အခန်း(၂) တာဝန်_၁
“ဘာတွေဖြစ်နေတာလဲ။ ငါထပ်ပြီး မကစားချင်တော့ဘူး။”
တစ်ယောက်က ငိုနေသည်။
“ဘယ်သူက တံခါးစောင့်လဲ။ ကျေးဇူးပြုပြီး သူ့ကို ခေါ်ထုတ်လိုက်ကြစမ်းပါ။”
“ဟုတ်တယ်။ သူ့ကို ခေါ်ထုတ်လိုက်ကြစမ်းပါ။”
လူတိုင်းက စိုးရိမ်နေကြချိန်မှာ တံခါးစောင့်ရဲ့အသံက ဂရုထဲမှာ ထပ်မံ ထွက်ပေါ်လာတယ်။
“မင်းတို့ငါ့ကို သတ်ဖို့ ရွေးချယ်လို့ရတယ်။ ဒါပေမယ့် အဲ့ဒါက မင်းတို့ရဲ့ အသက်ရှင်ခွင့်ကို ဆုံးရှုံးလိုက်ရသလိုပဲ ဖြစ်သွားမှာ။ မင်းတို့အားလုံး သေကြရလိမ့်မယ်။”
ကျွန်ုပ်တို့ ဂရုထဲတွင် ဤစကားများကို တွေ့သောအခါ အချင်းချင်းကြည့်လိုက်သည်။ သည်အချိန်တွင် တစ်ခန်းလုံး ကြောက်ရွံ့နေကြသည်။ အကုန်လုံး၏ မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။ သည်အချိန်မှာ မစ်ကီက ဖြူဖျော့စွာဖြင့် စင်မြင့်ထက်သို့ တက်သွားသည်။ သူမက အရမ်းလှပပြီး အတန်းထဲမှာ ကျော်ကြားသည်။ ကောင်လေးများကလည်း သူမကို သဘောကျကြသည်။
သူမကို စင်မြင့်ပေါ်တွင် မြင်သောအခါ လူတော်တော်များများက သူမဘာလုပ်တော့မည်ကို ခန့်မှန်းနိုင်ကြသည် ဖြစ်သည်။ သို့သော် သည်အချိန်တွင် မည်သူမျှ သူမကို မတားကြပေ။
မစ်ကီက စင်မြင့်ပေါ်တွင် တုန်ယင်စွာဖြင့် ကျွန်ုပ်တို့ကို ကြည့်ရင်း ငိုနေသည်။ သူမကို ကြည့်ရင်း ကျွန်ုပ်တို့၏ မျက်နှာထက်တွင် ဆိုးရွားသော မျက်နှာအမူအရာများ ရှိနေကြသည်။
“ငါမသေချင်သေးဘူး။ ငါမသေချင်သေးဘူး။”
မစ်ကီက ငိုလိုက်သည်။ သူမ၏ဘေးတွင် မျက်ရည်များ ကျနေသည်။ ပြီးနောက် သူမ မျက်စိမှိတ်လိုက်ပြီး တုန်ယင်စွာဖြင့် သူမ၏ အင်္ကျီကို စတင်ချွတ်ပြီး သူမ၏ ဖြူဖွေးသော အသားအရေကို စတင်ဖော်ပြတော့သည်။
သူမ၏ နောက်ဆုံး အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သောအခါ သူမ၏ခန္ဓာကိုယ်က အတန်းသားများရှေ့တွင် လုံးဝ ဖော်ပြပြီးဖြစ်ပြီး ယောက်ျားလေးတော်တော်များများက မှင်သက်သွားကြသည်။
ပြီးနောက် မစ်ကီက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူမ၏ ရင်ဘတ်ကိုကာလိုက်ပြီး အော်ငိုလိုက်သည်။ သူမဘေးရှိ မိန်းကလေးတစ်ယောက်က သူမဆီသို့ အမြန်သွားပြီး သူမရှေ့တွင် ကာနေလိုက်သည်။ ပြီးနောက် သူမက အဝတ်အစားများ ပြန်ဝတ်လိုက်သည်။ အဝတ်အစားများ ပြန်ဝတ်ပြီးသော မစ်ကီသည် သူမ၏ဝိညာဉ် ပျောက်ဆုံးသွားသကဲ့သို့ပင် ဖြစ်နေပြီး ကူကယ်ရာမဲ့စွာ ထိုင်ခုံဆီသို့ ပြန်သွားထိုင်လိုက်သည်။ ဒီအချိန်တွင် တံခါးစောင့်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“မစ်ကီ တာဝန်ပြီးမြောက်တယ်။ ဝီချက်အန်ပေါင်း ပို့ပေးလိုက်ပြီ။ သူပြောပြီးသည်နှင့် တံခါးစောင့် လိုင်းပေါ်မှ ဆင်းသွားပြီး ဂရုထဲတွင် ထပ်မံမပြောတော့ပေ။
“ခဏစောင့်ဦး။ မင်းဘယ်သူလဲ။”
သည်အချိန်တွင် ကျွန်ုပ် ဂရုထဲတွင် အမြန်ပြောလိုက်သည်။ သို့သော် တံခါးစောင့်က ကျွန်ုပ်ကို ပြန်မပြောပေ။ ကျွန်ုပ်တို့ စိုးရိမ်နေကြပြီး လီကောင်အန်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ကြသည်။ သည်အချိန်တွင် မည်သူပြောလိုက်မှန်းမသိပေ။ ကျွန်ုပ်တို့အားလုံး (၁၁၀)ကို ခေါ်လိုက်ကြသည်။ မကြာမီ ရဲများရောက်လာပြီး လီကောင်အန်း၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားပြီး ကျွန်ုပ်တို့၏ အတန်းကို စတင်စစ်ဆေးတော့သည်။ အခန်းထဲတွင် ကျွန်ုပ်တို့အားလုံး စောင့်ဆိုင်းနေကြသည်။ ရဲများက ကျွန်ုပ်တို့ကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြသည်။ ကျွန်ုပ်တို့က သေမိန့်ကျနေသော အကျဉ်းသား များ ကဲ့သို့ပင်။ မိနစ်တိုင်း စက္ကန့်တိုင်းက အလွန်ခက်ခဲလှသည်။ မကြာမီတွင် ကျွန်ုပ်အလှည့်သို့ ရောက်လာပြီ ဖြစ်သည်။ အခန်းအလွတ်ထဲတွင် ရဲသားနှစ်ယောက်က စားပွဲနားတွင် ထိုင်နေကြသည်။ ပိန်ပိန်ပါးပါး ရဲသားတစ်ယောက်က ဆေးလိပ်သောက်နေချိန်မှာ နောက်ထပ် ဝဝကစ်ကစ် ရဲသားတစ်ယောက်က ကျွန်ုပ်ကို ကြည့်ပြီး မေးလိုက်သည်။
“မင်းဘာသိလဲ။ လီကောင်အန်းက ဘယ်လို သေသွားတာလဲ။”
ရဲသားကို ကြည့်ရင်း ကျွန်ုပ်အမြန် ဂရုထဲတွင် ဘာဖြစ်ခဲ့သည်ကို ပြောပြလိုက်သည်။ ထိုအရာများကို နားထောင်ပြီးနောက် ဝဝကစ်ကစ်ရဲသား၏ မျက်နှာက အလွန် ထူးဆန်းသွားသည်။ ပြောရမည်ဆိုလျှင် သူက အမှန်တရားကို သိပါက အံ့အားသင့်သွားရမည် ဖြစ်သော်ငြား သူ၏မျက်နှာထားက သည်အတိုင်းပင်။
“ငါသိပြီ။ မင်းထွက်သွားလို့ရပြီ။”
ဝဝကစ်ကစ်ရဲက လက်ခါပြလိုက်သည်။
ကျွန်ုပ် ခေါင်းငြိမ့်ပြီး ထွက်သွားခဲ့သည်။ သို့သော် ကျွန်ုပ် ပြန်လှည့်၍ ရုံးခန်းထဲသို့ ကြည့်ချိန်တွင် ဘာကြောင့်မှန်းမသိ သူတို့၏ မျက်နှာထားများသည် ထူးဆန်းနေသည်ဟု ခံစားမိသည်။ သူတို့က တစ်ခုခုကို ပြောမထွက်နိုင်သည့်ပုံ ဖြစ်နေသည်။
အတန်းထဲသို့ပြန်လာသည့်အချိန်တွင် ကျောင်းသားများက ကြောက်လန့်စွာဖြင့် တိတ်ဆိတ်နေကြသည်။ မိန်းကလေးများက ငိုနေကြသည်။ ကျွန်ုပ် ကျွန်ုပ်၏ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည့်အချိန်၌ ကျွန်ုပ်၏ သူငယ်ချင်း ကျောက်ဖန်ယွီကလည်း ကျွန်ုပ်ကဲ့သို့ ရည်းစားမရှိပေ။
“မင်း ရဲတွေကို ဘာပြောခဲ့တာလဲ။”
ကျောက်ဖန်ယွီက မေးလိုက်သည်။
“အမှန်တိုင်းပဲပြောခဲ့တယ်”
ကျွန်ုပ်ပြောလိုက်သည်။
“ငါလည်း မင်းလိုပဲ။ အကုန်လုံးက အတူတူပြောခဲ့တယ်လို့ ငါထင်တယ်။”
ကျောက်ဖန်ယွီက ပြောသည်။
ကျွန်ုပ်ခေါင်းငြိမ့်လိုက်ပြီး ဘာမှ သိပ်မပြောပေ။ ထိုအချိန်တွင် အတန်းခေါင်းဆောင်က စင်မြင့်ပေါ်သို့ တက်လာပြီး လက်ခုပ်တီးလိုက်ကာ ကျွန်ုပ်တို့၏ အာရုံများကို ဖမ်းယူလိုက်သည်။ ဒီအချိန်တွင် သူက ကျွန်ုပ်တို့၏ အားမာန်ဖြစ်သည်။
“အကုန်းလုံး သည်အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ရဲတွေက ငါတို့အကြောင်းကို သိပြီး မကြာခင်မှာပဲ တံခါးစောင့် ဘယ်သူလဲဆိုတာ ရှာတွေ့ကြတော့မှာ။”
အတန်းခေါင်းဆောင်က ပြောသည်။
သူ့စကားကို ကြားပြီးသည်နှင့် အကုန်လုံးက အတူတူ အားပေးလိုက်ကြပြီး အကုန်လုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေကြသည်။
ဒီကိစ္စကို ရဲများအား တိုင်ပြီးပြီဖြစ်၍ မကြာခင် ပြီးဆုံးသွားရမည်ဟု ကျွန်ုပ် ယုံကြည်သည်။ တံခါးစောင့်က သေချာပေါက် ပေါ်ထွက်လာတော့မှာ ဖြစ်သည်။
သို့သော် အကုန်လုံး၏ အားပေးသံများကို ကြားနေရသော်ငြား တစ်ခုခုမှားနေသည်ဟု ကျွန်ုပ် ခံစားမိသည်။ သို့သော် မည်သည်က မှားနေမှန်း ကျွန်ုပ် ပြောမပြတတ်ပေ။
သည်အချိန်တွင် ကျွန်ုပ်ဘေးရှိကောင်မလေးက ကျွန်ုပ်ကိုကြည့်ပြီး ပြောလိုက်သည်။
“ကျန်းဖန်၊ သည်ကိစ္စကို ဖြေရှင်းလို့ရမယ်လို့ နင်ရောထင်လား။”
“ငါလည်းထင်တာပါပဲ။”
ကျွန်ုပ်လည်း သူမ၏ လှပသော မျက်နှာလေးကို ကြည့်လိုက်သည်။
သူမက ကျွန်ုပ်၏ သူငယ်ချင်း မှော့ကျင်းယွီဖြစ်သည်။ ပြီးနောက် သူမက ကျွန်ုပ် သဘောကျရသူဖြစ်သည်။ သူမက အရပ်ရှည်ပြီး လှပသည်။ သူမက အလွန်ချမ်းသာသော မိသားစုမှလာတာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်က သူမကို ဖွင့်မပြောရဲပေ။
“အကုန်လုံးက ချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်လို့ မျှော်လင့်ရတာပဲ။”
မှော့ကျင်းယွီက သက်ပြင်းချရင်း ပြောလိုက်သည်။
“ငါရောပါပဲ။”
ကျွန်ုပ် သူမ၏မျက်နှာလေးကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။
ထိုနေ့လည်ခင်းတွင် ရဲများက လီကောင်အန်းသေဆုံးရခြင်းသည် နှလုံးဖောက်၍ သေဆုံးရခြင်းဖြစ်ပြီး သည် အမှုကို ပိတ်လိုက်သည်။ ထိုအရာက အတန်းထဲရှိလူများအားလုံးကို အံ့အားသင့်သွားစေသည်။
အကုန်လုံးက စိုးရိမ်စွာဖြင့် စတင်ဆွေးနွေးလာကြသည်။ အစတွင် ရဲများအား ကယ်တင်ရှင်အဖြစ် အားလုံးက သတ်မှတ်ထားကြသည်။ သည်ကိစ္စကို အလောတကြီး အမှုပိတ်လိုက်မည်ဟု မည်သူမျှ ထင်မထားကြပေ။
သည်အချိန်တွင် အတန်းခေါင်းဆောင်က ကြည့်ရဆိုးနေပြီး မတ်တပ်ရပ်လိုက်ကာ ကျွန်ုပ်တို့ကို အော်ပြော လိုက်သည်။
“အခု ငါတို့ ရဲတွေကို အားကိုးလို့မရတော့ဘူး။ ငါတို့ စည်းစည်းလုံးလုံးနဲ့ နည်းလမ်းတစ်ခု အတူ ရှာကြမှ ဖြစ်မယ်။”
“ငါတို့ ဘာလုပ်ကြမလဲ။”
လီယုထျန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ငါလည်း ဘာလုပ်ရမှန်း မသိပေမယ့် သေချာတာကတော့ တံခါးစောင့်က ငါတို့ထဲက တစ်ယောက်ပဲ ဖြစ်မယ်။”
အတန်းခေါင်းဆောင်က လေးနက်စွာ ပြောလိုက်သည်။ ကျောင်းသားများကြားမှ ဆွေးနွေးသံများကို နားထောင် ပြီးနောက် ကျွန်ုပ် စိတ်ရှုပ်သွားသည်။ ကျောင်းသားတစ်ယောက်ပြောသကဲ့သို့ပင် တံခါးစောင့်က ကျွန်ုပ်တို့ထဲမှ တစ်ယောက် ဖြစ်နိုင်ပေသည်။ သို့မဟုတ် ကျွန်ုပ်တို့၏ အတန်းသားပင် ဖြစ်နိုင်ပေသည်။ မဟုတ်လျှင်သူက အကုန်လုံး၏ နာမည်ကို သိရန် မဖြစ်နိုင်ပေ။
ကျွန်ုပ် အတွေးထဲတွင် နစ်မြောနေချိန် သူက ဘယ်လိုလဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဒီအချိန်မှာ ရုတ်တရက် တစ်ယောက်ယောက်က အော်လိုက်သည်။
“တံခါးစောင့်က လူမဟုတ်ပဲ သရဲဖြစ်နေရင်ကော။”
သူ့စကားများကို ကြားသောအခါ အကုန်လုံးက လန့်သွားကြပြီး ကောင်မလေးတော်တော်များများက မျက်နှာဖြူဖျော့ သွားကြသည်။
ရုတ်တရက် လီယုထျန်းက အော်လိုက်သည်။
“အဲ့လိုဆိုရင် ငါတို့အခန်းထဲမှာ တစ်ယောက်ယောက် သေဖူးတယ်လို့ ငါကြားဖူးတယ်။”
သူ့စကားများက ပို၍တောင် ကြောက်ဖို့ကောင်းပြီး သည်အချိန်တွင် လီယုထျန်းက ကျွန်ုပ်တို့ကို ရှင်းပြခဲ့သည်။
“လွန်ခဲ့တဲ့ သုံးနှစ်က ဒီအတန်းထဲမှာ ကောင်မလေးတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေခဲ့ဖူးတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျောင်းက ဖုံးကွယ်ခဲ့တယ်။”
လီယုထျန်းက ဤအကြောင်းကို ပြောသည့်အခါ လူတော်တော်များများက အံ့အားသင့်သွားကြပြီး သူ့အား ကြည့်လိုက်ကြသည်။
“ငါတို့က သူမကို ဘာမှမှ မလုပ်ခဲ့တာ။”
အကုန်လုံး၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ရှိနေကြသည်။ အကုန်လုံးက သရဲပုံပြင်များ နားထောင်ရသည်ကို သဘောကျကြသော်ငြား မိမိတို့ကိုယ်တိုင် ကြုံတွေ့လာရသောအခါ အားလုံးကြောက်ရွံ့နေကြသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အကုန် အတူတူ အလုပ်လုပ်ရမယ်။ ငါတို့သေချာပေါက် အခက်အခဲတွေကို ဖြတ်ကျော် နိုင်မှာပါ။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။သူက ကျွန်ုပ်တို့ အတန်းထဲတွင် အလွန်အပြောကောင်းသူဖြစ်ပြီး ယောက်ျားလေးများနှင့် မိန်းကလေးများက သူ့စကားကို နားထောင်ကြသည်။
သို့သော် မည်သူက တံခါးစောင့်နည်း။ အတန်းထဲရှိလူများက တနေ့လည်ခင်းလုံး ဆွေးနွေးနေကြသော်လည်း မည်သည့် တန်ဖိုးရှိသည့် သဲလွန်စကိုမျှ ရှာမတွေ့ကြပေ။ နောက်ဆုံး အတန်းမဆင်းခင်အထိ သူတို့က အတန်းထဲတွင် စကားပြောနေကြသည်။
ပုံမှန်စကားပြောနေကျ အတန်းဂရုသည် ကန့်သတ်ဧရိယာဖြစ်လာပြီး ဘယ်သူမှ ဂရုထဲတွင် စကားမပြောရဲ ကြပေ။
အိမ်ပြန်လမ်းတစ်လျှောက်လုံး ကျွန်ုပ်၏စိတ်ထဲတွင် ဆက်၍ တွေးတောနေသည်။ ဘယ်သူက တံခါးစောင့်လဲ။ ဘာလို့ တခြားအတန်းတွေမှာမဖြစ်ပဲ ငါတို့အတန်းမှာပဲ ဖြစ်တာလဲ။ သူက လီကောင်အန်းကို သတ်ဖို့ ဘာနည်းလမ်းတွေ သုံးလိုက်တာလဲ။ သူကတကယ်ပဲ သရဲလား။
အိမ်သို့ ပြန်ရောက်သော်လည်း ကျွန်ုပ် သည်ပြဿနာကို ဆက်၍ စဉ်းစားနေဆဲ ဖြစ်သည်။ ကျွန်ုပ်၏ မိသားစုက သာမန်မိသားစု ဖြစ်ပြီး မချမ်းသာပေ။ ပြီးနောက် ကျွန်ုပ်အား ကျွန်ုပ်အဖေကသာ စောင့်ရှောက်လာခဲ့ပြီး ကျွန်ုပ်အမေကမူ ကျွန်ုပ်ငါးနှစ်သားတွင် ထားခဲ့သည်။ ထမင်းစားစားပွဲပေါ်တွင် ထိုင်နေရင်း ကျွန်ုပ် ညစာစား နေစဉ်တွင် ဆက်၍တွေးနေသည်။ ကျွန်ုပ်အဖေက ကျွန်ုပ် ထမင်းစားနေသည့်ထဲတွင် အာရုံမရောက် သည်ကို တွေ့သောအခါ ကျွန်ုပ်အား စာလေ့လာရတာ အဆင်ပြေရဲ့လားဟု လာ၍မေးလာပြီး ဘာမှမပြော တော့ပေ။
နောက်တစ်ရက် ကျွန်ုပ် အတန်းထဲသို့ လာသည့်အချိန်တွင် အတန်းသားများက စိတ်ဓာတ်ကျနေသည့်ပုံများ ပေါ်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ရှိနေကြသည်။
ပထမဆုံး အချိန်မှာ အင်္ဂလိပ်ဆရာမ၏ အချိန်ဖြစ်သည်။ အင်္ဂလိပ်ဆရာမသည် ဝင်လာပြီး အတန်းက ဝင်မဖြစ်နေသည်ကိုတွေ့သွားသည်။ သူမက ဘာမှသိပ်မတွေးပဲ စ၍ စာသင်တော့သည်။ အတန်းထဲရှိ အနိုင်ကျင့်တတ်သည့်သူကို သူမ စာမေးသော်လည်း သူက အဖြေကို ပြန်မဖြေပေ။
အင်္ဂလိပ်စာဆရာမက အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် အတန်းကပြီးသွားသည်။ အတန်းသားများ တဖြေးဖြေး စိုးရိမ်လာကြသည်။
“တံခါးစောင့် ထွက်လာပြီ။ တံခါးစောင့် ထပ်ထွက်လာပြီ။”
ရုတ်တရက် ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ အတန်းသားများက အမြန်ပင် ဝီချက် ဂရုအား ဖွင့်လိုက်ကြသည်။ တံခါးစောင့်က နောက်ထပ် တာဝန်_၁ကို လာပြောသည်။
“လျိုဖေးက အတန်းထဲက ကောင်မလေးတစ်ယောက်နဲ့ နှစ်နာရီအတွင်း ရည်းစားဖြစ်ရမယ်။ မဟုတ်ရင် သူသေရလိမ့်မယ်။”