အခန်း ၈

အပိုင်း၈ တရုတ်ရိုးရာ ငွေစက္ကူများ မီးရှို့ခြင်း

ယခု အတန်းထဲတွင် သရဲတစ်ကောင်ရှိသည်ကို အကုန်လုံးသိသွားကြပြီဖြစ်ပြီး ဒီသရဲက ဟန်ကျိယုဖြစ်သည်။ ကျွန်တော် ဒါကို တွေးသည့်အချိန်တွင် လူတော်တော်များများ၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ ကျွန်တော် အတန်းထဲမှ အလန့်တကြား ထွက်လာပြီးနောက် ကျောင်းမှ ထွက်လာခဲ့သည်။ ပြီးနောက် ကျွန်တော် ချက်ချင်းပင် ဝမ်ယင်းရန်ကို ဖုန်းခေါ်လိုက်သည်။
ကျွန်တော် ဖုန်းခေါ်တာကို ကိုင်ပြီးနောက် ဝမ်ယင်းရန်က ချက်ချင်းပင် အခန်းထဲတွင် မည်သည့်အရာအား တွေ့ခဲ့သနည်းဟု မေးသည်။ ကျွန်တော် သူ့အား ချက်ချင်းပင် အခန်းထဲတွင် တွေ့ခဲ့သည်များကို ပြောခဲ့သည်။ ကျွန်တော် ပြောတာအား နားထောင်ပြီးနောက် ဝမ်ယင်းရန်က ဖုန်းထဲတွင် လေးနက်စွာ ပြောလိုက်သည်။
“ဒီတော့ ဟန်ကျိယုက မင်းတို့ အခန်းထဲမှာ ရှိနေတာသေချာတယ်ပေါ့။”
“အဲ့တော့ ကျွန်တော် ဘာလုပ်သင့်လဲ။”
ကျွန်တော် မမေးဘဲ မနေနိုင်ခဲ့ပေ။
“ဒီအတွက်တော့ မပူပါနဲ့။ သိပ်လည်း မလောနဲ့ ငါပြောတာကိုပဲ နားထောင်။ ငါ မင်းကို သူမနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပြောပြမယ်။”
ဝမ်ယင်းရန်က ပြောသည်။
“ကောင်းပြီး ကျွန်တေ်ာ ခင်ဗျားစကားနားထောင်မယ်။”
ကျွန်တော် ပြောပြီးသည်နှင့် ဖုန်းကို ချလိုက်သည်။ ဒီအချိန်တွင် ကျွန်တော် စိတ်သက်သာရာရသွားသည်။ ဝမ်ယင်းရန်၏ အာမခံချက်ရှိသောကြောင့် ကျွန်တော် ဟန်ကျိယုကို စိတ်ပူစရာ မလိုတော့ပေ။
အိမ်သို့ ပြန်ပြီး ညစာစားပြီးနောက် ကျွန်တော် ဖုန်းကိုထုတ်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် လျှောက်ကြည့်လိုက်သည်။ မော့ကျင်းယွီကို ဂရုထဲတွင် တွေ့သည်နှင့် ကျွန်တော် သူမကို တုံ့ဆိုင်းစွာဖြင့် စာတစ်စောင် ပို့လိုက်သည်။
“နင်ဘာလို့ ငါ့ကို ကယ်တာလဲ။”
ကျွန်တော် စာပို့လိုက်ပြီးသည်နှင့် မော့ကျင်းယွီ၏ ပြန်စာကို စောင့်နေလိုက်သည်။ ခဏကြာသောအခါ သူမက ပြန်ပို့လာသည်။
“နင်က ယုံကြည်လို့ရတယ်လို့ ငါထင်လို့ ငါနင့်ကို ကယ်ခဲ့တာ။”
“တကယ်လား။ ကျေးဇူးအများကြီး တင်ပါတယ်။”
ကျွန်တော်အမြန်ပို့လိုက်သည်။
“မလိုပါဘူး။ ဒီနေ့ အဲဒါက ငါ့ကို တကယ် လန့်သွားစေတာပဲ။ ငါ ဟန်ကျိယုကို တကယ်ပဲ မြင်ရမယ်လို့ မထင်ခဲ့ဘူး။ သူမက တကယ်ပဲ သနားစရာကောင်းတာပဲ။”
မော့ကျင်းယွီက ပို့ခဲ့သည်။
“ဟုတ်တယ်။ မကောင်းတဲ့ကောင် စွန့်ပစ်တာ ခံခဲ့ရပြီး ကူကယ်ရာမဲ့စွာနဲ့ ကိုယ်ကိုယ်ကိုယ် သတ်သေခဲ့တယ်။”
ဟုကျွန်တော် ပို့လိုက်သည်။
“နင်တို့ ယောကျာ်းလေးတွေအကုန်လုံးက ဒီလိုပဲလား။”
မော့ကျင်းယွီက ကျွန်တော့်ကို မေးလိုက်သည်။ သူမ၏ စာကိုကြည့်ပြီး ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ နောက်ဆုံးတွင် ထိုအရာကို စဉ်းစားပြီးနောက် ကျွန်တော် ပြန်ပြောလိုက်သည်။
“ငါကတော့ ဒီလိုလူ မဟုတ်ဘူး။”
ပြီးနောက် မော့ကျင်းယွီက ကျွန်တော့်ကို စာပြန်မပို့တော့ပေ။ ကျွန်တော် ပျင်းရိစွာဖြင့် ရေချိုးလိုက်သည်။ ပြီးနောက် ညတာက ကုန်ဆုံးသွားသည်။
နောက်တစ်ရက် ကျွန်တော် အိပ်ရာမှ ထလာပြီး ထုံးစံအတိုင်း ဖုန်းဖွင့်လိုက်ပြီးနောက် ကျောင်းသို့ လမ်းလျှောက်သွားခဲ့သည်။ ဒီနေ့က စနေနေ့ဖြစ်ပြီး ကျောင်းက နေ့တစ်ဝက်ပင် ဖွင့်တာ ဖြစ်သည်။ တံခါးစောင့်က ဒီရက်များတွင် တာဝန် ထုတ်ပြန် မပြန် မသိရပေ။
ကျွန်တော် အတန်းထဲသို့ ဝင်လာခဲ့သည်။ အတန်းထဲတွင် ကျောင်းသားများက အချင်းချင်း စကားပြောနေကြသည်။ ကျွန်တော် ကိုယ့်ထိုင်ခုံတွင် ကိုယ် ထိုင်လိုက်ပြီး ကျောက်ဖန်းယွီနှင့် စကားပြောနေသည်။
“မင်းအရမ်း ဂုဏ်ယူနေမှာပဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ဘာကိုလဲ။”
ကျွန်တော် မေးလိုက်သည်။
“မော့ကျင်းယွီက မင်းကို နမ်းခဲ့ပေမဲ့ ဒီလိုမျိုးတွေ ဖြစ်နေတာက ဆိုးတာပဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“အင်း”
ကျွန်တော် ဘာမှသိပ်မပြောပေ။ ပြီးနောက် ဖုန်းကို ကြည့်လိုက်ပြီး
“တာဝန်အသစ်ပေးလား။ ဒီတစ်ကြိမ်တာဝန်က ဘာဖြစ်မလဲ မသိဘူး။”
“အဲဒါက ညစ်ညမ်းတဲ့ တာဝန် မဟုတ်ပါစေနဲ့လို့ ငါမျှော်လင့်ပါတယ်။”
ကျောက်ဖန်းယွီက ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီးနောက် ဖုန်းကို ကြည့်လိုက်သည်။ အတန်းထဲက သူများကလည်း အလားတူပင် ဖုန်းကို ကြည့်နေကြသည်။ ယခု တံခါးစောင့်၏ တည်ရှိမှုကို ကျင့်သားရနေကြပြီး အတန်းကို ဝင်လာသည့် အချိန်တွင် ဖုန်းကို အရင်ဆုံး ကြည့်ကြတာဖြစ်သည်။ ဝီချက်ဂရုထဲတွင် တံခါးစောင့်က နောက်ဆုံးတွင် တာဝန်သစ်တစ်ခုကို ကြေညာလိုက်သည်။
“မော့ယူ၊ ချန်ကျရှန်း၊ လီယုထျန်း၊ ကျောက်ဖန်းယွီ ဒီလူတွေက လူမြင်ကွင်းရှေ့မှာ ဘဏ်စာရွက် ငါးထောင်ယွမ်ဖိုး မီးရှို့ရမယ်။ တာဝန်ချိန် ၁၀နာရီ။ တာဝန် မပြီးမြောက်ရင် အရိုးကျိုးပြီး သေမယ်။”
“ယွမ်ငါးထောင် ဟုတ်လား။”
ကျောက်ဖန်းယွီက ဖုန်းကို ကြည့်ရင်း တုန်ရင်စွာဖြင့် ပြောလိုက်သည်။
“ပိုက်ဆံတွေ အကုန်လုံးကို မီးရှို့ရမှာလား။”
“ဟုတ်တယ်။ တံခါးစောင့်က မင်းတို့ကို လူမြင်ကွင်းရှေ့မှာ ပိုက်ဆံတွေကို မီးရှို့ခိုင်းတာပဲ။”
ကျွန်တော် ပြောလိုက်ပြီး ဖုန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ဒီတစ်ကြိမ်တွင် တာဝန်က အလွန်ညစ်ညမ်းသည့် တာဝန် မဟုတ်သော်ငြား ပြင်းထန်နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ အားလုံးက အထက်တန်းကျောင်းသားများဖြစ်ပြီး အလုပ်မရှိကြပေ။ ပြီးနောက်ဝင်ငွေလည်း မရှိပေ။ ထို့ကြောင့် ကျွန်တော်တို့အား ယွမ်ငါးထောင် မီးရှို့ခိုင်းခြင်းက လူတော်တော်များများ မလုပ်နိုင်သည့် အရာဖြစ်သည်။
အကုန်လုံးကလည်း ကျောင်းမပြီးသေးသော်ကြောင့် သူတို့လိုချင်သည့်အရာများကိုပင် ဝယ်နိုင်ရန် မတတ်နိုင်ကြသေးပေ။
“ယွမ်ငါးထောင်။ ဘယ်လိုလုပ်ပြီး ငါ အဲ့လောက် ရှိမှာလဲ။ ငါ့မှာ ယွမ်သုံးရာပဲ ရှိတယ်။”
ကျောက်ဖန်းယွီက ဖြူဖျော့စွာဖြင့် ပြောလိုက်သည်။
“ငါမင်းကို ကူညီမယ်။ ငါ့ရဲ့ ဝီချက်အန်ပေါင်းထဲမှာ နှစ်ထောင်ရှိတယ်။ ဒါက ငါမင်းအတွက် အများဆုံး လုပ်ပေးနိုင်တာပဲ။”
ကျွန်တော် သူ့ကို ပြောလိုက်သည်။ ကျွန်တော် ပြောသည်ကို ကြားသည့်အချိန်တွင် ကျောက်ဖန်းယွီ၏ မျက်နှာက ပြန်၍ စိုပြေလာသည်။ သူက ကျွန်တော့်အားကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်ကွာ။ တကယ်လို့ ယွမ်နှစ်ထောင်ဆိုရင် ငါ လိုက်ချေးဖို့ သိပ်မများတော့ဘူး။”
“ကောင်းပြီ။”
ကျွန်တော် ကျောက်ဖန်းယွီကို ကြည့်ပြီး ပြောလိုက်သည်။ သူက ကျွန်တော့်၏ သူငယ်ချင်းဖြစ်သည်။ ပြီးနောက် ကျွန်တော်ကူညီနိုင်တာ ရှိလျှင် သေချာပေါက် ကူညီမှာဖြစ်သည်။ တခြားသူများက ဒီလောက် ကံမကောင်းကြပေ။ ချန်ကျရှန်းက စာကို မြင်သည့်အချိန်တွင် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ကျွန်တော်တို့ အတန်းထဲတွင် သူ၏ မိသားစုက သာမာန်မျှသာ ဖြစ်သည်။ ယွမ်ငါးထောင်ကို မီးရှို့ရမည်ဆိုသည့် တာဝန်ကို မြင်သောအခါ သူက ကြံရာမရ ဖြစ်သွားသည်။
အထက်တန်းကျောင်းသားများတွင် ရှိသည့်ပိုက်ဆံက ကန့်သတ်ထားပြီး မျိုးရိုးစဉ်ဆက် ချမ်းသာလာခြင်း မဟုတ်လျှင် ဤကဲ့သို့ ပိုက်ဆံအမြောက်အများ ရှိဖို့က ခက်ခဲသည်။
အလုပ်ရှိလျှင်တောင် ယွမ်ငါးထောင်က ငွေပမာဏ အနည်းငယ် မဟုတ်ပေ။ အလုပ်မရှိသည့် သူများကိုတော့ ပြောစရာပင် မလိုပေ။
ချန်ကျရှန်းက သူ၏ သူငယ်ချင်းများကို ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကြည့်ပြီး ပြောလိုက်သည်။
“ဘယ်သူငါ့ကို ပိုက်ဆံချေးနိုင်လဲ။ ငါ ပြန်ပေးမယ်လို့ ကတိပေးပါတယ်။”
သို့သော် သူဤသို့ ပြောလိုက်သည့်အချိန်တွင် မည်သူမှ ပါးစပ် မဟကြပေ။ အကုန်လုံးက သူ၏ အကျင့်ကို သိနေကြသည်။ အဘယ့်ကြောင့်ဆိုသော် အတန်းထဲရှိ လူတော်တော်များများက သူ့ကို ပိုက်ဆံချေးလျှင် သူက ဘယ်တော့မှ ပြန်မပေးပေ။
ဒီလူလေးယောက်ထဲတွင် လီယုထျန်းက သက်တောင့်သက်သာ အရှိဆုံးဖြစ်သည်။ သူက မျိုးရိုးစဉ်ဆက် ချမ်းသာလာသည့်သူဖြစ်သည်။ သူ့တွင် ဘဏ်စာရွက်များရှိသည်။ ကျွန်တော်တို့ မျှော်လင့်ထားသည်ထက် ပိုရှိသည်။
သူ မတ်တပ်ရပ်လိုက်ပြီး စတိတ်စ်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာသည်။ ပြီးနောက် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအမြောက်အများကို ယူလိုက်ပြီး မကြည့်ဘဲ မီးရှို့လိုက်သည်။ သူ့လက်ထဲရှိ ငွေစာရွက်များက ကျွန်တော်တို့ မျက်စိရှေ့တွင်ပင် ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ဤကဲ့သို့ အပြုအမူက အမှန်ပင် ထူးခြားသည်။
သူ မီးရှို့ပြီးသည်နှင့် တံခါးစောင့်က ဝီချက်ဂရုထဲတွင် ပို့ခဲ့သည်။
“လီယုထျန်း တာဝန်ပြီးမြောက်တယ်။ ဝီချက်အန်ပေါင်း ပို့ပြီးပြီ။”
“ဟားဟား။ တကယ်လို့ တာဝန်တွေက ဒီလိုမျိုး ရိုးရှင်းမယ်ဆိုရင် အရမ်းကောင်းမှာပဲ။”
လီယုထျန်းက မောက်မာစွာ ပြောလိုက်သည်။
သူက သူ့ထိုင်ခုံဆီသို့ ပြန်သွားသည့် အချိန်တွင် ချန်ကျရှန်းက သူ့ထံ အမြန်ပြေးလာပြီး သူ့ကို စိတ်လှုပ်ရှားသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။ သူက တုန်ရင်နေသည့် အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ငါ့ကို ယွမ်ငါးထောင် ချေးနိုင်မလား။”
“ဒါပေါ့။ ယွမ်ငါးထောင်အတွက်တော့ ငါ ဂရုမစိုက်ပေမဲ့ မင်းက ပြန်ရော ပေးနိုင်ပါ့မလား။”
လီယုထျန်းက သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် မေးလိုက်သည်။
လီယုထျန်း ပြောသည့်စကားကို ကြားသည့်အခါ ချန်ကျရှန်းက ခေါင်းညိတ်လိုက်သည်။
“ငါ မင်းကို သေချာပေါက် ပြန်ပေးမယ်။ ငါ့ကို ယုံပါကွာ။”
“မင်းကို ယုံရမယ် ဟုတ်လား။ ငါ မင်းအကျင့်ကို မသိဘူးများ မှတ်နေလား။”
လီယုထျန်းက သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် စိတ်မရှည်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“သွားစမ်းပါ။ တခြားတစ်နေရာမှာ သွားချေးချေ။ ငါမင်းကို ချေးဖို့ ပိုက်ဆံ မရှိဘူး။”
“မလုပ်ပါနဲ့။ မင်းငါ့ကို ပိုက်ဆံချေးသ‌၍ မင်းက အနာဂတ်မှာ ငါ့ရဲ့ သူဌေး ဖြစ်နိုင်ပြီး မင်းခိုင်းသမျှ ငါလုပ်ပါ့မယ်။”
ချန်ကျရှန်းက လီယုထျန်းကို မြှောက်ပင့်ပြီး ပြောလိုက်သည်။
“မင်း ဘာမဆို လုပ်မှာလား။”
လီယုထျန်းက မျက်စိမှိတ်ပြီး ပြောလိုက်သည်။
“ဒါပေါ့။”
ချန်ကျရှန်းက ခေါင်းညိတ်လိုက်သည်။
“တခြားအတန်းက မင်းရဲ့ ကောင်မလေးက အရမ်းချောတယ်လို့ ငါကြားတယ်။ ငါတွေ့လိုက်တော့ သိပ်ပြီး မဆိုးပါဘူး။”
လီယုထျန်းက သူ့ကို ပြောလိုက်သည်။
“တကယ်လို့ မင်း သူမကို လိုချင်ရင် မင်းယူလိုက်လေ။”
ချန်ကျရှန်းက အမြန်ပြောလိုက်သည်။ သူက ဒီအချိန်တွင် ကောင်မလေးကို ဂရုမစိုက်နိုင်တော့ဘဲ သူ့အသက်က ပို၍ အရေးကြီးနေပေသည်။
“ငါ သူမကို မလိုချင်ပါဘူး။”
လီယုထျန်းက ပြောလိုက်ပြီးနောက် သူ့နားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ ချန်ကျရှန်း၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက လီယုထျန်းကို ကြည့်လိုက်သည်။
“ဒါက မကောင်းဘူးထင်တယ်နော်။”
“ဒါဆိုရင်လည်း မင်း တခြားတစ်ယောက်ဆီကနေ ပိုက်ဆံ သွားချေးပေါ့။ တစ်ယောက်ယောက်က မင်းကို ချေးပါလိမ့်မယ်။”
လီယုထျန်းက လက်ခါပြပြီး ပြောလိုက်သည်။ ချန်ကျရှန်းက အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ သူဌေး ဒါဆိုရင် ခင်ဗျား ကျွန်တော့်ကို ကူညီရမှာနော်။”
“ရတယ်။ အခုအချိန်ကစပြီးတော့ မင်းကငါ့ရဲ့ ညီပဲ။”
လီယုထျန်းက ပြုံးလိုက်ပြီး သူ၏ လွယ်အိတ်ထဲမှ ပိုက်ဆံကို ထုတ်လိုက်သည်။ ဒါကို မြင်သည့်အချိန်တွင် ကျွန်တော်တို့ အံ့အားသင့်သွားကြသည်။ လီယုထျန်းက အမှန်တကယ်ပင် အလွန်ချမ်းသာသည်။ သူ ငွေအများကြီး သယ်လာမည်ဟု ကျွန်တော်တို့ ထင်မထားပေ။ ချန်ကျရှန်းက ပိုက်ဆံကို ယူလိုက်ပြီး စင်မြင့်ပေါ်သို့ တုန်ရင်စွာဖြင့် တက်သွားသည်။ လူတိုင်း၏ အကြည့်များထဲတွင် အထင်သေးမှု ပါနေသည်။ သူက ခေါင်းငုံ့လိုက်ကာ မီးခြစ်ဖြင့် ငွေများကို စတင်မီးရှို့လိုက်သည်။
ချန်ကျရှန်း၏ မျက်နှာက ရှုံ့မဲ့နေသည်။ သူ မီးရှို့နေသည်မှာ ယွမ်ငါးထောင်ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုအရာက လုံးဝ အလဟဿဖြစ်သွားသည်ဟု ပြောလို့ ရပေသည်။ သို့သော် အသက်နှင့် ယှဉ်လျှင် ဤအရာက ဘာမှမဟုတ်ပေဟု ပြော၍ ရပေသည်။
ချန်ကျရှန်းက ထိုကဲ့သို့ပင် သူ့ဘာသာ ဖြေသိမ့်လိုက်သည်။ ပြီးနောက် ငွေများက အပြည့်အဝ လောင်ကျွမ်းသွားကြသည်။ ပြီးနောက် သူက သူ၏နေရာတွင် ပြန်ထိုင်လိုက်သည်။ ဒီအချိန်တွင် ကျောက်ဖန်းယွီနှင့် မော့ယူတို့က ယွမ်ငါးထောင် မီးရှို့ရန်ကျန်သေးသည်။ သူတို့နှစ်ယောက်လုံး၏ မိသားစုများမှာ သာမာန်မျှသာဖြစ်သည်။ ဒီအချိန်တွင် သူတို့က ယွမ်ငါးထောင်ရရန် ခက်ခဲသည်။
မော့ယူက လီယုထျန်းကို ကြည့်လိုက်သည့်အချိန်တွင် လီယုထျန်းက ပြောလိုက်သည်။
“ငါ့မှာ ပိုက်ဆံ အပိုမရှိတော့ဘူး။ မင်းဘာသာ ပိုက်ဆံ လိုက်ချေးရတော့မယ်။”
မော့ယူက အတန်းထဲရှိသူများထံမှ ပိုက်ဆံလိုက်ချေးလိုက်သည်။ ကျွန်တော့်တွင် ရှိသမျှ ပိုက်ဆံ အကုန်လုံးအား ကျောက်ဖန်းယွီကို ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်တွင် သူ့အားချေးရန် ပိုက်ဆံ မကျန်တော့ပေ။ ပြီးနောက် အခန်းထဲရှိသူမျာက ကျောင်းသားများသာဖြစ်ပြီး ပိုက်ဆံ အမြောက်အများ မရှိပေ။
“အမြန် ပိုက်ဆံ မြန်သွားချေးချေလေ။ ကိုးနာရီကျန်သေးတယ်။ နင်တို့အတွက် လုံလောက်မှာပါ။”
ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
မော့ယူက ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ ကျောက်ဖန်းယွီက အံကြိတ်ကာ ကျွန်တော့်အား တောင်းပန်ကာ ကျွန်တော့်၏ ဘဏ်ကဒ်ကိုယူကာ အခန်းထဲမှ ပြေးထွက်သွားတော့သည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်လုံး ပိုက်ဆံသွားချေးကြသည်ဖြစ်မည်။ အခန်းထဲတွင် ကျောင်းသားများက စကားပြောနေကြသည်။
“နင်သူ့ကို ဘယ်လောက်ချေးလိုက်တာလဲ။”
မော့ကျင်းယွီက ကျွန်တော့်အားမေးသည်။
“ငါ့ထဲမှာ ရှိသမျှ အကုန်ပဲ။ ဒီတာဝန်နှစ်ခုကရတဲ့ ဝီချက်အန်ပေါင်းတွေလည်း ပါတယ်။”
ကျွန်တော် ပြောလိုက်သည်။
“နင် သူ့ကို တကယ်ယုံတာပဲ။”
မော့ကျင်းယွီက ပြောသည်။
“ငါ့ရှေ့မှာ ဘယ်သူ့ကိုမှ မသေစေချင်တော့ဘူး။”
ကျွန်တော် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“ကျွန်တော့်၏ မျက်ဝန်းများထဲတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ရှိနေသည်။
အတန်းပိုင်ဆရာမက အတန်းထဲသို့ ဝင်လာပြီး သူမက မြေပြင်ပေါ်ရှိ ပြာများကို တွေ့သည့်အချိန်တွင် အတန်းထဲတွင် တစ်ယောက်ယောက်က စာရွက်များအား မီးရှိုးခဲ့လားဟု သူမ မေးခဲ့သည်။
မည်သူကမှ သူမ မေးသည်ကို မဖြေပေ။ ကျွန်တော်တို့က အတန်းပိုင်ဆရာမအား စာရွက်အား မီးရှို့ခဲ့ခြင်း မဟုတ်ဘဲ ပိုက်ဆံများအား မီးရှို့ခဲ့သည်ဟု မပြောနိုင်ပေ။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset