အခန်းး ၇ သရဲမ
ကျွန်တော် ဖုန်းကို ကြည့်လိုက်ပြီး ကျွန်တော့်၏မျက်နှာက ဒေါသများဖြင့် ပြည့်နေသည်။ ကျွန်တော် ဒီအချိန်တွင် တာဝန်က ဘာဖြစ်မလဲဆိုတာတောင် မစဉ်းစားနိုင်ခဲ့ပေ။ ဒါကို တွေးကြည့်ရင်း ကျွန်တော် အံကြိတ်လိုက်ပြီး ခေါင်းမော့လိုက်ကာ နွားမျက်ရည်ကို ကွင်းလိုက်သည်။
ဒီအချိန်တွင် ကျွန်တော် ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သူ၏တာဝန်က ဘာပဲဖြစ်ဖြစ် ကျွန်တော် တံခါးစောင့်ကို အရင် ရှာမှာဖြစ်သည်။ နွားမျက်ရည်က အရမ်းအသုံးဝင်သောကြောင့် ကျွန်တော် စမ်းကြည့်ရမှာဖြစ်သည်။ ဒါကိုတွေးရင်း ကျွန်တော် မျက်စိဖွင့်လိုက်သည်။ ပြီးနောက် နွားမျက်ရည်ကို ကျွန်တော် ကွင်းလိုက်သောအခါ ကျွန်တော့်၏မြင်ကွင်းက ပို၍ကျယ်လာသလို ခံစားရသည်။ အခန်းထဲကို ပတ်ကြည့်လိုက်သောအခါ ကျွန်တော့်ကို အံ့အားသင့်သွားစေသည်က ကျွန်တော် အခန်းထဲကို ပတ်ကြည့်လိုက်သော်ငြား ဘာကိုမှ မတွေ့ပေ။ အခန်းထဲတွင် အစွယ်များ၊ လက်သည်းများနှင့်သရဲများ၊ အရိပ်သရဲများကို မတွေ့ရပေ။ သရဲမဆိုလျှင် ပြောစရာကို မလိုပေ။ ကျွန်တော် ခဏလောက် ကြက်သေသေသွားသည်။
ကျွန်တော့်ကို ဤကဲ့သို့ပုံစံဖြင့် မြင်ရသောအခါ လီယုထျန်းက ရယ်ပြီးပြောလိုက်သည်။
“ကျန်းဖန် ကြည့်ရတာ မင်း အလိမ်ခံရပြီနဲ့တူတယ်။ မင်း သုံးလိုက်တာ အတုကြီးထင်တယ်။”
ဒီမှတ်ချက်ကို ကြားမိသည်နှင့် ကျွန်တော် ကူကယ်ရာမဲ့စွာ ရယ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ကူကယ်ရာမဲ့စွာ ထိုင်ပြီး ပြောလိုက်သည်။
“ထားလိုက်ပါတော့။ ဒီ ဟာတွေကို စိတ်မဝင်စားတော့ဘူး။ ကြည့်ရတာ ဒါတွေက အလုပ်မလုပ်တဲ့ပုံပဲ။ တံခါးစောင့်က လိုင်းတက်နေတုန်းပဲ။”
“ဟုတ်တယ်။ သူ့ကို ပျောက်ကွယ်သွားအောင်လုပ်မယ့် နည်းမရှိဘူးလား။”
လီရင်းရှက ပြောလိုက်သည်။
“ကြည့်ရတာ ငါတို့အားလုံး ဒုက္ခရောက်ပြီနဲ့တူတယ်။”
မစ်ကီက ပြောလိုက်သည်။
“ဒါတွေကို မပူနဲ့ဦး။”
ကျွန်တော် စိတ်ညစ်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘေးက ကောင်မလေးတွေကို ကြည့်လိုက်သည်။ ပြီးနောက် ကျွန်တော် ပြောလိုက်သည်။
“ဘယ်သူ ငါ့ကို ကယ်နိုင်လဲ။ အနမ်းလေး တစ်ပွင့်တည်းပါ။”
ကျွန်တော့် စကားများကြားသည်နှင့် အတန်းက တည်ငြိမ်သွားလိမ့်မည်ဟု မည်သူသိမည်နည်း။ ကောင်မလေးတော်တော်များများက ခေါင်းငုံ့လိုက်ပြီး ဘယ်သူမှ ကျွန်တော့်ကိုမကြည့်ပေ။ ဒီအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ကျွန်တော်ခဏလောက် မင်သက်သွားပြီး ကျွန်တော့်၏ မျက်နှာ ခါးသီးမှုများ ပြည့်နှက်သွားရသည်။
ကျွန်တော် လျိုဖေးအလှည့်ပြီးနောက် ကျွန်တော့်အလှည့် ရောက်လာလိမ့်မည်ဟု ဘယ်လိုမှ မတွေးခဲ့ပေ။ ကျွန်တော် ကြမ်းပြင်ပေါ်တွင် ခဏလောက်ထိုင်နေပြီး အချိန်အတော်ကြာ ဘာမှ ဖြစ်မလာပေ။
ကျွန်တော် ဘေးကို တုန်ရင်နေသည့်အသံဖြင့် ပြောလိုက်သည်။
“အနမ်းလေးတစ်ပွင့်တည်းပါ။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့လောက်တောင် ခက်ခဲတာလား။”
သို့သော် ကျွန်တော် ဤကဲ့သို့ပြောသော်ငြား မည်သည့်ကောင်မလေးကမှ ကျွန်တော့်ကို မကူညီချင်ပေ။ ကျွန်တော့ကို အတန်းထဲရှိ မည်သည့်ကောင်မလေးကမှ လက်မခံချင်ပေ။ ထို့ကြောင့် ကျွန်တော့်တွင် ကောင်မလေးမရှိပေ။
ဒါကို မြင်သောအခါ ကျောက်ဖန်ယွီက ကျွန်တော့်၏ထိုင်ခုံသို့ အမြန်လာ၍အော်လိုက်သည်။
“အကုန်လုံး ကျေးဇူးပြုပြီး သူကို ကူညီပေးလိုက်ကြပါ။ အနမ်းလေးတစ်ပွင့်တည်းပါ။ မင်းတို့ သေမသွားပါဘူး။”
သူ့စကားများကို ကြားသည်နှင့် ကောင်မလေးတော်တော်များများက တုံ့ဆိုင်းသွားသည်။ ပြီးနောက် ဒါက အသက်တစ်ချောင်းကိုကယ်ဖို့ အခွင့်အရေးဖြစ်သည်။ ကျွန်တော့်ဘေးရှိ ကောင်မလေးများကိုကြည့်ရင်း ကျွန်တော့်၏ရင်ထဲတွင် ဝမ်းနည်းသွားသည်။ ကျွန်တော် အတန်းထဲတွင် ကောင်မလေးများကြား၌ မကျော်ကြားသည်ကို သိသော်ငြား ကျွန်တော်က ဒီလောက်မကျော်ကြားလိမ့်မည်ဟု မထင်ခဲ့ပေ။
ဒီအချိန်တွင် ရုတ်တရက် လျိုဖေး သူမသေခင် ကျွန်တော့်ကို ပြောသည့်စကားကို ကျွန်တော်ကြားယောင်လာပြီးနောက် ကျွန်တော့်၏ရင်ထဲတွင် ဝမ်းနည်းလာသည်။
ကျွန်တော် မတ်တပ်ရပ်လိုက်ပြီး အခန်းထဲသို့ လှည့်ကြည့်လိုက်သည်။ ကျွန်တော့်ပါးစပ်ဟသွားသော်ငြား ကျွန်တော် ဘာပြောရမှန်းမသိပေ။
သို့သော် ဒီအချိန်တွင် ကောင်မလေးတစ်ယောက်က ရုတ်တရက် လက်ထောင်လိုက်သည်။ ဒီကောင်မလေးက ချန်ကျင်းကပဲ သူမကလည်း အရမ်းလှပေမဲ့ သူမက ပုံမှန်ဆိုရင် ရှက်ရွံ့ပြီး အရမ်းဂရုစိုက်မခံရဘူး။
ကျွန်တော် သူမကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
ချန်ကျင်းက ခေါင်းငုံ့လိုက်ပြီး သူမ၏ဘေးရှိ လူများကို ကြည့်လိုက်သည်။ ပြီးနောက် တိုးတိုးပြောလိုက်သည်။
“ငါ နင့်ကို ကတိပေးတယ်။ ဒါပေမဲ့ နင် အမြန်လုပ်ရမယ်နော်။”
ကျွန်တော် သူမဆီသွားတော့မည့်အချိန်မှာ ကျွန်တော့်၏လက်မောင်းကို နူးညံ့သည့် လက်တစ်စုံက ဖမ်းလိုက်လိမ့်မည်ဟု ဘယ်သူသိမည်နည်း။ ပြီးနောက် ကျွန်တော့်၏နောက်သို့ လှည့်ကြည့်လိုက်သည်။ ကျွန်တော့်၏ဘေးတွင် ဝမ်းနည်းစွာဖြင့် မော့ကျင်းယွီက ကျွန်တော့်အား ကြည့်နေသည်။
“နင် သူမဆီ သွားစရာမလိုပါဘူး။ ငါ နင့်ကို ကူညီမယ်။”
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်ပြီးပြောလိုက်သည်။
ကျွန်တော် သူမ၏ လှပသည့်မျက်နှာလေးကိုကြည့်ရင်း ကျွန်တော် လုံးဝ ကြက်သေသေသွားသည်။ ဒီနေ့က ဘာနေ့လဲ။ အဘယ့်ကြောင့် ကျွန်တော် ဤကဲ့သို့ ကောင်းသည့်အရာများနှင့် တွေ့ရသနည်း။
ကောင်မလေးများက ကျွန်တော့်ကို ကူညီချင်ရုံတင်မက ကျွန်တော့်၏နတ်ဘုရားမလေး မော့ကျင်းယွီက ပါ ကျွန်တော့်ကို ကူညီချင်နေသည်။ ကျွန်တော့်ကို ကြည့်ရင်း မော့ကျင်းယွီက အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းကို မော့လိုက်ကာ ကျွန်တော့်၏ပါးစပ်ကို လာ၍နမ်းတော့သည်။
ဒီအချိန်တွင် ကျွန်တော့်၏ပါးစပ်ထဲတွင် ရနံ့တစ်ခုက ကျန်ရစ်ခဲ့သည်ဟု ကျွန်တော်ခံစားမိပြီး ကျွန်တော့်၏တစ်ကိုယ်လုံးက တက်ကြွသွားသည်။
ကျွန်တော့်ဘေးရှိလူများက အားပေးလာကြပြီး လူတော်တော်များများက ကျွန်တော်တို့ကို မြှောက်ပေးလာကြသည်။
ဒီတစ်ကြိမ်တွင် ကျွန်တော် မော့ကျင်းယွီကို ဖက်လိုက်သည်။ ပြီးနောက် သူမကို ကြည့်လိုက်သည်။ သူမ၏မျက်နှာက အနည်းငယ် နီနေပြီ သူမကရှက်နေပုံပေါ်သည်။
ဒီအချိန်တွင် ကျွန်တော်က ကမ္ဘာပေါ်ရှိ အပျော်ရွှင်ဆုံး လူသားတစ်ယောက်ဖြစ်သည်။ ကျွန်တော့တစ်ကိုယ်လုံး မူးဝေနေပြီး သတိလက်လွတ်ဖြစ်နေသည်။
မော့ကျင်းယွီက ကျွန်တော့်ကို မတွန်းသေးသည့်အချိန်ထိ ကျွန်တော် ကြက်သေသေနေသည်။
ကျွန်တော် သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
“မလိုပါဘူး။ ဒါက အသေးအဖွဲကိစ္စပါ။”
မော့ကျင်းယွီက ကျွန်တော့်ကိုကြည့်လိုက်ပြီး တစ်ရှူးကိုယူကာ သူမ၏နှုတ်ခမ်းကို ညင်သာစွာသုတ်လိုက်သည်။
ကျွန်တော် သူမကို တက်ကြွစွာဖြင့် ကြည့်လိုက်ပြီး ကျွန်တော် စိတ်လှုပ်ရှားလာသည်။
ဒီတစ်ကြိမ် ကျွန်တော် သူမကို ကျွန်တော့အားကယ်တင်သည့်အတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။
ကျွန်တော် ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး ကျွန်တော် ချန်ကျင်းကို လှည့်ကြည့်လိုက်သည်။မော့ကျင်းယွီအပြင် ချန်ကျင်းကလည်း ကျွန်တော့်အား ကယ်တင်ချင်သည့် သူတစ်ယောက်ဖြစ်သည်။ သူမက ဒီလောက် ကြင်နာလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။
သို့သော် သူမက လှည့်သွားပြီး ကျွန်တော့်ကို မကြည့်တော့ပေ။ ထိုအရာက ကျွန်တော့ကို စိတ်သက်သာရာရစေသည်။
“ကျန်းဖန် တာဝန်ပြီးမြောက်တယ်။ ဝီချက်အန်ပေါင်း ပို့ပြီးပြီ။”
ပြီးနောက် တံခါးစောင့်က ဂရုထဲတွင် စကားပြောပြီး ထပ်မံပျောက်ကွယ်သွားပြန်သည်။
ကျွန်တော် စိတ်သက်သာရာရသွားပြီး ဖုန်းကိုကြည့်လိုက်သည်။ ဝီချက်အန်ပေါင်းကို ဖွင့်လိုက်သည့်အခါ ထိုထဲတွင် ယွမ်ထောင့်ငါးရာရှိနေသည်။ တံခါးစောင့်အကြောင်းပြောရတာ တံခါးစောင့်က အလွန်သဘောထားကြီးသည် ဟု ဆိုရပေမည်။ သို့သော် သူ၏တာဝန်များက အလွန်ညစ်ညမ်းသည်။
ယခုအချိန်ထိ အတန်းခေါင်းဆောင်က ဖမ်းသွားခံရပြီး လူနှစ်ယောက်က သေဆုံးခဲ့ပြီဖြစ်သည်။
စိတ်သက်သာရာရသည့်အနေဖြင့် ကျွန်တော် သက်ပြင်းချလိုက်ပြီး လက်ထဲမှ ပုလင်းကို သေသေချာချာကြည့်လိုက်ပြီး အခန်းထဲကို ကြည့်လိုက်ပြန်သည်။ သို့သော် ကျွန်တော့်ကို အံ့အားသင့်စေသည်က အခန်းထဲတွင် ဘာသရဲမှမရှိပေ။ ကြည့်ရသည်မှာ ကျွန်တော် အတွေးလွန်ခဲ့သည်နှင့်တူသည်…
တာအိုဘုန်းတော်ကြီးက ငါ့ကို လိမ်ခဲ့တာလား။ ငါ့လက်ထဲက မျက်ရည်တွေက နွားမျက်ရည်မ ဟုတ်ဘူးလား။ ကျွန်တော် ခဏလောက်အံ့အားသင့်သွားသော်ငြား ဒီအချိန်တွင် ကျွန်တော် ပုလင်းကို ကျွန်တော့်၏အိတ်ကပ်ထဲ ထည့်ရုံသာ သက်နိုင်သည်။
ကျောက်ဖန်ယွီက ဒီတစ်ကြိမ်တွင် လာပြီးပြောသည်။
“ဒီတော့ မင်း တာဝန်တစ်ခုပြီးပြီ။ မင်းဆီမှာ မင်းဒီကနေ လွတ်မြောက်ဖို့ တာဝန်ဆယ့်ခြောက်ခုပဲကျန်တော့တာ။ ပြီးလို့ရှိရင် မင်းဒီကစားပွဲကနေ လွတ်မြောက်နိုင်ပြီ။”
“ငါအရင်ကပြောသလိုပဲ။ တာဝန်ဆယ့်ရှစ်ခုက အရမ်း မပြင်းထန်ဖို့ပဲ မျှော်လင့်ရတာပဲ။”
ကျွန်တော့် စိတ်ထဲတွင် တစ်ခုခုမှားနေသည်ဟု ခံစားနေရသော်ငြား ကျွန်တော် ဘာမှန်းမပြောနိုင်ပေ။
မနက်ခင်းအတန်းချိန်က လျင်မြန်စွာ ပြီးဆုံးသွားသည်။ ဒီအချိန်တွင် ကျွန်တော် မော့ကျင်းယွီနှင့် စကားပြောခဲ့သည်။ အနမ်းကြောင့်လားမသိ ကျွန်တော်တို့ကြားတွင် ဘာကွက်လပ်မှမရှိတော့လို ခံစားရပြီး ထိုအရာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေသည်။
နေ့လည်ခင်းတွင် အကုန်လုံးက တံခါးစောင့်အကြောင်းပြောနေသည်။ တံခါးစောင့်ကိုရှာရန် တကယ်ပင် နည်းလမ်းမရှိပေ။ လူတော်တော်များများက ခွေးနဲ့သွေးများကို ယူပြီး ကြမ်းပြင်ပေါ်ပန်းခဲ့သည်။ တစ်ချို့ကောင်လေးများက ကြမ်းပြင်ပေါ်သို့ သေးဖြင့် ပန်းခဲ့သည်။
သို့သော် အခန်းတစ်ခုလုံးသာ နံစော်သွားသည်။ တံခါးစောင့်က ဘာမှမဖြစ်ပေ။ ဒါက ကျွန်တော်တို့အား နားလည်သွားစေသည်။ တံခါးစောင့်က ဒါတွေကိုမကြောက်ပေ။
အကုန်လုံးက တံခါးစောင့်က ဟန်ကျိယုမှန်း သတ်မှတ်ထားကြသော်ငြား သူမနှင့် ဘယ်လိုရင်ဆိုင်ရမည်ကို မတွေးနိုင်တော့ပေ။
ကျွန်တော်နွားမျက်ရည်ကို လက်ထဲတွင်ကိုင်ထားပြီး ကျွန်တော် စိတ်ဓါတ်ကျစွာဖြင့် ကြည့်နေသည်။ ကျွန်တော် တကယ်ပဲ ထိုတာအိုဘုန်းတော်ကြီးလိမ်တာ ခံလိုက်ရပြီလား။ သို့သော် သူက ဒါကိုလုပ်စရာမလိုပေ။
သံသရများဖြင့် ကျွန်တော် ကူကယ်ရာမဲ့စွာဖြင့် ညနေခင်း တစ်ယောက်တည်း စာကြည့်ချိန်တွင် စောင့်ခဲ့သည်။ ညနေခင်း တစ်ယောက်တည်းစာကည့်ချိန်ပြီးနောက် ကျွန်တော် မော့ကျင်းယွီကို နှုတ်ဆက်လိုက်ပြီး ကျွန်တော်အတန်းထဲမှ ထွက်သွားတော့မဘ့်ဟန် ပြင်လိုက်သည်။ ထိုအချိန်တွင် တစ်ယောက်ယောက်က ကျွန်တော့်ကို ချောင်းကြည့်နေသည်ဟု ခံစားလိုက်ရသည်။
ကျွန်တော် ပုလင်းကိုယူလိုက်ပြီး မျက်စိမှာကွင်းလိုက်သည်။
ဒါက ကျွန်တော့်၏ပင်ကို အသိစိတ်ဖြစ်သည်။ ကျွန်တော် မျက်စိကွင်းပြီးနောက် ချက်ချင်းပြနောက်လှည့်လိုက်ပြီး အခန်းထဲသို့ ကြည့်လိုက်သည်။
ကျွန်တော် ခဏတာနောက်လှည့်ကြည့်လိုက်သည်နှင့် ကျွန်တော့်၏တစ်ကိုယ်လုံး ခဏတာကြက်သေသေသွားပြီး ကျွန်တော် အလန့်တကြားအော်လိုက်သည်။
ဘယ်အချိန်ကမှန်းမသိ အတန်း၏နောက်တွင် နောက်ထပ်မိန်းကလေးတစ်ယောက် ရောက်နေသည်။ ဒီကောင်မလေးက ကျောင်းယူနီဖောင်း ဝတ်ဆင်ထားသည်။ သူမက ခေါင်းငုံ့ထားပြီး ကျွန်တော်တို့၏အခန်းနောက်တွင် မတ်တပ်ရပ်နေသည်။ သူမ၏အသားအရေက လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသည်။ ပြီးနောက် သူမ၏ခဏ္ဓာကိုယ်ပေါ်တွင် သွေးမရှိပေ။
ကျွန်တော် အော်နေချိန်တွင် ကောင်မလေးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျွန်တော့်ကို ကြည့်လိုက်သည်။ဒီအချိန်တွင် ကျွန်တော် ကောင်မလေးတွင် သူမ၏မျက်တွင်းများလည်း မျက်လုံးမရှိကြောင်း သတိပြုမိသည်။ သူမ၏ မျက်တွင်းများက အနက်ရောင်တွင်းများ ဖြစ်နေသည်။ ပြီးနောက် မျက်တွင်းများထဲတွင် သွေးများဆက်တိုက် စီးကျနေသည်။ မြင်ကွင်းတစ်ခုလုံးက အလွန်ထိတ်လန့်စရာကောင်းနေသည်။ ကျွန်တော် အခန်းနောက်ရှိကော်မလေးကိုကြည့်ရင်း ကျွန်တော်အချိန်တော်ကြာ တုန်ရင်နေပြီး ပြောစရာစကား ကင်းမဲ့နေသည်။
“ဘာဖြစ်တာလဲ။”
မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်ပြီး ထူးဆန်းစွာဖြင့်မေးလိုက်သည်။
ကျွန်တော် ဘာမှမပြောနိုင်ဘဲ သူမကို ပုလင်းကို ပေးလိုက်သည်။ ပြီးနောက် မော့ကျင်းယွီက ကျွန်တော့်ကို ကြည့်လိုက်သည်။ ပြီးနောက် နွားမျက်ရည်ကို ကွင်းလိုက်ပြီး ကျွန်တော့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ပြီးနောက် သူမ ရုတ်တရက် အော်လိုက်သည်။
ဒီအချိန်တွင် အခန်းထဲရှိလူတော်တော်များများက ကျွန်တော်တို့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ကျွန်တော် သရဲအကြောင်းကို အမြန်ပြောလိုက်သည်။ အတန်းထဲရှိ လူတော်တော်များမျးက မျက်နှာထားပြောင်းလဲသွားကြသည်။ တချို့ကောင်လေးများက ရဲရင့်စွာဖြင့် ပုလင်းကိုယူလိုက်ပြီး မျက်စိကွင်းလိုက်ကြသည်။
သို့သော် သူတို့က စိတ်ပျက်စွာဖြင့် ကျွန်တော့်ကို ပြောလိုက်ကြသည်။
“မင်း အကြည့်များမှာတာလား။ အဲ့မှာ ဘာသရဲမမှမရှိဘူး။”
ကျွန်တော် လှည့်ကြည့်လိုက်သောအခါ အခန်းထဲရှိသရဲမက ကျွန်တော်တို့ စကားပြောချိန်တွင် ပျောက်ကွယ်သွားသည်ဖြစ်မည်။
ကျွန်တော် အလန့်တကြား သက်ပြင်းချလိုက်ပြီးနောက် သတိကြီးကြီးထားသည့်အပြုံးနှင့် ပြောလိုက်သည်။
“ငါ မင်းတို့ကို လိမ်စရာမလိုပါဘူး။ မော့ကျင်းယွီနဲ့ ငါနဲ့ တကယ်သရဲကို မြင်ခဲ့တာ။”
မော့ကျင်းယွီက ခေါင်းညိမ့်လိုက်ပြီး သူမမြင်ခဲ့သည်ကို ပြောလိုက်သည်။ လီယုထျန်းက ဒီအချိန်တွင် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းကို ပုံတစ်ပုံပြမယ်။ အဲဒါ သူမလားဆိုတာကြည့်။”
ပြောပြီးသည်နှင့် သူက ကျွန်တော့်ကို ပုံတစ်ုံပေးသည်။ ကျွန်တော် ပုံကိုကြည့်လိုက်သည့်အခါ ကျွန်တော် ကြက်သေသေသွားသည်။ ဒီပုံက သရဲမနှင့် တစ်ထပ်တည်းတူသည်။ ဒီပုံက သရဲမ၏ ကြောက်စရာကောင်းသည့် အသွင်အပြင်နှင့် ဆင်နေပြီး ပုံထဲရှိမိန်းကလေးများက သာမန်ကောင်မလေးများသာဖြစ်သည်။
“ဟုတ်တယ်။ အဲဒါ သူမပဲ။”
ကျွန်တော် ပြောလိုက်သည်။
“ဒါဆိုရင် မကြောက်နဲ့။ သူမက ဟန်ကျိယုပဲ။ သူမပုံတွေကို ငါ ယူလာခဲ့မယ်။”
လီယုထျန်းက ပြောလိုက်သည်။
“သူမက ငါတို့အတန်းထဲမှာ တကယ်ရှိနေတာလား။ ငါတို့ အခုဘာလုပ်သင့်တုန်း။”
ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ နည်းလမ်းတစ်ခုစဉ်းစားရမယ်။”
အခန်းတစ်ခဏ်းလုံးက ဒီအကြောင်းကို ဆွေးနွေးနေကြပြီး အကုန်လုံး၏မျက်ဝန်းများ ကြားထဲတွင် ကြောက်လန့်မှုများ ရှိနေသည်။
အခန်း ၇
? Views, Released on June 6, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။