အပိုင်း၁၁- အားကိုးရသော အကူအညီ
ကျွန်တော် ခဏလောက် ကြက်သေသေသွားသည်။ ဟန်ကျိယု၏ စကားများကို ကျွန်တော် တကယ်ပဲ ယုံကြည်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ဝမ်ရင်းယန်ကို သံသရရှိခဲ့သည်။ ယခု သူပြောသည်ကို ကြားရသည့်အချိန်တွင် ကျွန်တော့်ရင်ထဲတွင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားသည်။
ဝမ်ရင်းယန်က ကျွန်တော့်ကို ကြည့်လိုက်ပြီး တည်ငြိမ်သည့်အသံဖြင့်
“တကယ်လို့ မင်းသရဲတွေကိုယုံရင် ဘာလို့ ငါ့ကို မေးနေသေးတာလဲ။”
“ကျွန်တော် တကယ်ပဲအခု ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ ဟန်ကျိယုကလည်း တံခါးစောင့်က သူမ မဟုတ်ဘူးလို့ပြောတယ်။”
ကျွန်တော် ဝမ်ရင်းယန်ကို ပြောလိုက်သည်။
“ဒါက ဖြစ်နိုင်ပါတယ်။ သူမက တံခါးစောင့် မဖြစ်ရင် မဖြစ်လောက်ဘူး။ ဒါပေမယ့် သူမက မင်းတို့ကို ဒုက္ခပေးနိုင်သေးတယ်။”
ဝမ်ရင်းယန်က ပြောလိုက်သည်။
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ဟန်ကျိယုက သရဲတစ်ကောင်ပဲလေ သူမက ကျွန်တော်တို့ အခန်းထဲမှာရှိနေပြီး ကျွန်တော်တို့ကို စိုးရိမ်စေသည်။
“ဒီတော့ ကျွန်တော် ဘာလုပ်သင့်လဲ။”
ကျွန်တော် မေးလိုက်သည်။
“အခု မင်းငါ့ကို ယုံတာမယုံတာတာက မင်းအပိုင်းပဲ။”
ဝမ်ရင်းယန်က ကျွန်တော့်ကို ပြောလိုက်သည်။
ကျွန်တော် သူ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ ကျွန်တော် ခင်ဗျားကို ယုံတယ်။ ဒါပေမယ့် အခု ဖြစ်နေတာက တကယ်ပဲ ပြသနာများတော့လည်း ကျွန်တော် ဘယ်သူက အစစ် ဘယ်သူက အတုလဲဆိုတာကို မသိတော့ဘူး။”
“ဟုတ်တယ်”
ကျွန်တော် ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး အဖိုးအိုရဲ့ သေဆုံးခြင်းကို ပြောပြလိုက်တယ်။ ဝမ်ရင်းယန်ရဲ့ မျက်နှာက နားထောင်ပြီးတော့ ခဏပြောင်းလဲသွားပြီး သူ့၏အကြည့်များက ကျွန်တော့်ဆီ ရောက်လာပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“သူ ဘယ်တုန်းက သေသွားတာလဲ။”
“အခန်းထဲကို ရောက်ပြီး မကြာခင်မှာပဲ။”
ကျွန်တော် ပြောလိုက်သည်။
“ဒီလိုဆိုရင် ပြသနာက အကြီးကြီး ဖြစ်နေပြီ။”
ဝမ်ရင်းယန်က ကျွန်တော့်ကို ကြည့်လိုက်ပြီး အလန့်တကြား ပြောလိုက်သည်။
“မင်းတို့ရဲ့ အခန်းထဲမှာ သရဲတစ်ကောင်ထက်ပိုပြီး ရှိနေလောက်တယ်။”
“ဘာ သရဲတစ်ကောင်ထက်ပိုပြီး ရှိနေလောက်တယ် ဟုတ်လား။”
ကျောက်ဖန်းယွီက အလန့်တကြား ပြောလိုက်သည်။
“ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ပေးတဲ့ နွားမျက်ရည်နဲ့ ကြည့်တုန်းက ဟန်ကျိယုတစ်ယောက်တည်း အခန်းထဲမှာ ရှိတာပါ။”
ကျွန်တော် ပြောလိုက်သည်။
“အဲဒါ ထူးဆန်းတယ်။”
ဝမ်ရင်းယန်က ခဏလောက်တွေးလိုက်ပြီး သူကပြောလိုက်တယ်။
“ငါ့ဆီကို ခဏလောက် မလာပဲနဲ့ စုံစမ်းလိုက်။ မင်း အမှန်ကို သိလိမ့်မယ်။”
“ကောင်းပြီလေ”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး ကျောက်ဖန်းယွီနဲ့အတူ ထွက်လာခဲ့သည်။
ကျွန်တော်တို့ ထွက်လာတော့ ကျောက်ဖန်းယွီက ကျွန်တော့်ကို မမေးဘဲမနေနိုင်ပေ။
“ဝမ်ရင်းယန်က ဘာလဲ။ သူ့ကို တကယ်ပဲ အားကိုးလို့ရလို့လား။”
ကျွန်တော် သူ့ကို အဖြေတစ်ခု မပေးနိုင်ပေ။ ကျွန်တော်လည်း ဝမ်ရင်းယန်ကဘာမှန်းမသိပေ။ ကျွန်တော် သူ့အကြောင်းကို ဘာမှကိုမသိတာဟု ပြော၍ရနိုင်ပေသည်။
မကြာမီတွင် ကျောက်ဖန်းယွီက ကျွန်တော့်ကို ထမင်း လိုက်ကျွေးသည်။
ကျောက်ဖန်းယွီက စားနေတုန်းတွင် အရမ်း ကျေးဇူးတင်တယ်ဟု ပြောပြီး ကျွန်တော့်ကို ကျွန်တော် ချေးခဲ့သည့် ပိုက်ဆံ ပြန်ပေးမည်ဖြစ်ကြောင်းပြောသည်။ ကျွန်တော်က ပိုက်ဆံအကြောင်းကို စိတ်မဝင်စားသောကြောင့် လက်ခါပြလိုက်ပြီး သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်သည်။
ဒီအချိန်တွင် ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ကျန်းဖန် ကျေးဇူးအများကြီးတင်ပါတယ်ကွာ မင်း ဒီတစ်ကြိမ် ငါ့ကို ကယ်ခဲ့တာပဲ။ ဒီတော့ ငါ မင်းကို အနာဂတ်မှာ သေချာပေါက် ကူညီမှာပါ။”
“ငါ့ကို မင်း ဘယ်လို ကူညီမှာလဲ။”
ကျွန်တော် သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“တကယ်လို့ မင်း ဒီလိုမျိုး တာဝန်မျိုး နောက်တစ်ခါမှာ ကြုံတွေ့ရင် မင်းကို ပိုက်ဆံချေးမယ်လေ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“အဲဒါ မဆိုးပါဘူး။ ဒါပေမယ့် တံခါးစောင့်ရဲ့ တာဝန်တွေက ပြန်ပြီးတော့ မထပ်ဘူး။”
ကျွန်တော် ပြောလိုက်တယ်။
“ဟုတ်တယ် အစကတည်းကနေ အခုထိ သူ့ရဲ့တာဝန်တွေက ထပ်ခါထပ်ခါ မဖြစ်ဘူးနော်။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“လူတွေ ဘယ်နှစ်ယောက် သေပြီးပြီလဲ။”
ကျွန်တော် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“သုံးယောက်။ လီဂေါင်အန်း၊ လျိုဖေးနဲ့ မော့ယူတို့ပဲ။”
ကျောက်ဖန်းယွီက လက်ထောင်ပြီး ပြောသည်။
“သူတို့အကုန်လုံး ဘယ်လိုသေခဲ့တာလဲ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
“သူတို့က တာဝန်ကို ပြီးမြောက်အောင် မလုပ်လို့ သေခဲ့တာ။”
ကျောက်ဖန်းယွီက ပြောသည်။
ကျွန်တော် လက်တစ်ချောင်းထောင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက သော့ချက်ပဲ။ တကယ်လို့ တစ်နေ့မှာ တံခါးစောင့်က ငါတို့ မလုပ်နိုင်တဲ့ တာဝန်ပေးခဲ့ရင်….။ ဥပမာ ပိုက်ဆံမီးရှို့ရမယ့် အရေအတွက်ကသန်းတစ်ရာ ဖြစ်သွားခဲ့ရင် ငါတို့ ဘာလုပ်သင့်လဲ။”
“ဒါဆိုရင် ငါတို့အားလုံး သေမှာပေါ့။ လီယုထျန်းတောင်မှ ပိုက်ဆံသန်းတစ်ရာကို မီးမရှို့နိုင်ဘူး။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ဒါက ပြသနာပဲ။ တံခါးစောင့်က အမိန့်တွေပေးနေတဲ့ ဘုရင်တစ်ပါးလိုပဲ။ ပြီးတော့ ငါတို့က တကယ်လို့ အဲ့ဒီတာဝန်တွေကို ပြီးမြောက်အောင်မလုပ်နိုင် သေလိမ့်မယ်။”
ကျွန်တော် အံကြိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ငါတို့လည်း ဘာနည်းလမ်းမှမှ မရှိတာ။”
ကျောက်ဖန်းယွီက ခေါင်းခါပြီး ပြောလိုက်သည်။
ကျွန်တော် ဘာမှမပြောတော့ဘဲ စိတ်ထဲတွင် တွေးနေသည်။ တံခါးစောင့်နှင့် ရင်ဆိုင်ရမည့်နည်းလမ်း ရှိသလား။ ‘ဟုတ်တယ်။ သူက အစွမ်းရှိပြီးတော့ ကျွန်တော်တို့ကို သူ အလိုရှိသလို အမိန့်ပေးနိုင်တယ်။ ဒါပေမဲ့ သူက အနိုင်ယူဖို့ ခက်ခဲတာမဟုတ်ဘူး။ သူ့မှာလည်း အားနည်းချက်တွေ ရှိရမယ်။’
ဝမ်ရင်းယန်က သူနဲ့ ရင်ဆိုင်နိုင်လောက်တယ်။ ပြီးတော့ ဒီအိမ်မက်ဆိုးကို အဆုံးသတ်နိုင်လောက်တယ်။
ကျွန်တော် ဒီအကြောင်းကို တွေးနေသည့်အချိန်တွင် ကျောက်ဖန်းယွီက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ဒီတံခါးစောင့်က သေမင်းလိုပဲ။ ငါတို့ သူ့ကို ရင်ဆိုင်ဖို့ နည်လမ်းမရှိဘူး။”
“မလိုဘူး။ ငါ နည်းလမ်းတစ်ခုကို စဉ်းစားမိသွားပြီ။”
ကျွန်တော် ရုတ်တရက် စိတ်လှုပ်ရှားမှုများစွာဖြင့် ပြောလိုက်သည်။
“အို့ ဘာများလဲ။”
ကျောက်ဖန်းယွီက အမြန်မေးလိုက်သည်။
“တံခါးစောင့်က ဘယ်တုန်းကမှ ထွက်မလာဖူးဘူး။ သူက ထွက်မလာရဲတာ ဖြစ်နိုင်တယ်။ ဒါက သူ့ရဲ့ အားနည်းချက်ဖြစ်နိုင်တယ်။ တကယ်လို့ ငါတို့ သူ့ကို ရှာနိုင်ရင် အကုန်လုံးက ပြီးသွားလောက်တယ်။”
ကျွန်တော် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ဒါပေမယ့် ငါတို့ သူ့ကို ဘယ်လိုရှာကြမလဲ။”
ကျောက်ဖန်းယွီက စိုးရိမ်စွာ ပြောလိုက်သည်။
“ငါတို့အခန်းထဲမှာ ဖြစ်ခဲ့တာက မတော်တဆမဖြစ်နိုင်လောက်ဘူး။ တစ်နေရာရာမှာလည်း ဒီလိုမျိုး တူညီတဲ့အရာ ဖြစ်ခဲ့လောက်တယ်။”
ကျွန်တော် လေးနက်စွာ ပြောလိုက်သည်။
“တခြား တစ်နေရာမှာလည်း ဒီလိုမျိုး ဖြစ်လောက်တယ် ဟုတ်လား။”
ကျောက်ဖန်းယွီက ထူးဆန်းစွာ မေးလိုက်သည်။
“ကြည့်ရတာ ငါ တစ်ယောက်ယောက်ကို ရှာဖို့ လိုပြီနဲ့တူတယ်။”
ကျွန်တော် တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျောက်ဖန်းယွီက ကျွန်တော့်ကို သံသရရှိစွာဖြင့် ကြည့်လိုက်သည်။
“ကျွန်တော် အိမ်ပြန်ရောက်သည့်အခါတွင် နေ့လည်ခင်း ရောက်နေပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် ကျွန်တော် ဖုန်းဖွင့်လိုက်ပြီး အချိန်အတော်ကြာ လိုင်းတက်သည့် လူတစ်ယောက်ကို ဆက်လိုက်သည်။ ဒီလူက ကျွန်တော် နှစ်အနည်းငယ်ကြာ စကားပြောခဲ့သည့် ဝီချက်သူငယ်ချင်း ဖြစ်သည်။ သူ့နာမည်က တုန်ဟောင်ထိုင်ရီ ဖြစ်သည်။ ဒီလူက ဟက်ကာတစ်ဦးဖြစ်ပြီး အချိန်အတော်ကြာ အွန်လိုင်းတက်သည့် လူတစ်ယောက်ဖြစ်သည်။ ပုံမှန်ဆို ကျွန်တော် သူနှင့် တခြားအကြောင်းအရာတွေအကြောင်း ပြောဖြစ်သည်။ တစ်ခါတစ်လေ သူက ကျွန်တော့်ကို သရဲပုံပြင်တစ်ချို့ ပြောပြသည်။ မကြာသေးခင်က ကျွန်တော် ကျောင်းမှ ကိစ္စများကြောင့် သူနှင့် သိပ်ပြီး စကားမပြောဖြစ်တော့ပေ။
ကျွန်တော် သူ့ကို ဖုန်းဆက်လိုက်သည့်အခါ သူက ချက်ချင်းပင်ပြန် တုံ့ပြန်သည်။ ပြီးနောက် သူက ကျွန်တော့်ကို ပြောသည်။
“ငါ မင်းနဲ့ ဖုန်းမပြောတာတောင် တော်တော်ကြာပြီပဲ။ တစ်ခုခုဖြစ်လို့လား။ ငါ့ကို ပြောစမ်းပါ။ ငါ မင်းကို ကူညီရင် ကူညီနိုင်တယ်။”
“ငါ သရဲနဲ့ တွေ့ခဲ့တယ်။ မင်း ငါ့ကို ယုံမယုံတော့ မသိဘူး။”
ကျွန်တော် သူ့ကို စာပို့လိုက်သည်။
“ငါ ယုံပါတယ်။ ငါ့ကို အဲ့ဒီအကြောင်း ထပ်ပြီးပြောပြ။”
တုန်ဟောင်ထိုင်ရီက ပြောလိုက်သည်။
ကျွန်တော် သူ့ကို အတန်းထဲတွင် လတ်တလောဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပြောခဲ့သည်။ ကျွန်တော် ပြောပြီးသည်နှင့် ထိုင်ရီက ပြောလိုက်သည်။
“မင်း ငါ့ကို လိမ်မနေတာ သေချာလား။”
“ဒါပေါ့။”
ကျွန်တော် ခါးသည်းစွာ ပြောလိုက်သည်။
“ဒီလိုဆိုတော့ မင်းတို့ကိစ္စက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ။”
တုန်ဟောင်ထိုင်ရီက ပြောသည်။
“မင်း ငါ့ကို ဒီလိုမျိုးဖြစ်ခဲ့တဲ့ တခြားနေရာတွေကို ရှာပေးလို့ရမလား။”
ကျွန်တော် ပြောလိုက်သည်။
“ရတယ်လေ။ ကိစ္စမရှိပါဘူး။ ငါ့ကို တစ်နာရီလောက် အချိန်ပေး။”
တုန်ဟောင်ထိုင်ရီက ပြောလိုက်သည်။
ပြီးနောက် သူက လိုင်းပေါ်မှ ဆင်းသွားပြီး ကျွန်တော် ဖုန်းကို ကြည့်လိုက်သည့်အခါ ကျွန်တော့်၏မျက်နှာက နာကျဉ်းချက်များဖြင့် ပြည့်နေသည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် ထိုင်ရီကို တစ်ချိန်လုံး အားကိုးမနေချင်ပေ။ ပြောရရင် သူကဘေးမှာကြည့်သည့် လူတစ်ယောက်သာဖြစ်သည်။ သို့သော် အခု ဘယ်သူကမှ ကျွန်တော့်ကို မကူညီချင်ကြပေ။
ဒါ့အပြင် ကျွန်တော် ထိုင်ရီကိုပဲ မေးစရာရှိတော့သည်။ သို့သော် အမှန်အတိုင်းပြောရလျှင် ကျွန်တော် မျှော်လင့်ချက် သိပ်မထားပေ။
တစ်နာရီကြာပြီးနောက် ထိုင်ရီက အွန်လိုင်းပြန်တက်လာပြီး ကျွန်တော့်ကို အဖြေတစ်ခုပေးသည်။
“ဒီလိုမျိုး တူညီတဲ့အရာက မင်ရဲ့မြို့ထဲက ဖန်လင်းရွာမှာ ဖြစ်ခဲ့တယ်။ မင်း အဲ့ဒီကနေပြီးတော့ အဖြေတစ်ခု ရရင်ရနိုင်တယ်။”
“ဖန်လင်းရွာ။ အဲဒါက မြို့တော်ရဲ့ အကြီးဆုံး သရဲရွာမဟုတ်ဘူးလား။”
ကျွန်တော် အလန့်တကြား ရေရွတ်လိုက်သည်။ ဖန်လင်းရွာအကြောင်းပြောရလျှင် အဲဒါက မသိသူမရှိဟု ဆိုနိုင်သည်။
ထိုနေရာတွင် ထူးဆန်းသည့်အရာများ ဖြစ်ပေါ်နေသည်။ ရွာတစ်ခုလုံးက တစ်ညအတွင်း လုံးဝ မျိုးသုန်းသတ်ဖြတ်ခြင်း ခံလိုက်ရပြီး တစ်ရွာလုံးတွင် လူတစ်ရာကျော်ရှိပြီး တစ်ရွာလုံးက ပျောက်ကွယ်သွားပြီး မည်သူမှ မကျန်တော့ချေ။
ဒီအဖြစ်အပျက်ကြောင့် အဖွဲ့တစ်ဖွဲ့ကို စုံစမ်းရန် လွှတ်ခဲ့သောငြား ဘာအကြောင်းပြချက်မှ ရှာမတွေ့ခဲ့ပေ။ထို့ကြောင့် ထိုနေရာက ကန့်သတ်ဧရိယာဖြစ်လာသည်။ မည်သူကမှ ထိုနေရာသို့ မသွားချင်ပေ။ နေ့လည်ခင်းတွင်တောင် ထိုနေရာတွင် လူမရှိပေ။
တချို့လူများက ဖန်လင်းရွာက သရဲခြောက်သည်ဟု ပြောပြီး တစ်ရွာလုံးက သရဲသတ်တာခံရသည် ဟုပြောသည်။ ဒါက ပုံပြင်တစ်ခုသာ ဖြစ်သည်။
တုန်ဟောင်ထိုင်ရီပြောသည်ကို ကြားသောအခါ ကျွန်တော် ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ ပြီးနောက် ကျွန်တော် အမြန်မေးလိုက်သည်။
“အဲ့မှာ ဘာဖြစ်သလဲဆိုတာ မင်းရှာလို့ရမလား။”
“တောင်းပန်ပါတယ်ကွာ။ ငါ အဲ့လောက်စုံစမ်းလို့ မရဘူး။”
ထိုင်ရီက ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်လေ။ ကျေးဇူးအများကြီးတင်ပါတယ်ကွာ။”
ကျွန်တော် ပြန်ပြောလိုက်ပြီး ချက်ချင်းပင် ဖုန်းဖွင့်လိုက်ပြီး ပိုင်တုမြေပုံကို ကြည့်လိုက်သည်။ တကယ်ပင် ဖန်လင်းရွာ၏နေရာကို တွေ့လိုက်သည်။ ဖန်လင်းရွာက ကျွန်တော်ရှိသည့်နေရာနှင့် နာရီဝက်သာ ကားစီးသွားရမှာ ဖြစ်သည်။ ထိုနေရာကိုသွားရန် အလွန်လွယ်ကူသည်။
သို့သော် ကျွန်တော် လှဲလိုက်သည့်အချိန်တွင် အနည်းငယ်ကြောက်နေသေးသည်။ ထိုအကြောင်းကို တွေးပြီးလျှင် ကျွန်တော် ထိုနေရာသို့ သွားရန် စိတ်ကူးမရှိသေးချေ။ ဒီသတင်းကို အတန်းထဲက လူတွေအကုန်လုံးကိုပြောပြီး တကယ်လို့ ကျွန်တော် နဲ့အတူ တစ်ယောက်ယောက် လိုက်ခဲ့ချင်လားဆိုတာကို မေးရမည်။
ဒီလိုအတွေးဖြင့် ကျွန်တော် တုန်ဟောင်ထိုင်ရီကို ဆက်၍ စကားပြောလိုက်သည်။ ပြီးနောက် တုန်ဟောင်ထိုင်ရီက အလွန်ထူးဆန်းစွာဖြင့် ကျွန်တော့်ကိစ္စများကို ဆက်၍မေးနေသည်။
ကျွန်တော် သူ့ကိုလည်း မကြာသေးခင်က ဖြစ်ခဲ့သည့် စိတ်ညစ်စရာကောင်းသည့် အရာများကိုလည်း ပြောခဲ့သည်။ ကျွန်တော် စကားပြောစရာ လူတစ်ယောက်ယောက်ကို ရှာချင်ခဲ့သည်။
ဒီ စိတ်ကူးဖြင့် ကျွန်တော် သူ့ကိုအကုန်လုံး ပြောပြသည်။
“မင်းရဲ့ ဝီချက်ဂရုထဲက တံခါးစောင့်ကိုငါစစ်ပေးလို့ရတယ်။ ငါ သူ့ရဲ့ နံပါတ်ကိုတောင် ခိုးရင်ခိုးလို့ရလောက်တယ်။”
“တကယ်လား။ အဲဒါဆို ကောင်းတာပေါ့။”
ကျွန်တော် စွာပြောလိုက်သည်။
သို့သော် မကြာခင်တွင် ထိုင်ရီက ကျွန်တော့်ကို ခိုးယူခြင်းက ကျရှုံးသည်ဟု ပြောလိုက်သည်။ သို့သော် ခိုးယူခြင်းကျရှုံးသော်ငြား လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့သည်။ သူ ကျွန်တော့်ကို လျှိုဝှက်ချက်အကြေင်းပြောသည့်အခါ ကျွန်တော် ကြက်သေသေသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူက ကျွန်တော့်ကို တံခါးစောင့်၏အကောင့်က လုံးဝကိုမရှိဘူးဟု ပြောခဲ့ခြင်းဖြစ်သည်။ ဒီအချိန်အတွင်းမှာ ဘာမှရှာမတွေ့နိုင်ဘူး။ ဆိုလိုသည်က တံခါးစောင့်၏ ဝီချက်အကောင့်က ဖုန်းနံပါတ်မရှိခြင်းဖြစ်သည်။
သို့သော် အကယ်၍ ဖုန်းနံပါတ်မရှိလျှင်တောင် ဒါက တံခါးစောင့်ကို သမာရိုးကျနည်းဖြင့် ရင်ဆိုင်လို့မရဘူးဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။
တံခါးစောင့်၏ ဖုန်းနံပါတ်မရှိသဖြင့် အကယ်၍ ရဲများက အဲဒါကို ရှာတွေ့လျှင်ပင် အကောင့်ကို ဘလော့ဖို့လည်း အသုံးမဝင်ပေ။
ဒါကို ကြားသည့်အခါ ကျွန်တော့်နှလုံးသားက ကူကယ်ရာမဲ့သွားတယ်။ ပြီးတော့ ကျွန်တော် သူနဲ့စကားပြောနေသည်။ ထိုင်ရီက ကျွန်တော့်ကို နောက်ထပ်ထူးဆန်းမှုတစ်ခု လာပေးသည်။
ထိုင်ရီက ကျွန်တော့်ကို တံခါးစောင့်၏အကောင့်က မတူပေ။ လျှို့ဝှက်နံပါတ်ကို သိသ၍ ဝင်နိုင်သည်ဟုပြောသည်။ ဒီနည်းဖြင့် ကျွန်တော် ဂရုထဲမှ တံခါးစောင့်၏အကောင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဒါကို ကြားသည့်အခါ ကျွန်တော့်ရင်ထဲတွင် လန့်သွားပြီး ရုတ်တရက် လောဘကြီးသည့်အရိပ်အယောင်ပေါ်လာသည်။