အခန်း ၄

အခန်း ၄
လက်ခံနိုင်ဖွယ်မရှိသည့် တောင်းဆိုချက်
အဖိုးအို ထွက်သွားတာကိုကြည့်နေရင်း ကျွန်ုပ်တို့ တစ်‌ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် ကျွန်ုပ်တို့ ဘာမှမပြောကြပေ။ အတန်းခေါင်းဆောင်က ကူကယ်ရာမဲ့စွာ မတ်တပ်ရပ်နေလေသည်။ ခဏကြာသောအခါ သူက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“မပူပါနဲ့။ ငါ တခြားဘုန်းကြီးတွေနဲ့လည်း သိသေးတယ်။”
သို့သော် အကုန်လုံးက ခေါင်းပဲညိတ်လိုက်ကြပြီး ဘယ်သူမှ ဘာမှ သိပ်မပြောချေ။
ကျောက်ဖန်းယွီသည် ကြည့်ရတာ ကြောက်လန့်နေပုံပေါ်သည်။
“ဘာတွေဖြစ်နေတာလဲ။ဘာလို့ အဖိုးကြီးက သရဲကို တွေ့လိုက်သလို ဖြစ်နေတာလဲ။”
“သူက သရဲကို တကယ် တွေ့လိုက်တာများလား။”
ကျွန်ုပ်က ပြောလိုက်ပြီး ဘာမှထပ်မပြောခဲ့ပေ။
အချိန်တစ်ခုထိ တစ်တန်းလုံးက ရုံးရင်းဆန်ခတ်ဖြစ်နေပြီး သူတို့၏ ရင်ထဲတွင် ကြောက်လန့်မှုများဖြင့် ပြည့်နေကြသည်။ အကုန်လုံးက စိုးရိမ်စွာဖြင့် ဆွေးနွေးနေကြပြီး သူတို့၏မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပြည့်နေကြသည်။ ကျွန်ုပ် ထိုင်ခုံတွင် ထိုင်နေပြီး စဉ်းစားနေသည်။ ဒီအဖိုးကြီးက တစ်ခုခုကို သိသွားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူက ထွက်ပြေးသွားမှာ မဟုတ်ဘူး။ ဒါပေမယ့် သူဘာကို မြင်ခဲ့တာလဲ။ အဲ့တာကို သူကိုယ်တိုင်လွဲပြီး ဘယ်သူမှ သိမှာမဟုတ်ဘူး။
သူက အတန်းထဲမှာ ဟန်ကျိယုကို တွေ့ခဲ့တာလား။ ဒါက ဖြစ်နိုင်ခြေ အရမ်းများပေမဲ့ အတန်းခေါင်းဆောင်ဆီကနေ ငါကြားခဲ့တာ ဟန်ကျိယုက ဒီအခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်တဲ့။ သူမရဲ့ ဝိညာဉ်က အခန်းထဲမှာ ရှိနေဦးမှာပဲ။
ဒါကိုတွေးကြည့်ရင်း ကျွန်ုပ် ကြက်သီးမထပဲ မနေနိုင်ခဲ့ပေ။
အတန်းထဲရှိ လူများကလည်း စကားပြောနေသေးစဲ ဖြစ်သည်။
တစ်ချို့လူများက အစွမ်းထက်သည့် ဘုန်းတော်ကြီးများကို ပင့်ရန် ပြောနေကြသည်။ တစ်ချို့လူများကမူ ဘုရားစာရွတ်ဖို့ ပြောနေကြသည်။
တစ်ခန်းလုံးက ခဏလောက် အငြင်းပွားနေကြပြီး အတန်းခေါင်းဆောင်ကလည်း ဒီတစ်ကြိမ်တွင် ထွက်မလာခဲ့ပေ။
ဒီအချိန်မှာ နှစ်လိုဖွယ်ကောင်းတဲ့ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ကျန်းဖန် ဟန်ကျိယုက ဒါကို လုပ်ခဲ့တယ်လို့ နင် ပြောတာလား။”
“သူမလို့ ငါထင်တာပဲ။”
ကျွန်ုပ် မော့ကျင်းယွီကို ကြည့်ပြီး ပြောလိုက်သည်။
မော့ကျင်းယွီက ကျွန်ုပ်ကို သူမ၏ တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။
“ဘာလို့ ဒီလိုအရာတွေက ရုတ်တရက် မမျှော်လင့်ဘဲနဲ့ ဖြစ်ပေါ်လာရတာလဲ မသိဘူး။”
“ဟုတ်တယ်။ ငါလည်း တစ်ကြိမ်မှာ တစ်လှမ်းပဲလှမ်းနိုင်တယ်။”
ကျွန်ုပ် သက်ပြင်းချပြီး ပြောလိုက်သည်။
“ဟန်ကျိယုက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ နင်ပြောတာနော်။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ဘာလို့ သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ ငါလည်း မသိဘူး။ ဒါက ထူးဆန်းတယ်။”
ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။
အတန်းပြီးသွားတော့ ကျွန်ုပ် အတန်းခေါင်းဆောင်ကို ရှာပြီး သေဆုံးခြင်းရခြင်းအကြောင်း မေးလိုက်သည်။ သို့သော် အတန်းခေါင်းဆောင်က သူလည်း မသိဘူးဟု ပြောခဲ့သည်။ ကျွန်ုပ် ချက်ချင်းပင် စိတ်ရှုတ်သွားခဲ့သည်။ သို့သော် ဆက်၍ မေးဖို့က မဖြစ်နိုင်တော့ပေ။
အတန်းခေါင်းဆောင်က ဟန်ကျိယု၏ သေဆုံးခြင်းက အမြဲတမ်း ထူးဆန်းနေသည်ဟု ပြောသည်။ သူက ဟန်ကျိယု သေဆုံးခဲ့သည်ဟူ၍သာသိခဲ့ပြီး သူမ သေဆုံးရသည့် အကြောင်းအရင်းကို မသိခဲ့ပေ။
ကျွန်ုပ်လည်း ဒါကိုကြားကြားခြင်းပင် အနည်းငယ် အံ့အားသင့်သွားသော်ငြား ကျွန်ုပ် ဒါကို စုံစမ်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ဒီကိစ္စက ကျွန်ုပ်တို့အတန်း လွတ်မြောက်ဖို့နှင့် ပတ်သက်သည်။အကယ်၍ ကျွန်ုပ် ဒီကိစ္စ၏အဖြစ်မှန်ကို စုံစမ်းလျှင် ကျွန်ုပ် တစ်ခန်းလုံးကို ကယ်တင်နိုင်ပေသည်။ ထိုအခါ ကျွန်ုပ်က တစ်ခန်းလုံး၏ သူရဲကောင်းကြီးဖြစ်သွားမှာ ဖြစ်သည်။
ဒါကို တွေးကြည့်ရင်း ကျွန်ုပ် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
အတန်းပြီးသွားသည့် အချိန်တွင် ကျွန်ုပ် အတန်းပိုင်ဆရာမကို ရှာလိုက်ပြီး သူမ ဟန်ကျိယုကို သိမသိ ဂရုတစိုက် စစ်ဆေးလိုက်သည်။
ကျွန်ုပ် ဟန်ကျိယု၏ နာမည်ကို ပြောလိုက်သည့်အချိန် အတန်းပိုင်ဆရာမ၏ မျက်နှာထားက အလွန် ထူးဆန်းသွားလိမ့်မည်ဟု မည်သူသိမည်နည်း။ သူမ အကြည့်များက ကျွန်ုပ် အပေါ်သို့ ကျရောက်လာပြီး သူမက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“နင် ဘာတွေမေးနေတာလဲ။တကယ်လို့ နင် အဲ့လိုမျိုးမဟုတ်တာတွေ မေးမယ်ဆိုရင် ထွက်သွားတော့။”
“ကျွန်တော် ဟန်ကျိယု ဘယ်လို သေသွားတာလဲဆိုတာ သိချင်တယ်။”
ကျွန်ုပ် တိုက်ရိုက် ပြောလိုက်သည်။
“ဟန်ကျိယုက ဘယ်သူလဲ။ သူမက ဘယ်လို သေသွားတာလဲဆိုတာ ငါ ဘယ်လိုလုပ်သိမှာလဲ။”
အတန်းပိုင်ဆရာမက ကျွန်ုပ်ကို ပြောလိုက်သည်။
ကျွန်ုပ်က အမြန် မေးလိုက်သည်။
“ဒါပေမယ့် ဟန်ကျိယုက ကျွန်တော်တို့ အတန်းထဲမှာ သေသွားတယ်လို့ ကျွန်တော်ကြားတယ်။ ပြီးတော့ အဲ့တာက မကြာသေးခင်ကပဲတဲ့။”
“တကယ်လား။ နင် ဒီလို အကြောင်းအရာတွေကို ဘယ်ကနေများ ကြားခဲ့တာလဲ။ အဲ့တာတွေက ကောလဟာလတွေပဲ။”
အတန်းပိုင်ဆရာမက လက်ခါပြလိုက်ပြီး သူ၏ မျက်နှာထားက မကျေနပ်သည့်ပုံ ပေါ်နေသည်။
ကျွန်ုပ်လည်း လှည့်ထွက်ခဲ့သည်။ သို့သော် ကျွန်ုပ် လမ်းလျှောက်နေစဉ်တွင် ကျွန်ုပ် စိတ်ထဲတွင် ရုတ်တရက် နားလည်သွားသည်။ အတန်းပိုင်ဆရာမက ဟန်ကျိယုကို သိပုံပေါ်သည်။ သူမက ဟန်ကျိယု သေဆုံးရသည့် အကြောင်းအရင်းကိုပင် သိနိုင်ပုံပေါ်သည်။
သူမက ကျွန်ုပ်ကို ငြင်းခဲ့သည့်အတွက် ကျွန်ုပ် သူမကို အတင်းမေး၍ မဖြစ်နိုင်ပေ။ ကျွန်ုပ်မှာ ထိုကဲ့သို့ အ‌ရည်အချင်းလည်း မရှိပေ။ သို့သော် အခု သေချာသည်က ဟန်ကျိယုက ကျွန်ုပ်တို့ အခန်းထဲတွင် သူမ၏ ဝိညာဉ်က ရှိနေသည်။ သူမက မြို့တော်၏ တံခါးစောင့် ဖြစ်နိုင်သည်။ သူမက အတန်းထဲရှိ လူနှစ်ယောက်သေဆုံးရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်နိုင်ပေသည်။
ဒါကို တွေးကြည့်ရင်း ကျွန်ုပ် သက်ပြင်းချလိုက်ပြီး ကျွန်ုပ်၏ ရင်ထဲတွင် စိတ်ရှုပ်ထွေးနေသည်။
ဘာတွေဖြစ်နေမှန်း ကျွန်ုပ် နားကိုမလည်နိုင်ပေ။ ကျွန်ုပ်တို့ ဟန်ကျိယုကို ဘာမှမလုပ်ခဲ့ပေ။ အဘယ့်ကြောင့် ဟန်ကျိယုက ကျွန်ုပ်တို့အား ဒီလို လုပ်နေသနည်း။
ပြီးနောက် ကျွန်ုပ်တို့ အတန်းက မကြာသေးခင်ကပင် ပြောင်းလာသည့် အ‌တန်းဖြစ်သည်။ မမျှော်လင့်စွာဖြင့် ဤအရာက ဖြစ်ပျက်ခဲ့သည်။
စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကျွန်ုပ် အတန်းထဲသို့ ပြန်လာသည်။ အတန်းထဲတွင် ဝရုန်းသုံးကား ဖြစ်နေသည်။ တံခါးစောင့်၏ ကိစ္စကို မဖြေရှင်းနိုင်သည့်အခါ မည်သူကမှ စာသင်ချင်သည့်စိတ် မရှိကြပေ။ ပုံမှန် ကျောင်းသားများအား အနိုင်ကျင့်နေသည့် သူများကပင် ယခု ဝမ်းနည်းနေကြသည်။
သို့သော် ကျွန်ုပ်တို့ ဒီအကြောင်းအရာကို ဘယ်သူ့ကို ပြောရမှန်း မသိကြပေ။ ဒီအကြောင်းအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းနေသဖြင့် မည်သူမှလည်း ယုံမှာမဟုတ်ပေ။
ကျွန်ုပ် ကျွန်ုပ်နေရာတွင် ထိုင်နေပြီး ဘေးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ အတန်းထဲတွင် စုံတွဲများက နေရာတိုင်းရှိနေသည်။ သူတို့က အချင်းချင်း နှစ်သိမ့်ပေးနေခြင်းက ကျွန်ုပ်အား အားကျစေသည်။
သို့သော် ဒီကိစ္စက ကျွန်ုပ်နှင့် ဘာမှမပတ်သက်ပေ။ ကျွန်ုပ်တို့ အတန်းက လီဘရယ်အတန်း ဖြစ်သောငြား မိန်းကလေးများက ယောက်ျားလေးများထက် နှစ်ဆဖြစ်နေသည်။ သို့သော် လျိုဖေးနှင့် ကျွန်ုပ်ကတော့ ကောင်မလေး မရှိကြပေ။
ကျောက်ဖန်းယွီက ဒီတစ်ကြိမ်တွင် လာပြီးတော့ ကျွန်ုပ်အားပြောသည်။
“ခု ဒီလိုမျိုးတွေ ဖြစ်နေပြီဆိုတော့ ကောင်မလေးတွေက အရမ်းကြောက်နေကြသည်။ ဒါက ငါတို့စဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။”
ကျွန်ုပ် သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါတွေဖြစ်နေတာတောင်မှ မင်းက ဒီလိုမျိုး ပြောနေနိုင်သေးတုန်းပဲနော်။”
“ဟေး ငါက စလိုက်တာပါကွာ။ ပြောပါဦး ငါတို့ ဘာလုပ်သင့်လဲ။ တံခါးစောင့်ကို ဘယ်လိုရှာသင့်လဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“တံခါးစောင့်က ငါတို့ထဲက တစ်ယောက်ဖြစ်ရမယ်။ တကယ်လို့ အဲ့ဒါက သရဲမဟုတ်ရင် ငါတို့ထဲက အတန်းသားတစ်ယောက်ပဲ။”
ကျွန်ုပ် ဘေးကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။
“တကယ်လို့ အဲ့ဒါက ငါတို့ အတန်းသားဆိုရင် သူကဘာလို့ လီကောင်အန်းနဲ့ တစ်ခြားသူတွေကို သတ်တာလဲ။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ငါလည်း ဒီအကြောင်းကို မသိသေးဘူး။ အဲ့တာက ဘယ်လိုမှ မယုံကြည်နိုင်စရာပဲ။”
ကျွန်ုပ် ခေါင်းခါလိုက်သည်။
“ဟုတ်တယ်။ တံခါးစောင့်တွေရဲ့ လောကထဲက စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ။ အဲ့တာက ငါတို့ကို တိတ်တိတ်လေးနဲ တစ်ယောက်ချင်းစီကို သတ်နိုင်တယ်။ ငါ တကယ်ကို နားမလည်တော့ဘူး။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
ကျွန်ုပ် သူ့ရဲ့ စကားများကို ကြားသောအါ ကျွန်ုပ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ ကျွန်ုပ် မျက်နှာက ရုတ်တရက် လေးနက်လာသည်။
ကျွန်ုပ်ကို ဤကဲ့သို့ မြင်သောအခါ ကျောက်ဖန်းယွီက ဘာဖြစ်သလဲ မမေးဘဲမနေနိုင်ခဲ့ပေ။
ကျွန်ုပ် လက်ခါပြလိုက်ပြီး ပြောလိုက်သည်။
“တံခါးစောင့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ သူက တကယ်လို့ ငါတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့ အကုန်လုံးကို သတ်နိုင်တယ်။ တာဝန်တစ်ခု ပေးမှာမဟုတ်ဘူး။”
“ဟုတ်တယ်။ ဒါပေမယ့် သူက အဲ့လိုမလုပ်ခဲ့ဘူး။”
ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ငါ တွေးကြည့်ရသလောက်ဆိုရင် ဖြစ်နိုင်ချေ နှစ်မျိုးရှိတယ်။”
ကျွန်ုပ် မျက်မှောင်ကျုံ့သွားသည်။
“အဲ့ဒီ ဖြစ်နိုင်ချေနှစ်မျိုးက ဘာလဲ။”
ကျောက်ဖန်းယွီက ထူးဆန်းစွာဖြင့် ပြောလိုက်သည်။
“ပထမတစ်ခုက တံခါးစောင့်က တစ်ကြိမ်တည်းနဲ့ ငါတို့အားလုံးကို သတ်ဖို့အတွက် စွမ်းအားမရှိဘူး။ ငါတို့ကို တစ်ယောက်ချင်းစီ ဖြည်းဖြည်းချင်းပဲ သတ်နိုင်တယ်။”
ကျွန်ုပ်၏ လက်ညိုးကို ထောင်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို ဒုတိယတစ်ခုက ဘာလဲ။”
ကျောက်ဖန်းယွီက မေးလိုက်ပြန်သည်။
“ဒုတိယတစ်ခုအတွက်ကတော့ မပြောတာ ပိုကောင်းတယ်။”
ကျွန်ုပ် ရုတ်တရက် ခေါင်းခါလိုက်ပြီး လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ကျွန်ုပ်ကို ဤကဲ့သို့ မြင်သောအခါ အပြစ်ပြောသောစကားဖြင့် မေးနေသော ကျောက်ဖန်းယွီက မေးတာရပ်လိုက်သည်။ ဒီအချိန်တွင် မော့ကျင်းယွီက ပြောလိုက်သည်။
“ကျန်းဖန် နင် အခုလေးတင်ပြောလိုက်တဲ့ ဒုတိယဖြစ်နိုင်ချေက ဘာလဲ။”
ကျွန်ုပ် လှည့်ကြည့်သောအခါ သူမ ကျွန်ုပ်ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ငါလည်း အဲ့တာကို မတွေးကြည့်ရသေးဘူး။”
“အို”
မော့ကျင်းယွီက ခေါင်းညိတ်လိုက်ပြီး ကျွန်ုပ်ကို ကြည့်ပြီး ပြောလိုက်သည်။
“ကျန်းဖန် ငါအခု တကယ် စိတ်ဝင်စားနေတာ။ တစ်တန်းလုံးက ရုံးရင်းဆန်ခတ် ဖြစ်နေတာ ဘာလို့ နင်က ဒီလောက် တည်ငြိမ်နေရတာလဲ။”
“ငါလား။ ငါက ပိုပြီးတော့ အတွေ့ကြုံ ရှိလို့နေမှာပေါ့။”
ကျွန်ုပ် ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်ပြီး ပြောလိုက်သည်။
“နောက်ထပ် တာဝန်သစ်က စတော့မှာ။ နောက်တာဝန်သစ်က ဘာဖြစ်မယ်လို့ နင်ထင်လဲ။”
မော့ကျင်းယွီက ကျွန်ုပ်ကို ပြောလိုက်သည်။
“ဘယ်သူသိမလဲ။”
ကျွန်ုပ် တည်ငြိမ်သည့် အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
မကြာမီ ကျောင်းဆင်းတော့မည့်အချိန် ဖြစ်သည်။ ကျွန်ုပ်က နေ့တက်ကျောင်းသား ဖြစ်သဖြင့် ကျွန်ုပ် အိမ်ပြန်ရမှာ ဖြစ်သည်။ ကျွန်ုပ် အိမ်ပြန်ရောက်သည့်အခါ အဖေက အိမ်မှာမရှိပေ။ ကျွန်ုပ် တစ်ယောက်တည်း ဟင်းချက်နေရင်း ရုတ်တရက် ဓါတ်ပုံကို လှမ်းကြည့်လိုက်သည်။ ကျွန်ုပ် အရှေ့တွင် ရှိသည်က မိသားစုဓါတ်ပုံ ဖြစ်သည်။ ကျွန်ုပ်သုံးယောက်လုံးက ဓါတ်ပုံထဲတွင် ပါနေသည်။ ထူးဆန်းသည်က ထိုဓါတ်ပုံထဲတွင် လူနှစ်ယောက်သာ မျက်နှာရှိသည်။ အလယ်ရှိ မမျိုးသမီး၏မျက်နှာက မရှိပေ။ ပြီးနောက် ဒါက ကျွန်ုပ်အမေ၏ ပုံဖြစ်သညည်။
ကျွန်ုပ် ငါးနှစ်သားအရွယ်က ကျွန်ုပ်အမေ ကွယ်လွန်သွားသည်။ သူမ ကွယ်လွန်သွားသည်နှင့် သူမ၏ ဓါတ်ပုံများ ပျောက်ကွယ်သွားသည်။ ကျန်ရှိသည့် တစ်ခုကလည်း မျက်နှာက ဝါးနေသည်။ သို့သော် ကျွန်ုပ် အဖေ ပြောသမျှ အမေသည် ငယ်ငယ်တုန်းက အလွန်လှပသည်။
ညစာပြင်ပြီးနောက် ကျွန်ုပ် အရသာရှိသည့် ညစာကို စားနေသည်။ စားနေချိန်တွင် ကျွန်ုပ် ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဒါက ကျွန်ုပ် မကြာသေးမီက ရရှိလာသည့် အကျင့်ဖြစ်သည်။
ကျွန်ုပ် ဂရုထဲရှိ တံခါးစောင့်၏ ဓါတ်ပုံကို ကြည့်လိုက်သည်။ ကျွန်ုပ် ထိုအရာကို ကြည့်နေချိန်တွင် ထူးဆန်းသည်ဟု ခံစားလာမိသည်။ ကျွန်ုပ် ဓါတ်ပုံကို ချဲ့ကြည့်လိုက်သည့်အခါ ကျွန်ုပ် ကြက်သေသေသွားသည်။
တံခါးစောင့်၏ ဓါတ်ပုံက ကျွန်ုပ်တို့အတန်း၏ ဓါတ်ပုံဖြစ်သည်။ ဒီ အုပ်စုလိုက် ဓါတ်ပုံက ကျွန်ုပ်တို့ အတန်းသူအတန်းသားအားလုံး ပါဝင်သည်။ သို့သော် ဒီလိုဓါတ်ပုံကို ကျွန်ုပ် ဘယ်တုန်းကရိုက်ခဲ့မှန်း ကျွန်ုပ် မမှတ်မိ။
ကျွန်ုပ် ဓါတ်ပုံကို သံသယများဖြင့် ဆက်၍ကြည့်နေသည်။ ထို့နောက် ကျွန်ုပ် ဘာသဲလွန်စမှ မတွေ့ခဲ့ပေ။
နောက်တစ်နေ့ နံနက်ခင်းတွင် ကျွန်ုပ် အတန်းထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။ အကုန်လုံးက ဖုန်းကို စိုးရိမ်စွာဖြင့် ကြည့်နေကြသည်။ ဒီအချိန်တွင် အကုန်လုံးက တံခါးစောင့်က ပေါ်လာတော့မည်မှန်း သိနေကြသည်။
ပထမအတန်းချိန်ပြီးသည်နှင့် တံခါးစောင့်က ပြန်၍ပေါ်လာပြီး တာဝန်သစ်တစ်ခု ရေးခဲ့သည်။
“ချန်ချွမ်းက အတန်းငါးထဲက ဘယ်ကောင်မလေးတစ်ယောက်ကိုမဆို သူက မဒိန်းကျင့်ရမယ်။ သတ်မှတ်ချိန် လေးနာရီ။ တာဝန်မပြီးမြောက်ရင် သူသေမယ်။”
ကျွန်ုပ် ကျွန်ုပ်ရှေ့က စာကို မြင်သောအခါ ကျွန်ုပ် ကြက်သေသေသွားပြီး အကုန်လုံးကလည်း အံ့အားသင့်သွားကြသည်။ ချမ်ချွမ်းက အတန်းခေါင်းဆောင်မဟုတ်ဘူးလား။ မမျှော်လင့်စွာဖြင့် ဒီတစ်ကြိမ် တာဝန်က သူနှင့်ပတ်သက်နေသည်။ ပြီးနောက် ဒီတစ်ကြိမ်တာဝန်က အရမ်းဆိုးရွားနေပြီး ချမ်ချွမ်းက အရမ်းဒီလိုအရာမျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။ အတန်းခေါင်းဆောင်ကလည်း ကြောင်သွားပြီး ခဏကာသောအခါ သတိပြန်ဝင်လာပြီး ပြောလိုက်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset