အခန်း ၅

အခန်း ၅ ကြောင်သူတော်

ဒီတစ်ကြိမ်တာဝန်က အရမ်းဆိုးရွားလွန်းသည်။ အတန်းခေါင်းဆောင်အား တစ်ခြားအခန်းထဲမှ ကောင်မလေးများအား မုဒိန်းကျင့်ခိုင်းခြင်းဖြစ်သည်။ တစ်တန်းလုံးက ဒီအကြောင်းကို ခဏလောက် ပြောနေကြပြီး အကုန်လုံးကလည်း အနည်းငယ်အံ့အားသင့်နေကြသည်။
“ဒီတစ်ကြိမ်တာဝန်က အရမ်းဆိုးဝါးလွန်းတယ်။ အတန်းခေါင်းဆောင်ကို ကောင်မလေးတစ်ယောက်ကို မုဒိန်းကျင့်ခိုင်းတာပဲ။”
“အဲ့ဒါမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်အတန်းခေါင်းဆောင်က ဒီလိုမျိုးအရာကို လုပ်မှာလဲ။ ”
“ ဒါပေမယ့်တကယ်လို့ မင်းမလုပ်ရင် မင်းသေလိမ့်မယ်။ လီကောင်အန်းနဲ့ လျိုဖေးကလည်း ဒီလိုပဲသေသွားကြတာပဲ။ ”
အကုန်လုံး၏ထင်မြင်ချက်များကို နားထောင်ပြီး အတန်းခေါင်းဆောင်က ဒီအချိန်တွင် မတ်တပ်ရပ်လိုက်သည်။ သူ့ကိုကြည့်ရတာ ဖြူဖျော့နေသော်ငြား သူ့အသံက ကြည်လင်နေသည်။
“ခနလောက် တိတ်တိတ်နေပေးကြပါဦး။ ငါ ပြောစရာရှိတယ်။ ”
သူ့စကားများကြားသောအခါ အတန်းက ငြိမ်သက်သွားသည်။ အတန်းခေါင်းဆောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
“ငါတို့ ဒီတိုင်းဆက်သွားနေလို့ မရတော့ဘူး။ တံခါးစောင့်က ငါတို့ကို ကျွန်တွေလိုခိုင်းနေတာပဲ။ ငါတို့ကို သူက ကစားနေတာပဲ။”
“တကယ်လို့ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် သူက ငါတို့ကို ဒီလိုမျိုးဆိုးဝါးတဲ့ အရာတွေကို ဆက်တိုက်လုပ်ခိုင်းနေမှာပဲ။ ဒီတော့ ငါတို့ ဆက်ပြီးတော့ သဘောတူနေလို့မရတော့ဘူး။ ငါဆုံးဖြတ်ချက်ချလိုက်ပြီ။”
ခနလောက်ပြောပြီးတော့ သူက ကျွန်ုပ်တို့ကို ကြည့်ပြီးအော်လိုက်သည်။
“ငါဒီတာဝန်ကို ဘယ်တော့မှ ပြီးမြောက်အောင်လုပ်မှာ မဟုတ်သလို ပြီးတော့ငါ တစ်ခြားအတန်းက ကောင်မလေးတွေကိုလည်း စော်ကားမှာမဟုတ်ဘူး။ တကယ်လို့ အဲ့ဒါက ငါ့အသက်ကို ဆုံးရှုံးရမယ်ဆိုရင်တောင် ငါက မကောင်းတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး။”
သူ့အသံများကို ကြားသောအခါ တစ်တန်းလုံးက သူ့ကို ချီးမွမ်းလိုက်ကြသည်။ အကုန်လုံးက လက်ခုပ်တီးပြီး သူ့ကိုချီးမွမ်းလိုက်ကြသည်။ ကျွန်ုပ် အတန်းခေါင်းဆောင်ကို စိတ်လှုပ်ရှားသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ကျွန်ုပ်ရင်ထဲတွင် သူ့ကို လေးစားနေသည်။ ကျွန်ုပ်အတွက်တွင်မူ အတန်းခေါင်းဆောင်၏ မြင့်မြတ်သည့် အပြုအမူအတွက် ကျွန်ုပ် သူ့အား အလွန်လေးစားသွားသည်။ ဒီလိုလူမျိုးက အတန်းခေါင်းဆောင် ဖြစ်လာသည်မှာ မဆန်းပေ။ သေချာသည်ကတော့ အဲ့ဒါ သာမန်မဟုတ်ပေ။
အတန်းခေါင်းဆောင်ပြောပြီးသည်နှင့် သူက သူ့ခုံတွင်ထိုင်ပြီးတော့ ကျွန်ုပ်တို့အား ကြည့်လိုက်သည်။ ဒီအချိန်တွင် အတန်းသားများက တစ်ယောက်ပြီးတစ်ယောက် စကားပြောနေကြပြီး သူတို့၏မျက်နှာများက မကျေမချမ်းဖြစ်နေကြသည်။
“ငါလည်း ဆုံးဖြတ်ချက်ချလိုက်ပြီ။ ငါလည်း အတန်းခေါင်းဆောင်လိုပဲ လုပ်တော့မယ်။”
“ဟုတ်တယ်။ အကုန်လုံးစည်းလုံးရမယ်။ ငါတို့ ဒီလိုမျိုးဆက်သွားနေလို့ မဖြစ်ဘူး။”
“ငါတို့ တံခါးစောင့်ကို သူလုပ်ချင်တာမှန်သမျှကို လုပ်ခွင့်ပေးနေလို့ မဖြစ်တော့ဘူး။”
“ဟုတ်တယ်။ တကယ်လို့ ငါတို့ သေရမယ်ဆိုရင်တောင် ငါတို့က မကောင်းတဲ့ကောင်တွေ ဖြစ်မှာမဟုတ်ဘူး။”
“ဘယ်တော့မှ အရှုံးမပေးနဲ့။”
အကုန်လုံးက ပြောလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် လက်သီးဆုပ်ကာ လက်မြှောက်လိုက်ကြပြီး ဘယ်တော့မှအရှုံးမပေးဖို့ ပြိုင်တူအော်လိုက်ကြသည်။ အကုန်လုံး၏ မျက်နှာများတွင် ဆုံးဖြတ်ချက်ချပြီးပုံ ပေါ်သည့်အမူအရာများ ရှိနေသည်။ သို့သော် ဘာကြောင့်မှန်းမသိ ကျွန်ုပ်ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ်ရယ်ချင်စိတ် ပေါက်သွားသည်။ ကျွန်ုပ်ဒီခံစားချက်ကိုတောင် နားမလည်ပေ။
ကျောက်ဖန်းယွီက ကျွန်ုပ်ပခုံးကို ပုတ်ပြီး ကျွန်ုပ်ကိုပြောလိုက်သည်။
“မော်နီတာက တကယ့်ယောင်္ကျားပဲ။ ပြီးတော့ သူအဲ့လိုလုပ်သင့်ပါတယ်။”
“တကယ်လို့ မင်းဆိုရင်ရော မင်းအဲ့လိုလုပ်မှာလား။”
ကျွန်ုပ်သူ့ကို ကြည့်ပြီးမေးလိုက်သည်။
ကျောက်ဖန်းယွီက ခဏတာ ငြိမ်သက်သွားပြီးနောက် ခေါင်းခါလိုက်ပြီး ကျွန်ုပ်ကို ရှင်းပြချက်ပေးသည်။
ကျွန်ုပ် ပြုံးလိုက်ပြီး အတန်းခေါင်းဆောင်ကို ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
“သူ ငါတို့ကို စိတ်ပျက်စေဖို့ပဲ ငါမျှော်လင့်တာပဲ။”
ပြီးနောက် အတန်းချိန်ပြီးသွားသည့်အခါ ကျွန်ုပ်တို့အားလုံး အပြင်ထွက်သွားကြသည်။ ကျွန်ုပ်မထွက်ခင် အတန်းခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူက ထိုင်ခုံတွင်ထိုင်နေသည်။ သူက ခေါင်းငုံ့ထားပြီး ရုန်းကန်နေပုံပေါ်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ သူက ဆုံးဖြတ်ချက်ချရာတွင် အခက်အခဲကြုံ နေရပုံပေါ်သည်။
ကျွန်ုပ် သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ကျွန်ုပ် လှည့်ထွက်သွားခဲ့သည်။ ကျွန်ုပ် ကစားကွင်းသို့ ရောက်သောအခါ အတန်းထဲရှိလူများ အချင်းချင်း ဝမ်းနည်းသည့်မျက်နှာများဖြင့် ဆွေးနွေးနေကြသည်ကို တွေ့လိုက်သည်။ ပြီးနောက် သူတို့၏မျက်နှာပေါ်တွင် မသက်မသာ ခံစားနေရပုံ‌ပေါ်သည်။
“ငါတို့ တံခါးစောင့်ကိုရှာဖို့ နည်းလမ်းတစ်ခု စဉ်းစားမှဖြစ်မယ်။”
လီယုထျန်းက ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့သူ့ကို ဘယ်လိုရှာရမလဲ။”
တစ်ယောက်ယောက်က ချက်ချင်းပင်မေးလိုက်သည်။
“ငါစုံစမ်းကြည့်ရသလောက်တော့ တံခါးစောင့်က ဟန်ကျီ့ယု ဖြစ်နိုင်တယ်။ ငါ ဟန်ကျီ့ယု့ ရဲ့အိမ်ဘယ်မှာရှိလဲဆိုတာ ငါသိတယ်။”
လီယုထျန်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“အိုး ဒါဆိုရင်ကောင်းတာပေါ့။”
တစ်ခြားကောင်မလေးက ပြောလိုက်သည်။
“အဲ့ဒီကိုသွားပြီး ကြည့်ဖို့အတွက် ငါ ကျောင်းဆင်းချိန်ကို စောင့်နေတာ။”
လီယုထျန်းက ပြောလိုက်သည်။
ကျွန်ုပ် သူတို့ဘေးဆွင် တိတ်ဆိတ်စွာဖြင့် နားထောင်နေသည်။ ကျွန်ုပ်၏စိတ်ထဲတွင် အခု ဟန်ကျိယု၏အိမ်ကို သိပြီဆိုတော့ ကျွန်ုပ်တို့ ဟန်ကျိယု၏သေဆုံးခြင်းကို သိနိုင်ပေသည်။ ဒီအချိန်တွင် ကျွန်ုပ်တို့ သူမကို ချေမုန်းဖိုးနည်းလမ်းတစ်ခု စဉ်းစားနိုင်ပြီဖြစ်သည်။
ကျွန်ုပ် ထိုကဲ့သို့တွေးနေချိန်တွင် မော့ကျင်းယွီက ကျွန်ုပ်ဘေးသို့ အမြန်ပြေးလာသည်။ သူမက ကျွန်ုပ်၏ အင်္ကျီလက်ကိုဆွဲပြီး ပြောလိုက်သည်။
“ကျန်းဖန် ငါနင့်ကိုတစ်ခုခု ပြစရာရှိတယ်။”
“ဘာပြစရာရှိတာလဲ။”
ကျွန်ုပ် သူမကို ထူးဆန်းစွာကြည့်လိုက်ရင်း မေးလိုက်သည်။
“မမေးနဲ့ ငါနဲ့သာလိုက်ခဲ့စမ်းပါ။”
မော့ကျင်းယွီက သူမ၏ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း ကျွန်ုပ်ကို ကြည့်ပြီးပြောလိုက်သည်။
ကျွန်ုပ် ခေါင်းညိတ်ပြီး သူမနောက်ကို လိုက်သွားလိုက်သည်။ ထူးဆန်းစွာဖြင့် မော့ကျင်းယွီက ကျွန်ုပ်ကို မိန်းကလေးအိမ်သာထဲသို့ ခေါ်လာခဲ့သည်။
ဒါကိုမြင်သည့်အခါ ကျွန်ုပ် စိတ်ထဲတွင် အနည်းငယ်ထူးဆန်းသွားပြီး သူမကို မမေးဘဲမနေနိုင်ခဲ့ပေ။ သူမက မဖြေဘဲ ကျွန်ုပ်ကို အမျိုးသမီးအိမ်သာဘေးရှိ လက်ဆေးသည့်နေရာသို့ ခေါ်လာမည်မှန်း ဘယ်သူသိမည်နည်း။ ဒီအချိန်တွင် သူမက ကျွန်ုပ်ကို စွန့်ပစ်ထားသည့် အိမ်သာကို ညွှန်ပြပြီးရင်း တိုးတိုးပြောလိုက်သည်။
“နင် အဲ့ဒီကိုသွားပြီး ကြည့်ကြည့်။”
ကျွန်ုပ် သူမကို ထူးဆန်းစွာ ငေးကြည့်လိုက်သည်။ သူမ ကျွန်ုပ်ကို ညွှန်ပြသည့်နေရာက စွန့်ပစ်ထားသည့်နေရာဖြစ်သည်။ ဘယ်သူမှ ထိုနေရာကို မလာကြပေ။
သို့သော် ကျွန်ုပ် သူမပြောသည့်အတိုင်း ထိုနေရာသို့ သွားလိုက်သည်။ ကျွန်ုပ် ထိုနေရာသို့ရောက်သည်နှင့် အံ့အားသင့်သွားသည်။ ကျွန်ုပ် မိန်းကလေးတစ်ယောက်၏ ငိုသံကိုကြားလိုက်ပြီး ယောင်္ကျားလေးတစ်ယောက်၏ အသက်ရှူသံကို ကြားလိုက်ရသည်။
“ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ ငါဆရာမကို မပြောပါဘူး။”
“ဒါလုံးဝမဖြစ်နိုင်ဘူး။”
“ငါ တောင်းပန်ပါတယ်ဟာ။”
“ငါ ပြောနေတယ်လေ။ မရဘူးလို့။”
ကြမ်းကြုတ်သည့် ယောင်္ကျားလေးတစ်ယောက်၏ အသံကြောင့် ကျွန်ုပ် ခဏတာ ကြက်သေသေသွားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် ဒီအသံကိုရင်းနှီးနေသောကြောင့် ဖြစ်သည်။
ခဏတာစဉ်းစားပြီးနောက် ကျွန်ုပ် မှင်သက်သွားသည်။ ဒါကအတန်းခေါင်းဆောင်ရဲ့ အသံမဟုတ်ဘူးလား။
သူကဘယ်လိုလုပ်ပြီး ဒီလိုနေရာကို ကောင်မလေးတစ်ယောက်နဲ့ လာနေတာလဲ။
ကျွန်ုပ် စဉ်းစားပြီးနောက် ရုတ်တရက် နားလည်သွားသည်။ ကျွန်ုပ် အရှေ့တွင်ယောင်္ကျားလေး၏အသံက ပို၍ကျယ်လောင်လာသည်။ မိန်းကလေး၏ငိုသံဟာလည်း ပို၍ကျယ်လောင်လာသည်။
“ဒီခံစားချက်က တကယ်ကောင်းတာပဲ။ ငါဒီအကြောင်းကို အရင်ကတစ်ခါမှ မတွေးဖူးဘူး။”
ယောင်္ကျားလေး၏အသံက ဆက်၍ထွက်လာနေသည်။ မိန်းကလေး၏အသံက တဖြည်းဖြည်း အားနည်းလာပုံပေါ်သည်။
ဒီအချိန်တွင် ကျွန်ုပ် အထဲကိုပြေးဝင်သွားလိုက်သည်။
ကျွန်ုပ် အထဲကို ပြေးဝင်သွားလိုက်သည့်အချိန်တွင် ကျွန်ုပ် ရှေ့တွင် အတန်း‌ခေါင်းဆောင်က ကောင်မလေးတစ်‌ယောက်ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖက်ထားတာကို မြင်သည့်အခါ ကျွန်ုပ် မှင်သက်သွားသည်။ ကောင်မလေး၏ ခေါင်းကရှုပ်ပွနေပြီး သူမ၏ မျက်နှာတွင် မျက်ရည်များဖြင့်ပြည့်နေသည်။
ဒီကောင်မလေးက အလွန်အားနည်းနေသည့်ပုံပေါ်ပြီး ကြမ်းပြင်ပေါ်တွင် လှဲနေသည်။ အတန်းခေါင်းဆောင်က သူမကို လွှတ်မပေးပေ။ သူက မော့လိုက်ပြီး ကျွန်ုပ်ကို ကြည့်လိုက်ရင်း ကောင်မလေး၏ မျက်နှာကိုရိုက်လိုက်သည်။
သူ ကျွန်ုပ်ကို မြင်သောအခါ သူခဏတာ ကြက်သေသေသွားသော်လည်း ချက်ချင်းပင်သူက ပြောလိုက်သည်။
“မင်းငါ့ကို တွေ့သွားသေးတာပဲ။”
“ဒါက မင်းရွေးချယ်လိုက်တဲ့ အရာလား။ မင်း ငါတို့ကို ဒီလိုမလုပ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”
ကျွန်ုပ် သူ့ကို ငေါ့ပြောလိုက်သည်။
“ငါလည်း အစကအဲ့လိုမျိုးတွေးတာပဲ။ ဒါပေမယ့် မင်းမသိပါဘူး။ ငါသေရတော့မယ်ဆိုတာကို တဖြည်းဖြည်း သိလာလေလေ ငါပိုပြီးတော့ နာကျင်ရလေလေပဲ။ ပြီးတော့ငါ အဲ့တာကို ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး။ ငါလည်းမကူညီနိုင်ဘူးလေ။”
အတန်းခေါင်းဆောင်က ပြောလိုက်ပြီး အလွန်ထူးဆန်းနေသည်။
သူ၏ စကားများကို ကြားသောအခါ ကျွန်ုပ် ကြက်သိမ်းထသွားသည်။ ပြီးတော့ လူတစ်ယောက်အတွက် အနာကျဉ်ဆုံးအရာက သေဆုံးခြင်းမဟုတ်ဘဲ သေဆုံးရမည်ကို စောင့်နေခြင်းဖြစ်သည်။
သို့သေည် ကျွန်ုပ် ဝမ်းနည်းနေသေးသည်။ အမြဲတမ်းဖြောင့်မတ်သည့် အတန်းခေါင်းဆောင်က ဒီလို မကောင်းသည့်အရာကို လုပ်လိမ့်မည်ဟု ကျွန်ုပ် ထင်မထားပေ။ သူက ငြင်းဆိုခဲ့သော်ငြား မထင်မှတ်စွာဖြင့် သူက ဒီလိုအရှက်မရှိသည့် အပြုအမူမျိုးကို ပြုလုပ်ခဲ့သည်။
“တကယ်လို့ မင်းအဲ့လိုပြောရင်တောင် မင်းက မုဒိန်းကောင်ဆိုတာကို ပြင်လို့မရဘူး။”
ကျွန်ုပ် သူ့ကိုကြည့်ပြီး ထွက်လာခဲ့သည်။
အတန်းခေါင်းဆောင်၏ မျက်နှာက မပြောင်းလဲပေ။ သူက သူလုပ်တာမှန်ကန်သည်ဟု ထင်ထားသည့်အလား ကျွန်ုပ်အား အော်ပြောနေသည်။
“တကယ်လို့ ငါဒါကိုလုပ်ရင် အဲ့တာက နှစ်အနည်းငယ်ပဲကြာမှာ။ တကယ်လို့ ငါသေသွားရင် ဘာမှလုပ်လို့မရတော့ဘူး။”
ကျွန်ုပ် ဘာမှမပြောတော့ဘဲ လစ်ထွက်လာခဲ့သည်။ ကျွန်ုပ် အပြင်ရောက်သည့်အခါ မော့ကျင်းယွီ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ သူမက ကျွန်ုပ်ကို ကြည့်လိုက်ပြီး သူမအသံက ထိတ်လန့်မှုများဖြင့်ပြည့်နေသည်။
“ငါလည်းဒါကို မတော်တဆသိသွားတာ။ သူကကောင်မလေးကို ဓါးနဲ့ထောက်ပြီးတော့ ဒီကိုခေါ်လာခဲ့တာ။”
“ငါလည်း အဲ့လိုဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။”
ကျွန်ုပ် ခေါင်းခါလိုက်သည်။
“နင်ဘာလုပ်မှာလဲ။”
မော့ကျင်းယွီက ခေါင်းငုံ့လိုက်ပြီး မေးလိုက်သည်။
“ငါဘာမှလုပ်စရာ မလိုပါဘူး။ တစ်ယောက်ယောက်က သူ့ကိုအပြစ်ပေးလိမ့်မယ်။”
ကျွန်ုပ် ခေါင်းခါလိုက်ပြီး ထွက်လာခဲ့သည်‌။ နေ့လည်ခင်းတွင် ထင်ထားသည့်အတိုင်း ရဲများကရောက်လာသည်။ ဒီအချိန်တွင် သူတို့က အားကိုးရလောက်သည်။နစ်နာသူ၏ အတည်ပြုမှုဖြင့် အတန်းခေါင်းဆောင်ကို ရာဇဝတ်ကောင်ဟု ယူဆလိုက်ပြီး သူတို့က ဖမ်းသွားသည်။ ရဲများက သူ့ကို ဖမ်းနေချိန်အတွင်း အတန်းတစ်ခုလုံးက ရုံးရင်းဆန်ခတ်ဖြစ်နေသည်။ တော်တော်များများက အတန်းခေါင်းဆောင်ကို ဒီလိုမျိုးအရာကို လုပ်လိမ့်မည်ဟု ထင်မထားပေ။ သို့သော် နစ်နာသူ၏ အတည်ပြုချက်အရ အကုန်လုံးကဒါကို သိသညိ့အခါ သူတို့က တစ်ယောက်ပြီးတစ်ယောက် စိတ်ဓာတ်ကျသွားကြသည်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အတန်းခေါင်းဆောင်က ဒီလိုမျိုးအရာကို လုပ်ခဲ့တာလား။”
“ဒီမအေလိုးက စစချင်းမလုပ်ဘူးလို့ ပြောခဲ့ပြီးတော့ သူဒီလိုလုပ်လိမ့်မယ်လို့ ငါထင်တောင်ထင်မထားဘူး။”
“ဒီမှာ သက်သေတွေအများကြီး ရှိနေပြီဆိုတော့ သူအဲ့တာကိုငြင်းလို့မရတော့ဘူး။”
အကုန်လုံး၏မျက်ဝန်းထဲတွင် မကျေနပ်မှုများပြည့်နေကြသည်။ အတန်းခေါင်းဆောင်ကို လက်ထိပ်ခတ်ပြီးနောက် သူ့ကို ခေါ်သွားကြသည်။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် သူက နောင်တလုံးဝမရသည့်ပုံဖြင့် စိတ်အေးလက်အေးဖြင့်သာ လိုက်သွားလေသည်။
သူပြောသည့်အတိုင်းပင်။ အကယ်၍ သူဒါကိုလုပ်လျှင် အနည်းငယ်သာခံစားရမှာဖြစ်ပြီး သူဒါကိုမလုပ်လျှင် သူ့အသက်ဆုံးရှုံးရမှာဖြစ်သည်။
ပြီးနောက် ဟယ်ဝမ်က ပြေးထွက်လိုက်ပြီးနောက် အတန်းခေါင်းဆောင်ကို အော်ပြောလိုက်သည်။
“မကောင်းတဲ့ကောင်။ နင်တစ်ချိန်မဟုတ် တစ်ချိန်သေရမှာပဲ။”
သူမက ပြောပြီးသည်နှင့် စားပွဲပေါ်တွင် မှောက်ပြီးငိုလိုက်တော့သည်။ ဒီအခြေအနေကို မြင်သောအခါ အကုန်လုံးက ကူကယ်ရာမဲ့နေကြသည်။
ဟယ်ဝမ်က အတန်းခေါင်းဆောင်ကို သဘောကျနေသည်ကို အကုန်လုံးသိသည်။ ပြီးနောက် အခုလိုမျိုးဖြစ်သွားသည့်အခါ ကိစ္စများက ရှုပ်ထွေးသွားသည်။
အတန်းခေါင်းဆောင် ထွက်သွားပြီဖြစ်သော်လည်း အတန်းထဲရှိမုန်တိုင်းက ငြိမ်သက်မသွားပေ။ ဒီအချိန်တွင် လီယုထျန်းက မတ်တပ်ရပ်လိုက်ပြီး အကုန်လုံးကို သူက ဟန်ကျိယုအိမ်သို့ သွားပြီးစုံစမ်းမည် ဖြစ်ကြောင်းပြောခဲ့သည်။ ဒီအချိန်တွင် လူတော်တော်များများက မတ်တပ်ရပ်လိုက်ပြီး သူနှင့်အတူသွားရန် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ထိုထဲတွင် ကျွန်ုပ်လည်းပါဝင်ပေသည်။ ဒီအချိန်တွင် အတန်းထဲရှိ လူတော်တော်များများ၏ စိတ်ထားကပြောင်းလဲနေမှန်း ကျွန်ုပ် ခံစားမိသည်။ ဒါက တံခါးစောင့်၏ ရည်ရွယ်ချက်ဖြစ်နိုင်ပေသည်။ သူက ကျွန်ုပ်တို့ကို သွေးခွဲခဲ့ပြီး အတန်းတူအတန်းသားများကို မစည်းလုံးအောင်လုပ်စေခဲ့သည်။ သို့သော် ဒီလိုဆိုရင်တောင် ကျွန်ုပ်တို့ကို ဘာမှမလုပ်နိုင်ပေ။ အတန်းခေါင်းဆောင် ပြောသည့်အတိုင်း ရှင်သန်ဖို့အတွက် လူတွေကဘာမဆိုလုပ်မှာဖြစ်သည်။ အကယ်၍ ထိုအရာက မကောင်းမှုဆိုရင်တောင် သူတို့က တုံ့ဆိုင်းနေမှာမဟုတ်ပေ။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset