အခန်း ၆

အပိုင်း ၆ ထူးဆန်းသော တာအိုဘုန်းတော်ကြီး
ကျောင်းဆင်းသည့် အချိန်တွင် လီယုထျန်းက ကျွန်ုပ်တို့ကိုခေါ်ပြီး ဟန်ကျိယု၏အိမ်သို့ သွားခဲ့ကြသည်။
ရှန်တီမြို့ကို ဖြတ်လာပြီးနောက် ကျွန်ုပ်တို့နောက်ဆုံးတွင် ဟန်ကျိယု၏အိမ်သို့ ရောက်လာခဲ့ကြသည်။ သူမ၏အိမ်က အလွန်နိမ့်နေပြီး အလွန်မှောင်နေပုံပေါ်သည်။ လီယုထျန်းက တံခါးရှေ့သို့သွား၍ တံခါးခေါက်လိုက်သည်။ တံခါးပွင့်လာသည့်အခါ တံခါးကိုဖွင့်လိုက်သည့်လူက အမျိုးသမီးတစ်ဦးဖြစ်နေသည်။
သူမက ကျွန်ုပ်တို့အား သံသရရှိစွာ ကြည့်နေသည်။ ပြီးနောက် သူမက မေးလိုက်သည်။
“မင်းကဘယ်သူလဲ။ ဘာလာလုပ်တာလဲ။”
“ကျွန်တော်တို့က ဒီကိုလာလာပြီးတော့ ဟန်ကျိယုအကြောင်း လာမေးတာပါ။”
လီယုထျန်းက‌ ပြောလိုက်သည်။
“သူမက ဆုံးသွားပြီ။”
အမျိုးသမီးက အေးစက်စွာပြောလိုက်သည်။ ပြီးနောက် တံခါးကိုပိတ်လိုက်သည်။
သို့သော် လီယုထျန်းက အမြန်ပင်သူမကို တားလိုက်ပြီး ကျွန်ုပ်တို့ ဟန်ကျိယု အကြောင်းသိရန် အလျင်လိုနေသည် ဆိုသည်ကို ပြောခဲ့သည်။
သူ မရမကတောင်းဆိုနေသည်ကို မြင်သောအခါ အမျိုးသမီးက ကျွန်ုပ်တို့အား အိမ်ထဲသို့ ဝင်စေခဲ့သည်။ ကျွန်ုပ်တို့ အထဲသို့ ဝင်လာချိန်တွင် အထဲတွင် မှောင်နေပြီး ရုတ်တရက် အက်ကွဲသည့်အသံ ကြားလိုက်‌ရသည်။
“ငါ့မြေးလေးပြန်လာပြီလား။ အဘွားက မင်းကို တွေ့ချင်နေတာ။”
ဒီစကားများကြားသည်နှင့် ကျွန်ုပ် အိပ်ရာပေါ်တွင် အဘွားအိုတစ်ဦး လှဲနေသည်ကို မြင်လိုက်ရသည်။ သူမက တစ်ယောက်ယောက်ကို ရှာနေသည့်အလား ကျွန်ုပ်တို့အား ကြည့်နေသည်။
“သူက”
လီယုထျန်းက ပြောလိုက်သည်။
“သူက ဟန်ကျိယုရဲ့ အဘွားလေ။”
အမျိုးသမီးက သက်ပြင်းချလိုက်ပြီးနောက် မီးဖိုကို ရှင်းနေသည်။
“အဲ့နေ့ကတည်းက ကျိယုက ဘယ်တော့မှပြန်မလာခဲ့ဘူး။”
“ဘယ်သူပြောလဲ။ သူမက မကြာခန ငါ့ကိုလာလာတွေ့တယ်။”
အဘွားအိုက ရုတ်တရက်အော်လိုက်သည်။ ဘာကြောင့်မှန်းမသိ ဒီအဘွားအိုက အနည်းငယ် ကြောက်စရာကောင်းသည်ဟု ကျွန်ုပ် ခံစားနေရသည်။
“ဒါဆို ဟန်ကျိယုက ဘယ်လိုဆုံးသွားတာလဲ။”
လီယုထျန်းက မေးလိုက်သည်။
အမျိုးသမီးက တုံ့ဆိုင်းနေပြီးနောက် သက်ပြင်းချလိုက်သည်။
“သူမ အခန်းထဲမှာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသက်သေသွားတာ။”
“အခန်းထဲမှာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသက်သေသွားတာ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
လီယုထျန်းက မအော်ဘဲမနေနိုင်ခဲ့ပေ။ တခြားလူများကလည်း အချင်းချင်းကြည့်နေကြသည်။ ဟန်ကျိယုက အခန်းထဲမှာ ကိုယ့်ကိုကိုယ်သက်သေသွားမယ်လို့ ဘယ်သူမှထင်မထားပေ။
သူမ ကိုယ့်ကိုကိုယ်သက်သေတာက တံခါးစောင့်ထွက်ပေါ်လာခြင်းရဲ့ အကြောင်းအရင်းများလား။
ကျွန်ုပ်တွေးနေတုန်းမှာပင် လီယုထျန်းက ထပ်၍မေးလိုက်သည်။
“ဒီတော့ ဟန်ကျိယုက ဘာလို့ ကိုယ့်ကိုကိုယ် သက်သေခဲ့တာလဲ။”
ဒါကိုကြားသောအခါ အမျိုးသမီးက မကျေမချမ်းဖြစ်သွားပြီး သူမက ခေါင်းခါလိုက်ကာ
“အဲ့ကောင်ကြောင့်ပေါ့။ တကယ်လို့အဲ့ကောင်သာ ငါ့သမီးနဲ့မအိပ်ခဲ့ရင်…. ငါ့သမီးကို တာဝန်ယူခဲ့ရင်…. ငါ့သမီးက ကိုယ့်ကိုကိုယ်သက်သေမှာ မဟုတ်ဘူး။”
သူမစကားများက ကျွန်ုပ်ကို ရုတ်တရက် ဟန်ကျိယု၏ သေဆုံးခြင်းနောက်တွင် အကြောင်းအရင်း တစ်ခုရှိရမည်ဟု သဘောပေါက်မိစေခဲ့သည်။
ကျွန်ုပ်အနားရှိ လူများကလည်း တစ်ယောက်ချင်း ခေါင်းညိတ်နေကြပြီး သူတို့၏မျက်နှာများက အနည်းငယ် လန့်နေပုံပေါ်သည်။
လီယုထျန်းက ထပ်၍မေးလိုက်သည်။
“သူကဘယ်သူလဲ။”
အမျိုးသမီးပြောလိုက်သည့် နာမည်ကြောင့် ကျွန်ုပ်တို့ အံ့အားသင့်သွားသည်။ ဒီလူက လီရိရှူဖြစ်နေသည်။ ဒီနာမည်ကို ကျွန်ုပ်တို့တစ်ကျောင်းလုံး ကောင်းကောင်းသိကြသည်။ အဘယ့်ကြောင့်ဆိုသော် သူက ကျောင်းအုပ်ကြီး၏ သားဖြစ်ပြီး ရှင်းဟွတက္ကသိုလ်သို့ မနှစ်က ရောက်သွားခဲ့တာဖြစ်သည်။ သူက ကျွန်ုပ်တို့ကျောင်း ဂုဏ်ဆောင်ဖြစ်သည်။
“သူက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”
ကျွန်ုပ် ကိုယ့်ကိုကိုယ် ရေရွတ်လိုက်သည်။
“ဒီတော့ ဟန်ကျိယု ကိုယ့်ကိုယ်ကိုယ်သတ်သေတာက ဒါကြောင့်ကိုး။”
လီယုထျန်းက ခေါင်းငုံ့ပြီးနောက် ပြောလိုက်သည်။
“ဒီတော့ အန်တီရဲ့သမီးက သူကိုယ့်ကိုကိုယ်သက်မသေခင် ကိုယ်ဝန်ရှိခဲ့တာလား။”
“ဟုတ်တယ်။ ကလေးက ခြောက်လရှိနေပြီ။”
အမျိုးသမီးက ပြောပြီးသည်နှင့် သူမလက်ကို စိတ်မရှည်စွာ ရမ်းလိုက်သည်။
“ကောင်းပြီ။ ငါ မင်းတို့ကို ဒီလောက်ပြောပြီးပြီဆိုတော့ မင်းတို့ သွားလို့ရပြီ။”
ကျွန်ုပ်တို့ အချင်းချင်းကြည့်လိုက်ကြပြီးနောက် ကျွန်ုပ်တို့ ထွက်လာခဲ့ကြသည်။
ဒီအချိန်တွင် အဖွားအိုက ရုတ်တရက် အော်လိုက်သည်။
“ငါ့မြေးလေးပြန်လာပြီ။ ငါ့မြေးလေးပြန်လာပြီ။”
ကျွန်ုပ် လှည့်ကြည့်လိုက်သည့်အခါ သူမက ကျွန်ုပ်တို့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ ပြီးနောက် ကျွန်ုပ် ရုတ်တရက် ကျောချမ်းသွားခဲ့သည်။ ပြီးနောက် ကျွန်ုပ်တို့ ဟန်ကျိယု၏အိမ်မှ ထွက်လာခဲ့ကြသည်။ ထွက်လာပြီးနောက် လီယုထျန်းက ပြောလိုက်သည်။
“ကြည့်ရတာ ဟန်ကျိယုက တံခါးစောင့်ဆိုတာ သိသာတယ်။ သူမက သရဲဖြစ်သွားတာနေမှာ။”
“ဟုတ်တယ်။ ငါလည်း နာကျဉ်းချက်တွေနဲ့ သေဆုံးသွားတဲ့ အမျိုးသမီးတွေက သရဲအဖြစ်ပြောင်းသွားတယ်လို့ ကြားဖူးတယ်။ သူမ မသေခင်မှာ ကိုယ်ဝန်ရှိနေတာဆိုတော့ ပြောစရာကိုမလိုဘူး။”
ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။
ကျွန်ုပ် တိတ်ဆိတ်စွာဖြင့် နားထောင်နေပြီး ကျွန်ုပ်၏စိတ်ထဲတွင် တွေးနေသည်။ ဟန်ကျိယုက တံခါးစောင့်ဖြစ်နိုင်နေသည်။
သို့သော် ကျွန်ုပ်တို့ ဟန်ကျိယုနှင့် ဘယ်လိုရင်ဆိုင်ရမည်နည်း။
သရဲများနှင့်ရင်ဆိုင်ရန် ကျွန်ုပ်တို့ သာမန်လူတွေက ဘာမှမလုပ်နိုင်ပေ။
ကျွန်ုပ် ဒါကိုမေးနေစဉ် တစ်ယောက်ယောက်က ရုတ်တရက် ဒီမေးခွန်းကို မေးလိုက်သည်။ သို့သော် လီယုထျန်းက ရှင်းပြချက်တစ်ခု ပေးလိုက်သည်။
“ငါတို့ သရဲတွေကို နှိမ်နင်းလို့ရတယ်။ ငါတို့လိုအပ်တာက ခွေးနက်သွေးနဲ့ ယောင်္ကျားလေးရဲ့သေးပဲ။”
“ဒါဆိုရင် ကောင်းသားပဲ။”
တစ်ယောက်ယောက်က ပြောလိုက်သည်။
ဒီတော့ အကုန်လုံးက သူတို့ရဲ့ အကြံတွေကို ထုတ်ပြောကြပြီး ကျွန်ုပ်ကလည်း ဟန်ကျိယုနှင့် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို တွေးနေသည်။
ဟန်ကျိယုက တံခါးစောင့်ဆိုတာကို ဒီတစ်ကြိမ်တွင် ကျွန်ုပ်တို့ သိသွားပြီဖြစ်သည်။ ဒါက ကျွန်ုပ်တို့၏ နောက်အပြုအမူအတွက် အဆင်ပြေသည်။
နေ့လည်ခင်းတွင် လီယုထျန်းက ကျွန်ုပ်တို့ ရှာတွေ့သည်များကို ပြောခဲ့သည်။ ဒီတော့ တစ်ခန်းလုံးက သရဲများနှင့်ရင်ဆိုင်ရန်အတွက် နည်းလမ်းများရှာဖွေနေကြသည်။
တစ်ယောက်ယောက်က ဗုဒ္ဓဆင်းတုတော်ကို ယူဆောင်လာပြီးနောက် တစ်ချို့လူများက ကျမ်းစာများကို သူတို့၏ ထိုင်ခုံများတွင် ကပ်လိုက်ကြသည်။
ထိုအရာများကို ကြည့်ရသည်မှာ ရယ်ချင်စရာ ကောင်းသော်ငြား ကျွန်ုပ်တို့မှာ တခြားနည်းလမ်းမရှိပေ။
ဤကဲ့သို့ အလွန်စိုးရိမ်ဖွယ် အခြေအနေတွင် လူတိုင်းက အကြံအမျိုးမျိုးစဉ်းစားကြသည်။ အတန်းပိုင်ဆရာမကလည်း ကျွန်ုပ်တို့၏ ထူးဆန်းသော အပြုအမူများကိုမြင်၍ ဒေါသထွက်နေသည်။ ဒီအချိန်တွင် ဘယ်သူကမှ သူမ မည်မျှဒေါသထွက်နေသည်ကို ဂရုမစိုက်ကြပေ။
အတန်းခေါင်းဆောင်အား ရဲများက ဖမ်းဆီးသွားခဲ့ကြသဖြင့် တစ်တန်းလုံးကလည်း တံခါးစောင့်အား ပို၍ကြောက်လာကြသည်။ တံခါးစောင့်၏ တာဝန်များကလည်း တစ်နေ့နဲ့တစ်နေ့ပို၍ ခက်ခဲလာပြီး အကယ်၍ ဂရုမစိုက်လျှင် သေဆုံးနိုင်သည်အထိ ဖြစ်လာခဲ့သည်။
ဒီရုန်းရင်းဆန်ခတ်အခြေအနေတွင် ကျွန်ုပ်တို့ ကျောင်းဆင်းခေါင်းလောင်းသံကို ကြားလိုက်ကြရသည်။
ကျွန်ုပ် အခန်းထဲမှထွက်လာခဲ့ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကျွန်ုပ် ဟန်ကျိယုအကြောင်း ဆက်တွေးနေဆဲဖြစ်သည်။ ဟန်ကျိယုက တကယ်ပဲ သနားစရာကောင်းလွန်းလှသည်။ ကျွန်ုပ်သာ ကိုယ်ဝန်ရပြီးနောက် ပြစ်ထားခဲ့ခံရလျှင် ကျွန်ုပ် အခန်းထဲတွင် ကိုယ့်ကိုကိုယ်သတ်သေဖို့ နည်းလမ်းတောင် စဉ်းစားခဲ့မှာမဟုတ်ဘူး။
ပြီးနောက် တရားခံက ဘာအပြစ်ဒဏ်မှ မရရှိခဲ့ဘဲ နောက်ဆုံးတွင် ကျော်ကြားသည့် တက္ကသိုလ်သို့ ရောက်သွားခဲ့သေးသည်။
ကျွန်ုပ်တို့အခန်းထဲတွင် ဤကဲ့သို့ ရက်စက်သောသရဲ တစ်ကောင်ရှိနေသည်။ အနာဂတ်တွင် ပို၍ဆိုးလာမည်ကို ကျွန်ုပ် စိုးရိမ်မိသည်။
ကျွန်ုပ်ထိုအကြောင်းကို တွေးနေစဉ် အသံတစ်သံက ရုတ်တရက် ထွက်‌ပေါ်လာသည်။
“ကောင်‌လေး မင်းရဲ့ရင်ထန်က မဲနေတာပဲ။ ကြည့်ရတာ မင်း သရဲခြောက်ခံနေရတယ်နဲ့တူတယ်။”
ကျွန်ုပ်လှည့်ကြည့်လိုက်သောအခါ မျက်မှန်တစ်လက်ဖြင့် စာတတ်ပေတတ် လူငယ်တစ်ဦးပုံပေါက်သော မီးခိုးရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်သည်။
ကျွန်ုပ် သူ့ကိုကြည့်လိုက်ပြီး ထူးဆန်းစွာမေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ။”
“ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ မင်းမျက်နှာကို ကြည့်ရတာ အခုတလော မင်းနားမှာ လူတွေသေနေတယ်နဲ့တူတယ်။ ပြီးတော့ သေသွားတဲ့သူက တစ်ယောက်ထက်မကဘူး။”
သက်လတ်ပိုင်းလူက ဖြည်းညင်းစွာ ပြောလိုက်သည်။
ကျွန်ုပ်သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး အမြန်အော်ပြောလိုက်သည်။
“ခင်ဗျားပြောတာမှန်တယ်။ ကျွန်တော်အခုတလော မသန့်ရှင်းတဲ့အရာတွေ ကြုံတွေ့နေရတယ်။ ခင်ဗျားကျွန်တော့ကို ကူညီပေးနိုင်မလား။”
“မင်းကို ကူညီတာက ဘာပြသနာမှမရှိပါဘူး။ ဒါပေမယ့် ငါ့ကိုအရင်ပြော မင်းဘာတွေ ကြုံတွေ့နေရတာလဲ။”
သက်လတ်ပိုင်းလူကပြောသည်။
ကျွန်ုပ် ထိုအကြောင်းကို တွေးပြီး‌နောက် သူ့ကို ကျွန်ုပ်သိသည်များကို ပြောသည်။ ကျွန်ုပ်ပြောပြီးသည်နှင့် သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာထားက နီရဲသွားသည်။
“ကြည့်ရတာ မင်းက ကျိန်စာတစ်ခုခုနဲ့ ကြုံတွေ့နေရတာပဲ။”
သက်လတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
“ကျိန်စာ။ ဒီလိုမျိုးအရာတွေက တကယ်ရော ရှိလိုလား။”
ကျွန်ုပ်လက်မခံနိုင်ပေ။
“မယုံမရှိနဲ့။ ကျိန်စာတွေက တကယ်ရှိတာ။ တချို့ကျိန်စာတွေဆို နိုင်ငံတစ်နိုင်ငံကိုတောင်မှ ဖျက်စီးပစ်နိုင်တယ်။”
သက်လတ်ပိုင်းအမျိုးသားက လေးနက်စွာ ပြောလိုက်သည်။
သိုသော် သူပြောသည်က အရေးမကြီးပေ။ ဒီအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားက ကျွန်ုပ်အား ပုံပြင်တစ်ပုဒ်ပြောပြသည်။
ရာဇဝင်ထဲမှာ မြူရန်ဟာချီက ရဲ့ဟန်နုကျန်ကို ဖျက်စီးတဲ့အချိန်မှာ ရဲ့ဟန်ရဲ့ ခေါင်းဆောင် ပုရန်ကုက သူမသေခင် ကောင်းကင်ကို တိုင်တည်ခဲ့တယ်။ တကယ်လို ရဲ့ဟန်နလမှာ အမျိုးသမီးတစ်ယောက်ပဲ ကျန်ခဲ့ရင်တောင် ကျန်းကျိုလုရန်ကို ဖျက်စီးမယ်။မကြာခင်မှာ ကျင်းမျိုးဆက်က တကယ်ပဲ ပျောက်ကွယ်သွားခဲ့တယ်။ရဲ့ဟန်နလရဲ့ အမျိုးသမီးတစ်ဦးက အဲ့ဒီပျောက်ကွယ်သွားတဲ့ အကြောင်းအရင်းရဲ့ အဓိကတရားခံပဲတဲ့။
ကျွန်ုပ် သူပြောတာကို ကြားသည့်အခါ တကယ်ပဲ ထိုအရာကို အနည်းငယ် ယုံကြည်သွားခဲ့ပြီး ကျွန်ုပ်ပြောလိုက်သည်။
“ဒီတော့ ကျွန်တော်တို့ အခန်းက ကျိန်စာသင့်နေတာလား။”
ကျွန်ုပ် သူ့ကို မျက်လုံးပြူးသားဖြင့်‌ မေးလိုက်သည်။
“ငါလည်း ဒီကိစ္စကို သိပ်မသိတော့ ငါမင်းကို တခုခုပေးလိုက်မယ်။”
သက်လတ်ပိုင်းအရွယ်ယောင်္ကျားက ကျွန်ုပ်ကို ပုလင်းတစ်ပုလင်း ပေးလိုက်သည်။ ကျွန်ုပ်က ပုလင်းလေးကို ယူလိုက်ပြီး ကြည့်လိုက်သည်။ ထိုပုလင်းလေးထဲတွင် ကြည်လင်နေသောရေ ရှိနေသည်။
“အဲ့တာက နွားမျက်ရည်ပဲ။ မင်းအဲ့တာကို မင်းရဲ့ မျက်စိမှာ ကွင်းလိုက်ရင် မင်းသရဲကို မြင်ရလိမ့်မယ်။”
သက်လတ်ပိုင်းအရွယ်ယောကျာ်းက ပြောလိုက်သည်။
“အော် ဒီလိုလား။”
ကျွန်ုပ် ယူလိုက်ပြီးတော့ သူ့အား ကျေးဇူးတင်လိုက်သည်။
ဒီသက်လတ်ပိုင်းအရွယ်လူက လက်ရမ်းပြလိုက်ပြီးနောက် ကျွန်ုပ်အား သူက ကောင်းမှုများပြုလုပ်နေသည့် ကျင့်ကြံသူဟု ပြောခဲ့သည်။
ကျွန်ုပ် သူနှင့် အချိန်အတော်ကြာ စကားပြောခဲ့ပြီးနောက် သူ့နာမည်က ဝမ်ရင်းရန်မှန်း ကျွန်ုပ်သိခဲ့ပြီး သူက တာအိုဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။
“ငါမင်းကို ပေးလိုက်တဲ့ နွားမျက်ရည်ကို မင်းသရဲရှာတဲ့အချိန် သုံးလိုရတယ်။ မင်းအဲ့တာကိုတွေ့ရင် မင်းငါ့ကို ပြောလိုရပြီ။ အဲ့တာ ဘယ်လိုမျိုး သရဲလဲဆိုတာ။”
သက်လတ်ပိုင်းအရွယ်လူက ပြောလိုက်သည်။
“ဒါတကယ် ကောင်းတာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။”
ကျွန်ုပ် သက်လတ်ပိုင်းအရွယ်လူကို ပြောလိုက်သည်။
“ကောင်းပြီ။ တကယ်လို မင်းအချိန်ရှိရင် ငါ့ကို ဆက်သွယ်လိုက်။”
သက်လတ်ပိုင်းအရွယ်လူက ပြောပြီး ထွက်သွားသည်။
ကျွန်ုပ်အိမ်သို‌ ပြန်ရောက်သောအခါ ကျွန်ုပ် ပုလင်းကိုကိုင်ထားရင်း ကြည့်လိုက်သည်။ ကျွန်ုပ်၏ အကြည့်များထဲတွင် စိတ်လှုပ်ရှားမှုများက ပြည့်နှက်နေသည်။ ကျွန်ုပ် ဝမ်ရင်းရန်ကို တွေ့ခြင်းက အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်သည်။ ဒါကိုတွေးကြည့်ရင်း ကျွန်ုပ် သတင်းကို ဂရုထဲသို့ပို့လိုက်သည်။ ပြီးနောက် ဂရုက ချက်ချင်းပင် ဆူညံလာတော့သည်။
“နွားမျက်ရည်နဲ့ဆိုရင် သရဲတွေမြင်နိုင်တယ်လို့ ငါလည်းကြားဖူးတယ်။ ဒီတော့ ငါတို သရဲတွေကို ရှာနိုင်ပြီ။”
“ဒီတော့ ငါတိုသရဲကိုရှာနိုင်တော့ ဘာလုပ်နိုင်မှာလဲ။”
“ဒီဝမ်ရင်းရန်က တကယ်ပဲ သေချာပေါက် ငါတို့ကိုကယ်နိုင်လိမ့်မယ်။ မင်းသူ့ကိုပြောလိုက် သူဘယ်လောက်လိုချင်လဲ။ ငါပေးမယ်။”
လီယုထျန်းက အတန်းထဲတွင် အချမ်းသာဆုံး တစ်ယောက်ဖြစ်သည်။ သူက တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။
ကျွန်ုပ် ဂရုထဲရှိ စာများကို ကြည့်ရင်း ကျွန်ုပ်ရင်ထဲတွင် ဝမ်းသာသွားသည်။ အစကဖြစ်ပေါ်နေသော စိတ်ဓာတ်ကျမှု များက အခု စိတ်သက်သာရာ ရသွားသည်။
ကျွန်ုပ် အခန်းထဲရှိသရဲကို ရှာနိုင်ရင် အတန်းထဲက အကုန်လုံး ပြီးဆုံးသွားမည်။
ရုတ်တရက်တွင် ကျွန်ုပ် အခန်းထဲသိုလာခဲ့ပြီး နွားမျက်ရည်ကို မျက်စိတွင်ကွင်းလိုက်သည်။
အကုန်လုံးက ကျွန်ုပ်ကိုကြည့်လိုက်တဲ့အချိန်တွင် ရုတ်တရက် တယောက်ယောက်ကအော်လိုက်သည်။တံခါးစောင့်က ထပ်မံထွက်ပေါ်လာပြန်သည်။
ကျွန်ုပ်တို့ ဖုန်းကိုကြည့်လိုက်ပြီး ဝီချက်ဂရုကို ဖွင့်လိုက်သည့်အခါ တံခါးစောင့်က တာဝန်သစ်တစ်ခုကို ပို့လိုက်သည်။
“ အတန်းထဲ ကောင်မလေးတွေထဲက တစ်ယောက်ကို နမ်းရမယ်။ တာဝန်ချိန် ခြောက်နာရီ။ ”
ဒီစာကို မြင်သောအခါ ကျွန်ုပ်မှင်သက်သွားသည်။ ကျွန်ုပ်၏ မျက်လုံးများ ရုတ်တရက် အသက်မရှိသလို ဖြစ်သွားသည်။ ဒီတစ်ခါ ကျွန်ုပ်အလှည့်ဖြစ်မယ်မှန်း ကျွန်ုပ် ထင်မထားပေ။ ဒီတစ်ကြိမ်တာဝန်က အရင်တစ်ခါ လျိုဖေး၏ တာဝန်နှင့် ဆင်တူသည်။ ကွဲပြားသည်က သူက ကောင်မလေးရရန်ဖြစ်ပြီး ကျွန်ုပ်က အကြင်နာပေးရန် ဖြစ်သည်။ ကျွန်ုပ် ပုလင်းလေးကို ကိုင်ထားပြီး ဘေးကို ဝိုက်ကြည့်လိုက်သည်။ ကျွန်ုပ်၏မျက်နှာက ဖြူဖတ်ဖြူ‌ရော် ဖြစ်နေသည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset