အခန်း ၃ လျိုဖေးသေဆုံးခြင်း
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ကျွန်ုပ် မှင်သက်စွာဖြင့် ဖုန်းကိုကြည့်လိုက်သည်။ လျိုဖေး၏မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
လျိုဖေးက ကျွန်ုပ်၏သူငယ်ချင်း ဖြစ်သော်ငြား သူက အခန်းထဲတွင် ရုပ်အဆိုးဆုံးကောင်လေးများထဲမှ တစ်ယောက်ဖြစ်သည်။ ကျွန်ုပ်ကလည်း ထိုကဲ့သို့ပင်။ ထို့ကြောင့် ကျွန်ုပ်နှင့်သူ နှစ်ယောက်သားက အခင်ဆုံးသူငယ်ချင်းများ ဖြစ်လာကြခြင်းဖြစ်သည်။
သူ့အား နှစ်နာရီအတွင်း ရည်းစားရှာခိုင်းခြင်းက သူ့အတွက်မဖြစ်နိုင်ပေ။
လျိုဖေးက စာကိုမြင်သောအခါ သူ့မျက်နှာက ရုတ်တရက် ဖြူဖျော့လာသည်။ သူက မတ်တပ်ရပ်ပြီး တုန်လှုပ်စွာဖြင့် ဘေးကိုကြည့်လိုက်ပြီး သူက တုန်ရင်စွာဖြင့်
“ဘယ်သူ ငါနဲ့ တွဲချင်လဲ။”
သူက မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဘေးကို ကြည့်လိုက်သည်။
သို့သော် သူ့အသံပျောက်ကွယ်သွားသည်နှင့် အတန်းက တိတ်ဆိတ်သွားသည်။ ကောင်မလေးများအားလုံးက ခေါင်းငုံ့ထားကြသည်။ ပြီးနောက် ဘယ်သူမှ စကားမပြောကြပေ။
ဒါကိုမြင်သောအခါ လျိုဖေးက ချက်ချင်းပင် နားလည်သွားသည်။ သူက ကောင်မလေးများကို ငိုယိုစွာဖြင့် ပြောလိုက်သည်။
“ငါနင်တို့ကို တောင်းပန်ပါတယ်ဟာ။ ဘယ်သူငါ့ကို ကူညီချင်လဲ။”
အနားရှိ ကောင်မလေးများက မဖြေပေ။ လျိုဖေးက အကူအညီမဲ့စွာဖြင့် ကြည့်နေသည်။ သူ့မျက်ဝန်းများက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ လျိုဖေးက ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သောကြောင့် ကျွန်ုပ် သူ့ကို ဤကဲ့သို့ မြင်ရသည်မှာ စိတ်မချမ်းသာပေ။
ထို့ကြောင့် ကျွန်ုပ် မတ်တပ်ရပ်ပြီး တုန်ရင်စွာပြောလိုက်သည်။
“လျိုဖေးကို ကယ်တဲ့သူကို နောက်ကျရင် ငါ အကောင်းဆုံးကြိုးစားပြီး ကူညီပေးမယ်။”
“ဟုတ်တယ်။ ဘယ်သူပဲနေနေ ငါ့အသက်ကို ကယ်လို့ရှိရင် ငါအနာဂတ်မှာ သူမကို ကောင်းကောင်းဆက်ဆံမယ်လို့ ငါကတိပေးပါတယ်။”
လျိုဖေးက တုန်ရင်စွာဖြင့် ဘေးကိုတစ်ချက် ဝှေ့ကြည့်လိုက်သည်။
သို့သော် လျိုဖေး၏ ကတိကို ဘယ်ကောင်မလေးကမှ သဘောမကျပေ။ လျိုဖေးက ရုပ်ဆိုးသည့် ကောင်လေးများ၏ ကတိများက တန်ဖိုးမရှိပေ။ ဒီအချိန်တွင် လျိုဖေးက ဘာမှမပြောနိုင်တော့ပေ။ သူက အတန်းထဲက ရုပ်အဆိုးဆုံးကောင်မလေးဖြစ်သည့် ကျောက်မန်ဆီသို့ လာခဲ့သည်။
ကျောက်မန်ဆိုသည့် နာမည်က လှပသည့်နာမည်ဖြစ်သော်ငြား သူမက ယောင်္ကျားတစ်ယောက်နှင့် ပို၍တူသည်။ သူမက ဝပြီးဒေါသကြီးသည်။ ပြီးနောက် သူမ၏မျက်နှာပေါ်တွင် နှုတ်ခမ်းမွှေးများပင် ရှိနေသေးသည်။ အတန်းထဲရှိ မည်သည့်ကောင်လေးကမှ သူမနှင့် စကားမပြောချင်ပေ။ လျိုဖေး လာနေသည်ကို မြင်သောအခါ ကျောက်မန်က ရွံရှာစွာဖြင့် ခေါင်းကိုလှည့်လိုက်ပြီး ငြင်းလိုက်သည်။
“ ငါ နင့်လို ကောင်လေးမျိုးတွေကို စိတ်မဝင်စားဘူး။ အဲ့ဒါ အရမ်းရွံစရာကောင်းတယ် သွားစမ်းပါ။ ”
“ ကျောက်မန် ငါနင့်ကို တောင်းပန်ပါတယ်ဟာ။ ငါ့ကို ကယ်ပါ။ ”
လျိုဖေးက တောင်းပန်သည့်အကြည့်ဖြင့် ကြည့်နေသည်။
သို့သော် လျိုဖေး မည်သို့ပင်ပြောစေကာမူ ကျောက်မန်က အသေအကြေ ငြင်းလိုက်သည်။ ထို့ကြောင့် လျိုဖေး စိတ်ဓါတ်ကျသွားသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာပြီး တာဝန်ပြီးမြောက်ရန် ပေးအပ်ထားသည့်အချိန်က နှစ်နာရီသာ ကျန်တော့သည်။ သို့သော် မည်သည့်ကောင်မလေးကမှ သူ့ကို ကတိမပေးချင်သည်။
တတိယမြောက် အတန်းချိန်အပြီးတွင် နှစ်မိနစ်သာ ကျန်တော့သည်။ ဒီအချိန်တွင် လျိုဖေးက အလွန်စိုးရိမ်နေသည်။ သူက ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီးငိုနေသည်။ ပြီးနောက် အော်လိုက်သည်။
“ပြီးသွားပြီ။ အားလုံးပြီးသွားပြီ။”
လျိုဖေးကို ဤကဲ့သို့ မြင်ရခြင်းက ကျွန်ုပ်၏ ရင်ထဲတွင်စိတ်မကောင်းပေ။ သူက တဏှာရူးသော်ငြား ကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်နေသည်။ ကျွန်ုပ် အထက်တန်းကျောင်း စတက်ချိန်က သူနဲ့အတူ အခန်းထဲတွင် အတန်းထဲရှိ ကောင်မလေးများအကြောင်း ပြောနေချိန်ကို ပြန်၍သတိရမိသည်။ လျိုဖေးက ထိုအချိန်တွင် အရမ်းပျော်နေ၍ ကတောင်ကနေသည်။
သို့သော် သူယခုကဲ့သို့ ဖြစ်နေချိန်တွင် အတန်းထဲရှိ ကောင်မလေးများက ဂရုမစိုက်စွာဖြင့် ပြုမူနေကြသည်။ သူတို့၏မျက်လုံးများထဲတွင် လျိုဖေးကဲ့သို့ ကောင်လေးတစ်ယောက် သေသွားခဲ့ရင်တောင် မည်သူမှဂရုမစိုက်သည့် ပုံမျိုးဖြစ်သည်။
လျိုဖေးက ကြမ်းပြင်ပေါ်တွင် မှင်သက်စွာထိုင်နေသည်။
နှစ်မိနစ်သာ ကျန်တော့သည်။ ဒီအချိန်တွင် သူက ဘာမှမလုပ်နိုင်တော့ချေ။
လျိုဖေးက မတ်တပ်ရပ်လိုက်ပြီး သူက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဒီလူများကို အေးစက်စွာ ပြောလိုက်သည်။
“တကယ်လို့ ငါသရဲဖြစ်ရင်တောင် မင်းတို့အားလုံးကို လွှတ်ပေးမှာမဟုတ်ဘူး။ မင်းတို့ စောင့်နေလိုက်။”
သူပြောပြီးသည်နှင့် သူက ပြတင်းပေါက်ဆီသို့ ကြောက်ရွံ့စွာလာခဲ့သည်။ ဒီအချိန်တွင် သူက ကျွန်ုပ်ကိုကြည့်ပြီး အော်ပြောလိုက်သည်။
“ကျန်းဖန် မင်း ကောင်းကောင်းနေရမယ်နော်။ ပြီးတော့ ကောင်မလေးတွေကို မယုံနဲ့။ အထူးသဖြင့် လှတဲ့ကောင်မလေးတွေကိုပေါ့။ သူတို့က ကောင်းတာမဟုတ်ဘူး။”
စိတ်မချမ်းမြေ့သည့်အပြုံးဖြင့် သူက ပြတင်းပေါက်ဆီသို့ ပြေးသွားလိုက်ပြီး ခုန်ချလိုက်သည်။ အပေါ်မှ တစ်ခုခု ပြုတ်ကျလာသည့်အသံ ထွက်ပေါ်လာသည်။
ကျွန်ုပ်၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားပြီး ကျွန်ုပ် ပြတင်းပေါက်ဆီသို့ အမြန်ပြေးကြည့်လိုက်သည်။ ကျွန်ုပ် ပြတင်းပေါက်ဆီသို့ ရောက်သောအခါ လျိုဖေး၏ ခန္ဓာကိုယ် အပြင်ဘက်ကြမ်းပြင်တွင် ရောက်နေသည်။ သွေးများက သူ၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းနေသည်။
ကျွန်ုပ် အောက်ထပ်ကိုဆင်းလာပြီး ကျွန်ုပ်၏ မျက်လုံးများထဲမှ မျက်ရည်များကျလာသည်။ အတန်းထဲရှိလူများက ထွက်မကြည့်ဘဲ ဘာမှလည်းစကားမပြောပေ။
ကျွန်ုပ် ကြမ်းပြင်ပေါ်တွင် ထိုင်နေချိန်တွင် တံခါးစောင့်၏အသံက ဝီချက်ဂရုထဲတွင် ထပ်မံထွက်ပေါ်လာသည်။ ဒီအချိန်တွင် သူက
“လျိုဖေးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့ သူ့ကိုအပြစ်ပေးစရာမလိုတော့ဘူး။”
ဖုန်းကိုကြည့်နေရင်း ကျွန်ုပ်အံကြိတ်ပြီး ရေးလိုက်သည်။
“မင်းက ဘယ်ကဘယ်ကကောင်လဲ။ ငါတို့ ဒီဂိမ်းကို ဘယ်လိုအဆုံးသတ်ရမလဲ။”
ဒီအချိန်တွင် တံခါးစောင့်က ပြောသည်။ သူက စာတစ်ကြောင်းတည်း ရေးလိုက်သည်။
“တကယ်လို့ မင်းတို့ ဒီဂိမ်းကနေ ထွက်သွားချင်ရင် နည်းလမ်းတစ်ခုပဲရှိတယ်။ အကုန်လုံးက တာဝန်ဆယ့်ရှစ်ခုကို ပြီးမြောက်ရမယ်။ ပြီးရင် မင်းတို့လွတ်လပ်ပြီ။”
ဒါကိုမြင်သောအခါ ကျွန်ုပ် ခဏလောက် အံ့အားသင့်သွားသည်။ကျွန်ုပ် ဖုန်းကိုကြည့်နေပြီး အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။
ရဲများက ကျောင်းသို့ ထပ်မံရောက်လာကြသည်။ နှစ်ရက်အတွင်း အတန်းထဲရှိလူနှစ်ယောက် သေသွားမည်ဟု မည်သူမှမတွေးခဲ့ပေ။
ကျွန်ုပ် လျိုဖေး၏အမေကို တွေ့လိုက်သည်။ သူမက လျိုဖေး၏ ခန္ဓာကိုယ်ပေါ်တွင် ငိုနေသည်။ ကျွန်ုပ် တိတ်ဆိတ်စွာနဲ့ပဲ ကြည့်နိုင်ခဲ့သည်။ ကျွန်ုပ်၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
ကျွန်ုပ် အခန်းထဲသို့ ရောက်သောအခါ အခန်းထဲတွင် ဆွေးနွေးနေကြသည်။
ကျွန်ုပ်၏ ထိုင်ခုံဆီသို့ ဂရုမစိုက်စွာ ပြန်လာခဲ့ပြီး သက်ပြင်းချလိုက်သည်။ ကျွန်ုပ်၏မျက်နှာသည် ဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။
ကျောက်ဖန်ယွီက ကျွန်ုပ်ကိုကြည့်ပြီး နှစ်သိမ့်နေသည်။
“သိပ်ဝမ်းမနည်းပါနဲ့ကွာ။ ငါလည်း လျိုဖေးသေတာကို ဝမ်းနည်းတာပဲ။ ဒါပေမယ့် လူတွေကို သေရာကနေ ရှင်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးလေ။ မင်းဆက်ပြီးတော့ ရှေ့ဆက်သွားရမှာပဲ။”
ကျွန်ုပ် ခေါင်းခါလိုက်ပြီး ဘာမှပြန်မပြောချေ။ ကျွန်ုပ်၏စိတ်ထဲတွင် အကြောင်းအရာ တစ်ခုခုကို တွေးနေသည်။
တကယ်လို့ ဒီနေ့တာဝန်က လျိုဖေးမဟုတ်ဘဲ ကျွန်ုပ်ဖြစ်နေရင် ကျွန်ုပ်ကလည်း သူကဲ့သို့အလားတူ အဆုံးသတ်သွားရမည်လား။
ကျွန်ုပ် ထိုအရာကို ဝင်မခံရဲပေ။ ကျွန်ုပ်၏ အဆုံးသတ်က လျိုဖေးနှင့် ဘာမှသိပ်ကွာခြားမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ကလည်း သူကဲ့သို့ပင်ဖြစ်သည်။
ကျွန်ုပ်တို့က ရုပ်မချောသည့် ကောင်လေးများဖြစ်သဖြင့် ဘယ်ကောင်မလေးမှ ကျွန်ုပ်တို့အား သဘောမကျပေ။
အကယ်၍ ကျွန်ုပ်နေရာတွင် ချမ်းသာပြီးရုပ်ချောသည့် လီယုထျန်းအဖြစ် အစားထိုးလိုက်ပါက အခြေအနေက လုံးဝကို ကွာခြားသွားမှာဖြစ်သည်။ ထိုအခါမှသာလျှင် ကျွန်ုပ် ဂိမ်းက မတရားဘူးဟု ကျွန်ုပ် သိသွားသည်။ အကယ်၍ ဤကဲ့သို့ တာဝန်မျိုးနှင့် တူညီသည့်တာဝန်မျိုး ရှိလာခဲ့ရင် ကျွန်ုပ် သေမှာဖြစ်သည်။
ဒါကိုတွေးနေရင်း ကျွန်ုပ်၏ရင်ထဲတွင် တံခါးစောင့်ကို မုန်းတီးလာသည်။
သို့သော် ကျွန်ုပ်တွင် ရွေးချယ်ခွင့် မရှိချေ။ ကျွန်ုပ်က တံခါးစောင့် ဘယ်သူမှန်းပင် မသိပေ။
သို့သော် ကျွန်ုပ် သဲလွန်စတစ်ခု ရခဲ့ပြီဖြစ်သည်။ ထိုအရာက တာဝန်ဆယ့်ရှစ်ခု ပြီးမြောက်လျှင် ကျွနုပ် လွတ်မြောက်နိုင်သည်။ သို့သော် ကျွန်ုပ် တာဝန်တစ်ခုသာ ပြီးမြောက်သေးသည်။ ဆယ့်ခုနှစ်ခုက ကျွန်ုပ်အား စောင့်မျှော်နေသည်။ နောက်တာဝန်က ဘာမှန်းဘယ်သူမှ မသိနိုင်ပေ။ ကျွန်ုပ် ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ဒါကိုတွေးနေရင် ကျွန်ုပ်ရင်ထဲတွင် စိုးရိမ်မှာများပြည့်နှက်လာသည်။ တာဝန်ဆယ့်ရှစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး သည်အိမ်မက်ဆိုးကြီးမှ လွတ်မြောက်သွားရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
သို့သော် ယခုအချိန်တွင် တံခါးစောင့်က မည်သူမှန်း ကျွန်ုပ်တို့ မသိသေးပေ။ သူက လူမှန်းသရဲမှန်းပင် ကျွန်ုပ်တို့ မသိပေ။
“တာဝန်ဆယ့်ရှစ်ခု ပြီးမြောက်အောင် လုပ်ပြီးရင် လွတ်မြောက်ဖို့ဆိုတာ သိပ်မခက်ခဲပါဘူး။”
“ဟုတ်တယ်။ ငါတို့ သိပ်စိုးရိမ်စရာမလိုပါဘူး။ ငါတို့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးဖို့ပဲလိုတာပါ။”
“ဒါပေမယ့် တံခါးစောင့်က ဘယ်လိုဆိုးဝါးတဲ့ တာဝန်တွေပေးမယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူက မစ်ကီကိုတောင် အဝတ်ချွတ်ခိုင်းတာပဲကို။”
အကုန်လုံးက ငြင်းခုန်နေကြချိန်မှာ အတန်းခေါင်းဆောင်က မတ်တပ်ရပ်လိုက်ပြီး ကျွန်ုပ်တို့ အခန်းထဲတွင် သေခဲ့သော ကောင်မလေးနှင့် ပတ်သက်သည့် သဲလွန်စတွေ့သွားသည်ဟု ပြောလာသည်။ ကောင်မလေး၏နာမည်က ဟန်ကျိယု ဖြစ်သည်။ သူမက ဒီအခန်းထဲတွင် အကြောင်းအချို့ကြောင့် သေသွားခဲ့သည်။ ဒါမှမဟုတ် တံခါးစောင့်က သူမနဲ့ပတ်သက်နေတာများ ဖြစ်နိုင်မလား။
ဒါကို ကြားသောအခါ ကျွန်ုပ် လေးလေးနက်နက် စဥ်းစားမိသည်။ တံခါးစောင့်က ဟန်ကျိယု ဖြစ်ရင်ဖြစ်နိုင်ပေသည်။ သူမက သရဲဖြစ်သွားပြီး ကျွန်ုပ်တို့ကို လာပြီး ကလဲ့စားချေတာဖြစ်နိုင်သည်။ သို့သော် တံခါးစောင့်က ဟန်ကျိယုမှန်းသိလျှင်တောင်မှ ကျွန်ုပ်တို့ ဘာမှမလုပ်နိုင်ချေ။ ကျွန်ုပ်တို့က ကျောင်းသားတစ်သိုက်သာဖြစ်ပြီး သရဲများနှင့် ရင်မဆိုင်နိုင်ပေ။
ဒီအချိန်တွင် အတန်းခေါင်းဆောင်က သူက ကျွန်ုပ်တို့ကို ကူညီနိုင်သည့် လူတစ်ယောက်နှင့်တွေ့မည်ဟု ပြောလာသည်။
အတန်းခေါင်းဆောင်၏ စကားများကို ကြားသောအခါ လူတိုင်းက မျှော်လင့်ချက်ရှိလာသည်။
နေ့လည်ခင်းတွင် အတန်းခေါင်းဆောင်က နေကာမျက်မှန်ဝတ်ထားပြီး လက်ထဲတွင် သံလိုက်အိမ်မြှောင်ကိုင်ထားသော ဗေဒင်ဟောသည့်လူကဲ့သို့ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ကို ခေါ်လာသည်။ သူက အတန်းထဲသို့ ဝင်လာချိန်တွင် ဟိုကြည့်ဒီကြည့် ကြည့်ပြီး သူ့မျက်နှာထားက လေးနက်လာသည်။ ခဏကြာသောအခါသူက ဖြေးညှင်းစွာပြောလိုက်သည်။
“မဟုတ်သေးဘူး။ အဲ့တာက ဒီမှာရှိမနေသင့်ဘူး။”
သူက ကျွန်ုပ်တို့ကို ကြည့်နေပြီး ရုတ်တရက် လက်ဖြန့်ပြီး ပြောလိုက်သည်။
“ငါ့ကို ဖုန်းပေးစမ်း။”
ချက်ချင်းပင် ကောင်မလေးတစ်ယောက်က သူ့ကို ဖုန်းပေးလိုက်သည်။ အဖိုးအိုက ဖုန်းကိုကြည့်လိုက်ပြီး သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အမြန်ဖုန်းကို ဘေးချလိုက်သည်။ အခန်းထဲသို့ လေးနက်စွာ ကြည့်လိုက်ပြီး တစ်ခုခုဆိုးရွားတာကို မြင်သွားသကဲ့သို့ပင်။
သူက ဖြူဖျော့သည့် မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။ အကြိမ်ရေအနည်းငယ် အရိုအသေပေးပြီးတော့ သူက အော်ပြောလိုက်သည်။
“ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော့်ဆီ မလာပါနဲ့။”
သူပြောပြီးသည်နှင့် သူက လှည့်၍ပြေးသွားသည်။ အတန်းခေါင်းဆောင်က လှမ်းဆွဲလိုက်သော်ငြား မမှီလိုက်ပေ။ အဖိုးအိုက အတန်းထဲတွင် မည်သည့်အရာကိုမြင်၍ ပြေးသွားမှန်း မည်သူမှမသိပေ။
အဖိုးအိုက ပြောလိုက်သည်။
“မင်းတို့အားလုံး သေတော့မှာပဲ။ ငါ့ကို မင်းတို့ သေရမယ့်ထဲကို ဆွဲမထည့်ပါနဲ့။”
ပြီးနောက် သူက အမြန်ပြေးထွက်သွားသည်။ အတန်းခေါင်းဆောင်တို့က သူ့နောက် ပြေးလိုက်ကြသည်။
ပြီးနောက် အတန်းခေါင်းဆောင်က အတန်းသို့ ပြန်၍လာသည်။ တခြားသူများက အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
“ဘယ်လိုအခြေအနေ ရှိတာလဲ။ သူက ဘာလို့ ထွက်ပြေးသွားတာလဲ။”
လီယုထျန်းက မေးလိုက်ပြီး အခြားသူများကလည်း အတန်းခေါင်းဆောင်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ အတန်းခေါင်းဆောင်က ခေါင်းခါလိုက်သည်။ သူ့မျက်နှာက ဖြူဖတ်ဖြူလျော့ ဖြစ်နေသည်။
အဖိုးအိုက အဘယ်ကြောင့် အတန်းထဲကိုကြည့်ပြီး ထွက်ပြေးသွားရသနည်း။ ကျွန်ုပ်ပင် အနည်းငယ် ကြောက်လန့်သွားသည်။ အဖိုးအိုက အတန်းထဲတွင် တစ်ခုခု မကောင်းတာများ တွေ့သွားသည်လား။ ဒါကြောင့် သူ ထွက်ပြေးသွားသည်လား။
အခန်း ၃
? Views, Released on June 6, 2023

Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။