အခန်း ၁၀

အပိုင်း ၁၀- သရဲပုံပြင်များ၏အဆက်

ချက်ချင်းပင် ကျောင်းဆင်းသည်နှင့် ကျွန်တော် ဝမ်ရင်းယန်ကို ခေါ်လိုက်သည်။ ကျွန်တော် ဝမ်ရင်းယန်ကို ထိုအကြောင်းပြောသောအခါ ချက်ချင်းပင် ဝမ်ရင်းယန်က တံခါးစောင့် ကျွန်တော့်အားပေးသည့် တာဝန်ကို မေးတော့သည်။ ကျွန်တော် သူ့ကို ပြောလိုက်သည့်အခါ ချက်ချင်းပင် သူက ကျွန်တော့်ကို လေးနက်စွာပြောသည်။
“ပိုက်ဆံကို အတန်းထဲမှာ မီးရှို့တာက ဒါက အရမ်းထူးဆန်းတယ်။ ဒီအပြုအမူက တရုတ်ရိုးရာ ပိုက်ဆံမီးရှို့ခြင်းလို့ ခေါ်တယ်။ ဒါက သရဲကို သူ့ရဲ့စွမ်းအား ပိုကြီးလာနိုင်အောင် လုပ်ပေးနိုင်တယ်။”
ဒီစကားက ကျွန်‌တော့်ကို ချက်ချင်းပင် တံခါးစောင့်က ကျွန်တော်တို့အား ဒီလိုမျိုးတာဝန်ပေးရသည့် ရည်ရွယ်ချက်ကို သိသွားစေပြီး လူတစ်ယောက်က သေဆုံးသွားပြီ ဖြစ်သည်။
“ဒါနဲ့ ကျွန်တော် တံခါးစောင့်ရဲ့ တကယ့်ခဏ္ဓာကိုယ်ကို တွေ့လိုက်ရတယ်။ အဲဒါက သရဲမပဲ။”
ကျွန်တော်က ပြောလိုက်သည်။
“ဟုတ်လား။”
“ဒါဆိုရင် ရင်ဆိုင်ဖို့ လွယ်တယ်။ ငါမင်းကို တစ်ချို့အရာတွေ ဆက်လုပ်ပေးဖို့လိုအပ်တယ်။”
ဝမ်ရင်းယန်က ပြောလိုက်သည်။
“ခင်ဗျား ကျောင်းကိုလာလို့မရဘူးလား။ ခင်ဗျားရဲ့ စွမ်းရည်နဲ့ဆိုရင် သရဲကို လွယ်လွယ်နဲ့ နှိမ်နင်းနိုင်ပါတယ်။”
ကျွန်တော် မေးလိုက်သည်။
ဝမ်ရင်းယန်က ကျွန်တော့်အား သရဲတွေက လွယ်လွယ်နဲ့ ရင်ဆိုင်လို့မရမှန်း ပြောလိမ့်မည်ဟု ဘယ်သူသိမည်နည်း။
ကျွန်တော်တို့ အခန်းထဲမှ သရဲမက ဘယ်လောက် အစွမ်းရှိလဲဆိုသည်ကို ရှာဖွေရမည်ဖြစ်သည်။ တကယ်လို့ အဲဒါက အဆင့်မြင့်သရဲဆိုလျှင် သူက ထိုအရာကို ရင်ဆိုင်နိုင်သည်။ အကယ်၍ ထိုအရာက အလွန်အဆင့်မြင့်သော သရဲဆိုရင် သူ‌တောင်မှ ထိုအရာကို မရင်ဆိုင်နိုင်ပေ။
သူဒါကို ပြောသည်ကို ကြားသောအခါ ကျွန်တော် အေးစက်သွားပြီး ဝမ်ရင်းယန်က ဒီလိုမျိုးသရဲတွေကို မနိုင်ဘူးဆိုတာ ကျွန်တော် မတွေးခဲ့ပေ။ ဒီတော့ ကျွန်တော်တို့က တံခါးစောင့်ကို ဆက်ပြီးတော့ သည်းခံနေရဦးမည်လား။
သို့သော် ဝမ်ရင်းယန်၏စကားများက ကျွန်တော့်ကို ပြန်သတိရသွားစေသည်။ သူက ကျွန်တော့်ကို အခန်းထဲတွင် ပန်းကန်လုံးတစ်လုံးဖြင့် ဆန်ကို ထည့်ထားရန်ပြောခဲ့သည်။ ပြီးနောက် ဆန်၏အရောင်ကို ကြည့်ခိုင်းသည်။ တကယ်လို့ ထိုအရာက အနည်းငယ်သာ အနက်ရောင်ပြောင်းသွားလျှင် ထိုအရာက သရဲမသည် အရမ်းအစွမ်းမထက်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒီအရာက သရဲများ မည်မျှအစွမ်းထက်သည်ကို ပြသခြင်းဖြစ်သည်။ ထိုမှသာ သူက သရဲနှင့် ရင်ဆိုင်လို့ ရမရ သိရမှာဖြစ်သည်။
ကျွန်တော် ဒါကိုကြားသေားအခါ ကျွန်တော်အမြန် ခေါင်းညိတ်လိုက်ပြီး လေးချိန်မြောက် အတန်းပြီး၍ နေ့လည်ခင်းတွင် ကျွန်တော် အခန်း၏အလယ်တွင် ဆန်ခွက်တစ်လုံး ထားလိုက်သည်။
ကျွန်တော့်၏အကြည့်များက ကျွန်တော့်ရှေ့တွင် ရှိနေပြီး ကျွန်တော့်ရင်ထဲတွင် စိုးရိမ်နေသည်။ ခဏကြာသောအခါ ခွက်ထဲမှ ဆန်များသည် အနည်းငယ် ညစ်စွန်းသွားပြီး အနက်ရောင်ဖြစ်ပေါ်လာပြီး အမြန်ပြန့်သွားသည်။ မကြာခင်တွင် ကျွန်တော့်ရှေ့မှ ထည့်ထားသည့် ဆန်ပန်းကန်လုံးထဲမှ ဆန်တစ်ဝက်က အနက်ရောင်ပြောင်းသွားသည်။
ကျွန်တော်က ပန်းကန်လုံးကို ချလိုက်သည့်အခါ ကျွန်တော် ကြက်သေသေသွားသည်။ ပန်းကန်လုံးထဲမှ ဆန်တစ်ဝက်က အနက်ရောင်ဖြစ်သွားတာ ဖြစ်သည်။
ဘာဖြစ်တာတုန်း။ဘာကြီးလဲ။ အဲဒါက အရမ်းအစွမ်းထက်တာလား။
ကျွန်တော် ဒီအတွေးဖြင့် ဝမ်ရင်းယန်ကို ခေါ်လိုက်သည်။
ဝမ်ရင်းယန်က ကျွန်တော့်ကို ဆန်တစ်ဝက် အနက်ရောင်ဖြစ်တာက ဟန်ကျိယုက အရမ်းအငြိုးမကြီးတဲ့ သရဲမို့လို့ ရင်ဆိုင်နိုင်လောက်သည်ဟု ပြောသည်။
ဒါကိုကြားသောအခါ ကျွန်တော်နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ ခု ကျွန်တော်တို့ သူ့အပေါ် မျှော်လင့်ချက်ထားလို့ ရသွားပြီဖြစ်သည်။
ကျွန်တော်က သရဲများနှင့် ဘယ်လိုရင်ဆိုင်ရမလဲ မသိပေ။ ပြီးနောက် ကျွန်တော်က ပရလောက အကြောင်းလည်း ဘာမှနားမလည်ပေ။ ကျွန်တော် ဝမ်ရင်းယန်ကို ဟန်ကျိယုအား ဘယ်လို နှိမ်နင်းရမည်ဆိုသည်ကို စ၍မေးလိုက်သည်။ ဝမ်ရင်းယန်က ကျွန်တော့်အား ဟန်ကျိယုက လွယ်လွယ်နဲ့ ဖယ်ရှားလို့မရဘူး ဆိုသည်ကို ပြောခဲ့သည်။ သူမနှင့် ရင်ဆိုင်ရမည်က အလွန်ပြသနာများသည့် ကိစ္စဖြစ်သည်။
သို့သော် သာမန်ဘဝကို နေထိုင်ရန်အတွက် ကျွန်တော်က ဝမ်ရင်းယန်ကို ဘာကိစ္စတွေပဲဖြစ်ဖြစ် လုပ်မည်ဟု ကတိပေးခဲ့သည်။
ဝမ်ရင်းယန်က တကယ်လို့ သူက ဟန်ကျိယုကို နှိမ်နင်းချင်ရင် ကျွန်တော့်၏ လက်ချောင်းကို ဖြတ်ပြီး ဟန်ကျိယုကို နေရာတစ်ခုစီသို့ မိတ်ဆက်ပေးရမှာဖြစ်ပြီး သူမကို ထိုနေရာတွင် ပိတ်ထားရမှာဖြစ်သည်။ သို့သော် ဒီလိုမျိုးအရာက အလွန်အန္တရာယ်များသည်။ သူက ကျွန်တော့်ကို ကြိုးစားမကြည့်ရန်ပြောသည်။
သို့သော် ဒီအချိန်တွင် ကျွန်တော် ဘာမှ ဂရုမစိုက်တော့ပေ။ ကျွန်တော် သူ၏ နည်းလမ်းကိုသုံးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ပြီးနောက် ဒီအချိန်တွင် ဝမ်ရင်းယန်က ကျွန်တော့်အား ပြောသည်။ ဟန်ကျိယုက သရဲဖြစ်ပြီး သာမန်သရဲများကို နှိမ်နင်းတဲ့နည်းက သူမအတွက် အသုံးမဝင်ပေ။ သူမက သရဲခြောက်သည့်နေရာတစ်ခုကို မိတ်ဆက်ပေးရမှာဖြစ်သည်။
သူပြောတာကို ကြားသည့်အခါ ကျွန်တော် ခဏတာ ကြက်သေသေသွားပြီး ရုတ်တရက် တွေးမိလိုက်သည်။ ကျောင်းမှာ သရဲခြောက်တဲ့ နေရာတစ်နေရာ ရှိတယ်မဟုတ်ဘူးလား။ အဲဒါက ကျောင်းရဲ့ ပစ္စည်းထားတဲ့နေရာပဲ။ အဲ့နေရာတွင် အလွန်သရဲခြောက်သည်။
ထိုအချိန်တုန်းက အုပ်စုတစ်စုက လူတစ်ယောက်အား သေတဲ့အထိ ထိုးနှက်ပြီးသတ်ခဲ့သည်။ ပြီးတော့ ဒီက ကျောင်းသားတွေကလည်း တစ်ယောက်ပြီးတစ်ယောက် အဲ့မှာသေခဲ့သည်။ ထိုအချိန်မှစပြီး လူတွေက ကျောင်း၏ ပစ္စည်းသိုလှောင်ခဏ်းကို ရှောင်ရှားခဲ့ကြတော့သည်။
ထို့ကြောင့် ထိုနေရာသည် ကျောင်း၏ ပစ်ပယ်ထားသောနေရာ ဖြစ်လာသည်။ ကျောင်းက ထိုနေရာသို့ မည်သူမှ မဝင်နိုင်အောင် အတားအဆီးနဲ့ ပြုလုပ်ထားသည်။ မဟုတ်လျှင် သတင်းက ပြန့်သွားမှာဖြစ်သည်။
ယခု ထိုနေရာက သရဲခြောက်သောနေရာဖြစ်သည်။ သို့သော် ဝမ်ရင်းယန်၏ စကားများကို ကျွန်တော် အပြည့်အဝ နားမလည်ပေ။ ဟန်ကျိယုကို ဆန့်ကျင်ရန် အဘယ်ကြောင့် သရဲခြောက်သည့်နေရာတစ်နေရာ ရှာခိုင်းသနည်း။
ကျွန်တော် သံသရဖြစ်စွာဖြင့် ဝမ်ရင်းယန်ကို မေးလိုက်သည့်အခါ ဝမ်ရင်းယန်က ပြန်ပြောသည်။
“ပြောရရင်သရဲတွေက သူတို့ရဲ့ ကိုယ်ပိုင်နေရာတွေရှိတယ်။ သရဲတွေက သူတို့ရဲ့နေရာတွေမှာ ကျက်စားကြတယ်။ ဒါကြောင့် သရဲခြောက်တဲ့နေရာတွေမှာ လူသေမှုတွေဖြစ်တာ။”
“တကယ်လို့ မင်းက ဟန်ကျိယုကို အဲ့နေရာကို မိတ်ဆက်ပေးလိုက်ရင် မင်းက သရဲနှစ်ကောင်ကို ချခိုင်းလို့ရပြီ။ ဟန်ကျီယုရဲ့ စွမ်းအားကို အားနည်းစေမှာဖြစ်တယ်။ ဒါဆိုရင် ငါ သူမနဲ့ ရင်ဆိုင်ဖို့ အရမ်းလွယ်သွားမှာ။”
ဒါကို ကြားပြီး ကျွန်တော် ဝမ်ရင်းယန်အကြံက ဒီလိုဆိုတာကို နားလည်လိုက်သည်။ သို့သော် ဒါကလည်း ကောင်းသည့်အကြံဖြစ်သည်။
ဒါကိုတွေးရင်း ကျွန်တော် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ အမြန်ပင် ကျွန်တော် ဖုန်းချလိုက်သည်။ ကျွန်တော် ဖုန်းချလိုက်ပြီးသည့်အချိန်တွင် ကျွန်တော် ကျက်သိမ်းထလာသည်။ အနောက်မှ အေးစက်မှုကို ကျွန်တော် ခံစားလိုက်မိသည်။ အနောက်မှာ ကျွန်တော့်ကို ချောင်းကြည့်သည့် လူတစ်ယောက်ရှိနေသလို
ကျွန်တော် ရုတ်တရက် နားလည်သွားသည်။ ဟန်ကျိယုက ကျွန်တာ့်၏နောက်မှာဖြစ်သည်။ ကျွန်တော် ခဏ္ဓာကိုယ်က ကြောက်လန့်မှုဖြင့် တုန်ရင်နေသွားသော်ငြား ကျွန်တော် လှည့်မကြည့်ရဲပေ။ ဒီအချိန် ကျွန်တော် ဖုန်းကိုချလိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည်။
ဟန်ကျိယုကို ဒီလိုမျိုး ဦးဆောင်သွားရမှာလား။ ဒါပေမဲ့ ကျွန်တော့်ကို သတ်မှာလား။
ကျွန်တော် ဒီလိုမျိုးဖြစ်နေစဉ်တွင် ကျွန်တော် နောက်မှ အသံတစ်သံ ကြားလိုက်သည်။
“နင်အလိမ်ခံနေရပြီ။ ငါက တံခါးစောင့်မဟုတ်ဘူး။”
ကျွန်တော် ဒီအသံကိုကြားသောအခါ ကျွန်တော် ကြက်သေသေသွားသည်။ အသံက အေးစက်သော်ငြား ဒီအသံကို ကျွန်တော် ကြားလိုက်သည်နှင့် နားလည်သည်။ ဒီအသံက ဟန်ကျိယု ဖြစ်ရမည်။
သူမက ကျွန်တော့်ကို စကားတောင် ပြောခဲ့သည်။
ကျွန်တော် ခဏလောက် ကြက်သေသေသွားပြီး ကျွန်တော့်၏ခေါင်းထဲတွင် ထူးဆန်းသည့်အတွေးများ ဝင်လာသည်။
‘သူမ ပြောတာက အမှန်လား။ တကယ်လို့ သူမက တံခါးစောင့်မဟုတ်ရင် ဝမ်ရင်းယန်က ငါ့ကို လိမ်နေတာလား။ ဒါပေမဲ့ သူက ငါ့ကို လိမ်စရာအကြောင်းအရင်းမရှိဘူး။’
ဒါက သူ့အတွက် ဘာအကျိုးကျေးဇူးပေးလို့လဲ။ ကျွန်တော့် ရင်ထဲတွင် စိတ်ရှုပ်နေစဉ် ခဏလောက်တွေးပြီး ကျွန်တော် နောက်ကို လှည့်မကြည့်ပေ။
“မင်းက တံခါးစောင့်မဟုတ်ဘူးဆိုရင် တံခါးစောင့်က ဘယ်သူလဲ။”
ကျွန်တော် ဒါကို ပြောလိုက်သည့်အချိန်တွင် ကျွန်တော် ဘာသံမှမကြားရတော့ပေ။ ကျွန်တော့်၏ နောက်မှ အေးစက်သည့် ခံစားချက်ကလည်း ပျောက်ကွယ်သွားသည်။ ကျွန်တော် လှည့်ကြည့်လိုက်သောအခါ ကျွန်တော် ဟန်ကျိယုကို မမြင်ရတော့ချေ။
ဒီအချိန်တွင် ကျွန်တော် စိတ်သက်သာရာရသွားသည်။ ကျောက်ဖန်းယွီက လာပြီး ကျွန်တော့်ကို ထူးဆန်းစွာကြည့်ပြီး ပြောလိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ။ မင်းကို ကြည့်ရတာ တစ်ခုခုကို ကြောက်နေသလိုပဲ။”
“ဘာမှမဟုတ်ပါဘူး။”
ကျွန်တော် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ဟန်ကျိယုက တံခါးစောင့် မဟုတ်ရင်ရော။”
“ဒါက မဖြစ်နိုင်ဘူး။”
ကျောက်ဖန်းယွီက ကျွန်တော့်ကို သံသရရှိသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အကုန်လုံးက သူမက တံခါးစောင့်ဆိုတာကို ဆုံးဖြတ်ထားကြပြီးပြီ။ သူမက အခု ငါတို့ အတန်းထဲမှာတောင် ရှိနေပြီပဲကို။”
“ဒါပေမယ့်…”
ကျွန်တော် တုံ့ဆိုင်းလိုက်ပြီး ခေါင်းခါလိုက်သော်ငြား ကျွန်တော့်၏ရင်ထဲတွင် သံသရများဖြင့် ပြည့်နေသည်။
ဘာကြောင့်မှန်းမသိ ကျွန်တော် အမြဲတမ်း ဟန်ကျိယုပြောတာက မှန်သည်ဟု ခံစားနေရသည်။ သူမက တံခါးစောင့် မဟုတ်လောက်ပေ။ မဟုတ်လျှင် ကျွန်တော်တို့အား သူမ ဒုက္ခပေးမှာ ဖြစ်သည်။ အကယ်၍ သူမပြောသည်က မှန်နေလျှင် ဝမ်ရင်းယန်က ကျွန်တော့်အား လိမ်နေခြင်းဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဝမ်ရင်းယန်က ကျွန်တော့်ကို လိမ်နေသနည်း။ သူ့တွင် အကြောင်းအရင်းမရှိချေ။ ပြီးနောက် ကျွန်တော် သူ့ကို ပိုက်ဆံတောင်မပေးပေ။
ကျွန်တော် ဒါကို တွေးနေစဉ် ကျွန်တော် တစ်ခုခုကို တွေးမိပြီး အမြန်ပြောလိုက်သည်။
“ကျောက်ဖန်းယွီ မင်း အတန်းခေါင်းဆောင် တွေ့ခဲ့တဲ့ အဖိုးကြီးရဲ့အိမ်ကို ဘယ်မှာလဲဆိုတာ မင်းသိလား။”
“အေး ငါဒါတော့ သိတယ်။ ဒီလူက ငါတို့ ရပ်ကွက်မှာ အရမ်းကျော်ကြားတယ်။”
ကျေက်ဖန်းယွီက ပြောသည်။
“ကောင်းပြီ။ သူ့ရဲ့လိပ်စာ ငါ့ကို ပြောစမ်းပါ။ ငါ သူ့ကို သွားပြီး တွေ့ချင်လို့”
ကျွန်တော် ပြောလိုက်သည်။
“ကောင်းပြီလေ”
ကျောက်ဖန်းယွီက ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်ကို လိပ်စာပေးလိုက်သည်။
ကျွန်တော် ကျောင်းကနေ ထွက်ခဲ့ပြီးနောက် ညနေခင်း ကိုယ့်ဘာသာ စာကြည့်ချိန်ကိုတောင် ကျွန်တော် မတက်‌ရောက်ခဲ့ပေ။
အခု ကျွန်တော် ဘယ်သူက ကျွန်တော့်ကို လိမ်နေလဲဆိုသည်ကို ရှာချင်သည်။ အဲဒါ ဟန်ကျိယုလား ဒါမှမဟုတ် ဝမ်ရင်းယန်လား။
ကျောက်ဖန်းယွီ ကျွန်တော့်ကို ပေးသည့်လိပ်စာအတိုင်း ကျွန်‌တော်လိုက်ရှာရင်း အဖိုးအိုအိမ်သို့ ရောက်လာသည်။ ကျွန်တော် ထိုနေရာသို့ ရောက်လာသည့်အချိန်တွင် ကျွန်တော် ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်မျိုးရလာသည်။ ထို ခံစားချက်က နည်းနည်း ဝမ်းနည်းနေသည့် အရိပ်အယောင်ပါသည်။
ကျွန်တော် ဝင်သွားသောအခါ လူတစ်ချို့က ဝိုင်းအုံနေတာကို ကျွန်တော် မြင်လိုက်ရသည်။
ကျွန်တော် ထိုနေရာသို့ သွားသည့်အခါ ကျွန်တော် ရုတ်တရက် ကြက်သေသေသွားသည်။
ကျွန်တော် ဝင်သွားကြည့်သည့်အခါ ကျွန်‌တော်၏အကြည့်က အခေါင်းပေါ်သို့ ရောက်သွားပြီး ကျွန်တော့် တစ်ကိုယ်လုံး တုံ့ဆိုင်းသွားသည်။ အခေါင်းထဲရှိလူက အတန်းခေါင်းဆောင် ဖိတ်ခဲ့သည့် အဖိုးအိုဖြစ်ပြီး မမျှော်လင့်စွာနဲ့ သူကအခု သေဆုံးသွားပြီဖြစ်သည်။
ကျွန်တော် ကြည့်လိုက်ပြီး သက်လတ်ပိုင်းလူတစ်ယောက်အား မေးလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒီအဖိုးအိုက ဆုံးသွားတာလဲ။”
သက်လတ်ပိုင်းလူက ကျွန်တော့်ကို ကြည့်လိုက်ပြီး ညင်သာသည့်အသံဖြင့်
“သူက တမြန်မနေ့က ဆုံးသွားတာ။”
‘တမြန်မနေ့က အဲဒါက အတန်းခေါင်းဆောင် သူ့ကို ဖိတ်ခဲ့တဲ့နေ့ မဟုတ်ဘူးလား။ သူက အိမ်ပြန်ရောက်တာနဲ့ တန်းသေသွားတာလား။’ ကျွန်တော့်၏အမူအရာက ပြောင်းလဲသွားပြီး ကျွန်တော့် တစ်ကိုယ်လုံး အေးစက်လာသည်။ ကျွန်တော် လှည့်ကြည့်လိုက်ပြီး အံ့သြစွာနဲ့ ပြောလိုက်သည်။
“သူ ဘယ်လို သေသွားတာလဲ။”
ကျွန်တော့်ကို ဒီလိုမျိုးမြင်လိုက်သည့်အခါ သတ်လက်ပိုင်းလူက ထပ်၍ပြောလိုက်သည်။
“သူ တမြန်မနေ့က ပြန်ရောက်လာတာနဲ့ သူက ကောင်းကင်ဘုံနဲ့ ငရဲရဲ့လျှို့ဝှက်ချက်တွေက ပေါက်ကြားသွားပြီ လို့ပြောပြီး သူက ရုတ်တရက် အရမ်းဖျားပြီး ဆုံးသွားတာပဲ။”
“ဒါပဲ”
ကျွန်တော် ဒါကို ပြောလိုက်ပြိးနောက် ကျွန်တော် လှည့်လိုက်ပြီး ခဏတာ စိတ်ရှုပ်သွားသည်။ အချိန် ခဏတာအတွင်း ဒီလိုမျိုး မယုံကြည်နိုင်စရာကောင်းတဲ့အရာက ဖြစ်ပေါ်လာတယ်။
ဟန်ကျီယု ဝမ်ရင်းယန် ဘယ်သူက ငါ့ကို လိမ်နေတာလဲ။
‘ဒီ အဖိုးအိုက ဘာအတွက် သေသွားတာလဲ။ သူက ငါတို့အတန်းထဲက လျှို့ဝှက်ချက်ကို သိသွားလို့လား။ ပြီးတော့ ဒီနောက်ကွယ်က လူတွေ သတ်တာခံလိုက်ရတာလား။’
ခဏတာ ကျွန်တော့်၏ ရင်ထဲတွင် အတွေးများဖြင့် ပြည့်နေပြီး ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်း မသိပေ။
ကျွန်တော် အိမ်သို့ ပြန်ရောက်သည့်အခါ ကျွန်တော် အိပ်ရာထဲတွင် တစ်ယောက်ထဲထိုင်နေပြီး ကျွန်တော့်၏စိတ်က ကွက်လပ်ဖြစ်နေသည်။ ဒီနေ့ဖြစ်တာက တကယ်ပဲ ထူးဆန်းတယ်။ ဟန်ကျိယုပြောတဲ့အတိုင်း ဝမ်ရင်းယန်က ကျွန်တော့်ကို လိမ်နေသည်လား။
ဒါကို တွေးရင်း ကျွန်တော် အမြန်အိပ်ပျော်သွားသည်။
နောက်နေ့က တနင်္ဂနွေနေ့ဖြစ်သည်။ ဒီနေ့တွင် တံခါးစောင့်က ထူးဆန်းစွာနှင့် ဘာတာဝန်မှမပေးပေ။ သူက ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလိုပင်။ ပြီးနောက် ကျွန်တော်ကလည်း ရှားပါးသည့် အခွင့်အရေးရလာသည်။ ဒီနေ့တွင် ကျွန်တော် ဝမ်ရင်းယန်ကို သွားပြီး ရှင်းရှင်းလင်းလင်း မေးမည်ဟု ဆုံးဖြတ်ခက် ချထားသည်။ သူက တကယ်ပင် ကျွန်တော့်ကို လိမ်နေသည်မှာ ဖြစ်နိုင်ပေသည်။
ဒီအတွက်ဖြင့် ကျွန်တော် ကောက်ဖန်းယွီကို ရှာလိုက်ပြီး ဝမ်ရင်းရန်၏အိမ်သို့ အတူသွားရန် ပြောလိုက်သည်။
ဝမ်ရင်းယန်၏အိမ်က မြို့ဆင်ခြေဖုန်းတွင်ဖြစ်သည်။ ထိုနေရာက ရှေးကျလွန်းသည်။ ကျွန်တော် ထိုနေရာသို့‌ရောက်သောအခါ ဝမ်ရင်းယန်က စာရေးနေသည်။ ကျွန်တော် လာသည်ကို မြင်သောအခါ သူက ဘောပင်ကို ချထားလိုက်ပြီး ပြောလိုက်သည်။
“မင်း ငါ့ဆီ လာတယ်ဆိုတော့ မင်း တစ်ခုခု ပြောစရာရှိလို့ထင်တယ်။”
ကျွန်တော်သူ့ကိုမြင်သောအခါ ကျွန်တော် ခဏလောက်သူ့ကို ကြည့်နေသော်ငြား ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ဝမ်ရင်းယန်က အရမ်းအေးအေးဆေးဆေး ပြောနိုင်သည်။ သူက ကျွန်တော့်ကိုကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကို သံသရရှိနေတာလား။”
သူ့ စကားတွေက ကျွန်တော့်ကို အံ့သြသင့်သွားစေပြီး ကျွန်တော်က ခဏလောက် ဘာဖြေရမှန်းမသိ ဖြစ်သွားသည်။
သူက လက္ဘရည်သောက်လိုက်ပြီး‌နောက် ဖြေးညင်းစွာပြောလိုက်သည်။
“စကားပုံအတိုင်းပဲ။ သရဲတွေရဲ့စကားဆိုတာ အများကြီးရှိတာပဲ။ မင်းက သရဲတွေစကားကို ယုံမှာ ငါ စိုးရိမ်တယ်။”

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset