ကျွန်တော်တို့ သူ၏တာဝန်ကို နာခံနေတာကို ကြည့်ရင်း ကျွန်တော်တို့ အချင်းချင်း သတ်ဖြတ်နေတာကို ကြည့်ရသည်မှာ သူ ပျင်းရိနေသည်ကို ဖျေဖျောက်ရန်သာ ဖြစ်နိုင်လောက်သည်။ ဒါက သူ့အတွက် ကြီးမားသည့် စိတ်ချမ်းသာမှု ဖြစ်နိုင်ပေသည်။ ဒါကို တွေးရင်း ကျွန်တော့်၏ ခန္ဓာကိုယ်တွင် ချွေးစေးများပြန်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ဒီအချိန်တွင် ရုတ်တရက် တံခါးစောင့်၏ရည်ရွယ်ချက်ကို နားလည်သွားသည်။
သူ၏ ရည်ရွယ်ချက်က ကျွန်တော်တွေးသည်နှင့် အတူတူပဲ ဖြစ်လောက်သည်။ ဒီတာဝန်တွေက ဒီစွမ်းအားကို ခံစားနိုင်ရုံသာဖြစ်သည်။ ဒါကိုတွေးကြည့်ရင်း ကျွန်တော် သက်ပြင်းချလိုက်သည်။ ပြီးနောက် ဖုန်းဖွင့်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် နံရံပေါ်က မိသားစုဓါတ်ပုံကို ကြည့်လိုက်ရင်း ကျွန်တော့်ရင်ထဲတွင် ရှုပ်ထွေးလာသည်။ ကျွန်တော် ဘာဆက်လုပ်သင့်သလဲ။
နောက်နေ့က တနင်္လာနေ့ဖြစ်သည်။ ကျွန်တော် ထုံးစံအတိုင်း ကျောင်းသို့ ပြန်သွားရမှာဖြစ်သည်။ ထုံးစံအတိုင်း လူတိုင်းကလည်း ကျောင်းပိတ်ရက်ပြီးနောက် အလွန်စိတ်လှုပ်ရှားသင့်ကြပြီး အွန်လိုင်းဂိမ်းများ သို့မဟုတ် တစ်ချို့ စိတ်ဝင်စားစရာ အကြောင်းများကို ပြောနေသင့်သည်။
သို့သော် ဘယ်သူကမှ ဒီလိုပြောဖို့ ယခု စိတ်မပါကြတာ သိသာသည်။ အကုန်လုံးပြောနေသည့်အကြောင်းအရာများက တံခါးစောင့်၏ အကြောင်းအရာများသာ ဖြစ်သည်။
“နောက်ထပ်တာဝန်က ဘာဖြစ်မယ်လို့ မင်းထင်လဲ။”
“အဲဒါက အရမ်းဆိုးရွားတဲ့ တာဝန်မဖြစ်သင့်ပါဘူး။”
“ဘယ်သူသိမလဲ။ သူပေးတဲ့တာဝန်က လူသတ်ခိုင်းတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။”
“အဲ့လောက်ကြီးတော့ မဖြစ်လောက်ပါဘူး။”
“မင်းက တကယ်ပဲ အကောင်းဘက်က မြင်တတ်တာပဲ။”
ဆွေးနွေးသံတွေကြားမှာ ကျွန်တော့် ထိုင်ခုံပေါ်ထိုင်လိုက်ပြီး မော့ကျင်းယွီကို စကားပြောလိုက်သည်။
မော့ကျင်းယွီက အလွန်လှပနေသည်။ ချစ်စရာကောင်းနေသည်။ သူမ ကျွန်တော့်ကို တွေ့သောအခါ သူမက ပြုံးလိုက်ပြီး ကျွန်တော့်ကို ပြောသည်။
“ကျောင်းပိတ်ရက်မှာ ပျော်ခဲ့ရဲ့လား။”
“သိပ်မပျော်ပါဘူး”
သူမကို ကြည့်လိုက်ပြီး ကျွန်တော် ပြောလိုက်မိသည်။
“ကိုယ် မင်းကို လွမ်းတယ်။”
မော့ကျင်းယွီက ခနလောက် ကြက်သေသေသွားပြီး သူမက ကျွန်တော် ဒီလိုမျိုးပြောသည်ကို မမျှော်လင့်ထားသည့်ပုံစံနှင့်ပင်။ သူမ၏ လှပသည့်မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။ ပြီးနောက် သူမက ကျွန်တော့်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
“နင် ငါ့ကို ဒီလိုမျိုး စနိုင်ဦးမယ်လို့ ငါ ထင်တောင်ထင်မထားဘူး။”
“ကိုယ်အဲ့နေ့ကို မျှော်မှန်းလို့ရလား။”
ကျွန်တော် ပြောလိုက်သည်။
မော့ကျင်းယွီက လက်ခံသည့်အနေနဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ ငါပြောခဲ့တဲ့အတိုင်းပဲ လက်ရှိအခြေအနေမှာ ငါတို့ ကျောင်းပြီးဖို့က မဖြစ်နိုင်ဘူး။”
“ခု ပြသနာက တံခါးစောင့်က မသေသေးတာပဲ။”
ကျွန်တော် ခေါင်းခါလိုက်ပြီး ကျွန်တော့်၏မျက်နှာတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။
ကျွန်တော်တို့ စကားပြောနေစဉ် တံခါးစောင့်၏အသံက ဂရုထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။ ဘုရင်တစ်ပါးလို သူက နောက်ထပ် တာဝန်သစ် ပေးတော့သည်။
“အတန်းက မဲပေးရမယ်။ စည်းကမ်းတွေက ဒီတိုင်းပဲ။”
“အတန်းထဲက လူငါးယောက်ကို ကျပန်းရွေးပြီး အဲ့လူငါယောက်ရဲ့ နာမည်တွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးထားမယ်။ တစ်ခြားလူတွေက လူငါးယောက်အတွက် မဲပေးရမယ်။ ပြီးတော့ အနည်းဆုံးမဲ ရတဲ့လူက သေမယ်။”
“ပြီးတော့ လူတစ်ယောက်ချင်းစီမှာ မဲတစ်မဲပဲ ပေးနိုင်ခွင့်ရှိပြီးတော့ အရွေးခံရတဲ့ လူငါးယောက်က မဲပေးဖို့ အခွင့်အရေးမရှိဘူး။”
“တာဝန်ချိန် ခြောက်နာရီ။ တကယ်လို့ အဲဒါကို အဲ့ဒီအချိန်အတွင်း မပြီးမြောက်နိုင်ရင် အတန်းထဲက လူတွေအကုန်လုံး အသတ်ခံရမယ်။”
တံခါးစောင့်၏စကားများ ပြီးဆုံးသွားသည့်အခါ တစ်ခန်းလုံးက တတ်ဆိတ်သွားသည်။ အကုန်လုံးက သူတို့၏လက်ထဲမှ ဖုန်းကို ကြည့်လိုက်ကြပြီး အချိန်အတော်ကြာ စကားမပြောနိုင်ကြပေ။ ပြီးနောက် ကျွန်တော် ဖုန်းကို ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် ကျွန်တော် အတွေးများဖြင့် ပြည့်နှက်သွားသည်။
ဒါက တစ်ခန်းလုံးပါဝင်ရမည့် ကစားပွဲတစ်ခုဖြစ်ပြီးတော့ ဒီငါးယောက်မှာ လူလေးယောက်တည်းသာ အသက်ရှင်နိုင်မှာဖြစ်ပြီး အနည်းဆုံးတစ်ယောက်က အသက်ခံရမှာဖြစ်သည်။ ဒါက အလွန်ရက်စက်သည့် ကစားပွဲ ပြောနိုင်ပြီး ဖုန်းကိုကြည့်ရင်း လီယုထျန်းက အော်လိုက်သည်။
“အကုန်လုံး ငါ့ကို ကူညီကြပါ။ ငါ့ကို ကူညီတဲ့လူ အကုန်လုံးကို ယွမ်တစ်ရာစီပေးမယ်။”
သူပြောတာကို ကြားသောအခါ အကုန်လုံးက ကြက်သေသေသွားသော်ငြား လီယုထျန်းက အလွန်ချမ်းသာပြီး အတန်းထဲတွင် လူခြောက်ဆယ်လောက်ရှိသည်။ အကယ်၍ အကုန်လုံးက သူ့ကို မဲပေးလျှင် အဲဒါ ယွမ်ခြောက်ထောင်ကျော် ကျမှာဖြစ်သည်။
သူတို့က သာမန်လူတန်းစားများဖြစ်ကြပြီး ပိုက်ဆံသိပ်မရှိပေ။
အရွေးခံရသည့် လူတော်တော်များများက အလယ်အလတ်လူတန်းစားများဖြစ်ပြီး ပိုက်ဆံသိပ်ပြီးတော့ မရှိပေ။ ထို့ကြောင့် သူတို့က သူတို့ဘေးရှိ သူတို့နှင့် အလွန်ရင်းနှီးသည့် ဘေးနားက လူများကို ကြည့်လိုက်ကြသည်။ ဒီအချိန်တွင် ထိုအရာက ပို၍ပင်သနားစရာကောင်းနေသည်။
မော့ကျင်းယွီအတွက်လည်း ထိုနည်းတူပင်။ သူမကဘေးရှိလူများကို စိုးရိမ်စွာ ကြည့်လိုက်ပြီးနောက် တောင်းတောင်းပန်ပန်ဖြင့် ပြောနေသည်။
သူမ ဒီလိုမျိုး ပြောနေသည်ကို မြင်သည့်အခါ ကျွန်တော့်၏ရင်ထဲတွင် အနည်းငယ် သက်တောင့်သက်သာမဖြစ်ပေ။ သို့သော် ကျွန်တော် ဒီဂိမ်းစတော့မည် ဆိုသည်ကို သိသည်။
ဒါကိုတွေးရင်း ကျွန်တော် ကျောက်ဖန်ယွီဆီသွားပြီး ပြောလိုက်သည်။
“ငါ မော့ကျင်းယွီကို ရွေးမယ်နော်။”
“ရပါတယ်။ ငါနားလည်ပါတယ်။”
ကျောက်ဖန်းယွီက ကျွန်တော့်ကို နက်ရှိုင်းသည့် အကြည့်ပေးလိုက်သည်။
ကျွန်တော် အံ့အားသင့်စွာဖြင့် ခေါင်းညိတ်တိုက်ပြီးနောက် အနောက်ရှိလူကို ကြည့်လိုက်သည်။ ကျွန်တော့နောက် ရှိလူကလည်း ကျွန်တော် ကျေနပ်နိုင်သည့် အဖြေမျိုးပေးသည်။ ကျွန်တော်အလုပ်ရှုပ်နေပြီးနောက် ကျွန်တော့်အနားရှိလူများကို မော့ကျင်းယွီကို မဲပေးရန် စည်းရုံးနေသည်။ အရွေးခံရသည့် လူများကလည်း သူတို့၏ထိုင်ခုံများမှ ဒီတစ်ကြိမ်တွင် ထလာကြပြီး သူတို့ဘေးရှိလူများကို တစ်ယောက်ချင်းစီ တောင်းဆိုနေကြသည်။ မြင်ကွင်းတစ်ခုလုံးက ရုံးရင်းဆန်ခတ်ဖြစ်နေသည်ဟု ပြောလို့ရနိုင်သည်။ ဒီ ရုံးရင်းဆန်ခတ် ဖြစ်နေသည့်ကြားတွင် လီယုထျန်းတစ်ယောက်ပဲ တည်ငြိမ်နေတာဖြစ်သည်။ အခန်းထဲတွင် အချမ်းသာဆုံးလူဖြစ်သောကြောင့် ဒီလိုမျိုးကစားပွဲတွင် အေးအေးဆေးဆေး နေနေနိုင်သည်။
သူက အခြား ယှဉ်ပြိုင်သူများထက်စာလျှင် အလွန်ချမ်းသာသည်။ ပြီးနောက် သူ၏ ပြောဆိုနိုင်စွမ်းကလည်း အလွန်ကောင်းသည်။ သူက ပိုက်ဆံပေးရန်လည်း ကြောက်စရာမလိုပေ။
ထို့အစား တုံတုံ မစ်ကီနှင့် ကျောက်မန်တို့က စိုးရိမ်နေကြသည်။ သူတို့က အခန်းထဲတွင် လူတစ်ယောက်ချင်းစီအား လိုက်၍ အလွန်စိုးရိမ်စွာဖြင့် ကြည့်နေကြသည်။ ဒီကိစ္စက သူတို့အသက်အပေါ်မူတည်နေ၍ သူတို့ အနည်းငယ် လွဲချော်သွား၍ပင် မရပေ။
မစ်ကီက ကျွန်တော့်ကို လာ၍ကြည့်ပြီး တောင်းပန်သည့် အကြည့်များဖြင့် လက်အုပ်ချီပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါ့ကို မဲပေးပါနော်။”
“ဒါက ငါ့မှာ ရွေးချယ်စရာမရှိဘူး။ ငါ မော့ကျင်းယွီအတွက် မဲပေးချင်တယ်။”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး သူမနှင့် အကြည့်ချင်း မဆိုင်ရဲပေ။ ကျွန်တော် အံကြိတ်၍သာ သူမကို ငြင်းလိုက်နိုင်သည်။
ပြီးနောက် မစ်ကီက ကျောက်ဖန်းယွီကို ကြည့်၍ပြောလိုက်ပြန်သည်။ ကျောက်ဖန်းယွီကလည်း သူမကို ဒီလိုအဖြေမျိုးသာ ပြန်ပေးသည်။
ကျွန်တော်တို့ နှစ်ယောက်၏သဘောထားကို တွေ့ပြီးနောက် မစ်ကီက ထွက်သွားခဲ့ရတော့သည်။
သို့သော် မစ်ကီ ထွက်သွားပြီးသည်နှင့် ကျောက်မန်က ကျွန်တော့်ကို လာပြောသည်။ သူမက ကျွန်တော့်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ပြီးပြောလိုက်သည်။
“နင် ငါ့ကို ရွေးမယ် ဟုတ်တယ်မလား။”
သူမ၏ မျက်နှာကို ကြည့်ရင်း ကျွန်တော်အလွန် စက်ဆုပ်ရွံရှာသွားသည်။ ကျွန်တော် ဒီအပတ်၏ အိမ်မက်က ဘယ်လိုမျိုးလဲဆိုတာ အခြားလူများထက် ပိုသိသည်။ သူမ လျိုဖေး၏အသက်ကို ကယ်နိုင်သည့်အချိန်တွင် သူမက မကယ်ခဲ့သည့်အပြင် သူ့ကို လှောင်ပင်လှောင်လိုက်သေးသည်။ ကျွန်တော် ဒီအမုန်းတရားကို မှတ်မိနေသေးသည်။ သူမကို မဲပေးရမည်လား။ ဒါက မဖြစ်နိုင်ဘူးဆိုတာ သိသာသည်။
ဒီအချိန်တွင် ကျွန်တော် ရှက်ရွံ့စွာဖြင့် လှည့်ပြီး ခေါင်းညိတ်ပေးလိုက်သည်။
ကျောက်မန်က ချက်ချင်းပင် ထွက်သွားပြီးနောက် တုံတုံက ကျွန်တော့်ကို လာ၍ရှာသည်။ ကြည့်ရသည်မှာ အရွေးခံသည့်လူတိုင်းက နေရာတိုင်းတွင် လိုက်၍ တောင်းနေခြင်းဖြစ်သည်။
တုံတုံကို ကျွန်တော် ကျောက်မန်ကို ပေးသည့်အဖြေအတိုင်းသာပေးခဲ့သည်။ သူမကလည်း ထွက်သွားသည်။
တုံတုံ ထွက်သွားပြီးနောက် ကျွန်တော် စိတ်သက်သာရာရသွားသည်။ ပြီးတော့မှ ကျွန်တော် မော့ကျင်းယွီကို အာရုံစိုက်လိုက်သည်။ သူမ တစ်ချို့ကောင်လေးများကို အပြုံးလေးဖြင့် ပြောနေသည်။
“ကျေးဇူးပြုပြီး ငါ့အတွက် မဲပေးကြပါနော်။”
“ဒါက မဖြစ်နိုင်တော့ဘူး ဘာလို့လဲဆိုတော့ ငါတို့ ဘာအကျိုးကျေးဇူးမှရမှာမဟုတ်ဘူး။ လီယုထျန်းမှာ ယွမ်တစ်ရာရှိတယ်လေ။”
ဦးဆောင်နေသည့်ကောင်လေးက ပြောလိုက်သည်။
“ဒါပေမယ့် ငါ့မှာ တကယ် ပိုက်ဆံမရှိတော့ဘူး။ နင်တို့ ဘာလိုချင်လဲ။”
မော့ကျင်းယွီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“နင့်ရဲ့ကောင်လေး ဖြစ်ရမယ်ဆိုလည်း သိပ်မဆိုးပါဘူး။”
ကောင်လေးက ပြောလိုက်သည်။
မော့ကျင်းယွီက မျက်မှောင်ကြုတ်ပြီးနောက် ပြောလိုက်သည်။
“ငါ အဲဒါတော့ ကတိမပေးနိုင်ဘူး။”
“ဒါဆိုလည်း ဘာနည်းလမ်းမှ မရှိဘူး။”
ကောင်လေးက စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်သည်။
သူ့ဘေးက လူတစ်ချို့ကို ညွှန်ပြလိုက်သည်။
“သူတို့အကုန်လုံးက ငါ့ရဲ့ညီအစ်ကိုတွေပဲ။ သူတို့အကုန်လုံးက ငါ့စကားကို နားထောင်တယ်။ မင်း ငါ့ကို ဆန့်ကျင်ရင် မဲငါးခုက မင်းဆီရောက်မလာတော့ဘူးပဲ။”
မော့ကျင်းယွီက သူမ၏အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူ့ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် တိတ်ဆိတ်စွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ထွက်လာခဲ့သည်။
ဒါကို မြင်သည့်အခါ ကျွန်တော့်ရင်ထဲတွင် ဒေါသများဖြင့်ပြည့်နေသည်။
ကျွန်တော် မော့ကျင်းယွီဆီသွားလိုက်ပြီး ကျွန်တော် သူမကို မဲတော်တော်များများ ရမည်ဟု ပြောလိုက်သည်။
မော့ကျင်းယွီက ကျွန်တော့်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး သူမက သိမ်မွေ့စွာပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်ဟာ။ ငါ တကယ်ပဲကြောက်ခဲ့တာ။ တကယ်လို့ ငါ နိုင်ပါ့မလားဆိုတာတောင် မသေချာဘူး။ တကယ်လို့ ငါက နောက်ဆုံးတစ်ယောက်ဆို ငါ သေနိုင်တယ်။”
မော့ကျင်းယွီက သူမ၏မျက်နှာတွင် စိုးရိမ်မှုတချို့ဖြင့် ဒီလိုမျိုးပြောသည်ကို မြင်ရသည်မှာ ကျွန်တော့်၏ခန္ဓာကိုယ်က အနည်းငယ် တုန်ရင်သွားသည်။
“နင် စိတ်မပူပါနဲ့။ ငါ နင့်ကို ကူညီမှာပါ။”
ကျွန်တော် လေးနက်စွာပြောလိုက်ပြီးနောက် ချက်ချင်းပင် ထွက်သွားသည်။ သို့သော် အတန်းထဲတွင် ကျွန်တော့၏ ကျော်ကြားမှုက သိပ်ပြီးမကောင်းသဖြင့် ကျောက်ဖန်းယွီနှင့် သူတို့တစ်ချို့မှလွဲပြီး အခြားသူများက ကျွန်တော့်ကို မောက်မာသည်ဟု ထင်ကြသည်။
“အစ်ကိုဝမ် အစ်ကို မော့ကျင်းယွီအတွက် မဲပေးလို့ရမလား။”
ကျွန်တော် ဝမ်ချန်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ သူက ကျွန်တော်တို့၏ အတန်းထဲရှိ အားကစားသမားဖြစ်သည်။ သူက အရပ်ရှည်ပြီး ဗလတောင့်တောင့်ဖြင့် ပုံမှန်ဆို ကျွန်တော့်ကို အနိုင်ကျင့်တတ်သည်။ သို့သော် ယခု မော့ကျင်းယွီအတွက် ကျွန်တော် သူ့ကိုသာ မေးနိုင်သည်ဖြစ်သည်။ ဝမ်ချန်က ကျွန်တော့်ကို အထင်သေးစွာဖြင့် ကြည့်လိုက်ပြီး လှောင်လိုက်သည်။
“ငါပြောမယ် ကောင်လေး။ မင်းလို ဖားပြုတ်က ငန်းသားမစားချင်နဲ့။ မင်းရဲ့ အခြေအနေက သူမအတွက် အရမ်းကြီးမကောင်းဘူး။”
“ကျွန်တော် သိပါတယ်။ ကျွန်တော် သူမကို ကူညီချင်ယုံပါ။”
ကျွန်တော် ထေ့လုံးငေါ့လုံးများဖြင့် ပြောလိုက်သည်။ ကျွန်တော့်၏မျက်နှာက နီရဲနေသည်။
“အဲ့အတွက်မစဉ်းစားနဲ့တော့။ ငါ့ရဲ့မဲကို လီယုထျန်းကို ပေးပြီးပြီ။ သူက ငါ့ကို ပိုက်ဆံတောင် ပေးပြီးပြီ။”
ဝမ်ချန်က ပြောပြီးသည်နှင့် သူ့လက်ထဲက ဝမ်တစ်ရာကို မြောက်ပြလိုက်သည်။
သူ့လက်ထဲရှိ ပိုက်ဆံကိုကြည့်ရင်း ကျွန်တော် ခေါင်းရမ်းလိုက်ပြီး ထွက်လာရုံသာ သက်နိုင်ခဲ့သည်။ အခု ကျွန်တော် ပိုက်ဆံမရှိ၍ ကျွန်တော် သူတို့ကို ကန်မထုတ်နိုင်ပေ။
ဒီနည်းဖြင့်တစ်ခန်းလုံးက US ရွေးကောက်ပွဲလိုဖြစ်နေသည်။ လိုက်လံစည်းရုံးသူများ နေရာအနှံ့တွင် ရှိနေသည်။ သူတို့က ရွေးချယ်ခံထားရသူများဖြစ်ပြီး သူတို့အကုန်လုံးက အခြေအနေတွေအများကြီး ပြောနေကြသည်။ ပိုက်ဆံတော်တော်များများလည်း ကုန်ခဲ့သည်။
အခန်းတစ်ခုလုံးက ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ သို့သော် ဒီအချိန်တွင် ရွေးချယ်ဖို့က ဘယ်လောက်အရေးကြီးလဲဆိုသည်ကို အကုန်လုံးက နားလည်ကြသည်။ အထူးသဖြင့် အရွေးခံရသည့်လူများ ဖြစ်သည်။ ထိုအရာက US ရွေးကောက်ပွဲထက်တောင်ပို၍ အရေးကြီးနေသေးသည်။
US ရွေးကောက်ပွဲ ပါဝင်သူများ ကျရှုံလျှင် သူတို့က သမ္မတဖြစ်မှာမဟုတ်ပေ။ သို့သော် ယခု အရွေးခံရသည့် သူများ ကျရှုံးလျှင် သူတို့က သေရမှာဖြစ်သည်။