အခန်း ၁

အခန်း (၁) သေဆုံးခြင်း၏ အစ

လူတိုင်း ဝီချက်အန်ပေါင်း ရဖူးကြပါသလား။ ထိုအရာမှ ပိုက်ဆံအနည်းငယ်သာရသော်ငြား ကျွန်ုပ်ပျော်ရွှင်မိသည်။ အထူးသဖြင့် သူစိမ်းများထံမှရသော အန်ပေါင်းသည် လူများအား သူတို့က အကျိုးကျေးဇူးများစွာ ရလိုက်သလို ခံစားရစေသည်။
သို့သော် သူစိမ်းများထံမှ အန်ပေါင်းမယူသင့်သည့် အချိန်များရှိကြောင်း ကျွန်ုပ်ပြောချင်သည်။ အကြောင်းမှာ သင် ပိုက်ဆံအနည်းငယ်ကို လောဘကြီးမိသဖြင့် ယမမင်းကို သတ်လျှင်တောင် မပြင်ဆင်နိုင်သည့် အမှားများကို ပြုလုပ်မိနိုင်သည်။
ကံမကောင်းစွာဖြင့် ကျွန်ုပ်က ထိုအရာကို တစ်ခါ ကြုံတွေ့ဖူးပြီ။
ထိုအရာမှာ ကျွန်ုပ် အထက်တန်းကျောင်းသားဘဝက အတန်းတွင် ဆရာမရှိသောကြောင့် ကိုယ်တိုင် စာလုပ်နေရချိန် ဖြစ်ပြီး အတန်းက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ ကျွန်ုပ်၏ဖုန်းက ရုတ်တရက်မြည်လာပြီး ကျွန်ုပ်ဖွင့်ကြည့်လိုက်သောအခါ ကျွန်ုပ်တို့၏ အတန်းဝီချက်ဂရုထဲတွင် လူတစ်ယောက်ရောက်နေသည်ကို တွေ့မိသည်။
ထိုသူစိမ်း ဘယ်အချိန်က ဝင်လာမှန်း ကျွန်ုပ်လည်း မသိပေ။
သူစိမ်း၏နာမည်က အစိုးရ၏ တံခါးစောင့်ဖြစ်သည်။ သူကပြောသည်။
“ဘယ်သူ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းကစားချင်လဲ။ မင်း နိုင်လို့ရှိရင် ဝီချက်အန်ပေါင်းရမယ်။”
သူပြောသည်ကို ကြားသောအခါ ကျွန်ုပ် ချက်ချင်းပင် စိတ်ဝင်စားလာသည်။ ကျွန်ုပ် အထက်တန်းဒုတိယနှစ် တက်ကတည်းက ကျောင်းသင်ရိုးများသည် အလွန်ခက်ခဲသည့်အတွက် ကျွန်ုပ်တို့ကို ဖိအားများစွာ ပေးလာသည်။ ယခု ကစားရမည့် အခွင့်အရေးကို မြင်သောအခါ ကျွန်ုပ်တို့ ပျော်ရွှင်မိသွားသည်။ ထို့နောက် အတန်းသားတစ်ယောက်က ပြောလိုက်သည်။
“မင်းမှာ အဲ့လို အန်ပေါင်းပို့နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ငါမယုံဘူး။”
တံခါးစောင့်က ချက်ချင်းပင် လက်ခံလိုက်သည်။ ပြီးနောက် အန်ပေါင်းကို ဂရုထဲသို့ ပို့လိုက်သည်။ ကျွန်ုပ်တို့ချက်ချင်းပင် အန်ပေါင်းကို ယူလိုက်ကြသည်။ ကျွန်ုပ်လည်း ငါးဒေါ်လာ ရလိုက်သည်။ ဒါက ကျွန်ုပ်ကို အရမ်းပျော်ရွှင်စေသည်။
ယခု လူတိုင်းက စိတ်ဝင်စားလာကြပြီး သူ့အား အန်‌ပေါင်းများ ဆက်၍ပို့စေသည်။ တံခါးစောင့်က အန်ပေါင်းဆက်၍မပို့တော့ပဲ ကျွန်ုပ်တို့အား အကယ်၍ သူ့ကို အန်ပေါင်းဆက်၍ပို့စေလိုလျှင် သူနှင့် ဂိမ်းဆော့ ရမည်ဟု ပြောလိမ့်မည်ဟု ကျွန်တော်တို့ ထင်မထားပေ။ ကျွန်ုပ်တို့ သူ့အားကတိပေးလိုက်ပြီးနောက် မည်သူမှ မငြင်းဆိုပေ။ ကြည့်ရသည်မှာ လူတိုင်းက ဂိမ်းအပေါ်တွင် အလွန်စိတ်ဝင်စားနေဟန်ပင်။
“လူတိုင်းက ကစားချင်တယ်ဆိုမှတော့ ငါ ကစားပွဲရဲ့ စည်းကမ်းတွေ အကြောင်းကို ပြော‌တော့မယ်။ ပြီးတော့ တာဝန်နဲ့ ရွေးချယ်ခံရတဲ့ သူတွေကို ဘယ်ကျောင်းသား ဘာလုပ်ပါဆိုပြီး ပို့လိုက်မယ်။ အောင်မြင်ရင် ရလာဒ်အနေနဲ့ အန်ပေါင်းပို့မှာဖြစ်ပြီး ရှုံးနိမ့်ရင်တော့ ဒဏ်ပေးခံရမှာဖြစ်တယ်။”
ကျွန်ုပ်တို့အားလုံး ဂရုထဲတွင် အော်လိုက်ကြသည်။
“အမြန်၊ ကျွန်တော်တို့ မစောင့်နိုင်တော့ဘူး”
အကုန်လုံးကဆွေးနွေးနေစဉ် တံခါးစောင့်က ပြောလိုက်သည်။
“ဒါဆိုရင် ပထမဆုံးတာဝန်….. ကျန်းဖန်က လျိုရင်းရဲ့ လက်ကို နမ်းရမယ်။ တာဝန်ချိန် နှစ်နာရီ။ ကဲ အခု ကစားပွဲ စတင်ပြီ။”
ဤအရာကိုမြင်သောအခါ ကျွန်ုပ် ကြက်သေ သေသွားသည်။ အကြောင်းမှာ ကျွန်ုပ်က ကျန်းဖန် ဖြစ်သောကြောင့် ဖြစ်သည်။
“ကျွန်ုပ်အား လျိုရင်းကို နမ်းခိုင်းတယ်လား။ ကျွန်ုပ်တွင် တခြားရွေးချယ်စရာ မရှိသော်ငြား သူမကလည်း လက်မခံချင်ပေ။ ပြီးတော့ ကျွန်ုပ်က ရုပ်မချောပေ။ အခန်းထဲတွင် မည်သည့်ကောင်မလေးမှ ကျွန်ုပ်အား မကြိုက်ကြပေ။”
သို့သော် ကျွန်ုပ် တုံ့ဆိုင်းနေချိန်တွင် ကျွန်ုပ်အား မြှောက်ပေးနေသူများ ရှိပြီး သူတို့က ကျွန်ုပ်ကို လျိုရင်းဆီသို့ ခေါ်သွားသည်။ ဤအချိန်တွင် ကျွန်ုပ် သူမအရှေ့တွင် ထိုင်နေပြီး လျိုရင်း၏ မျက်နှာကို ကြည့်လိုက်ပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။
လျိုရင်းကမူ ကျွန်ုပ်ကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။ ကျွန်ုပ်ဘေးတွင် ရှိနေသည့်လူများက ကျွန်ုပ်ကို တစ်ယောက်ပြီးတစ်ယောက် အော်ပြောနေကြပြီး တချို့လူများကလည်း မြှောက်ပေးနေကြသည်။
“သူ့ကိုအကြင်နာပေး”
“သူ့ကိုအကြင်နာပေး”
“သူ့ကိုအကြင်နာပေး”
ကျွန်ုပ်ဘေးရှိလူများ၏ အားပေးသံကို ကြားသောအခါ ကျွန်ုပ် နောက်ဆုံးတွင် ရဲဆေးတင်လိုက်ပြီး လျိုရင်း၏လက်ကို ကိုင်လိုက်ကာ နမ်းလိုက်သည်။ ကျွန်ုပ် နမ်းပြီးပြီးချင်းတွင် လျိုရင်းက ကျွန်ုပ်အား စက်ဆုပ်ရွံရှာသည့် အကြည့်ဖြင့် ကြည့်ပြီး ခေါင်းငုံ့လိုက်ပြီးနောက် သူ၏လက်ဖမိုးကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။
ဤအရာကို မြင်သောအခါ ကျွန်ုပ်၏ ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားသော်ငြား ကျွန်ုပ် ကျွန်ုပ်၏ ထိုင်ခုံတွင်သာ ပြန်ပြီးထိုင်လိုက်သည်။
ဤအချိန်တွင် တံခါးစောင့်က ပေါ်လာပြီးပြောလိုက်သည်။
“ကျန်းဖန် တာဝန်ပြီးမြောက်တယ်။ ယွမ်ငါးရာထည့်ထားတဲ့ ဝီချက်အန်ပေါင်းကို သူ့ဘဏ်စာရင်းထဲ ထည့်လိုက်ပြီ။”
ကျွန်ုပ် ဖုန်းကို အံ့အားသင့်စွာဖြင့် ကောက်ကိုင်လိုက်ပြီးနောက် တံခါးစောင့်က ကျွန်ုပ်အား ယွမ်ငါးရာပါသည့် အန်ပေါင်းပို့လိုက်သည်ကို တွေ့လိုက်ရသည်။
အကုန်လုံးက ဒီတစ်ကြိမ်တွင် အံ့အားသင့်သွားကြသည်။ ယွမ်ငါးရာက အထက်တန်းကျောင်းသား များအတွက် သေးငယ်သည့် ငွေပမာဏ မဟုတ်ပေ။ လူတိုင်းက နောက်တာဝန်အတွက် စိတ်ဝင်စား နေကြသည်။
“ဒုတိယတာဝန်….. လျိုမိန်ကျားက ရှေ့ထွက်ပြီး သီချင်းတစ်ပုဒ် ဆိုရမယ်။ သတ်မှတ်ချိန် တစ်နာရီ။”
လျိုမိန်ကျားက စင်မြင့်ပေါ်သို့ တက်လာပြီး သီချင်းတစ်ပုဒ် ဆိုလိုက်သည်။ သူမ၏ အသံက ပျော့ပျောင်းပြီး လှပနေကာ ကြားရသည့်လူတိုင်းကို သက်သောင့်သက်သာ ဖြစ်စေသည်။
ပြီးနောက် သူမက အောက်ကိုဆင်းလာကာ အတန်းသားများက သူမကို ချီးမွမ်းကြသည်။ တစ်ခန်းလုံးကလည်း ပျော်ရွှင်နေကြသည်။ သူမတာဝန် ပြီးမြောက်ပြီးနောက် သူမကလည်း ဝီချက်အန်ပေါင်း ရသွားသည်။ ထိုထဲတွင်လည်း ယွမ်ငါးရာ ပါနေသည်။
တံခါးစောင့်က တတိယမြောက်တာဝန်ကို ပို့လိုက်သည်။
“လီကောင်အန်းက သူရဲ့ဖုန်းကို လွှင့်ပစ်ရမယ်။ သတ်မှတ်ချိန် ဆယ့်နှစ်နာရီ။ ကျရှုံးရင် အပြစ်ဒဏ်က သွေးထွက်လွန်ပြီး သေမယ်။”
“ဘာ”
လီကောင်အန်းက မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးက ဒေါသများဖြင့် ပြည့်နှက်နေကာ သူက ရှေ့ကိုထွက်လာပြီး ပြောလိုက်သည်။
“တံခါးစောင့်က ဘယ်သူလဲ။ အမြန်ထွက်လာစမ်း။ မင်းဒီအခန်းထဲမှာ ရှိနေတာ ငါမသိဘူးများမထင်နဲ့။”
သူပြောသည်ကို ကြားသောအခါ ကျွန်ုပ်လည်း လန့်သွားသည်။ လီကောင်အန်း ပြောတာမှန်သည်။ ဒီတံခါးစောင့်က ကျွန်ုပ်တို့၏ အတန်းထဲတွင် ရှိရမည်။ မဟုတ်လျှင် သူက ကျွန်ုပ်တို့၏နာမည်ကို သိမှာ မဟုတ်ပေ။
“မင်း ငါ အိုင်ဖုန်းဆဲဗင်း ဝယ်ထားတာကို မကျေနပ်လို့ ဒီတိုင်း ပြောတာမို့လား။ ငါက ဖုန်းကို ယွမ်ငါးရာအတွက်နဲ့ ပစ်ပေါက်မယ်လို့ မင်းထင်နေတာလား။ မင်းစောက်ရူးပဲ။”
“လီကောင်အန်းက ဒေါသတကြီးဖြင့် ဘေးကို ပတ်ကြည့်လိုက်ပြီး အော်လိုက်သည်။”
“ငါမလွှင့်ပစ်ဖူးကွာ။ မင်းငါ့ကို သတ်နိုင်ရင်သတ်။”
“ကောင်းပြီ၊ ကောင်းပြီ။ အဲ့တာဟာသ… ဟာသတစ်ခုအနေနဲ့ပဲ ထားလိုက်ပါ။ ဒေါသမထွက်ပါနဲ့။”
အတန်းခေါင်းဆောင်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ အခြားသူများကလည်း သူ့အား နှစ်သိမ့်ပေးလိုက်ကြပြီး လီကောင်အန်းက စိတ်ပြေသွားကာ ထိုင်လိုက်သည်။
ပြီးနောက် ဂရုထဲတွင် တံခါးစောင့်ကို မမြင်ရတော့ပေ။ မည်သူမျှလည်း ဤအရာကို လေးလေးနက်နက် သဘောမထားကြပဲ ဟာသတစ်ခုအဖြစ်သာ မြင်ကြသည်။
နောက်တစ်ရက် အတန်းက ဝရုန်းသုန်းကားဖြစ်နေပြီး ဆရာကလည်း ထုံးစံအတိုင်း ဂရုမစိုက်ပေ။ လူတိုင်းကလည်း လေးလေးနက်နက် သဘောမထားကြပေ။ ကျွန်ုပ် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဖုန်းကိုကြည့်လိုက်သည်။ သို့သော် တံခါးစောင့်က ကျွန်ုပ်တို့အခန်း ဂရုထဲတွင်ရှိနေသေးသော်ငြား မည်သူကမှ သူ့ကို ဂရုမစိုက်တော့ပေ။ သို့သော် ဘာကြောင့်မှန်းမသိ ကျွန်ုပ်၏ ရင်ထဲတွင် မသက်မသာ ခံစားနေရပြီး တစ်ခုခုဖြစ်တော့မည်ဟု ထင်နေသည်။
ကျွန်ုပ် လီကောင်အန်းကို မကြည့်ပဲမနေနိုင်ခဲ့ပေ။ သူ့မျက်နှာက ပုံမှန်အတိုင်းဖြစ်နေပြီး တစ်ခုခု ဖြစ်တော့မည်ဟု မထင်ပေ။ ဒါကို တွေးမိလျှင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ရယ်မိပြီး အတွေးကို မေ့ဖျောက်လိုက်သည်။
အတန်းပြီးနောက် ကျွန်ုပ် သူငယ်ချင်းနှင့်စကားပြောနေစဉ် ကောင်မလေးတစ်ယောက်မှ ရုတ်တရက် အော်လိုက်သည်။
“လီကောင်အန်း နင်ဘာဖြစ်တာတုန်း။”
သူမအသံကို ကြားသောအခါ အတန်းထဲရှိလူတိုင်းက လီကောင်အန်းကို ကြည့်လိုက်ကြသည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး သူ့ကိုကြည့်ရတာ မူးဝေနေပုံပေါက်သည်။ သူကခေါင်းခါလိုက်ပြီး
“ငါဘာမှ မဖြစ်ပါဘူး။ နည်းနည်း သက်သောင့်သက်သာ မဖြစ်တာလေးတစ်ခုပါပဲ။”
“ငါမင်းကို အိမ်ခေါ်သွားမယ်။”
အတန်းခေါင်းဆောင်က လာပြီးတော့ပြောသည်။ လီကောင်အန်းက ခေါင်းငြိမ့်လိုက်ပြီး စကားပြော လိုက်သည့် အချိန်တွင် သူ့ဘေးရှိကောင်မလေးက သူ၏မျက်နှာကို လက်ညိုးထိုးလိုက်ပြီး အော်လိုက်သည်။
“နင်နှာခေါင်းသွေးယိုနေတယ်။”
လီကောင်အန်း သူ့နှာခေါင်းကို စမ်းကြည့်လိုက်ပြီးနောက် သူ့လက်တွင် သွေးများပေနေသည်ကို တွေ့သောအခါ သူခေါင်းယမ်းလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“ရပါတယ်။ အဲ့တာ အပူချိန်များလို့ဖြစ်မှာ။”
သူပြောလို့ပြီးသွားသည်နှင့် ကောင်မလေး၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားလာသည်။ ထိုကောင်မလေး သာမကပဲ ကျွန်ုပ်တို့၏ မျက်နှာကပါ ကြောက်လန့်သည့်ပုံ ဖြစ်လာသည်။ အကြောင်းမှာ လီကောင်အန်း၏ နှာခေါင်း၊ သူ၏မျက်လုံးထောင့်များ၊ သူ၏နှုတ်ခမ်းထောင့်နှင့် နားများမှ သွေးများ ယိုလာသည်။ တစ်ချက် ကြည့်ရုံဖြင့် ထိုအရာက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
“လီကောင်အန်း မင်းဘာဖြစ်တာတုန်း။”
အတန်းခေါင်းဆောင်ကလည်း လန့်သွားသည်။ သူက နောက်ကိုဆုတ်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ ကျွန်ုပ်တို့ကမူ သူ့ကို မယုံကြည်နိုင်လောက်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။ လီကောင်အန်းက ယိမ်းယိုင်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။ သူ့မျက်နှာပေါ်တွင် သွေးများဆက်၍ ယိုဆင်းလာနေသည်။ ထိုအရာက သူ့မျက်နှာကို အလွန်ကြောက်မက်ဖွယ်ကောင်းသွားစေသည်။ သူက သူ့လက်ကို ဆန့်လိုက်ပြီး ကျွန်ုပ်တို့ကို ကြောက်လန့်တကြား ကြည့်ပြီး အော်နေသည်။
“ကယ်ပါဦး။ ငါ့ကို ကယ်ကြပါဦး။”
“အမြန် ဆေးရုံကို ဖုန်းဆက်။”
အတန်းခေါင်းဆောင်က အမြန် အော်လိုက်သည်။ သူ့ဘေးရှိလူများကလည်း ကြောက်လန့်တကြား ဖုန်းဆက်ကြသည်။ သို့သော် နောက်ကျသွားလေပြီ။ လီကောင်အန်းက နေရာမှာတင် မတ်တပ်ရပ်နေကာ သူ့မျက်နှာပေါ်တွင် သွေးများက ပြည့်နေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှလည်း သွေးများ ယိုစိမ့်နေသည်။ ကျွန်ုပ် လူတစ်ယောက် ဤမျှ သွေးများယိုစိမ့်နေသည်ကို မမြင်ဖူးချေ။ ပြီးနောက် သူ့မျက်နှာက ဖြူဖျော့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ပြီးနောက် လှုပ်ရှားမှု မရှိတော့ပေ။ မြေပြင်ပေါ်တွင် သွေးများ နေရာအနှံ့ ပြန့်ကျဲနေသည်။
“အား”
ကြည့်နေသည့် ကောင်မလေးတစ်ယောက်က လန့်သွားပြီး မေ့လဲသွားသည်။ အတန်းခေါင်းဆောင်၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။
“သေသွားပြီ။ လီကောင်အန်း သေသွားပြီ။”
တချို့ကောင်မလေးတွေကလည်း ကြောက်လန့်တကြား အော်ဟစ်နေကြပြီး ကောင်မလေး တော်တော်များများက ကြောက်လန့်တကြားဖြင့် သတိမေ့သွားကြသည်။ ယောက်ျားလေးများသည်လည်း လန့်သွားသော်ငြား သတိမမေ့သွားကြပေ။ အကုန်လုံး၏ မျက်နှာထက်တွင် ကြောက်လန့်မှုများ ရှိနေကြပြီး ကျောင်းသားများက အချိန်အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ပေ။
“ဘယ်သူ့မှာ ဖုန်းရှိလဲ။ ရဲစခန်းကို အမြန်ခေါ်ကြ။”
ယောက်ျားလေးတစ်ယောက်က သတိပေးလိုက်သည်။ တစ်ယောက်ယောက်က ချက်ချင်းပင် သတိဝင်လာပြီး ဖုန်းခေါ်နေသည်။ သို့သော် ထိုအချိန်၌ပင် အကုန်လုံး၏ ဖုန်းများက မြည်လာသည်။
အခန်းဂရုထဲတွင် တံခါးစောင့်က ထပ်ပေါ်လာပြန်ပြီး သူကပြောလိုက်သည်။
“လီကောင်အန်းက တာဝန်ကို မပြီးမြောက်တဲ့အတွက် သူက သွေးထွက်လွန်ပြီး သေသွားပြီ။ နောက်ထပ် တာဝန်အသစ်တစ်ခု စတင်ပြီ။”
“မစ်ကီက သူမရဲ့ အဝတ်တွေကို အတန်းထဲက ကျောင်းသားတွေရှေ့မှာ ချွတ်ပြရမယ်။ မဟုတ်ရင် သူမ သေလိမ့်မယ်။ သတ်မှတ်ချိန် တစ်နာရီ။”
ဖုန်းထဲကစာကို မြင်ပြီး ကျွန်ုပ်တို့အားလုံး ကြက်သေ သေသွားကြသည်။ တံခါးစောင့်က တကယ်ပဲ ထိုကဲ့သို့ လုပ်လိမ့်မည်ဟု ကျွန်ုပ်တို့ မထင်ထားပေ။ ဒီတစ်ကြိမ်တာဝန်က ပို၍တောင် ခက်ခဲသေးသည်။ မိန်းကလေးတစ်ယောက်အား အတန်းထဲရှိလူများရှေ့တွင် အဝတ်ချွတ်ခိုင်းခြင်းဖြစ်သည်။
မစ်ကီက သူမဖုန်းထဲရှိစာကို မြင်သောအခါ ကြက်သေ သေသွားသည်။ ခဏအကြာတွင် သူမက ကြောက်လန့်တကြား အော်လိုက်သည်။
“ငါ မချွတ်ချင်ဘူး။ ငါ အဝတ်မချွတ်ချင်ဘူး။”
ပြီးနောက် သူမက စားပွဲပေါ်တွင်မှောက်ပြီး ငိုနေလိုက်သည်။ ထိုအချိန်တွင် အတန်းခေါင်းဆောင်က မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ အော်ပြောလိုက်သည်။
“ဘယ်သူက ဂရုထဲက တံခါးစောင့်လဲ။ အမြန်မတ်တပ်ရပ်စမ်း။”
သူ့အသံက ကြောက်လန့်မှု ပါဝင်နေပြီး သူက ငိုတော့မလိုပင်။ သူ့ဘေးရှိကျောင်းသားများကလည်း အလန့်တကြား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်ငြား မည်သူကမျှ တံခါးစောင့်ဘယ်သူလဲ ဆိုတာ မသိကြပေ။ ဤအခြေအနေနှင့် ကြုံတွေ့ရသောအခါ မစ်ကီက ငိုနေပြီး သူမမျက်နှာတွင် မျက်ရည် များဖြင့် ပြည့်နေသည်။ သူမပုံစံကိုမြင်သောအခါ သူမဘေးရှိကောင်မလေးက သူမကို နှစ်သိမ့်လိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ကျွန်ုပ်တွေ့နိုင်သည်။ အခန်းထဲရှိ လူတိုင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ရှိနေကြသည်။

Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset