အခန်း ၉

အပိုင်း ၉ အကြောက်တရားက ရက်စက်သည်
တံခါးစောင့်ရဲ့တာဝန်များက ပို၍ ပြင်းထန်လာသည်လို့ ပြောလို့ရသည်။ ယခု ကျွန်တော်တို့အား ပိုက်ဆံကိုပင် မီးရှို့ခိုင်းနေသည်။
ကျွန်တော်တို့အားလုံးက အထက်တန်းကျောင်းသားများ ဖြစ်၍ ကျွန်တော်တို့တွင် ပိုက်ဆံအများကြီး မရှိသည်ကို သူသိသည်။ ဒီယွမ်ငါးထောင်က ကျွန်တော်တို့အတွက် သေချာပေါက် ပိုက်ဆံအမြှောက်အများဖြစ်သည်။
မော့ယူနဲ့ ကျောက်ဖန်းယွီက ထွက်သွားကြပြီး ကြည့်ရတာ သူတို့က ပိုက်ဆံသွားချေးပုံရသည်။ သတ်မှတ်ချိန်ကလည်း တဖြည်းဖြည်းနဲ့ နီးလာသည်။
နေ့လည်ခင်းတွင် ကျောက်ဖန်းယွီက အမြန်ပြေးလာဝင်သည်။ သူ့၏အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့တွင် ပိုက်ဆံအလုံအလောက် ရှိနေပြီဟု ခဏ့်မှန်းလို့ရသည်။
သူ အခန်းထဲဝင်လာပြီးသည်နှင့် ဘာမှမပြောဘဲ ချက်ချင်းပင် ငွေစာရွက်များကို မီးရှို့လိုက်သည်။ ငွေစာရွက်များ မီးလောင်နေချိန်မှာ ကျောက်ဖန်းယွီ၏ မျက်နှာက အနည်းငယ်ရှုပ်ထွေးနေပြီး နှမြောနေသည့်ပုံပေါ်သည်။
သို့သော် သူက အမြန်ပင် သူ့နေရာသူ ပြန်ထိုင်လိုက်ပြီးနောက် ကျွန်တော့်ဘက်သို့ လှည့်ပြီး ကျေးဇူးတင်ကြောင်းပြောသည်။ ကျွန်တော် သူ့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဘယ်လိုလဲ။ ပိုက်ဆံချေးရတာ လွယ်ရဲ့လား။”
“အဲဒါအရမ်းခက်တာပဲ။ ငါ အမျိုးတော်တော်များများဆီကို ပြေးပြီးတော့ သွားချေးသေးတယ်။ သူတို့က ငါ လိမ်နေတာလို့ ထင်နေတာ။ တစ်ယောက်ပြီးတစ်ယောက် ငါ့ကို ပိုက်ဆံချေးဖို့ ငြင်းတယ်။ နောက်ဆုံးမှာတော့ သူတို့က ငါ့ကို ချေးပေးကြပါသေးတယ်။”
ကျောက်ဖန်းယွီက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အဲဒါက အရမ်း ဒုက္ခရောက်တာ မဆန်းပါဘူး။”
ကျွန်တော် သက်ပြင်းချလိုက်ပြီး ကျောက်ဖန်းယွီကို ရှုပ်ထွေးသည့်အသံဖြင့် ပြောလိုက်သည်။
“တံခါးစောင့်ရဲ့ တာဝန်တွေက ပိုပိုပြီး ခက်လာတယ်။ တကယ်လို့ အဲဒါက ယွမ်ငါးထောင်မဟုတ်ဘဲ တစ်ကြိမ်မှာ ယွမ်တစ်သောင်း ဒါမှမဟုတ် ယွမ်ငါးသောင်းဆိုရင် ငါတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ယွမ်နှစ်ထောင် အတွက်ကိုတောင်မှ ငါ အကြာကြီးလိုက်ချေးနေရတာ။ လီယုထျန်းက တကယ်ကံကောင်းတာပဲ။”
ကျောက်ဖန်းယွီက လီယုထျန်းကို မနာလိုမှုဖြင့် ကြည့်နေသည်။ အခု လီယုထျန်းက အတန်းထဲမှာ တော်တော် နာမည်ကြီးနေပြီ ဖြစ်သည်။ လူတော်တော်များများက သူ့ကို မြှောက်ပင့်ပြောနေကြသည်။
သူ့ဆီတွင် ပိုက်ဆံရှိသည်ကို အကုန်လုံး သိသဖြင့် အကယ်၍ ဒီလိုမျိုးထပ်ပြီး ပိုက်ဆံကို မီးရှို့ရမယ့်တာဝန်မျိုး ကြုံလျှင် သူ့ဆီတွင် ပိုက်ဆံချေးရန် လိုအပ်လာမှာ ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် သူက ချမ်းသာတဲ့ အဖေဆီကနေ မွေးလာတာပဲလေ။”
ကျွန်တော်က ခေါင်းခါပြီး ပြောလိုက်သည်။
“ဟေး မော့ယူ ဘာဖြစ်သွားလဲဆိုတာတော့ ငါမသိဘူး။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“သူ အဆင်ပြေလောက်မှာပါ။”
ကျွန်တော် မသေချာစွာ ပြောလိုက်သည်။
“ငါလည်း အဲ့လို မျှော်လင့်တာပဲ။”
ကျောက်ဖန်းယွီက ပြောသည်။
ဒီတော့ ကျွန်တော်တို့ အခန်းထဲတွင် ဆက်၍စောင့်နေပြီး အတန်းထဲရှိ အကုန်လုံး၏ တက်ကြွမှုက တဖြည်းဖြည်း ပို၍အားနည်းလာသည်။ အကယ်၍ အဲဒါက ကျောင်းတွင် အနိုင်ကျင့်သည့်သူဖြစ်လျှင်တောင် ယခုအချိန်မှာ ရှင်သန်ဖို့က အဓိကအရာဖြစ်သည်။
အတန်းပိုင်ဆရာမကလည်း ဒီပြသနာကို သတိပြုမိပြီး ကျွန်တော်တို့အား မေးသော်ငြား အသုံးမဝင်ပေ။
အတန်းချိန်လေးချိန် ပြီးသည့်တိုင်အောင် ကျွန်တော်တို့ မော့ယူ ပြန်လာတာကို မမြင်ပေ။ ပြီးနောက် ကျွန်တော် နည်းနည်းစိုးရိမ်လာသည်။ အဘယ့်ကြောင့်ဆိုသော် တာဝန်ချိန်က ဆယ်နာရီသာဖြစ်ပြီး အခု ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီ ကုန်ဆုံးသွားပြီးဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ ကိုယ့်ဘာသာ စာကြည့်ချိန်ကို စောင့်နေသည်။ ထိုအချိန်မှ မော့ယူ ပြန်မလာလျှင် သူသေဆုံးမှာ ဖြစ်သည်။
ကျွန်တော် ဒါကို တွေးနေချိန်မှာ မော့ယူက ပြန်လာသည်။ သူ့အမူအရာက အနည်းငယ် ကြောက်ရွံ့နေပုံပေါ်ပြီး သူ့ရဲ့အဝတ်ပေါ်မှာ သွေးစသွေးနများ ရှိနေပြီး တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်နေသည်။
ဒီလိုမျိုး ဝင်လာတာမြင်သောကြောင့် လူတော်တော်များများက သူ့ကို ထူးဆန်းစွာမေးလိုက်ကြသော်ငြား သူက ပြန်၍ မဖြေပေ။ အကုန်လုံးအား ဂရုမစိုက်သည့် အကြည့်ဖြင့်သာ ကြည့်နေပြီး သူက စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ပိုက်ဆံများကိုစ၍ မီးရှို့တော့သည်။ သူက မီးခြစ်ယူမလာသောကြောင့် အတန်းထဲရှိ လူများဆီမှာ မီးခြစ်ကို ငှားနေသည်။
ကျောက်ဖန်းယွီက သူ့ကို အမြန်ငှားလိုက်ပြီး အချိန်ကိုကြည့်ပြီး မေးလိုက်သည်။
“ပိုက်ဆံလိုက်ချေးရတာ တော်တော်ခက်ခဲတာပဲ။”
မော့ယူရဲ့ မျက်ဝန်းတွေက ပြောင်းလဲသွားပြီး သူက ကျောက်ဖန်းယွီကို မျက်စောင်းထိုးလိုက်ပြီး ပိုက်ဆံကို တိတ်ဆိတ်စွာ မီးရှို့လိုက်သည်။ ပိုက်ဆံကို မီးရှို့နေချိန် သူ၏အမူအရာက ရှုံမဲ့သွားပြီး မကြာခင်မှာပဲ ထိုရှုံမဲ့သွားသည့်အမူအရာက ပျောက်ကွယ်သွားသည်။
အကုန်လုံးက ထိုအရာကို လေးနက်စွာဖြင့် မမှတ်ကြပေ။ သူတို့အားလုံး စိတ်သက်သာရာရသွားသည်။ ဒီနေ့တာဝန်တွင် ဘယ်သူမှမသေခဲ့ပေ။ ဒါက ကောင်းသည့်အရာဖြစ်သည်။
“တံခါးစောင့်ရဲ့ တာဝန်က ပုံမှန်မဟုတ်ပေမယ့် နောက်ဆုံးမှာတော့ အဆင်ပြေသွားပြီ။ ဒီနေ့ ဘယ်သူမှ မသေကြဘူး။ ငါ နောက်ထပ် ဒီလိုမျိုးတာဝန် ဆယ့်ခုနစ်ခုကို ပြီးမြောက်တာနဲ့ ငါ လွတ်မြောက်က်နိုင်မှာပဲ။”
ကျောက်ဖန်းယွီက ပြောသည်။
“ဒီကိစ္စက အဲ့လောက် ရိုးရင်းပါ့မလား။”
ကျွန်တော် ရုတ်တရက် ပြောလိုက်သည့်အခါ သူ့ရဲ့ အမူအရာက အနည်းငယ် ကွဲပြားသွားသည်။
“မင်း ဘာဖြစ်နေတာလဲ။”
ကျောက်ဖန်းယွီက ကျွန်တော်အား ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျွန်တော်က ခေါင်းငုံ့လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
“ မင်း မော့ယူရဲ့ အင်္ကျီပေါ်က သွေးကို သတိမထားမိဘူးလား။”
“သတိထားမိတာပဲ။ ဘာမှားလို့လဲ။”
ကျောက်ဖန်းယွီက ထူးဆန်းစွာ မေးလိုက်သည်။
“သူ့ရဲ့ မိသားစုက ဒီမြို့မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ ပြီးတော့ ဒီလိုမျိုး အချိန်ခဏလေးအတွင်းမှာ ယွမ်ငါးထောင်ကို ပေးနိုင်မှာမဟုတ်ဘူး။ အဲဒါက ငွေနည်းနည်းလေးမဟုတ်ဘူး။”
ကျွန်တော်က ပြောလိုက်သည်။
“မင်း ဘာကိုဆိုလိုတာလဲ။”
ကျောက်ဖန်းယွီက ကျွန်တော်ကိုကြည့်ပြီး ပြောလိုက်သည်။
“သူ့ရဲ့ ကိုယ်ပေါ်က သွေးစသွေးနကို ကြည့်ရတာ သူ တစ်ယောက်ယောက်ကို သတ်ခဲ့တာနေမှာ။”
ကျွန်တော် မျက်မှောင် ကြုတ်လိုက်သည်။ ကျောက်ဖန်းယွီက လန့်သွားပြီး အမြန် တုံ့ပြန်လိုက်သည်။ သူက ကျွန်တော်အား ကြည့်ပြီးပြောသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ ဒါက ငါ့ရဲ့ ခဏ့်မှန်းမှုပဲဖြစ်ပါစေလို့ ငါမျှော်လင့်ရတာပဲ။”
ကျွန်တော် ပြောလိုက်သည်။
ကျွန်တော် စကားများပြောပြီးသည်နှင့် အပြင်ဘက်မှ ရဲဝန်ထမ်းတစ်ချို့ ဝင်လာသည်။ ပြီးနောက် ရဲများ ဝင်လာသည့်အချိန်တွင် မော့ယူ တုန်ရင်နေသည်ကို တွေ့လိုက်ရသည်။ ပြီးနောက် သူက ခေါင်းအမြန် ငုံ့လိုက်သည်။
ရဲများက ကျွန်တော်တို့အား ကြည့်လိုက်ပြီး ရဲတစ်ယောက်က အော်လိုက်သည်။
“ဘယ်သူက မော့ယူလဲ။ မတ်တပ်ရပ်စမ်း။”
ကျွန်တော်တို့ အမြန် မော့ယူကို ကြည့်လိုက်ကြသည်။ မော့ယူက စိုးရိမ်စွာဖြင့် ခေါင်းထောင်လိုက်ပြီး သူ့၏မျက်ဝန်းများက စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
“သူ့ကိုဖမ်း။”
ရဲအရာရှိက အမြန်အော်လိုက်ပြီး သူ့ဆီ ပြေးသွားလိုက်သည်။ မော့ယူက စိုးရိမ်စွာဖြင့် နောက်ကိုဆုတ်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဓါးမြှောင်ကို ထုတ်လိုက်သည်။
သူက ဓါးမြှောင်ကို ထုတ်လိုက်သည့်အချိန်တွင် ဘေးနားရှိ မိန်းကလေးများအားလုံး အော်လိုက်ကြသည်။
မော့ယူ၏မျက်နှာက ဖြူဖတ်နေပြီး အမြန် ကောင်မလေးတစ်ယောက်အားဆွဲပြီး ဓါးမြှောင်ကို သူမ၏လည်ပင်းပေါ်တွင် တင်ထားလိုက်သည်။ ကောင်မလေး၏မျက်နှာက ဖြူဖျော့သွားပြီး သူမက တုန်ရင်နေသည်။
သူ့ဆီပြေးသွားမည့် ရဲအရာရှိက ဆက်ပြီးမသွားဘဲ ခဏလောက် တုန့်ဆိုင်းသွားခဲ့သည်။
“မလာနဲ့။ မဟုတ်ရင် ငါ သူမကို သတ်မှာ။”
မော့ယူက အော်လိုက်ပြီး သူ၏အမူအရာက ရူးသွပ်နေသလိုပင်။
“စိတ်ငြိမ်ငြိမ်ထား။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။”
လီယုထျန်းက အော်လိုက်သည်။
မော့ယူက သူ့ကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး အော်လိုက်သည်။
“အဲဒါမင်းကြောင့်။ တကယ်လို့ မင်းသာ ပိုက်ဆံချေးခဲ့မယ်ဆိုရင် ငါ တစ်ယောက်ယောက်ကို သတ်မိမှာမဟုတ်ဘူး။”
“ဘာ မင်း လူသတ်ခဲ့တယ် ဟုတ်လား။”
လီယုထျန်းက ကြောင်သွားသည်။
“ဟုတ်သည်။ ငါ အဖိုးကြီးတစ်ယောက်ကို ဓါးပြတိုက်တာ ဒါပေမယ့် သူက ငါ့ကို ပိုက်ဆံမပေးဘူး။ ဒီတော့ ငါ သူ့ကို သတ်ခဲ့တာ။”
မော့ယူက ဒါကို ပြောခဲ့ပြီး သူက ကျယ်လောင်စွာ ရယ်လိုက်သည်။
“ဒါပေမယ့် ငါ့မှာ ပိုက်ဆံတကယ်မရှိဘူး။ ငါ ဒီလောက် ပိုက်ဆံအများကြီး ယူလာတာ မဟုတ်ဘူး။ တကယ်လို့ ပိုက်ဆံရှိရင် ငါမင်းကို သေချာပေါက် ချေးမှာပေါ့။”
လီယုထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဲဒါ မင်းရဲ့အပြစ်ပဲ။ တကယ်လို့ မင်းကြောင့်သာမဟုတ်ရင် ငါ ဒီလိုမျိုး ဖြစ်မှာ မဟုတ်ဘူး။”
မော့ယူက အော်လိုက်ပြီး သူ၏အကြည့်များက ရဲအရာရှိများပေါ် ရောက်သွားပြီး သူ၏မျက်ဝန်းက ရူးသွပ်မှုနှင့် ခက်ထန်မှုများ ပြည့်နှက်နေသည်။
မော့ယူကို ဒီလိုမျိုး မြင်ရသည့်အခါ ကျွန်တော်တို့ ကြက်သေသေသွားသည်။ ဘယ်သူမှ မော့ယူ ဒီလောက် ရူးသွပ်သွားလိမ့်မည်ဟု မထင်ပေ။ အဲဒါက တစ်ဖက်အစွန်းရောက်နေသလိုပင်။
ဒါပေမယ့် ကျွန်တော် မော့ယူ၏ရူးသွပ်မှုကို နားလည်နိုင်သည်။ သူက လူတော်တော်များများကို ပိုက်ဆံချေးဖို့ လိုက်ရှာခဲ့သော်ငြား မည်သူမှ သူ့ကို မချေးကြပေ။ ဒီ‌တော့ စိတ်ဓါတ်ကျစွာဖြင့်သူက ဓါးပြတိုက်ဖို့အကြံကို ရသွားခဲ့တာ ဖြစ်နိုင်သည်။ ပြီးနောက် သူက လူတောင် သတ်ခဲ့သေးသည်။
ရူးသွပ်နေသည့် မော့ယူကိုကြည့်ရင်း လူတော်တော်များများက အခန်းထဲကမှ ထွက်သွားခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရဲများဆီ အပ်နှံလိုက်တော့သည်။ ရဲများက မော့ယူကို စည်းရုံးဖို့ ကြိုးစားသော်ငြား မော့ယူက လုံးဝ မလှုပ်ပေ။ သူ၏အမူအရာကို ကြည့်ခြင်းအားဖြင့် သူက ထောင့်ကပ်ခံရမှာကို ဆန့်ကျင်နေပုံရသည်။
ကျွန်တော်တို့၏‌ရှေ့မှ မြင်ကွင်းကို ကြည့်နေစဉ် ဖုန်းက ရုတ်တရက်မြည်သွားသည်။ ထို့နောက် ကျွန်တော် ဖုန်းကိုရုတ်တရက် ဖွင့်လိုက်ပြီး ဝီချက်ဂရုထဲ ကြည့်လိုက်သည်။ တံခါးစောင့်က ပြောလိုက်သည်။
“မော့ယူကျောင်းရဲ့ ပိုက်ဆံက ပိုက်ဆံအတုတွေဖြစ်လို့ တာဝန်မပြီးပြောက်ဘူး။ သူ သေရလိမ့်မယ်။”
ဒါကို မြင်သောအခါ ကျွန်တော် မျက်လုံပြူးသွားပြီး မော့ယူကို စိတ်မချမ်းမြေ့စွာ ကြည့်လိုက်သည်။ မော့ယူက ဖုန်းကိုယူလိုက်ပြီး စာကိုကြည့်၍ ကြက်သေသေသွားသည်။ သူက ရူးသွပ်စွာ အော်လိုက်သည်။
“မဖြစ်နိုင်ဘူး။ ဒါအမှန်မဟုတ်ဘူး။”
ပြီးနောက် သူက ဓါးမြှောင်ကို ကောင်မလေး၏လက်မောင်းအတွင်းသို့ စိုက်လိုက်သည်။ ထိုအဖြစ်အပျက်ကို မြင်ပြီးသည့်အချိန်တွင် ရုတ်တရက် သေနတ်သံ ကြားလိုက်ရသည်။ မော့ယူက ခေါင်းသို့ အပြစ်ခံလိုက်ရပြီး သွေးများက သူ၏ခေါင်းမှ ထွက်လာသည်။ မော့ယူ၏ ခဏ္ဓာကိုယ်က နောက်သို့ ပစ်လဲကျသွားသည်။ မော့ယူ၏ ခဏ္ဓာကိုယ်က သွေးအိုင်ထဲတွင် လဲနေသည်။ ကျွန်တော် ဒါကိုမြင်သောအခါ ရဲကပစ်လိုက်သည့် ပစ်ချက်မှန်း ကျွန်တော် သိလိုက်ရသည်။ ဒီရဲအရာရှိက ကျွန်တော် ပထမဆုံး မေးခွန်းမေးခံရသည့် ပိန်ပိန်ပါးပါးနှင့် ရဲအရာရှိဖြစ်သည်။ သူက ဂရုမစိုက်သည့်ပုံပင်။ သူက သူ့လက်ထဲမှ ဆေးလိပ်ကို တစ်ရှိုက်ဖွာလိုက်သည်။
ဤသို့ဖြင့် မော့ယူက သူ၏ပြစ်မှုအတွက် သူပေးဆပ်လိုက်ရပြီ ဖြစ်သည်။ ပြီးနောက် ကျွန်တော်တို့ကလည်း အရင်က မကြုံဖူးသည့် ကြောက်လန့်မှုကို ခံစားလိုက်ရသည်။
အကုန်လုံးကို ဖြေရှင်းပြီးသည့် အချိန်တွင် ကိုယ့်ဘာသာ စာကျက်ရမည့်အချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ မော့ယူ၏ခဏ္ဓာကိုယ်ကို သယ်ဆောင်သွားပြီ ဖြစ်သော်ငြား တစ်ခဏ်းလုံးက စိတ်ပျက်နေသည်။
“ပထမ အတန်းခေါင်းဆောင် ပြီးတော့ မော့ယူ ဒီလူတွေက ရူးနေတာလား။”
တုံတုံက မကျေနပ်စွာနဲ့ ပြောလိုက်သည်။
“ဟုတ်သည်။ တကယ်လို့ အဲဒါက ရှင်သန်ရမှာဆိုရင်တောင်မှ ဒီလောက် မလုပ်သင့်ဘူး။”
နောက်ထပ် ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
“မင်းတို့ပြောတာကတော့ လွယ်တာပေါ့။ မင်းတို့က အဲဒါကိုမှ မခံစားရဖူးတာ။”
ကျဲ့နှင်းယွင်က လှောင်လိုက်သည်။
“ဟုတ်တယ်။ တကယ်လို့ သူတို့က တာဝန်မပြီးမြောက်ရင် သူတို့ သေရမှာကိုသိနေတာ။ ပြီးတော့ သူတို့က ဘယ်လိုလုပ်ပြီး မင်းပြောသလို လုပ်နိုင်မှာလဲ။”
ကောင်လေးတစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။
အဲ့ဒီအချိန်ကစ၍ အတန်းထဲတွင် ကောင်လေးများနှင့် ကောင်မလေးများက စကားများနေကြသည်။
ပြီးနောက် ကျွန်တော် ဒါကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး ကျွန်တော်၏ ရင်ထဲတွင် အလွန် ကူကယ်ရာမဲ့နေသည်။ တကယ်တော့ ကျွန်တော် အတန်းခေါင်းဆောင်၏ စိတ်ထားကို နားမလည်ပေ။ သူတို့က အပြစ်တစ်ခုကို ကျူးလွန်ခဲ့သော်ငြား သူတို့၏ အဓိကရည်ရွယ်ချက်က ရှင်သန်ဖို့ဖြစ်သည်။
ကျွန်တော်တို့အားလုံးက သေရမှာကို ကြောက်ရွံ့နေသည့် အထက်တန်းကျောင်းသား တစ်စုသာဖြစ်သည်။ ဒီတော့ တံခါးစောင့်၏တာဝန်က အရှက်မရှိသည့် အရာပဲဖြစ်ဖြစ် ရက်စက်သည့်အရာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်မှာပဲဖြစ်သည်။
လူတော်တော်များများက မကောင်းသည့်အရာများ လုပ်ခြင်းကို အရမ်းတစ်ကိုယ်ကောင်းဆန်သည်ဟု ပြောသော်ငြား လူတွေ၏ အတွင်းစိတ်တွင် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ထားများ ရှိကြပြီး ကျွန်တော်တို့က ဘုန်းတော်ကြီးတွေမဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ်ထက် ကျွန်တော်တို့ ဘယ်သူ့ကိုမှ ပိုမချစ်ကြပေ။
အခု အတန်းက အိမ်မက်ဆိုးထဲတွင် ရစ်ပတ်ခံနေရပြီး ဒီနေ့ အိမ်မက်ဆိုးက မပြီးသေးပေ။ ကျွန်တော်တို့အားလုံး အိမ်မက်ဆိုးထဲတွင် ရှိနေကြသေးသည်။
အကြောက်တရားက ကျွန်တော်တို့အား ရက်စက်သွားစေနိုင်သည်။
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ ကျွန်တော် ဒီအိမ်မက်ဆိုးကို အဆုံးသတ်ရန် နည်းလမ်းတစ်ခုခုကို ရှာရမှဖြစ်မည်။ ကျွန်တော်တို့ ဒီလိုမျိုး ဆက်သွားနေ၍ မဖြစ်တော့ပေ။ လူသုံးယောက်က သေဆုံးသွားခဲ့ပြီဖြစ်ပြီး အနာဂတ်တွင် လူဘယ်နှစ်ယောက်လောက် သေရဦးမည်နည်း။ ကျွန်တော်က အတန်းထဲရှိ လူများထက်တောင် ပို၍ ကြောက်တတ်သေးသည်။ အတန်းခေါင်းဆောင်ကနေ မော့ယူ သူတို့က ရှင်သန်ဖို့အတွက် မကောင်းတဲ့အရာတွေ လုပ်ခဲ့သည်။ လူသားများ၏ သဘာဝက ပုံပျက်သွားပြီဖြစ်သည်။ ဤသို့ဖြင့် တံခါးစောင့်က ပို၍ဆိုးလာမည်ကို ကျွန်တော် စိုးရိမ်မိသည်။ ဒီလူတစ်ယောက်တည်းဖြင့်ပင် ကျွန်တော်တို့အခန်းအား ငရဲအဖြစ်သို့ ပြောင်းလဲသွားစေဖို့ လုံလောက်သည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset