အခန်း ၃

အခန်း ၃

ဝက်ဝံ

အိမ်ရောက်သည့်အခါ ဖုန်းယွီက ပြောင်းချောသေနပ်ကို အမြန် ကိုင်ဆောင်လိုက်သည်။ ထို့နောက် ဝမ်တုန်းကျွမ်းဆီ သွားပြီးနောက် လျိုကျီချွမ်ဆီ ရှေ့ဆက်သွားတော့၏။

လျိုကျီချွမ်က ပြောင်းချောသေနပ် ကိုင်ထားသည့် ဖုန်းယွီကို မြင်သောအခါ မိနစ်အနည်းငယ် ငြိမ်သက်သွားပြီး ဘာမှ မပြောပေ။ လျိုကျီချွမ်က သူ၏ ကိုယ်ပိုင် တောလိုက်ရိုင်ဖယ် သေနပ်ကိုသာ ကိုင်ထားပြီး ဖုန်းယွီနှင့် တုန်းကျွမ်းနှင့် အတူ ဘဲအိုင်ဘက်ကို သွားတော့သည်။

“ဖုန်းယွီ မင်းပြောတော့ ငါတို့နဲ့ မလိုက်ချင်ဘူးဆို။ ဘာလို့ မင်းရဲ့ စိတ်ပြောင်းသွားတာလဲ။”

လျိုကျီချွမ်က သူတို့ လမ်းလျှောက်စဉ် ရုတ်တရက် မေးလိုက်သည်။

“ငါက အိမ်မှာလည်း ဘာမှ လုပ်စရာမှ မရှိတာ။ အဲ့တော့ ငါလည်း မင်းတို့နဲ့ အတူလိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။”

ဖုန်းယွီက လျိုကျီချွမ်ကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်သည်။ လျိုကျီချွမ်၏ ပုံသဏ္ဌာန် တစ်ချက်လေးတောင် ပြောင်းလဲမသွားသည်ကို သတိပြုမိသည်။ ဖုန်းယွီက သူ့ကို နားလည်မှု လွဲတာလား။

“မင်း သွားချင်မယ်ဆိုတာ သိပါတယ်။ ဒီနေ့ ငါ့နောက်လိုက်။ မင်းတို့တွေကို လက်ဗလာနဲ့ အိမ်ပြန်မလွှတ်ဘူး။”

သူတို့ ဘဲအိုင်ကို မရောက်ခင် တစ်နာရီကြာ လမ်းလျှောက်ရ၏။ လျိုကျီချွမ်က “ဘလက်အန်တီလော့ဖ်” ဆေးလိပ်ဘူးကို သူ့အိပ်ကပ်ထဲမှ ထုတ်လိုက်သည်။ သူက ဆေးလိပ်ဘူးထဲမှ တစ်လိမ် ယူလိုက်ပြီးနောက် ဖုန်းယွီနှင့် တုန်းကျွမ်းကို ဆေးလိပ်ဘူးအား ကမ်းလိုက်သည်။

“ငါ မသောက်ဘူး”

ဖုန်းယွီက လက်ခါလိုက်သည်။ အကယ်၍ ဖုန်းယွီသာ ဆေးလိပ်သောက်ချင်သည် ဆိုပါက ယခုပုံစံကဲ့သို့ ဆေးရွက်ခြောက်နဲ့ ပြုလုပ်ထားသည့် ဆေးလိပ်ကို သောက်မှာ မဟုတ်ပေ။ ဆေးလိပ်ကို အမာခံ သောက်သူများသာ ယခုကဲ့သို့ ဆေးလိပ်မျိုးကို သောက်နိုင်မှာ ဖြစ်၏။

ဝမ်တု့န်ကျွမ်းကလည်း လက်ခါလိုက်ပြီး

“အကိုချွမ် ကျွန်တော်လည်း မသောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြန်တဲ့အခါမှ ကျွန်တော် ပင်ပန်းလာတဲ့အခါမှ အကို့ဆီက ကျွန်တော် တစ်လိပ်ယူပါမယ်”

“ကောင်းပြီ။ မင်းတို့ နှစ်ယောက်လုံးကို ငါ့ရဲ့ သေနပ်စွမ်းရည်ကို ပြသပေးမယ်။ မှတ်ထားနော် ဒီဧရိယာထဲ လုံးဝ မပြေးမိစေနဲ့။ ဒီဧရိယာထဲမှာ ထောင်ချောက်တွေ အများကြီး ထောင်ထားတယ်။ ပိုပြီး အရေးကြီးတာက ငါတို့တွေ သေနပ်ကို အသုံးမပြုရင် ပြောင်းဝကို အောက်ဆိုက်ထား။ အဲ့တာက မတော်ဆမှု မဖြစ်အောင်လို့ဘဲ။ ပြီးတော့ သေနပ်ကိုလည်း အလောတကြီး မပစ်နဲ့။ အဲ့တာက တစ်စုံတစ်ယောက်ကို မတော်တဆမှုကနေ လွဲချော်စေဖို့အတွက် အကောင်းဆုံး နည်းပဲ။”

လျိုကျီချွမ်က ပြောလိုက်သည်။

“ငါသိပါတယ်။ မြန်မြန်။ ရစ်တစ်ကောင် အခုလေးတင်ပျံသွားတယ်”

ဝမ်တုန်းကျွမ်းက ဝမ်းသာအားရ ဆိုလိုက်၏။

ဖုန်းယွီက လျိုကျီချွမ်အား အသေအချာ ကြည့်နေ၏။ သူပြောသည့် ပုံအရဆိုလျှင် သူသည် တုန်းကျွမ်းအပေါ် ထိခိုက်လိုစိတ် တစ်စိတ်မှ မရှိသည့် ပုံရသည်။

‘ငါက တုန်းကျွမ်းထိခိုက်မှာ ဆိုးလို့ သူတို့နဲ့ အတူလိုက်ခဲ့တာလား ဒါမှမဟုတ် ငါပဲ အတွေးလွန်နေတာလား။ ပြီးတော တကယ်ပဲ မတော်တဆမှု သက်သက်ပဲလား’

“ငါ့နောက်က လိုက်ခဲ့ ငါချတဲ့ ခြေလှမ်းအတိုင်း လိုက်နော်။ ကောင်းပြီ။ ရပ်လိုက်တော့။ ဖုန်းယွီ မင်း သစ်ပင်ရဲ့ နောက်မှာ ပုန်းနေလိုက်၊ မင်း မောင်းကိုတော့ တင်ထား ဒါပေမဲ့ သေနပ်ကို အောက်စိုက်ချထားနော်။”

“အစ်ကိုချွမ် တုန်းကျွမ်းကို ဒီမှာပဲ နေခိုင်းလိုက်ပါ။ ကျွန်တော် ဒီသစ်ပင် ရှေ့မှာပဲ ပုန်းနေပါ့မယ်။”

ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို လျိုကျီချွမ်နဲ့ ထားခဲ့ရန်အတွက် သတိရှိနေဆဲ ဖြစ်သည်။

“ကောင်းပြီလေ တုန်းကျွမ်း ဒီမှာတော့ နေခဲ့တော့။ ငါတို့တွေ သုံးဆယ်မီတာ အကွာမှာပဲ နေကြမယ်။ တကယ်လို့ သေနပ်က ရုတ်တရက် ထွက်သွားရင်တောင် ဘယ်သူမှ ထိခိုက်မှာ မဟုတ်ဘူး။ ဒီသစ်ပင်နား နေဖို့ကိုတော့ သတိရနော်။ ဒီမှာ အမဲလိုက်ပွဲကြီးတွေအတွက် ထားထားတဲ့ မမြင်ရတဲ့ ထောင်ချောက်တွေ အများကြီး ရှိတယ်။ ထောက်ခြောက်ကြီး တစ်ခုခုမိသွားရင် အဲ့တာက အလွန်အန္တရာယ် များတယ်။”

လျိုကျီချွမ်က အမိန့်ပေးလိုက်သည်။

ဝမ်တုန်းကျွမ်းက သူတို့ကို မြန်မြန်သွားရန် လက်ပြလိုက်သည်။ ထို့နောက် သူသည် သစ်ပင်ကို မှီကာ မောင်းတံချိန်ပြီး သူ၏ သေနပ်အား ရှေ့ကိုချိန်ထားကာ စောင့်ကြည့်နေတော့သည်။

“မင်း ဒီမှာ ထိုင်နေ။ မင်း အမဲလိုက်ပွဲ ကြီးကြီးမတွေ့ပဲ မအော်လိုက်နဲ့ ငါရှေ့ကို သွားလိုက်မယ်။ ပြီးတော့ တစ်နာရီအတွင်း ပြန်လာခဲ့မယ်။”

လျိုကျီချွမ်က ညွှန်ကြားချက်ပေးပြီး ဆီးနှင်းတောထဲကို ရှေ့ဆက်သွာလိုက်တော့သည်။

“ကောင်းပြီ”

ဖုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့သေနပ် မောင်းကို စတင် တင်ထားလိုက်တော့သည်။

‘ဘယ်လိုပဲ လျိုကျီချွမ်ကို ငါကြည့်ကြည့် သူက တုန်းကျွမ်းကို အန္တရာယ်ပေးမဲ့ ပုံမပေါ်ဘူး။ ဒါပေမဲ့ နေ့လည်တုန်းက သူ့မျက်လုံးထဲမှာ ရှိတဲ့ မကျေမချမ်းမှု အရိပ်အယောင်ကို ငါ ဘယ်လို ရှင်းပြရမလဲ။”

ဖုန်းယွီသည် သူ၏ နှစ်လေးဆယ်ကြာ ဘဝ အတွေ့အကြုံနှင့် ယှဉ်ပြီး ကျီချွမ်အပေါ် သူ့အမြင်သည် မှားမည်မဟုတ်မှန်း ယုံကြည်ချက် အပြည့်ရှိသည်။

တစ်နာရီ နီးပါးခန့် ကြာအောင် စောင့်ပြီးနောက် ဝမ်တုန်းကျွမ်းက စိတ်မရှည် ဖြစ်လာတော့သည်။ ထိုနေရာတွင် ရစ်ငှက်လည်း မရှိ၊ အမဲလိုက်ဖမ်းပွဲကြီး လုပ်ရအောင်လည်း တောကြောင်၊ မြေခွေး၊ ဒရယ်လဲ မရှိပေ။ သူတို့ ဒီနေ့တွင် လက်ဗလာဖြင့် အိမ်ပြန်ရတော့မည်လားဟု တွေးမိသည်။

သူတို့က တစ်နာရီကျော်ခန့်ကြာအောင် ထိုသစ်ပင်ကို လာခဲ့ရသည့်အတွက် သူတို့ရွာကို ပြန်ရောက်ရန် အချိန်တစ်နာရီခန့် ပြန်ယူရမှာ ဖြစ်သည်။ ထပ်ပြောရလျှင် သူတို့ အေးသည့် နေရာတွင် စောင့်နေရသည်မှာ တစ်နာရီခန့်ကြာပြီ ဖြစ်သည်။

ဝမ်တုန်းကျွမ်း နှပ်ညစ်လိုက်သည်။ သူသည် ဖုန်းယွီ၏ အကြံပြုချက်အတိုင်း အိမ်တွင်သာ ပေါ်ကာ ဆော့နေခဲ့သင့်သည်ဟု တွေးမိ၏။ ယခုအခြေအနေနှင့် ယှဉ်လျှင် ပေါ်ကာ ကစားခြင်းက သူ့အတွက် ပို၍ သက်တောင့်သက်တာ ဖြစ်ပေလိမ့်မည်။

ဘန်း

သေနပ်သံ တစ်သံကို အကွာအဝေး တစ်ခုမှ ကြာလိုက်ရသည်။ ဝမ်တုန်းကျွမ်းက ရှေ့ကို တန်းတန်းဖြင့် ဂရုတစိုက် ကြည့်လိုက်သည်။ လျိုကျီချွမ်က ဒရယ်တစ်ကောင်ကို ပစ်လိုက်ခြင်း ဖြစ်၏။

ဝမ်တုန်းကျွမ်းက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ထရပ်လိုက်ကာ လျိုကျီချွမ်ဆီကို သူ၏ ညွှန်ကြားချက်ကို မေ့လျက် ပြေးသွားတော့သည်။

လျိုကျီချွမ် ချက်ချင်းဆိုသလို သစ်တောထဲ ပြေးဝင်သွားတော့သည် လက်ကို ကြက်ခြေခတ် သဏ္ဌာန် ပြုလုပ်ပြီး တုန်ကျွမ်းကို အချက်ပြလိုက်သည်။ ဝမ်တုန်းကျွမ်း၏ အတွေးတွင် လျိုကျီချွမ်က သူ့ကို မြန်မြန်ပြေးလာရန် အချက်ပြသည်ဟု ထင်မိသည်။ သို့သော် ဖုန်းယွီသည် လျိုကျီချွမ်းက တုန်ကျွမ်းကို ဒီကို မလာရန် ကြိုးစားနေသည်ကိုတော့ ပြောနိုင်ပေ၏။

ဖုန်းယွီက ဝမ်တုန်းကျွမ်းကို ရမိရရ အကြောင်းပြန်လိုက်သည်။

“တုန်းကျွမ်း ဒီကိုမလာနဲ့။ ဒီသစ်တောထဲမှာ ထောင်ချောက်တွေ အများကြီး”

“ဘာကို ကြောက်စရာ လိုလို့လဲ။ ခြေရာတွေကို ကြည့်မှာပေါ့။ ငါဒီခြေလှမ်းတွေကို အတိုင်း လာရင် ငါဘယ်ထောင်ချောက်ကိုမှ မိမှာ မဟုတ်ဘူး”

ဝမ်တုန်းကျွမ်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“အဲ့ ဒရယ်က အခုထိ အသက်ရှိသေးတယ်။ ငါ အသက်ရှင်တဲ့ ဒရယ်ကို မြင်ဖူးချင်တယ်”

ဖုန်းယွီက တစ်စုံတစ်ရာကို ပြောရန် ကြံသေး၊ ချက်ချင်းဆိုသလို လျိုကျီချွမ်က တစ်ခုခုကို သတိပြုမိပြီး သူတို့တို့ဆီ ပြေးလာကာ အော်လိုက်သည်။

“မြန်မြန် ပြေး။ ငါ့ရဲ့ ခြေလှမ်းတိုင်း လိုက်ခဲ့”

သိပ်မဝေးတဲ့ နေရာမှာ အရိပ်မဲမဲကြီး တစ်ခုကထွက်လာ၏။ ဝက်ဝံတစ်ကောင်။

“အစ်ကိုချွမ် အစ်ကိုက တာဝန်ပျက်ကွက်တဲ့ သူပဲ”

ဝမ်တုန်းကျွမ်းက သူ့သေနပ်ကို ချိန်လိုက်သည်။ သူ့ဘဝတွင် မည်သည့် ဝက်ဝံကိုမှ တစ်ခါမျှ မပစ်ဖူးပေ။

ဖုန်းယွီ ဘာပြောရမှန်းတောင် မသိတောပေ။ ဝမ်တုန်းကျွမ်းက ရူးတာလား သတ္တိရှိတာလား မသိ။ သူ့ရဲ့ ချက်ကောင်းနေရာ ဥပမာ မျက်လုံကို မှန်အောင် မပစ်မိပါက ထိုဝက်ဝံကို လွယ်လင့်တကူ သတ်နိုင်မည် မဟုတ်ပေ။ သူ့သားမွေးသားရေက ထူနေပါက ဆယ်ခါ သတ်ရန် အခွင့်အရေး ရရင်တောင် သတ်နိုင်မှာ မဟုတ်ပေ။

လျိုကျီချွမ်၏ ပုန်းကွယ်ထားသည့် စိတ်ထားက နှင်းတောထဲတွင် အထင်းသား ပေါ်လာခဲ့သည့် တစ်ချိန်တည်းတွင် တုန်ကျွမ်းက သေနပ်ပစ်လိုက်တော့သည်။ ပစ်မှတ်က လွဲသွားသည်။ ဝက်ဝံအား အနာတရ ရစေရမည့်အစား ပစ်ချက်က ဝက်ဝံကို ပိုတောင် စိတ်တိုသွားစေသည်။

“ချိန်တာကို ရပ်လိုက်တော့ မြန်မြန်ပြေး”

ဖုန်းယွီက တုန်းကျွမ်းကို ဆွဲခေါ်သွားတော့သ်ည။

‘မင်းရဲ့ သေနပ်စွမ်းရည်အရဆို မင်းဝက်ဝံကို ထိတဲ့အချိန်က အဲ့ဝက်ဝံ မင်းရှေ့ တည့်တည့် ရောက်လာတဲ့ အချိန် ဖြစ်မယ်’

သုံးယောက်သားက အရူးတစ်ယောက်လို ပြေးသွားတော့သည်။ ဆီးနှင်းကြောင့် သူတို့ မြန်မြန် မပေးနိုင်ပေ။ အထူးသဖြင့် သူတို့သည် သူတို့၏ လေးလံသည့် သေနပ်များအား ကိုင်ထားနေရဆဲ ဖြစ်သည်။

“အဲ့နားကို မပြေးနဲ့ အဲ့မှာ ထောင်ချောက်တွေ ရှိတယ်”

လျိုကျီချွမ်က ကျယ်လောင်စွာ အော်လိုက်သည်။

ဖုန်းယွီက ဝမ်တုန်းကျွမ်းကို ဆွဲကိုင်ပြီး ဦးတည်ချက် ပြောင်းလိုက်တော့သည်။ သို့သော် ထိုသစ်တောထဲတွင် သူတို့သုံးယောက်က ဆီးနှင်းတောကြောင့် တစ်ပန်းတာအောင် မပြေးနိုင်ပေ။ သူတို့နှင့် ဝက်ဝံ၏ အကွာအဝေးက တစ်ဖြည်းဖြည်း နီးလာတော့သည်။ လျိုကျီချွမ်သည် ဝက်ဝံနှင့် မီတာ သုံးဆယ်သာ ကွာဝေးတော့သည်။

“အစ်ကိုချွမ် ဝက်ဝံကို ဒီဘက်ကို ခေါ်လာခဲ့”

ဖုန်းယွီက အံ့ကြိတ်ကာ ပြောလိုက်ပြီး ဝမ်တုန်းကျွမ်းအား ထောင်ချောက်ဧရိယာထဲမှ ဆွဲခေါ်လာသည်။ အကယ်၍ ဝက်ဝံက ထောင်ချောက် မမိပါက သူတို့ထဲက အနည်းဆုံး တစ်ယောက်က ထိုနေရာတွင် သေမှာ ဖြစ်သည်။ အသေအချာပင် ထိုအသေနိုင်ဆုံး လူက လျိုကျီချွမ် ဖြစ်ပေသည်။

ထိုအဆင့်တွင် လျိုကျီချွမ်က ဘာမှ ရွေးချယ် စရာ မရှိတောပေ။ သူက သူ့၏ သေနပ်ကိုတောင် မောင်းမချိန် ရသေးပေ။ သူက အလျင်အမြန်ဖြင့် ဖုန်းယွီတို့ဆီ အလျင်အမြန်ပြေးလိုက်၏။ အကယ်၍ သူထောင်ချောက် တစ်ခုခုသာ နင်မိပါက သူသေချာပေါက် သေလိမ့်မည်။

“ဒီအချိန်ဆို ဝက်ဝံတွေက ဆောင်းခိုရမဲ့ အချိန်မလား။ ဘာကြောင့် ဒီဝက်ဝံ ပြေးနေရတာလဲ။ အဲ့ဝက်ဝံက ငါတို့နားမှာ ဖြတ်သွားရုံပဲ ငါတို့ ပုန်းနေရင်တောင် သူတို့က ငါတို့ဆီ လာမှာမဟုတ်ဘူး။ ဒီဝက်ဝံက ဗိုက်ဆာလို့ ဆောင်းခိုတာက ထွက်ပြီး အပြင်ကို အစာရှာထွက်တာ ဖြစ်ရမယ်။ အဲ့ဒါအပြင် အဲ့ဝက်ဝံက သေနပ်ကြောင့် စိတ်တုန်လှုပ်သွားတာ ဖြစ်ရမယ်။ ဒေါသထွက်နေတဲ့ ဝက်ဝံရှေ့မှာ ရင်ဆိုင်ရတဲ့အခါ တောလိုက်ခွေးနှင့်လာတဲ့ ဝါရင့် တောလိုက်မုဆိုးတောင် ပြေးရမှာပဲ”

ဖုန်းယွီနှင့် ဝမ်တုန်းကျွမ်းတိုသည့် သူတို့၏ သေနပ်များကို အလျင်အမြန် မောင်းတင်လိုက်ကြကာ လျိုကျီချွမ်က သူတို့ဆီ ပြေးလာပြီး သူ့နောက်တွင် နီးနီးကပ်ကပ်လိုက်လာသည့် ဝက်ဝံကို ကြည့်နေသည်။

လျိုကျီချွမ်က သူပြေးနေစဉ် ထောင်ချောက် တစ်ခုမျှ မမိရန်သာ ဆုတောင်းနေရသည်။ ထူးထပ်သည့် နှင်းများကြောင့် မြေကြီပေါ်ရှိ ထောင်ချောက်များကို အလွယ်တကူ မမြင်နိုင်ပေ။

ချက်

ထောက်ချောက်တစ်ခု မိသွားသည်။ လျိုကျီချွမ်က မြေကြီးပေါ် လဲသွားတော့သည်။ ကံကောင်းသည်မှာ သားကောင်ငယ်များကို ထောင်သည့် ထောင်ချောက် ဖြစ်နေသည်။ သူက မြေကြီပေါ်ထိုင်ချလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ထောက်ချောက်ထဲမှ ခြေထောက်ကို လွတ်အောင် လုပ်နေ၏။ ထိုဝက်ဝံက ပိုပိုပြီး နီးလာတော့သည်။ သူနှင့် ဝက်ဝံကြားရှိ အကွာအဝေးက ဆယ်မီတာထက်တောင် နည်းနေပြီ ဖြစ်သည်။

ဒိုင်း

သေနပ်သံ တစ်ချက် ဖြစ်သည်။ ဝက်ဝံက ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။ သူ့ရဲ့ နားထင်မှ သွေးများ ကျဆင်းလာတော့သည်။

ဝေါင်း

ဝက်ဝံက ပိုပြီး ရန်မူ ကြမ်းကြုတ်လာတော့သည်။

ဖုန်းယွီက တုန်ယီနေသည့် လက်ဖြင့် သူ့သေနပ်ကို ကိုင်ထားဆဲ ဖြစ်သည်။ သူ့လက်ရှိဘဝနှင့် အရင်ဘဝ ပေါင်းသည့်အတွေ့အကြုံအရ သူသည် ငှက်ငယ်လေးများကိုသာ ပစ်ဖူးသည်။

ဒိုင်း

နောက်ထပ် တစ်ချက် ဖြစ်သည်။ သွေးစီးချောင်းသည် ယခုအခေါက်တွင် ဝက်ဝံပါးစပ်မှ ကျလာသည်။ ဝမ်တုန်းကျွမ်းကလည်း ဝက်ဝံကို ပစ်လိုက်သည်။

သို့သော် ဝက်ဝံက မလဲကျသွားသေးပေ။ ထိုအစား ဝက်ဝံက သူ့၏ အရှိန်ကို တင်လိုက်ကာ မြေကြီးပေါ်တွင် ရှိနေဆဲ ဖြစ်သည့် လျိုကျီချွမ်ဆီကို တစ်ဟုန်ထိုး ပြေးလိုက်တော့သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset