အခန်း ၁၃

အပိုင်း၁၃
သရေကျသည့် အခြေအနေ
စည်းရုံးသည့် အချိန်ပြီးသည်နှင့် မဲပေးပွဲ တရားဝင်စပြီဖြစ်သည်။ ကျောက်သင်ပုန်းပေါ်တွင် လူငါးယောက်၏ နာမည်များရေးထားသည်။ ပြီးတော့ မဲပေးပွဲကို တရားဝင် စလိုက်ပြီဖြစ်သည်။ ဒီအချိန်တွင် အချိန်ကို သတ်မှတ်ထားသည် ဖြစ်၍ မော့ကျင့်ယွီက စိုးရိမ်စွာဖြင့် လက်သီးတင်းတင်းဆုပ်ထားသည်။ သူမ မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
ဒီမဲပေးပွဲက ဒီလူတွေ၏ အသက်နှင့် သက်ဆိုင်နေသဖြင့် သူတို့ စိုးရိမ်ကြတာ မဆန်းပေ။
“ကောင်းပြီ။ စပြီး မဲပေးလိုက်ကြရအောင်။”
ကောင်မလေးတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လိုက်ပြီး လီယုထျန်း၏ နာမည်အောက်တွင် မျဉ်းတစ်ကြောင်းတားလိုက်သည်။
သူမ မဲပေးပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယာက် စ၍ မဲပေးလာကြသည်။ အံ့အားသင့်စရာကောင်းစွာဖြင့် လီယုထျန်းက မဲအများကြီးရသည်။ လူတော်တော်များများက သူ့ကို မဲပေးကြသည်။
ပိုက်ဆံ၏ အာဏာက အမှန်တကယ်ပင် ကြီးမားသည်။ ပိုက်ဆံရှေ့တွင် ဒီကျွန်တော်တို့ အထက်တန်းကျောင်းသားများက လုံးဝ တန်ဖိုးမဖြတ်နိုင်ဘူးဖြစ်သည်။ အချိန်တိုအတွင်း လီယုထျန်းက မဲဆယ့်ခြောက်မဲ ရသွားပြီဖြစ်သည်။ ကျွန်တော်တို့အတန်းထဲမှာ လူခြောက်ဆယ်ကျော်သာ ရှိတာဖြစ်သည်။
ဒီအချိန်တွင် လီယုထျန်းက လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။
“ငါ့အတွက် မဲမပေးကြနဲ့တော့ ငါ မဲ လုံလုံလောက်လောက် ရပြီးပြီ။”
သူပြောပြီးသည်နှင့် သူက ထိုင်ခုံဆီသို့ ဂုဏ်ယူစွာဖြင့် သွားပြန်ထိုင်လိုက်သည်။ သူ၏ မဲအရေအတွက်က မယှဉ်နိုင်ဖြစ်နေပြီဖြစ်၍ သူ လိုအပ်သည်ထက် ပိုသည့် မဲများမလိုအပ်ပေ။
ဒါ့ကြောင့် တခြားသူများက တခြားအရွေးခံရသူများကို စ၍ မဲပေးကြတော့သည်။ ပထမအကြိမ် မဲပေးခြင်း ပြီးသည်နှင့် လက်ရှိအခြေအနေက:

လီယုထျန်း: ဆယ့်ခြောက်မဲ။ တုန်တုန်: ဆယ့်နှစ်မဲ။ မစ်ကီ: ဆယ့်သုံးမဲ။ မော့ကျင်းယွီ: သုံးမဲ။ ကျောက်မန်: သုံးမဲ။
ကျောက်သင်ပုန်းပေါ်က မဲတွေကို ကြည့်ရင်း ကျွန်တော် မျက်မှောင်ကြုတ်လိုက်သော်ငြား မော့ကျင်းယွီက အဘယ့်ကြောင့် ကျောက်မန်နှင့် မဲအရေအတွက် တူနေရသည်ကို ကျွန်တော် နားမလည်နိုင်ချေ။ မော့ကျင်းယွီကို အတန်းထဲတွင် သဘောကျသောသူများ ရှိနေသော်ငြား အဘယ်ကြောင့် မဲအရေအတွက်က နည်းနေရသနည်း။
သို့သော် ရုတ်တရက် ကျွန်တော် တစ်ခုခုကို တွေးမိပြီးနောက် ကြည့်လိုက်သောအခါ ကောင်လေးတချို့က တိုးတိုးတိုးတိုးနှင့် ပြောနေကြသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူတို့ တစ်ခုခုကို ဆွေးနွေးနေကြသည်နှင့် တူသည်။ ထိုမှသာ ကျွန်တော် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ မော့ကျင့်ယွီက ပစ်မှတ်ထားခံနေရသည်နှင့် တူသည်။
မော့ကျင်းယွီက လှပပြီးနောက် အတန်းထဲတွင် သူမ သဘောကျသည့်သူများ ရှိသော်ငြား သူမက အေးစက်စွာ ဆက်ဆံသောကြောင့် သူမကို သိပ်မကြည်ကြပေ။ ထို့ကြောင့် သူမ မဲအရေအတွက် နည်းတာ ဖြစ်နိုင်ပေသည်။
သို့သော် ဒါက ပထမအကြိမ် မဲပေးခြင်းသာ ဖြစ်သေးပြီး အတန်းထဲရှိ လူတော်တော်များများက မဲမပေးရသေးပေ။ ဒါကိုတွေးမိရင်း ကျွန်တော် လက်ထောင်လိုက်ပြီး ပြောလိုက်သည်။
“ငါ မော့ကျင်းယွီအတွက် မဲပေးတယ်။”
ကျွန်တော့်စကားဆုံးသွားသည်နှင့် မော့ကျင်းယွီက ကျွန်တော့်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်နေသည်။ ကျွန်တော့်ရင်ထဲတွင် ပျော်သွားပြီးနောက် ကျွန်တော်ကျောက်ဖန်းယွီကိုလည်း ကြည့်လိုက်သည်။ ကျောက်ဖန်းယွီကလည်း မော့ကျင်းယွီအတွက် မဲပေးခဲ့သည်။ ဒီနည်းဖြင့် မော့ကျင်းယွီ၏ မဲက ငါးမဲဖြစ်လာသည်။
ဒီအချိန်တွင် ကျောက်မန်က မသက်မသာခံစားလိုက်ရသည်။ သူမက ကျွန်တော့်ကို ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်ပြီး အော်လိုက်သည်။
“နင် ငါ့ကို မဲပေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ နင် လူလိမ်ပဲ။”
ကျွန်တော် သူမကို စက်ဆုပ်စွာဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ စကားများကို စိတ်ထဲ မထည့်ပေ။ ဒီကျောက်မန်က ကောင်းသည့်သူ မဟုတ်ပေ။ အစတုန်းက ကျွန်တော့်၏ အစ်ကိုလျိုဖေးက သူမ သူ၏ အသက်ကို မကယ်ခဲ့သောကြောင့် တိုက်ပေါ်မှာ ခုန်ချခဲ့ရခြင်း ဖြစ်သည်။
ကျောက်မန်က ကျွန်တော့်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် လှောင်လိုက်သည်။
“ငါ နင် ဒီခွေးမလေးကို ကြိုက်မှန်း သိပေမဲ့ ငါ မပြင်ထားဘူးလို့ နင်ထင်နေတာလား။”
သူမက အဝေးရှိ မဲမပေးရသေးသည့် ယောကျာ်းလေးတချို့ကို ကြည့်လိုက်သည်။ ဒီကောင်လေးများက အချင်းချင်းကြည့်လိုက်ကြပြီးနောက် ကျောက်မန်ကို မဲပေးလိုက်ကြသည်။ သူတို့သုံးယောက်ကြောင့် ကျောက်မန်က ငါးမဲဖြစ်လာသည်။
ဒီတစ်ကြိမ်တွင် မော့ကျင်းယွီ စိုးရိမ်ရသည့် အလှည့်ဖြစ်သည်။ သူမက ကျောက်သင်ပုန်းကို ကြည့်လိုက်ပြီးနောက် သူမက မအော်ဘဲ မနေနိုင်ခဲ့ပေ။
“ဘယ်သူ ငါ့အတွက် မဲပေးနိုင်လဲ။”
“ဟေး ငါတို့ တောင်းပန်ပါတယ်။ ငါတို့ မဲပေးလို့ မရတော့ဘူး။”
ဘေးက အတန်းသားတွေက အော်လိုက်ကြပေမဲ့ မော့ကျင်းယွီက စိတ်ဓာတ်ကျမသွားခဲ့ပေ။ သူမက ဘေးကို ကြည့်လိုက်ပြီးတော့ သူမရဲ့ မျက်နှာထားက သိပ်မစိုးရိမ်တဲ့ပုံနဲ့
“ငါ့ကို တစ်ယောက်ယောက် မဲပေးနိုင်မလား။ ကျေးဇူးပြုပြီးတော့။”
“ဟေး ငါ တောင်းပန်ပါတယ် အခု အဲဒါ ပြီးသွားပြီ။ ဒီနားကလူတွေက ငါ့ကို မဲပေးပြီးပြီ။ နင်တော့ သေပြီပဲ။”
ပြီးတော့ ကောင်လေးတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီးတော့ မော့ကျင်းယွီကို လှောင်လိုက်သည်။ သူက မော့ကျင်းယွီ ငြင်းခဲ့သည့်ကောင်လေးတစ်ယောက်ဖြစ်သည်။ အခု သူက မော့ကျင်းယွီကို မကျေနပ်သည့် အကြည့်ဖြင့် ကြည့်နေသည်။
မော့ကျင်းယွီက ကောင်လေးကို ကြည့်လိုက်ရင်း ဝမ်းနည်းတဲ့အသံနဲ့
“ချောင်ဟု နင်က တကယ်ပဲ အကျင့်မကောင်းတာပဲ။”
“ဟားဟား ငါ အကျင့်မကောင်းတော့ ဘာဖြစ်လဲ နင့်ကို ဘယ်သူက ငါ့ကို ငြင်းခိုင်းခဲ့လို့လဲ။”
ချောင်ဟုက လှောင်လိုက်ပြီး သူမကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
မော့ကျင်းယွီရဲ့ မျက်နှာက ဖြူဖျော့သွားပေမဲ့ သူမက အမြန်ပဲ သူမရဲ့ မျက်နှာထားကို ပြင်လိုက်ပြီးတော့ ပြောလိုက်သည်။
“နင် အဲ့လိုနဲ့ နိုင်မယ်မထင်နဲ့။ မဲမပေးရသေးတဲ့သူတွေ အများကြီး ရှိသေးတယ်။”
“ဟားဟား ငါ မပြင်ဆင်ထားဘူးလို့ နင်ထင်နေတာလား။”
ချောင်ဟုက လက်ခါပြလိုက်ပြီးတော့ အော်လိုက်သည်။
“အကုန်လုံး ဒီခွေးမလေးကို သတ်ဖို့ ငါနဲ့ အတူ မဲပေးကြ။”
သူ ပြောပြီးသည်နှင့် ကောင်လေးတော်တော်များများက မော့ကျင်းယွီကို မဲမပေးကြတော့ပေ။ ခဏလေးအတွင်း ကျောက်မန်က မဲကိုးခု ရသွားသည်။ မော့ကျင်းယွီက မဲခုနစ်မဲသာ ရှိသေးသည်။ ဒီတစ်ကြိမ်တွင် မော့ကျင်းယွီ၏ မျက်နှာက လုံးဝဖြူဖျော့သွားသည်။ သူမက ကြမ်းပြင်ပေါ်တွင် ခွေကျသွားသည်။
“ဘာလို့လဲ။ ဘာလို့လဲ။”
“ဟားဟား နင်တော့ သေပြီပဲ။ နင့်ရဲ့ လှပမှုက ဘာလုပ်နိုင်သေးလဲ။ အဲဒါက နင်သေမှာကို မကာကွယ်ပေးနိုင်ဘူးမလား။”
ကျောက်မန်က ရယ်လိုက်ပြီးနောက် မော့ကျင်းယွီကို ကြည့်လိုက်သည်။ သူမရဲ့ ရုပ်ဆိုးသည့် မျက်နှာပေါ်တွင် မနာလိုမှုနှင့် ကျေနပ်မှုတို့က ထွက်ပေါ်နေသည်။
မော့ကျင်းယွီက အမြဲတမ်း ယောကျာ်းလေးများနှင့် ကင်းကင်းနေပြီး အတန်းထဲရှိ အလှဆုံးမိန်းကလေး ဖြစ်သည်။ သို့သော် ကျောက်မန်က ပြောင်းပြန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမက ယောကျာ်းလေးနှင့် တူပြီး သူမ၏ စရိုက်က ကြမ်းတမ်းသည်။ ထို့ကြောင့် မည်သည့်ယောကျာ်းလေးကမှ သူမကို သဘောမကျကြပေ။ ကောင်မလေးများပင်တောင်မှ သူမကို မုန်းကြသည်။
အချိန်အတော်ကြာ သူမက မရေမတွက်နိုင်သည့် အထင်သေးသည့် အကြည့်များဖြင့် အကြည့်ခံရသောကြောင့် ကျောက်မန်က မော့ကျင်းယွီကို ရင်ထဲမှာ မနာလိုမှုနှင့် ရန်လိုမှုများဖြင့် ပြည့်နေသည်။ သို့သော် ယခု မော့ကျင်းယွီက သူမ ရှေ့တွင် သေတော့မည်ဖြစ်နေသည်က သူမကို အလွန်ပျော်ရွှင်စေသည်။
“ဟားဟား”
ကျောက်မန်က ရယ်လိုက်ပြီး မော့ကျင်းယွီကိုကြည့်လိုက်ရင်း အော်ပြောလိုက်သည်။
“အမြန် အမြန် သေလိုက်တော့။”
မော့ကျင်းယွီက ဖြူဖျော့သည့်မျက်နှာဖြင့် သူ၏ ရင်ထဲမှ အကြောက်တရားဖြင့် ကြည့်နေသည်။ သူမက ထိုနေရာတွင် ထိုင်နေပြီး ဘာလုပ်ရမှန်း မသိချေ။
ဒီအချိန်တွင် ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး အတန်းသားတွေကို ကြည့်ပြီးပြောလိုက်သည်။
“မဲပေးနိုင်တဲ့ ဘယ်သူမဆို ကျေးဇူးပြုပြီး မော့ကျင်းယွီကို မဲပေးကြပါ။ သူမ ဒီနေရာမှာ ရှိမနေသင့်ဘူး။”
“ဟားဟား နင့်ကိုယ်နင် ဘာများထင်နေတာလဲ။”
ကျောက်မန်က ကျွန်တော့်ကို အထင်သေးစွာဖြင့် ကြည့်လိုက်ပြီးနောက် ဆက်၍ ပြောလိုက်သည်။
ကျွန်တော် ကျွန်တော့်နောက်မှ ကောင်လေး အော်လိုက်သည်ကို ကြားလိုက်သည်။
“ငါ မော့ကျင်းယွီကို မဲပေးတယ်။”
သူ မတ်တပ်ရပ်လိုက်သည့် အချိန်တွင် လူတော်တော်များများက မတ်တပ်ရပ်လိုက်ပြီးနောက် မော့ကျင်းယွီကို မဲပေးလိုက်ကြသည်။ ဒီနည်းဖြင့် မော့ကျင်းယွီနှင့် ကျောက်မန်၏ မဲများက ကိုးမဲဆီဖြစ်သွားသည်။
ကျောက်မန်၏ ကျွန်တော့်ကို ကြည့်သည့် အကြည့်များက ရှုံ့မဲ့နေပြီးနောက် သူမက အသံက မှုန်မှိုင်းနေသည်။
“ကျန်းဖန် နင် ငါ့ကို သေစေချင်တာလား။”
“ဒါပေါ့ ငါ လျိုဖေးကိုတောင် ထည့်မတွက်ရသေးဘူး။”
ကျွန်တော် အေးစက်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ နင်သူ့ကို ကယ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့။”
ကျောက်မန်က လှောင်လိုက်ပြီးနောက် အော်လိုက်သည်။
“ဘယ်သူ မဲမပေးရသေးတာလဲ။”
သူမအော်လိုက်သည့်အချိန်တွင် သူမဘေးက ကောင်မလေးနှစ်ယောက်က လက်ထောင်လိုက်သည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်တည်းက မဲမပေးရသေးသည့် သူများဖြစ်သည် ထင်သည်။
“နင်တို့နှစ်ယောက်ကို ငါတစ်ထောင်ပေးမယ်။”
ကျောက်မန်က အံကြိတ်ပြီးပြောလိုက်သည်။
သူမ ပြောပြီးသည်နှင့် ကောင်မလေးနှစ်ယောက်က အချင်းချင်း တုံ့ဆိုင်းစွာ ကြည့်လိုက်ကြသည်။ သို့သော် မော့ကျင်းယွီက အော်လိုက်သည်။
“ငါနင်တို့နှစ်ယောက်ရဲ့ မဲတွေအတွက် နှစ်ထောင်ပေးမယ်။”
မော့ကျင်းယွီက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် သူမတွင် အကြောက်တရားမရှိပေ။ သူမ၏ မျက်နှာက ဂုဏ်ယူသည့်မျက်နှာ အဖြစ် ရှိနေသေးသည်။
“နင့်ရဲ့ နှစ်ထောင်က ဘယ်မှာလဲ။”
ကျောက်မန်က ခက်ထန်စွာ ပြောလိုက်သည်။
ငါ့ ဝီချက်အန်ပေါင်းထဲမှာ ပိုက်ဆံရှိသေးတယ်။”
မော့ကျင်းယွီက အပြုံးလေးနှင့် ပြောလိုက်ပြီးနောက် သူမ၏ ဖုန်းထဲမှာ ပိုက်ဆံ ပမာဏကို ပြလိုက်သည်။
“ခွေးမ ငါနင့်ကို သတ်မယ်။”
ကျောက်မန်က အံကြိတ်ပြီးနောက် ကောင်မလေးနှစ်ယောက်ကို အော်ပြောလိုက်သည်။
“နင်တို့ ငါ့ကို မြန်မြန် မဲပေးကြစမ်း ငါ့ကို မဲမပေးတဲ့သူကို ငါသတ်မယ်။”
သူမ၏ အော်သံကို ကြားသောအခါ ကောင်မလေးတစ်ယောက်က ကြောက်သွားသည်။ သူမက တုန်ရင်စွာဖြင့် လက်ထောင်လိုက်ပြီးနောက် အော်လိုက်သည်။
“ငါ ကျောက်မန်ကို မဲပေးချင်တယ်။”
ဒီတစ်ကြိမ်တွင် ကျောက်မန်၏ မဲက ဆယ်မဲဖြစ်လာပြီး ကောင်မလေးတစ်ယောက်တည်းသာ ကျန်တော့သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုများ ရှိနေသည်။
“နင်ဘာတွေ တုံ့ဆိုင်းနေတာလဲ။ အမြန် ငါ့အတွက် မဲပေးလေ။ မဟုတ်ရင် ငါ နင့်ကို သတ်မှာ။”
ကျောက်မန်က ခက်ထန်စွာ ပြောလိုက်သည်။ သို့သော် သူမ၏ စကားများက ကောင်မလေး၏ ဒေါသများကို ဆွလိုက်သလို ဖြစ်သွားသည်။ ကောင်မလေးက မတ်တပ်ရပ်လိုက်ပြီးနောက် အော်လိုက်သည်။
“ငါ နင့်ကို မကြောက်ဘူး။ ငါ မော့ကျင်းယွီကို မဲပေးတယ်။”
သူမ အော်လိုက်သည့် အချိန်တွင် ကျောက်မန်က ဒေါသထွက်လာပြီးနောက် ရူးသွပ်စွာဖြင့် ကောင်မလေးကို သွားပြီး ရိုက်တော့သည်။ တစ်ခန်းလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
သို့သော် ဒီအချိန်တွင် မဲရေရသည့် ကောင်မလေးက ရုတ်တရက် အော်လိုက်သည်။
“နင်တို့ မမြင်ကြဘူးလား။ သူတို့က နောက်ဆုံးလူတွေပဲ။”
သူမ၏ စကားများ ဆုံးသွားသည်နှင့် အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ အကုန်လုံးက ကျောက်သင်ပုန်းကို ကြည့်လိုက်ကြပြီး တစ်ခုခုမှားနေသည်ကို တွေ့လိုက်ကြသည်။
ကျောက်မန်နှင့် မော့ကျင်းယွီတို့၏ မဲများက ဆယ်မဲစီဖြစ်နေကြသည်။ သူတို့က သရေကျနေသည်ဟု ဆိုလိုတာဖြစ်သည်။ ထို့အပြင် မစ်ကီ၊ တုန်တုန်နဲ့ လီယုထျန်းတို့က ဆယ့်နှစ်မဲ ကျော်ကြသည်။
ဒါက ဒီတစ်ကြိမ်သေရမယ့်သူက တစ်ယောက်မဟုတ်ဘဲ နှစ်ယောက်လို့ ဆိုလိုတာဖြစ်သည်။
ဒါကို မြင်တော့ ကျောက်မန်နှင့် မော့ကျင်းယွီ၏ အကြည့်များက ရုတ်တရက် အေးခဲသွားသည်။ မော့ကျင်းယွီက အမြန် သူမဘေးက လူများကို အော်ပြောလိုက်သည်။
“မဲပေးဖို့ ကျန်သေးတဲ့သူတွေ ကျေးဇူးပြုပြီး ငါ့ကို မဲပေးကြပါ။ ငါတောင်းပန်ပါတယ်ဟာ။”
အကုန်လုံးက ခေါင်းခါလိုက်ကြပြီးတော့ အကုန်လုံး၏ မျက်နှာတွေက ကူကယ်ရာမဲ့နေတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက မဲပေးပြီးကြပြီဖြစ်လို့ ဖြစ်တယ်။ တစ်ခန်းလုံးထဲမှာ မဲမပေး‌ရသေးတဲ့သူ တစ်ယောက်တောင် မကျန်ခဲ့တော့ဘူး။ ဒါက လက်ရှိအခြေအနေက သရေကျနေသည်ဟု ဆိုလိုတာဖြစ်သည်။
“ငါ သေတော့မှာလား။”
မော့ကျင့်ယွီက ထိုင်ခုံပေါ်တွင် စိုးရိမ်စွာ ထိုင်ပြီးပြောလိုက်သည်။
ပြီးနောက် ကျောက်မန်က ရူးသွပ်စွာ အော်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သည့် အကြည့်တစ်မျိုး ရှိနေသည်။
“ဟားဟား ငါတို့နှစ်ယောက်လုံးသေမှာ ငါတို့နှစ်ယောက်လုံး သေမှာ။ ဘယ်သူမှ မလွတ်နိုင်ဘူး။”
ဒီအချိန်မှာ ကျောက်မန်၏ စိတ်သည် ပြိုလဲသွားပြီးတော့ မော့ကျင်းယွီလည်း ထိုအတိုင်းပင်ဖြစ်သည်။
ကျောက်ဖန်းယွီက ကျွန်တော့်၏ လက်မောင်းကို ပုတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
“ဒီအထိ ရောက်လာပြီဆိုမှာတော့ အကုန်လုံးပြီးသွားပြီနဲ့ တူတယ်။”
“မဟုတ်သေးဘူး။ အဲဒါ မပြီးသေးဘူး။”
ကျွန်တော် ရုတ်တရက်ပြောလိုက်တယ်။ ကျွန်တော့်ရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်ခြင်း ရှိနေတာ မဟုတ်ဘဲ စိတ်လှုပ်ရှားမှု ရှိနေတာဖြစ်သည်။
ဒီအချိန်မှာ ကျွန်တော်တစ်ခု သတိထားမိသည်။ ဒီအရာက ဒီတစ်ကြိမ်ရဲ့ ရလာဒ်ကို ပြောင်းပြန်လှန်နိုင်လောက်သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset